ေအာင္ျမင္ခ်င္ပါသလား?? သူတို႔ကို နားမေထာင္ပါနဲ႔
အောင်မြင်ချင်ပါသလား?? သူတို့ကို နားမထောင်ပါနဲ့
တစ္ခ်ိန္တုန္းကဆိုရင္ ကြၽန္ေတာ္ဟာ အတိုင္ပင္ခံေတြထားၿပီး ေဒၚလာ ေသာင္းေပါင္းမ်ားစြာ သံုးၿပီးေတာ့ သူတို႔ေျပာတဲ့ ” ေအာင္ျမင္မႈ လမ္းမွန္” ကို သြားခဲ့ပါတယ္။ သူတို႔က တျခားသူေတြ သြားခဲ့တဲ့ နည္းလမ္းေတြကို ေျပာျပတာပါ။ တျခားသူေတြလို ေၾကာ္ျငာပါတယ္။ တျခားသူေတြလို အဝတ္အစား ေကာင္းေကာင္း ဝတ္ပါတယ္။ တျခားသူေတြလို Marketing လုပ္ပါတယ္။
ဒါေပမယ့္ မၾကာေသးခင္မွာေတာ့ သူတို႔နည္းလမ္းေတြအတိုင္း လုပ္ခဲ့တာကို ရပ္လိုက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒါဟာ ကြၽန္ေတာ့္နည္းလမ္း မဟုတ္လို႔ပါပဲ။
တျခားသူတစ္ေယာက္ေယာက္က သင့္ကို ေအာင္ျမင္ေအာင္ ဘာလုပ္ရမယ္၊ ညာလုပ္ရမယ္ ေျပာလာရင္ သူတို႔ကို ပါးစပ္ပိတ္ေနခိုင္းလိုက္ပါ။ သင္က သင့္သမိုင္း သင္ေရးေနတာပါ။ သင္က သင္ကိုယ္တိုင္ ျဖစ္ႏိုင္တဲ့ေခတ္မွာ တျခားသူတစ္ေယာက္ရဲ႕ ကိုယ္ပြား အျဖစ္မခံပါနဲ႔။
သင္က ဘယ္သူလဲ? သင္ ဘာလုပ္ခ်င္တာလဲ? ဘယ္ေနရာကို သြားခ်င္တာလဲ? သင့္ပန္းတိုင္က ဘာလဲ? အဲ့ဒိအခ်က္အလက္ေတြနဲ႔ အၾကံေပးသူေတြ သင့္ကို ေျပာျပတဲ့ ေအာင္ျမင္မႈ ပံုျပင္ေတြနဲ႔ ဘယ္ေလာက္ ဆက္စပ္ေနသလဲ? ေျဖၾကည့္ပါ။
ကြၽန္ေတာ့္အတြက္ဆို ကြၽန္ေတာ္ စီးပြားေရး လုပ္သမ်ွဟာ ကြၽန္ေတာ့္ကို ေက်နပ္ေစႏိုင္တဲ့ အခ်က္အလက္ သံုးခုေၾကာင့္ပါပဲ။ ကိုယ့္ေငြ ကိုယ္႐ွာႏိုင္တဲ့ စြမ္းအား ႐ွိတယ္၊ စီးပြားေရး ႀကီးထြားလာမယ္၊ အဲဒီလို ႀကီးထြားလာတာ ၾကည့္ရတာ ေပ်ာ္တယ္ တို႔ပါပဲ။ အဲဒိအခ်က္ေတြနဲ႔ ကြၽန္ေတာ္ သြားခ်င္တဲ့ေနရာကို ဆံုးျဖတ္တာပါ။ အဲဒိအခ်က္ သံုးခ်က္ထဲက ႏွစ္ခ်က္ ကိုက္ညီႏိုင္တဲ့ လုပ္ငန္းဆို ကြၽန္ေတာ္ လုပ္ပါတယ္။ တစ္ခ်က္ထဲ ကိုက္ရံုနဲ႔ ေငြဘယ္ေလာက္ ရရ မလုပ္ပါဘူး။
အဲ့ဒါေၾကာင့္ သင့္ကို ဘာကေပ်ာ္ေစလဲ ဆိုတာကို သိေအာင္ ႐ွာၿပီး သင္ကိုယ္တိုင္ စိတ္ေက်နပ္တဲ့ အခ်က္အလက္ေတြ ထုတ္ပါ။ အဲဒါက ဘာေၾကာင့္ အေရးႀကီးလဲဆိုေတာ့ ကြၽန္ေတာ္ ကြၽန္ေတာ့္ရဲ႕ အခ်က္ သံုးခ်င္နဲ႔ မကိုက္တဲ့ လုပ္ငန္း လုပ္မိတိုင္း အ႐ွံုးနဲ႔ပဲ ရင္ဆိုင္ရလို႔ပါ။
သင္ ေရာင္းေနတာ ဘာလဲ?? လူတိုင္းဟာ တစ္စံုတစ္ခုေတာ့ ေရာင္းေနတာခ်ည္းပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေရာင္းႏုိင္တဲ့ထဲက အေကာင္းဆံုး အရာကေတာ့ သင့္ရဲ႕ ထုတ္ကုန္ကို ပုိၿပီး သမိုင္း အ႐ွိန္အဝါ ႀကီးႀကီး မားမားနဲ႔ ေရာင္းဖိုု႔ပါပဲ။
Domino ဟာ ပီဇာ မေရာင္းပါဘူး။ ဆာေနတဲ့ ေက်ာင္းသားေတြ၊ ပင္ပန္းေနတဲ့ အလုပ္သမားေတြအတြက္ အျမန္စာ ေရာင္းတာပါ။ Apple က ေရာင္းေနတာ စမတ္ဖုန္းေတြ မဟုတ္ပါဘူး။ လူမႈေရး အသိုင္းအဝိုင္းမွာ ပိုဝင္ႂ့ကြားေစမယ့္ ပန္းသီးတံဆိပ္ ေရာင္းတာပါ။
ကြၽန္ေတာ့္နည္းလမ္းဟာ ကြၽန္ေတာ့္အတြက္ေတာ့ အေကာင္းဆံုးပါပဲ။ ကြၽန္ေတာ္ဟာ ကြၽန္ေတာ့္သမိုင္းကို ေရးႏိုင္တဲ့ပံုစံနဲ႔ ကြၽန္ေတာ္ ေရးခ်င္တာကို ေရးေနတာပါပဲ။ ကြၽန္ေတာ့္ကို တားျမစ္ေနတဲ့ တစ္ခုတည္းေသာအရာက ပါတ္ဝန္းက်င္က ေျပာေနၾကတဲ့ ” ဒီလိုမလုပ္နဲ႔၊ ဟိုလူေတာင္ ဟိုလိုလုပ္လို႔ ခ်မ္းသာတာ၊ ဟိုလိုလုပ္ပါလား” ဆိုတဲ့ စကားေတြပါပဲ။ အဲ့ဒိ စကားေတြကိုသင့္စီးပြားေရးကို သင့္ဘာသာ ပံုစံသစ္ တည္ေထာင္ျခင္းကေန တားဆီးခြင့္ မေပးလိုက္ပါနဲ႔။
အောင်မြင်ချင်ပါသလား?? သူတို့ကို နားမထောင်ပါနဲ့
တစ်ချိန်တုန်းကဆိုရင် ကျွန်တော်ဟာ အတိုင်ပင်ခံတွေထားပြီး ဒေါ်လာ သောင်းပေါင်းများစွာ သုံးပြီးတော့ သူတို့ပြောတဲ့ ” အောင်မြင်မှု လမ်းမှန်” ကို သွားခဲ့ပါတယ်။ သူတို့က တခြားသူတွေ သွားခဲ့တဲ့ နည်းလမ်းတွေကို ပြောပြတာပါ။ တခြားသူတွေလို ကြော်ငြာပါတယ်။ တခြားသူတွေလို အဝတ်အစား ကောင်းကောင်း ဝတ်ပါတယ်။ တခြားသူတွေလို Marketing လုပ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်မှာတော့ သူတို့နည်းလမ်းတွေအတိုင်း လုပ်ခဲ့တာကို ရပ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါဟာ ကျွန်တော့်နည်းလမ်း မဟုတ်လို့ပါပဲ။
တခြားသူတစ်ယောက်ယောက်က သင့်ကို အောင်မြင်အောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် ပြောလာရင် သူတို့ကို ပါးစပ်ပိတ်နေခိုင်းလိုက်ပါ။ သင်က သင့်သမိုင်း သင်ရေးနေတာပါ။ သင်က သင်ကိုယ်တိုင် ဖြစ်နိုင်တဲ့ခေတ်မှာ တခြားသူတစ်ယောက်ရဲ့ ကိုယ်ပွား အဖြစ်မခံပါနဲ့။
သင်က ဘယ်သူလဲ? သင် ဘာလုပ်ချင်တာလဲ? ဘယ်နေရာကို သွားချင်တာလဲ? သင့်ပန်းတိုင်က ဘာလဲ? အဲ့ဒိအချက်အလက်တွေနဲ့ အကြံပေးသူတွေ သင့်ကို ပြောပြတဲ့ အောင်မြင်မှု ပုံပြင်တွေနဲ့ ဘယ်လောက် ဆက်စပ်နေသလဲ? ဖြေကြည့်ပါ။
ကျွန်တော့်အတွက်ဆို ကျွန်တော် စီးပွားရေး လုပ်သမျှဟာ ကျွန်တော့်ကို ကျေနပ်စေနိုင်တဲ့ အချက်အလက် သုံးခုကြောင့်ပါပဲ။ ကိုယ့်ငွေ ကိုယ်ရှာနိုင်တဲ့ စွမ်းအား ရှိတယ်၊ စီးပွားရေး ကြီးထွားလာမယ်၊ အဲဒီလို ကြီးထွားလာတာ ကြည့်ရတာ ပျော်တယ် တို့ပါပဲ။ အဲဒိအချက်တွေနဲ့ ကျွန်တော် သွားချင်တဲ့နေရာကို ဆုံးဖြတ်တာပါ။ အဲဒိအချက် သုံးချက်ထဲက နှစ်ချက် ကိုက်ညီနိုင်တဲ့ လုပ်ငန်းဆို ကျွန်တော် လုပ်ပါတယ်။ တစ်ချက်ထဲ ကိုက်ရုံနဲ့ ငွေဘယ်လောက် ရရ မလုပ်ပါဘူး။
အဲ့ဒါကြောင့် သင့်ကို ဘာကပျော်စေလဲ ဆိုတာကို သိအောင် ရှာပြီး သင်ကိုယ်တိုင် စိတ်ကျေနပ်တဲ့ အချက်အလက်တွေ ထုတ်ပါ။ အဲဒါက ဘာကြောင့် အရေးကြီးလဲဆိုတော့ ကျွန်တော် ကျွန်တော့်ရဲ့ အချက် သုံးချင်နဲ့ မကိုက်တဲ့ လုပ်ငန်း လုပ်မိတိုင်း အရှုံးနဲ့ပဲ ရင်ဆိုင်ရလို့ပါ။
သင် ရောင်းနေတာ ဘာလဲ?? လူတိုင်းဟာ တစ်စုံတစ်ခုတော့ ရောင်းနေတာချည်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ရောင်းနိုင်တဲ့ထဲက အကောင်းဆုံး အရာကတော့ သင့်ရဲ့ ထုတ်ကုန်ကို ပိုပြီး သမိုင်း အရှိန်အဝါ ကြီးကြီး မားမားနဲ့ ရောင်းဖို့ပါပဲ။
Domino ဟာ ပီဇာ မရောင်းပါဘူး။ ဆာနေတဲ့ ကျောင်းသားတွေ၊ ပင်ပန်းနေတဲ့ အလုပ်သမားတွေအတွက် အမြန်စာ ရောင်းတာပါ။ Apple က ရောင်းနေတာ စမတ်ဖုန်းတွေ မဟုတ်ပါဘူး။ လူမှုရေး အသိုင်းအဝိုင်းမှာ ပိုဝင်ႂ့ကွားစေမယ့် ပန်းသီးတံဆိပ် ရောင်းတာပါ။
ကျွန်တော့်နည်းလမ်းဟာ ကျွန်တော့်အတွက်တော့ အကောင်းဆုံးပါပဲ။ ကျွန်တော်ဟာ ကျွန်တော့်သမိုင်းကို ရေးနိုင်တဲ့ပုံစံနဲ့ ကျွန်တော် ရေးချင်တာကို ရေးနေတာပါပဲ။ ကျွန်တော့်ကို တားမြစ်နေတဲ့ တစ်ခုတည်းသောအရာက ပါတ်ဝန်းကျင်က ပြောနေကြတဲ့ ” ဒီလိုမလုပ်နဲ့၊ ဟိုလူတောင် ဟိုလိုလုပ်လို့ ချမ်းသာတာ၊ ဟိုလိုလုပ်ပါလား” ဆိုတဲ့ စကားတွေပါပဲ။ အဲ့ဒိ စကားတွေကိုသင့်စီးပွားရေးကို သင့်ဘာသာ ပုံစံသစ် တည်ထောင်ခြင်းကနေ တားဆီးခွင့် မပေးလိုက်ပါနဲ့။