က်႐ႈံးမႈနဲ႔ ရင္ဆိုင္ရေစမည့္ အမူအက်င့္()ခု

ကျရှုံးမှုနဲ့ ရင်ဆိုင်ရစေမည့် အမူအကျင့်(၅)ခု

သင့္ရဲ႕ေန႔စဥ္လႈပ္ရွားမႈေတြက သင့္ဘ၀ကို အဓိပၸါယ္ေဖာ္ေဆာင္ေနပါတယ္။ သင့္ရဲ႕လုပ္ေဆာင္ခ်က္ေတြကပဲ သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို ပံုေဖာ္ေနတာျဖစ္ပါတယ္။ သင္ဘယ္လိုပဲႀကိဳးစားပါေစ၊ က်ဆံုးမႈဆိုတာကို ၾကံဳေတြ႕လာရတတ္ပါတယ္။ ဒီလိုက်ဆံုးမႈနဲ႔ ၾကံဳေတြ႕ရတဲ့အခါမွာ လက္ေလွ်ာ့အ႐ႈံးေပးလိုက္ဖို႔ မေတြးပါနဲ႔။ အခက္အခဲဆိုတာ အျမဲတမ္းရွိတတ္ပါတယ္။ ဒါေပမယ့္ လူတိုင္းက က်႐ႈံးမွာကို စိုးရိမ္တတ္ၾကပါတယ္။ တကယ္ေတာ့ အ႐ႈံးေတြကို နည္းလမ္းမွန္နဲ႔ တုံ႔ျပန္တတ္မယ္ဆိုရင္ ထူးျခားမႈေတြကို ရရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ က်႐ႈံးမႈေတြနဲ႔ ၾကံဳေတြ႕ရေစႏိုင္တဲ့ အမူအက်င့္ေတြနဲ႔ ဒီအက်င့္ေတြကို ဘယ္လိုျပင္ဆင္ႏိုင္မလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ အစီအစဥ္မရွိျခင္း

သင္လိုခ်င္တဲ့ေအာင္ျမင္မႈတစ္ခုအတြက္ အစီအစဥ္တစ္ခု ရွိဖို႔လိုပါတယ္။ ဘ၀ေအာင္ျမင္ေရးအစီအစဥ္တစ္ခုက လံုး၀ၿပီးျပည့္စံုေနဖို႔ မလိုပါဘူး။ ေလာကႀကီးမွာ ၿပီးျပည့္စံုတဲ့လူေတြထက္ အလုပ္ၿပီးေအာင္လုပ္ႏိုင္သူေတြက အက်ိဳးထူးေတြ ခံစားၾကရတာ ပိုမ်ားပါတယ္။ သင့္အေနနဲ႔ လိုခ်င္တဲ့အရာကို ေသခ်ာစဥ္းစားၿပီး က်ိန္းေသေပါက္ ရရွိဖို႔ ဘာလုပ္မယ္ဆိုတာကို အစီအစဥ္ခ်မွတ္ထားရမွာ ျဖစ္ပါတယ္။ သင့္အရဲ႕ အစီအစဥ္ေတြက တိက်ေသခ်ာၿပီး၊ တိုင္းတာႏိုင္စြမ္းရွိဖို႔ လိုပါတယ္။ ဒါ့အျပင္ အခ်ိန္သတ္မွတ္ခ်က္လည္း ရွိေနပါေစ။ မေသခ်ာမေရရာတဲ့ အစီအစဥ္မျဖစ္ပါေစနဲ႔။

toyota-wish

၂။ ႀကိဳးစားၾကည့္ဖို႔ စိုး႐ြံ႕ျခင္း

မိုင္ေထာင္ခ်ီေ၀းတဲ့ခရီးကို ေျခတစ္လွမ္းနဲ႔ စတင္ရတာျဖစ္ပါတယ္။ သင့္အေနနဲ႔ ပထမဆံုးေျခတစ္လွမ္းေတာင္မွ မလွမ္းရဲဘူးဆိုရင္ တိုးတက္ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ႐ႈံးနိမ့္မွာစိုးရိမ္တဲ့စိတ္ကို ေက်ာ္ျဖတ္ရတာက ေအာင္ျမင္မႈဆီသို႔ ပထမဆံုးေျခလွမ္းျဖစ္ပါတယ္။ သင့္ရဲ႕ စိုးရိမ္စိတ္ေတြကို ဒီေန႔ပဲ ရင္ဆိုင္လိုက္ပါ။ ၿပီးရင္ သင္လုပ္ေဆာင္ရမယ့္ အရာေတြထဲက အေျခခံအက်ဆံုးတစ္ခုကိုပဲျဖစ္ျဖစ္ လုပ္လိုက္ပါ။ သင္ရရွိပိုင္ဆိုင္ခ်င္တဲ့ စိတ္ကူးအိပ္မက္ကို အျမဲအမွတ္ရပါ။ နည္းနည္းမွ မႀကိဳးစားၾကည့္ပဲ လက္မေလွ်ာ့လိုက္ပါနဲ႔။

၃။ အလြယ္တကူ လက္ေလွ်ာ့အ႐ႈံးေပးျခင္း

သင့္ရဲ႕ အိပ္မက္၊ ရည္မွန္းခ်က္ေတြ အထေျမာက္ေအာင္ျမင္ဖို႔အတြက္ ဘယ္ေလာက္ထိ ဇြဲေကာင္းႏိုင္ပါသလဲ။ ေအာင္ျမင္မႈရဲ႕ အေရးအႀကီးဆံုးလ်ိဳ႕၀ွက္ခ်က္ေတြထဲက တစ္ခုက သင့္ရဲ႕သံသယေတြကို အႏိုင္ယူတတ္ေအာင္ သင္ယူဖို႔ပဲဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက စိတ္အားထက္သန္မႈကို အလြယ္တကူ စြန္႔လႊတ္လိုက္တတ္ ၾကပါတယ္။ ဒီေန႔ေခတ္မွာ ေအာင္ျမင္ေနသူတိုင္းမွာ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတဲ့ ဇြဲသတိၱနဲ႔ ပတ္သက္ၿပီး ေျပာစရာအေၾကာင္းအရာတစ္ခုေတာ့ ရွိေနတတ္ပါတယ္။ ဥပမာေပးရမယ္ဆိုရင္ အေမရိကန္သမၼတ ေအဗရာဟင္လင္ကြန္းက အထင္ရွားဆံုးပါပဲ။ လင္ကြန္းဟာ က်႐ႈံးမႈေပါင္းမ်ားစြာကို ေက်ာ္ျဖတ္လာၿပီး အသက္(၅၂)ႏွစ္မွာမွ အေမရိကန္သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ေလွ်ာ့အ႐ႈံးေပးသြားခ်င္ေလာက္ေအာင္ က်႐ႈံးမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ အလြယ္တကူ အ႐ႈံးမေပးခဲ့သူတစ္ဦးျဖစ္ပါတယ္။

၄။ ယုံၾကည္မႈကင္းမဲ့ျခင္း

ယုံၾကည္မႈမရွိရင္ အလြယ္တကူ အ႐ႈံးေပးသြားတတ္ပါတယ္။ သင့္ရဲ႕ အိမ္မက္ေတြ၊ ရည္မွန္းခ်က္ေတြကို အထေျမာက္ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္မယ္လို႔ ယုံၾကည္မႈမရွိဘူးဆိုရင္ သင္လုပ္သမွ်အားလံုးက အခ်ည္းႏွီးျဖစ္မွာ ေသခ်ာပါတယ္။ သင့္ရဲ႕ယုံၾကည္မႈက အလုပ္ေပၚမွာ သက္ေရာက္မႈရွိပါတယ္။ လက္ရွိမွာ သိသာထင္ရွားတဲ့ ေအာင္ျမင္မႈမ်ိဳးမရေသးဘူးဆိုရင္ ယုံၾကည္ခ်က္အျပည့္နဲ႔ ေရွ႕ဆက္ႀကိဳးစားရမွာပါ။ သင့္ရဲ႕ တိုးတက္ေအာင္ျမင္မႈက က်႐ႈံးမႈေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္မႈေပၚမွာ မူတည္ေနတာေၾကာင့္ ျဖစ္ပါတယ္။

၅။ ဆင္ေျခေပးျခင္း

လူတိုင္းမွာ မေအာင္ျမင္တဲ့ကိစၥေတြအတြက္ ဆင္ေျခတစ္ခု အျမဲရွိတတ္ပါတယ္။ လူေတြက သူတို႔ မစြမ္းေဆာင္ႏိုင္တဲ့ အရာတစ္ခုအတြက္ ဘာေၾကာင့္ မလုပ္ႏိုင္တာ၊ မလုပ္သင့္တာ၊ မလုပ္ခဲ့တာ စသျဖင့္ အျမဲတမ္း ဆင္ေျခေပး ရွင္းျပေလ့ရွိၾကပါတယ္။ တကယ္ေတာ့ ဆင္ေျခေပးတယ္ဆိုတာက ထိန္းခ်ဳပ္ႏိုင္စြမ္းကင္းမဲ့ရာ ေရာက္ပါတယ္။ စဥ္းစားၾကည့္ပါ။ သင့္ရဲ႕လုပ္ေဆာင္ခ်က္နဲ႔ ဆံုးျဖတ္ခ်က္ေတြကို အျပည့္အ၀ထိန္းခ်ဳပ္ႏိုင္စြမ္းရွိမယ္ဆိုရင္ ဆင္ေျခေပးစရာ အေၾကာင္းမရွိပါဘူး။ လူေတြက ဘာမွန္းမသိတဲ့အခါမွာ၊ ေျပာင္းလဲရမွာနဲ႔ အျငင္းပယ္ခံရမွာေတြကို ေၾကာက္ရြံ႕မႈေတြေၾကာင့္ ဆင္ေျခေပးၾကတာျဖစ္ပါတယ္။ ဒီလို စိုးရိမ္ထိတ္လန္႔မႈေတြေၾကာင့္ လက္ရွိအေျခအေနမွာပဲ ပိတ္မိေနၿပီး ထူးထူးျခားျခား တိုးတက္ေအာင္ျမင္မႈေတြနဲ႔ အလွမ္းေ၀းေနမွာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ယုံၾကည္မႈကို ပ်က္ယြင္းေစမယ့္ ဆင္ေျခေပးတတ္တဲ့ အမႈအက်င့္ကို ေဖ်ာက္ဖ်က္ပစ္လိုက္ပါ။


ကျရှုံးမှုနဲ့ ရင်ဆိုင်ရစေမည့် အမူအကျင့်(၅)ခု

သင့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေက သင့်ဘဝကို အဓိပ္ပါယ်ဖော်ဆောင်နေပါတယ်။ သင့်ရဲ့လုပ်ဆောင်ချက်တွေကပဲ သင်ဘယ်လိုလူမျိုးလဲဆိုတာကို ပုံဖော်နေတာဖြစ်ပါတယ်။ သင်ဘယ်လိုပဲကြိုးစားပါစေ၊ ကျဆုံးမှုဆိုတာကို ကြုံတွေ့လာရတတ်ပါတယ်။ ဒီလိုကျဆုံးမှုနဲ့ ကြုံတွေ့ရတဲ့အခါမှာ လက်လျှော့အရှုံးပေးလိုက်ဖို့ မတွေးပါနဲ့။ အခက်အခဲဆိုတာ အမြဲတမ်းရှိတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းက ကျရှုံးမှာကို စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အရှုံးတွေကို နည်းလမ်းမှန်နဲ့ တုံ့ပြန်တတ်မယ်ဆိုရင် ထူးခြားမှုတွေကို ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကျရှုံးမှုတွေနဲ့ ကြုံတွေ့ရစေနိုင်တဲ့ အမူအကျင့်တွေနဲ့ ဒီအကျင့်တွေကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ အစီအစဉ်မရှိခြင်း
သင်လိုချင်တဲ့အောင်မြင်မှုတစ်ခုအတွက် အစီအစဉ်တစ်ခု ရှိဖို့လိုပါတယ်။ ဘ၀အောင်မြင်ရေးအစီအစဉ်တစ်ခုက လုံး၀ပြီးပြည့်စုံနေဖို့ မလိုပါဘူး။ လောကကြီးမှာ ပြီးပြည့်စုံတဲ့လူတွေထက် အလုပ်ပြီးအောင်လုပ်နိုင်သူတွေက အကျိုးထူးတွေ ခံစားကြရတာ ပိုများပါတယ်။ သင့်အနေနဲ့ လိုချင်တဲ့အရာကို သေချာစဉ်းစားပြီး ကျိန်းသေပေါက် ရရှိဖို့ ဘာလုပ်မယ်ဆိုတာကို အစီအစဉ်ချမှတ်ထားရမှာ ဖြစ်ပါတယ်။ သင့်အရဲ့ အစီအစဉ်တွေက တိကျသေချာပြီး၊ တိုင်းတာနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒါ့အပြင် အချိန်သတ်မှတ်ချက်လည်း ရှိနေပါစေ။ မသေချာမရေရာတဲ့ အစီအစဉ်မဖြစ်ပါစေနဲ့။

၂။ ကြိုးစားကြည့်ဖို့ စိုးရွံ့ခြင်း
မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စတင်ရတာဖြစ်ပါတယ်။ သင့်အနေနဲ့ ပထမဆုံးခြေတစ်လှမ်းတောင်မှ မလှမ်းရဲဘူးဆိုရင် တိုးတက်အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ရှုံးနိမ့်မှာစိုးရိမ်တဲ့စိတ်ကို ကျော်ဖြတ်ရတာက အောင်မြင်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ သင့်ရဲ့ စိုးရိမ်စိတ်တွေကို ဒီနေ့ပဲ ရင်ဆိုင်လိုက်ပါ။ ပြီးရင် သင်လုပ်ဆောင်ရမယ့် အရာတွေထဲက အခြေခံအကျဆုံးတစ်ခုကိုပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ သင်ရရှိပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်ကို အမြဲအမှတ်ရပါ။ နည်းနည်းမှ မကြိုးစားကြည့်ပဲ လက်မလျှော့လိုက်ပါနဲ့။

၃။ အလွယ်တကူ လက်လျှော့အရှုံးပေးခြင်း
သင့်ရဲ့ အိပ်မက်၊ ရည်မှန်းချက်တွေ အထမြောက်အောင်မြင်ဖို့အတွက် ဘယ်လောက်ထိ ဇွဲကောင်းနိုင်ပါသလဲ။ အောင်မြင်မှုရဲ့ အရေးအကြီးဆုံးလျို့ဝှက်ချက်တွေထဲက တစ်ခုက သင့်ရဲ့သံသယတွေကို အနိုင်ယူတတ်အောင် သင်ယူဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အများစုက စိတ်အားထက်သန်မှုကို အလွယ်တကူ စွန့်လွှတ်လိုက်တတ် ကြပါတယ်။ ဒီနေ့ခေတ်မှာ အောင်မြင်နေသူတိုင်းမှာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ဇွဲသတ္တိနဲ့ ပတ်သက်ပြီး ပြောစရာအကြောင်းအရာတစ်ခုတော့ ရှိနေတတ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းက အထင်ရှားဆုံးပါပဲ။ လင်ကွန်းဟာ ကျရှုံးမှုပေါင်းများစွာကို ကျော်ဖြတ်လာပြီး အသက်(၅၂)နှစ်မှာမှ အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ သူ့အနေနဲ့ လက်လျှော့အရှုံးပေးသွားချင်လောက်အောင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အလွယ်တကူ အရှုံးမပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။

၄။ ယုံကြည်မှုကင်းမဲ့ခြင်း
ယုံကြည်မှုမရှိရင် အလွယ်တကူ အရှုံးပေးသွားတတ်ပါတယ်။ သင့်ရဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေကို အထမြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်မှုမရှိဘူးဆိုရင် သင်လုပ်သမျှအားလုံးက အချည်းနှီးဖြစ်မှာ သေချာပါတယ်။ သင့်ရဲ့ယုံကြည်မှုက အလုပ်ပေါ်မှာ သက်ရောက်မှုရှိပါတယ်။ လက်ရှိမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုမျိုးမရသေးဘူးဆိုရင် ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်ကြိုးစားရမှာပါ။ သင့်ရဲ့ တိုးတက်အောင်မြင်မှုက ကျရှုံးမှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှုပေါ်မှာ မူတည်နေတာကြောင့် ဖြစ်ပါတယ်။

၅။ ဆင်ခြေပေးခြင်း
လူတိုင်းမှာ မအောင်မြင်တဲ့ကိစ္စတွေအတွက် ဆင်ခြေတစ်ခု အမြဲရှိတတ်ပါတယ်။ လူတွေက သူတို့ မစွမ်းဆောင်နိုင်တဲ့ အရာတစ်ခုအတွက် ဘာကြောင့် မလုပ်နိုင်တာ၊ မလုပ်သင့်တာ၊ မလုပ်ခဲ့တာ စသဖြင့် အမြဲတမ်း ဆင်ခြေပေး ရှင်းပြလေ့ရှိကြပါတယ်။ တကယ်တော့ ဆင်ခြေပေးတယ်ဆိုတာက ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ရာ ရောက်ပါတယ်။ စဉ်းစားကြည့်ပါ။ သင့်ရဲ့လုပ်ဆောင်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိမယ်ဆိုရင် ဆင်ခြေပေးစရာ အကြောင်းမရှိပါဘူး။ လူတွေက ဘာမှန်းမသိတဲ့အခါမှာ၊ ပြောင်းလဲရမှာနဲ့ အငြင်းပယ်ခံရမှာတွေကို ကြောက်ရွံ့မှုတွေကြောင့် ဆင်ခြေပေးကြတာဖြစ်ပါတယ်။ ဒီလို စိုးရိမ်ထိတ်လန့်မှုတွေကြောင့် လက်ရှိအခြေအနေမှာပဲ ပိတ်မိနေပြီး ထူးထူးခြားခြား တိုးတက်အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ယုံကြည်မှုကို ပျက်ယွင်းစေမယ့် ဆင်ခြေပေးတတ်တဲ့ အမှုအကျင့်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။