ခ်စ္သူကို အေလးထားေၾကာင္းေဖာ္ျပႏိုင္မည့္ နည္းလမ္း (၇)ခု

ခ်စ္သူကို အေလးထားေၾကာင္းေဖာ္ျပႏိုင္မည့္ နည္းလမ္း ()ခု

ချစ်သူကို အလေးထားကြောင်းဖော်ပြနိုင်မည့် နည်းလမ်း (၇)ခု

၁။ သူမဖက္က အသိအမွတ္ျပဳမျပဳကို ေမးပါ။

အမ်ိဳးသားေတြက အိမ္ေထာင္ေရးအဆင္ေျပေနတယ္လို႔ပဲ မ်ားေသာအားျဖင့္ ယူဆထားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဇနီးလုပ္သူက ကြာရွင္းခြင့္ေတာင္းတဲ့အခါက်မွ အံ့အားတသင့္ျဖစ္ၾကရတတ္ပါတယ္။ တကယ္ေတာ့ ဇနီးေမာင္ႏွံႏွစ္ဦးနဲ႔ အိမ္ေထာင္ေရးသုခအၾကားမွာ လိုအပ္ခ်က္ေတြရွိေနတတ္ပါတယ္။ တစ္ဦးနဲ႔တစ္ဦး လိုအပ္ခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ မတူညီတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ဒီျပႆနာကို အေကာင္းဆံုးေျဖရွင္းဖို႔နည္းလမ္းကေတာ့ စိတ္ထဲကအထင္နဲ႔ေလွ်ာက္လုပ္မယ့္အစား ပြင့္ပြင့္လင္းလင္း ေမးၾကည့္တာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးသုချပည့္စံုဖို႔ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈေတြက သူမရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီမႈရွိမရွိ၊ သူမဖက္က အသိအမွတ္ျပဳမျပဳဆိုတာက အေရးႀကီးပါတယ္။ အသိအမွတ္ျပဳတယ္ဆိုရင္ေတာ့ အေထြအထူးေျပာင္းလဲစရာမရွိဘူးဆိုေပမယ့္ မေက်နပ္ဘူးဆိုရင္ေတာ့ ဘာေတြလိုအပ္ခ်က္ရွိေနလဲ၊ ဘာေတြေျပာင္းလဲေပးရမလဲဆိုတာကို သိႏိုင္ဖို႔ အခြင့္အေရးပဲျဖစ္ပါတယ္။

၂။ အဆင္ေျပရဲ႕လား ေမးပါ။

ဒီအခ်က္က ဘာထူးျခားလို႔လဲလို႔ ထင္မိမွာပါ။ အလုပ္ကျပန္လာခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပမေျပ ေမးတတ္ၾကၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ တကယ့္ျပႆနာက မေမးတာမဟုတ္ပါဘူး။ ေမးၿပီး ေသခ်ာနားမေထာင္တာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြ ၿပီးစီးခ်ိန္မွာ ႏွစ္ေယာက္စလံုးက ပင္ပန္းေနၾကပါၿပီ။ ဒါ့ေၾကာင့္ ကိုယ့္ျပႆနာ၊ အခက္အခဲကိုပဲ အာ႐ုံစိုက္တတ္ၿပီး အိမ္ျပန္ေရာက္တာနဲ႔ သူမရဲ႕တစ္ေန႔တာဘယ္လိုရွိလဲဆိုတာကို နားေထာင္ေပးဖို႔ စိတ္မရွည္တတ္ၾကေတာ့ပါဘူး။ ဒီကိစၥကို အဆင္ေျပသြားဖို႔အတြက္ နည္းလမ္းတစ္ခုရွိပါတယ္။ အလုပ္ကေန အိမ္ကို တန္းမျပန္ပါနဲ႔။ သာယာေအးခ်မ္းတဲ့ေနရာမွာ ခဏတာလမ္းေလွ်ာက္တာ၊ သီခ်င္းနားေထာင္တာ၊ တရားထိုင္တာ စသျဖင့္ စိတ္ဖိစီးမႈေလ်ာ့ပါးသက္သာေအာင္ အရင္လုပ္ၿပီးမွ အိမ္ျပန္ပါ။ ဒီလိုဆိုရင္ေတာ့ စိတ္ၾကည္ၾကည္လင္လင္ရွိေနၿပီး နားေထာင္ေပးဖို႔ ပိုလြယ္ကူသြားမွာ ျဖစ္ပါတယ္။

၃။ နားေထာင္ပါ။

တီဗီၾကည့္ရင္း၊ ကြန္ပ်ဴတာအသံုးျပဳရင္း တစ္ခုခုလုပ္ေနရင္းနဲ႔ နားေထာင္တာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။ သင့္ပါတနာက တစ္ခုခုေျပာေနၿပီဆိုရင္ လုပ္ေနတာကို ရပ္ၿပီး အျပည့္အ၀အာ႐ုံစိုက္နားေထာင္ေပးဖို႔ လိုပါတယ္။ သူမရဲ႕ မ်က္လံုးထဲကိုၾကည့္ၿပီး သူမေျပာတာကို ေသခ်ာနားေထာင္ေနေၾကာင္း သိရွိပါေစ။ ဒီအျပဳအမူက အက်ိဳးသက္ေရာက္မႈမ်ားစြာရွိပါတယ္။ လက္ရွိအခ်ိန္မွာသာမက တစ္သက္တာလံုးအတြက္ ဆက္ဆံေရးကို အေထာက္အပံ့ျဖစ္ေစႏိုင္ပါတယ္။

၄။ ေလးစားသမႈရွိပါ။

အိမ္ေထာင္တစ္ခုမွာပဲျဖစ္ျဖစ္၊ ခ်စ္သူရည္းစားဘ၀မွာပဲျဖစ္ျဖစ္ တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ေလးစားသမႈ ရွိဖို႔က အေရးႀကီးပါတယ္။ တစ္ေယာက္ေယာက္က အျခားတစ္ေယာက္ေပၚမွာ ေလးစားမႈမရွိဘူး၊ အထင္မႀကီးဘူးဆိုရင္ ဒီဆက္ဆံေရးၿပိဳကြဲပ်က္စီးဖို႔ အေၾကာင္းရင္းတစ္ခုျဖစ္လာမွာ ေသခ်ာပါတယ္။

၅။ သင့္ပါတနာရဲ႕ အခ်စ္ဘာသာစကားကို သိထားပါ။

ဒီအခ်က္ကအေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက ကိုယ့္ခ်စ္သူကို ခ်စ္ေၾကာင္းေဖာ္ျပရာမွာ ကၽြန္ေတာ္တို႔ ကိုယ္တိုင္ျမင္ေတြ႕ေလ့လာခဲ့ဖူးတဲ့ နည္းလမ္းေတြနဲ႔ပဲ ေဖာ္ျပေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းေတြက သူမအတြက္ ထိေရာက္မႈရွိခ်င္မွရွိပါလိမ့္မယ္။ သင့္ပါတနာက အခ်စ္ကို ဘယ္လိုနည္းလမ္းနဲ႔ေဖာ္ျပတာကို သေဘာက်လဲဆိုတာ သိထားဖို႔လိုပါတယ္။ ခ်စ္ခင္ျမတ္ႏိုးေၾကာင္း မၾကာခဏေျပာတာ၊ အထိအေတြ႕နဲ႔ ေဖာ္ျပတာ၊ လက္ေဆာင္ေပးတာ၊ အတူတူအခ်ိန္ျဖဳန္းေပးတာ စသျဖင့္ ဘယ္လိုအခ်က္မ်ိဳးကို သူမႏွစ္သက္လဲ၊ သူမကေရာ ဘယ္လိုပံုစံနဲ႔ အခ်စ္ကိုေဖာ္ျပေလ့ရွိသလဲဆိုတာကို သိထားမယ္ဆိုရင္ အခ်စ္ေတြနဲ႔ ခုိင္ျမဲေနတဲ့ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

၆။ အတူတူလုပ္ေဆာင္ျခင္း

ႏွစ္ေယာက္အတူတူ လုပ္လို႔ရတာမွန္သမွ်ကို လုပ္ေဆာင္ပါ။ တစ္ေယာက္တစ္မ်ိဳးစီ လုပ္ခ်င္တာေတြ ရွိတတ္ေပမယ့္ ွႏွစ္ေယာက္စလံုးစိတ္၀င္စားတဲ့ကိစၥေတြကို အတူတူလုပ္ေဆာင္ပါ။ ႏွစ္ေယာက္တည္း ခရီးသြားတာ၊ ညစာသြားစားတာ၊ ႐ုပ္ရွင္သြားၾကည့္တာ စသျဖင့္ အႀကိဳက္တူတဲ့အရာေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။

၇။ အခ်စ္မ်ားႏွင့္ ေရွ႕ဆက္ပါ။

ႏွစ္ဦးသားဆက္ဆံေရး ခိုင္ျမဲေနေစဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ခ်စ္တတ္ဖို႔ပဲျဖစ္ပါတယ္။ ခ်စ္တတ္ဖို႔လို႔ ဆိုရာမွာ အိပ္ရာထက္က တူႏွစ္ကိုယ္ကိစၥကစၿပီး ကမ္းေျခတစ္ခုရဲ႕ သဲေသာင္ျပင္ေပၚမွာ ၾကည္ၾကည္ႏူးႏူး လက္တြဲလမ္းေလွ်ာက္တာအထိ ခ်စ္ျခင္းကိုပံုေပၚေစမယ့္ ကိစၥေတြ အမ်ားႀကီးပါ၀င္ပါတယ္။ ဒီလိုအခ်စ္ေတြနဲ႔ ေရွ႕ဆက္မယ္ဆိုရင္ တစ္ဦးနဲ႔တစ္ဦးပိုၿပီး ခ်စ္ခင္တြယ္တာလာမွာျဖစ္သလို ေနာက္ဆံုးထြက္သက္အထိ လက္တြဲေတြခိုင္ျမဲေနမွာ ျဖစ္ပါတယ္။


ချစ်သူကို အလေးထားကြောင်းဖော်ပြနိုင်မည့် နည်းလမ်း (၇)ခု

၁။ သူမဖက်က အသိအမှတ်ပြုမပြုကို မေးပါ။
အမျိုးသားတွေက အိမ်ထောင်ရေးအဆင်ပြေနေတယ်လို့ပဲ များသောအားဖြင့် ယူဆထားတတ်ကြပါတယ်။ ဒါ့ကြောင့် ဇနီးလုပ်သူက ကွာရှင်းခွင့်တောင်းတဲ့အခါကျမှ အံ့အားတသင့်ဖြစ်ကြရတတ်ပါတယ်။ တကယ်တော့ ဇနီးမောင်နှံနှစ်ဦးနဲ့ အိမ်ထောင်ရေးသုခအကြားမှာ လိုအပ်ချက်တွေရှိနေတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေ မတူညီတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကတော့ စိတ်ထဲကအထင်နဲ့လျှောက်လုပ်မယ့်အစား ပွင့်ပွင့်လင်းလင်း မေးကြည့်တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးသုခပြည့်စုံဖို့ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေက သူမရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ၊ သူမဖက်က အသိအမှတ်ပြုမပြုဆိုတာက အရေးကြီးပါတယ်။ အသိအမှတ်ပြုတယ်ဆိုရင်တော့ အထွေအထူးပြောင်းလဲစရာမရှိဘူးဆိုပေမယ့် မကျေနပ်ဘူးဆိုရင်တော့ ဘာတွေလိုအပ်ချက်ရှိနေလဲ၊ ဘာတွေပြောင်းလဲပေးရမလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။

၂။ အဆင်ပြေရဲ့လား မေးပါ။
ဒီအချက်က ဘာထူးခြားလို့လဲလို့ ထင်မိမှာပါ။ အလုပ်ကပြန်လာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေမပြေ မေးတတ်ကြပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ပြဿနာက မမေးတာမဟုတ်ပါဘူး။ မေးပြီး သေချာနားမထောင်တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ ပြီးစီးချိန်မှာ နှစ်ယောက်စလုံးက ပင်ပန်းနေကြပါပြီ။ ဒါ့ကြောင့် ကိုယ့်ပြဿနာ၊ အခက်အခဲကိုပဲ အာရုံစိုက်တတ်ပြီး အိမ်ပြန်ရောက်တာနဲ့ သူမရဲ့တစ်နေ့တာဘယ်လိုရှိလဲဆိုတာကို နားထောင်ပေးဖို့ စိတ်မရှည်တတ်ကြတော့ပါဘူး။ ဒီကိစ္စကို အဆင်ပြေသွားဖို့အတွက် နည်းလမ်းတစ်ခုရှိပါတယ်။ အလုပ်ကနေ အိမ်ကို တန်းမပြန်ပါနဲ့။ သာယာအေးချမ်းတဲ့နေရာမှာ ခဏတာလမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာ စသဖြင့် စိတ်ဖိစီးမှုလျော့ပါးသက်သာအောင် အရင်လုပ်ပြီးမှ အိမ်ပြန်ပါ။ ဒီလိုဆိုရင်တော့ စိတ်ကြည်ကြည်လင်လင်ရှိနေပြီး နားထောင်ပေးဖို့ ပိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။

၃။ နားထောင်ပါ။
တီဗီကြည့်ရင်း၊ ကွန်ပျူတာအသုံးပြုရင်း တစ်ခုခုလုပ်နေရင်းနဲ့ နားထောင်တာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သင့်ပါတနာက တစ်ခုခုပြောနေပြီဆိုရင် လုပ်နေတာကို ရပ်ပြီး အပြည့်အဝအာရုံစိုက်နားထောင်ပေးဖို့ လိုပါတယ်။ သူမရဲ့ မျက်လုံးထဲကိုကြည့်ပြီး သူမပြောတာကို သေချာနားထောင်နေကြောင်း သိရှိပါစေ။ ဒီအပြုအမူက အကျိုးသက်ရောက်မှုများစွာရှိပါတယ်။ လက်ရှိအချိန်မှာသာမက တစ်သက်တာလုံးအတွက် ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

/react-text ၄။ လေးစားသမှုရှိပါ။
အိမ်ထောင်တစ်ခုမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားဘဝမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားသမှု ရှိဖို့က အရေးကြီးပါတယ်။ တစ်ယောက်ယောက်က အခြားတစ်ယောက်ပေါ်မှာ လေးစားမှုမရှိဘူး၊ အထင်မကြီးဘူးဆိုရင် ဒီဆက်ဆံရေးပြိုကွဲပျက်စီးဖို့ အကြောင်းရင်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။

၅။ သင့်ပါတနာရဲ့ အချစ်ဘာသာစကားကို သိထားပါ။
ဒီအချက်ကအရေးကြီးပါတယ်။ ကျွန်တော်တို့အများစုက ကိုယ့်ချစ်သူကို ချစ်ကြောင်းဖော်ပြရာမှာ ကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့လေ့လာခဲ့ဖူးတဲ့ နည်းလမ်းတွေနဲ့ပဲ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေက သူမအတွက် ထိရောက်မှုရှိချင်မှရှိပါလိမ့်မယ်။ သင့်ပါတနာက အချစ်ကို ဘယ်လိုနည်းလမ်းနဲ့ဖော်ပြတာကို သဘောကျလဲဆိုတာ သိထားဖို့လိုပါတယ်။ ချစ်ခင်မြတ်နိုးကြောင်း မကြာခဏပြောတာ၊ အထိအတွေ့နဲ့ ဖော်ပြတာ၊ လက်ဆောင်ပေးတာ၊ အတူတူအချိန်ဖြုန်းပေးတာ စသဖြင့် ဘယ်လိုအချက်မျိုးကို သူမနှစ်သက်လဲ၊ သူမကရော ဘယ်လိုပုံစံနဲ့ အချစ်ကိုဖော်ပြလေ့ရှိသလဲဆိုတာကို သိထားမယ်ဆိုရင် အချစ်တွေနဲ့ ခိုင်မြဲနေတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၆။ အတူတူလုပ်ဆောင်ခြင်း
နှစ်ယောက်အတူတူ လုပ်လို့ရတာမှန်သမျှကို လုပ်ဆောင်ပါ။ တစ်ယောက်တစ်မျိုးစီ လုပ်ချင်တာတွေ ရှိတတ်ပေမယ့် ွနှစ်ယောက်စလုံးစိတ်ဝင်စားတဲ့ကိစ္စတွေကို အတူတူလုပ်ဆောင်ပါ။ နှစ်ယောက်တည်း ခရီးသွားတာ၊ ညစာသွားစားတာ၊ ရုပ်ရှင်သွားကြည့်တာ စသဖြင့် အကြိုက်တူတဲ့အရာတွေ အများကြီးရှိနိုင်ပါတယ်။

၇။ အချစ်များနှင့် ရှေ့ဆက်ပါ။
နှစ်ဦးသားဆက်ဆံရေး ခိုင်မြဲနေစေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ချစ်တတ်ဖို့ပဲဖြစ်ပါတယ်။ ချစ်တတ်ဖို့လို့ ဆိုရာမှာ အိပ်ရာထက်က တူနှစ်ကိုယ်ကိစ္စကစပြီး ကမ်းခြေတစ်ခုရဲ့ သဲသောင်ပြင်ပေါ်မှာ ကြည်ကြည်နူးနူး လက်တွဲလမ်းလျှောက်တာအထိ ချစ်ခြင်းကိုပုံပေါ်စေမယ့် ကိစ္စတွေ အများကြီးပါဝင်ပါတယ်။ ဒီလိုအချစ်တွေနဲ့ ရှေ့ဆက်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦးပိုပြီး ချစ်ခင်တွယ်တာလာမှာဖြစ်သလို နောက်ဆုံးထွက်သက်အထိ လက်တွဲတွေခိုင်မြဲနေမှာ ဖြစ်ပါတယ်။

Related Posts

%%footer%%