သင္မသိေသးတဲ့တစ္မိနစ္အတြင္း က်န္းမာေရးပိုေကာင္းလာေစမည့္ နည္းလမ္းမ်ား

တစ္မိနစ္အတြင္း က်န္းမာေရးပိုေကာင္းလာေစမည့္ နည္းလမ္းမ်ား

တစ်မိနစ်အတွင်း ကျန်းမာရေးပိုကောင်းလာစေမည့် နည်းလမ်းများ

က်န္းမာေပ်ာ္ရႊင္စြာေနထိုင္ႏိုင္ဖို႔အတြက္ တစ္ဘ၀လံုးကို သတိျပဳဆင္ျခင္ေနဖို႔ မလုိပါဘူး။ အခုကစၿပီး အခ်ိန္ ()မိနစ္အတြင္းမွာ က်န္းမာေရးနဲ႔ ညီညြတ္စြာ ေနထိုင္ႏိုင္ေစဖို႔ နည္းလမ္း(၂၁)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ HDL ကိုလက္စထေရာဓာတ္ျမင့္တက္ေစမည့္ စားစရာမ်ားစားပါ။

ေလ့လာမႈေတြအရ တစ္ေန႔ကို အငံမပါတဲ့ သီဟိုဠ္သရက္ေစ့ / ေအာင္စေလာက္စားေပးမယ္ဆိုရင္ ()ပတ္အၾကာမွာ High Density Lipoprotein အမည္ရ ခႏၶာကိုယ္အတြက္ေကာင္းက်ိဳးျဖစ္ေစတဲ့ ကိုလက္စတေရာဓာတ္ ()ရာခိုင္ႏႈန္းတိုးတက္လာတာတယ္လို႔ ဆိုပါတယ္။

၂။ သြားကို အေျခာက္တိုက္ပါ။

သြားတိုက္တံမွာ သြားတိုက္ေဆးမထည့္ပဲ သင့္ရဲ႕သြားေတြကို ေျခာက္ေသြ႕ေနတဲ့သြားတိုက္တံနဲ႔ စကၠန္႔(၃၀)ေလာက္ တိုက္ေပးပါ။ ဒီလိုလုပ္ေပးတာက သြားေခ်းေတြကို ေျပာင္ေစႏိုင္ၿပီး သြားဖုံးေသြးယိုျခင္းကိုလည္း သက္သာေစႏိုင္ပါတယ္။ ႏူးညံ့တဲ့သြားတိုက္တံအေျခာက္ကို သံုးၿပီး သြားေတြရဲ႕ အတြင္းပိုင္းကို အရင္တိုက္ပါ။ ၿပီးမွ အျပင္ဖက္ကိုတိုက္ပါ။ ပလုပ္က်င္းပါ။ ပံုမွန္အတိုင္း သြားတိုက္ေဆးနဲ႔ တိုက္ပါ။

၃။ နားေတြကို ေလ့က်င့္ေပးပါ။

အသက္ႀကီးၿပီး အဖိုးအဖြားအရြယ္ေရာက္တဲ့အထိ နား အၾကားအာ႐ုံေတြေကာင္းေနခ်င္တယ္ဆိုရင္ ေတးဂီတနဲ႔ နားကို ေလ့က်င့္ေပးဖို႔လိုပါတယ္။ ပထမဆံုး အသံအတိုးအက်ယ္ကို သာမန္ၾကားႏိုင္႐ုံလာက္သာ ထားရွိပါ။ ၿပီးရင္ ၾကားေနရတဲ့ ဂီတသံစဥ္ေတြထဲက တူရိယာသံတစ္ခုထဲကိုပဲ အာ႐ုံစိုက္နားေထာင္ပါ။ ဒီေလ့က်င့္ခန္းက ေန႔စဥ္နဲ႔အမွ်အသံေတြကို အေသးစိတ္ၾကားသိႏိုင္စြမ္းရွိလာေအာင္ ကူညီေပးႏိုင္မွာျဖစ္ပါတယ္။

၄။ စြမ္းအားျဖည့္ပါ။

ပင္ပန္းႏြမ္းနယ္လာတဲ့အခါမွာ လန္းဆန္းသြားေစဖို႔ ေကာ္ဖီမေသာက္ပါနဲ႔။ သံပုရာအရသာ ဆိုဒါရည္ တစ္ခုခု သံုးေဆာင္ၿပီး စြမ္းအားျဖည့္ပါ။

၅။ ေန႔လည္စာ ဘာစားလဲ မွတ္ထားပါ။

ေန႔လည္စာကို ဘာေတြစားခဲ့လဲဆိုတာကို မွတ္မိေနတာက ညေနပိုင္းမွာ အျခားသေရစာေတြစားခ်င္စိတ္ကို ေလ်ာ့နည္းသြားေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္မဟုတ္ပဲတစ္ခုခုစားခ်င္လာရင္ မနက္စာ ဒါမွမဟုတ္ ေန႔လည္စာ ကို ဘာနဲ႔စားခဲ့လည္း ျပန္စဥ္းစားလိုက္ပါ။

၆။ အနမ္းေတြနဲ႔ ညွိဳ႕ငင္ပါ။

ခ်စ္သူကို အနမ္းမေပးခင္မွာ သင့္ႏႈတ္ခမ္းေတြကို ပူရွိန္းအဆီတစ္မ်ိဳးမ်ိဳးသုတ္လမ္းထားမယ္ဆိုရင္ အထိအေတြ႕နဲ႔ အနံ႔အရသာေကာင္းကို ရရွိမွာျဖစ္ပါတယ္။ ပူရွိန္းဟာ ခႏၶာကိုယ္ကိုလႈံ႕ေဆာ္ေပးႏိုင္ၿပီး ၀င္ေလထြက္ေလေႏြးေႏြးနဲ႔ ေပါင္းစပ္လိုက္တဲ့အခါမွာ တစ္ကိုယ္လံုးကို စိတ္ၾကြလာေစမွာျဖစ္ပါတယ္။

၇။ မေကာင္းတဲ့အေတြးမ်ား ရွင္းထုတ္ပါ။

အလိုလိုမေကာင္းျမင္ေနတတ္တဲ့ အေတြးေတြက စိုး႐ိမ္ေၾကာင့္က်မႈကို ျဖစ္ေစၿပီး ခႏၶာကိုယ္တစ္ခုလံုးမွာ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ထြက္လာေစပါတယ္။ ဒါ့ေၾကာင့္ မေကာင္းတဲ့စိတ္ကူးတစ္ခု ေပၚလာၿပီဆိုတာနဲ႔ ခ်ေရးလိုက္ၿပီး ေမ့ပစ္လိုက္ပါ။ ေနာက္မွ ဒီအေတြးေတြ ဘယ္ကလာလဲဆိုတာကို ျပန္ဆန္းစစ္ၿပီး အေတြးမွန္ေအာင္ျပင္ဆင္ပါ။

၈။ ၾကင္ဖက္ကို ခ်ီးက်ဴးပါ။

အိမ္ေထာင္ေရးမသာယာမႈက နာမက်န္းျဖစ္ႏိုင္ေခ် (၃၅)ရာခိုင္ႏႈန္းပိုမ်ားလာေစႏိုင္ၿပီး သက္တမ္း()ႏွစ္ တိုသြားေစႏိုင္ပါတယ္။ သာယာတဲ့အိမ္ေထာင္ေရးျဖစ္ဖို႔က သင့္ရဲ႕ၾကင္ဖက္နဲ႔ ပတ္သက္ၿပီး ေလးစားခ်စ္ခင္ရတဲ့ အေၾကာင္းေတြကို ခ်ီးက်ဴးစကားေျပာေပး႐ုံပါပဲ။

၉။ ပါးပါးလွီးပါ၊ နည္းနည္းစားပါ။

စားစရာေတြကို အတုံးလိုက္မလွီးပဲနဲ႔ အခ်ပ္လိုက္ပါးပါးလွီးတာက နည္းနည္းစား႐ုံနဲ႔ တင္းတိမ္သြားေစႏိုင္ပါတယ္။ တကယ္ေတာ့ အခ်ပ္လိုက္ပါးပါးလွီးထားတာက စားစရာေတြကို ပိုႀကီးတယ္လို႔ ထင္ရေစၿပီး သိပ္မစားရပဲနဲ႔ ၀သြားတာေၾကာင့္ျဖစ္ပါတယ္။

၁၀။ ေဆးေသာက္လြယ္ေအာင္ လုပ္ပါ။

အရသာဆိုးတဲ့ ေဆး၀ါးေတြ ေသာက္သံုးရမယ္ဆိုရင္ မေသာက္ခင္ စကၠန္႔ပိုင္းေလာက္မွာ ေရခဲတံုးေလးတစ္ခုကို ငံုထားလိုက္ပါ။ ေရခဲရဲ႕အေအးဓာတ္က အရသာကို မသိေအာင္ ေခတၱလုပ္ထားေပးႏိုင္တာေၾကာင့္ အလြယ္တကူေဆးေသာက္လို႔ ရမွာျဖစ္ပါတယ္။

၁၁။ ေခါင္းကိုက္တာကို ထိေရာက္စြာေျဖရွင္းပါ။

ေခါင္းကိုက္ေနပါသလား။ ibuprofen ေဆးေသာက္ၿပီး ကဖင္းဓာတ္ပါ၀င္တဲ့ လက္ဖက္ရည္ ဒါမွမဟုတ္ ေကာ္ဖီတစ္ခုခုထပ္ေသာက္လိုက္ပါ။ ေခါင္းကိုက္ေ၀ဒနာကို ျမန္ျမန္ေပ်ာက္ကင္းသြားေစမွာျဖစ္ပါတယ္။

၁၂။ မ်ားမ်ား၀ါးပါ။

လိေမၼာ္သီးေဖ်ာ္ရည္ေသာက္မယ့္အစား လိေမၼာ္သီးစားပါ။ အသီးေဖ်ာ္ရည္ေတြ ေသာက္သံုးမယ့္အစား အသီးတစ္ခုလံုးကို စားပါ။ ဒီလို၀ါးစားရတာက တင္းတိမ္မႈကျဖစ္ေစႏိုင္ၿပီး စားလိုက္တဲ့အစာေတြကို ေခ်ဖ်က္ဖို႔ အခ်ိန္ပိုယူရတာေၾကာင့္ ဗိုက္မဆာပဲအခ်ိန္ၾကာၾကာေနႏိုင္မွာ ျဖစ္ပါတယ္။

၁၃။ အခ်ဥ္မ်ားမ်ားစားပါ

ခ်ဥ္တဲ့အရသာရွိတဲ့ စားစရာေတြမွာ acetic acid ဓာတ္မ်ားတာေၾကာင့္ ကစီဓာတ္ေတြကို ျပိဳကြဲေစၿပီး ေသြးအတြင္းသၾကားဓာတ္ကို ပံုမွန္ျဖစ္ေအာင္ ထိန္းထားႏိုင္မွာျဖစ္ပါတယ္။

၁၄။ ေခါင္းအုံးကို လဲလွယ္ပါ။

သင့္ေခါင္းအံုးကို ေခါက္ခ်ိဳးခ်ိဳးၿပီး လႊတ္ေပးလိုက္ပါ။ ျပန္ကန္ထြက္လာမယ္ဆိုရင္ အဆင္ေျပပါတယ္။ ဒီလိုမဟုတ္ပဲ ေခါက္လ်က္သားပဲျဖစ္ေနမယ္ဆိုရင္ေတာ့ ေခါင္းအံုးအသစ္လဲပါ။ ဒီေခါင္းအံုကို အိပ္တဲ့အခါမွာ သင့္ဦးေခါင္းနဲ႔ လည္ပင္းကို အဆင္ေျပေအာင္ ခုထားေပးႏိုင္မွာမဟုတ္ပါဘူး။

၁၅။ ကားေမာင္းရင္ ခါးမနာေအာင္

ကားအၾကာႀကီးေမာင္းရတဲ့အတြက္ ခါးမနာရေအာင္ ေနာက္ၾကည့္မွန္ကို အေပၚနည္းနည္းေထာင္ထားလိုက္ပါ။ ဒါဆိုရင္ ခႏၶာကိုယ္ကို ခပ္ေလွ်ာေလွ်ာထိုင္မိေတာ့မွာမဟုတ္ပဲ ေနာက္ကားကိုျမင္ရဖို႔ မတ္မတ္ပဲထိုင္ေနရမွာ ျဖစ္ပါတယ္။

၁၆။ လက္ဖက္ရည္ကို အခ်ဥ္ညစ္ေသာက္ပါ။

လက္ဖက္ေျခာက္ခပ္ထားတဲ့ လက္ဖက္ရည္(ေရေႏြးၾကမ္း)အေအးပဲျဖစ္ျဖစ္ အပူပဲျဖစ္ျဖစ္ ေသာက္တဲ့အခါမွာ သံပုရာရည္ညစ္ေသာက္ပါ။ သံပုရာသီးမွာ ပါ၀င္တဲ့ အက္ဆစ္ဓာတ္က လက္ဖက္စိမ္းမွာပါ၀င္တဲ့ ဓာတ္တိုး ဆန္႔က်င့္ပစၥည္းေတြကို ပိုထြက္လာေစတာေၾကာင့္ ျဖစ္ပါတယ္။

၁၇။ ထမင္းစားပြဲမွာ ပန္းအိုးထိုးပါ။

အထူးသျဖင့္ မနက္စားစားေသာက္တဲ့အခ်ိန္မွာ ေဒစီပန္း၊ က်ဴးလစ္ပန္း၊ ႏွင္းဆီပန္းနဲ႔ အျခားပန္းေတြကို ပန္းအိုးတစ္ခုနဲ႔ ထိုးထားတာက ခံစားမႈကို ေကာင္းေစမွာျဖစ္ပါတယ္။ မနက္ပိုင္းမွာ လန္းဆန္းလွပတဲ့ ပန္းေတြကို ေတြ႕ျမင္ရတာက လူေတြကို ပိုၿပီးေပ်ာ္ရႊင္ေက်နပ္ေစၿပီး ခြန္အားျပည့္၀ေစႏိုင္ပါတယ္။

၁၈။ ပိုးမႊားေတြကို ရွင္းထုတ္ပါ။

သင့္မီးဖိုခန္းထဲက ပန္းကန္ေဆးေရျမဳပ္ဖတ္မွာ ဘက္တီးရီးယာသန္းေပါင္းမ်ားစြာ ရွင္သန္ေပါက္ဖြားေနထိုင္ပါတယ္။ စိုစြတ္မႈနဲ႔ အစားအေသာက္အစအနေတြေၾကာင့္ အီးကိုလိုင္လို ပိုးမႊားေတြ မ်ားစြာေပါက္ဖြားေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေရျမဳပ္ဖတ္ေတြကို မိုက္ခရုိေ၀့ဗ္မီးဖိုထဲ စကၠန္႔(၃၀)ေလာက္ အပူေပးတာ ဒါမွမဟုတ္ ေရေႏြးဆူဆူနဲ႔ ()မိနစ္ေလာက္ျပဳတ္ၿပီး ပိုးမႊားေတြကို ရွင္းထုတ္ႏိုင္ပါတယ္။

၁၉။ ဗီတာမင္ G မွီ၀ဲပါ။

ဗီတာမင္ G ဆိုတာ သင့္ရဲ႕စိတ္သေဘာထားကို ျပဳျပင္တတ္ဖို႔ ဆိုလိုတာပါ။ လက္ရွိဘ၀ကို အသိအမွတ္ျပဳၿပီး ေက်နပ္ႏိုင္တာက စိတ္ဖိစီးမႈကိုေလ်ာ့ပါးေစၿပီး ေပ်ာ္ရႊင္က်န္းမာေစႏိုင္ပါတယ္။ လက္ရွိက်န္းမာေရး၊ စားစရာ၊ မိသားစု၊ မိတ္ေဆြ စသျဖင့္ အားလံုးကို အသိအမွတ္ျပဳၿပီး ေက်းဇူးသိတတ္ပါေစ။

၂၀။ အိပ္ေပ်ာ္ေအာင္ အိပ္ပါ။

အိပ္ေပ်ာ္သြားဖို႔ ခက္ေနပါသလား။ ေျခအိတ္ေတြ လက္အိတ္ေတြ စြပ္ထားလိုက္ပါ။ ေလ့လာမႈေတြအရ ေျခေတြ လက္ေတြ ေႏြးေထြးေနရင္ အျမန္ဆံုးအိပ္ေပ်ာ္သြားေစတယ္လို႔ ဆိုပါတယ္။ ေျခေတြ လက္ေတြ ေႏြးေနတာက ခႏၶာကိုယ္အတြင္းပိုင္း အပူခ်ိန္ကို ေလ်ာ့က်သြားေစႏိုင္တာေၾကာင့္ ပံုမွန္အိပ္ေပ်ာ္ဖို႔ ၾကာခ်ိန္ထက္ ထက္၀က္ေလာက္ေလ်ာ့နည္းၿပီး အိပ္ေပ်ာ္သြားႏိုင္တယ္လို႔ ဆိုပါတယ္။

၂၁။ တစ္မိနစ္ေစာင့္ပါ။

အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္တစ္ခုခု ခ်ခါနီးမွာ ေနာက္ဆက္တြဲကိစၥေတြကို အခ်ိန္()မိနစ္ေလာက္ယူၿပီး စဥ္းစားပါ။ ၀ိုင္ေနာက္တစ္ခြက္ေသာက္ဖို႔၊ အလုပ္ကေနထြက္ဖို႔၊ ေဆးတစ္လံုးမ်ိဳခ်ဖို႔ကေနစၿပီး ကေလးကို ေအာ္ဖို႔အထိ တစ္ခုခုလုပ္ခါနီးတိုင္းမွာ တစ္မိနစ္ေစာင့္ၿပီး စဥ္းစားပါ။


တစ်မိနစ်အတွင်း ကျန်းမာရေးပိုကောင်းလာစေမည့် နည်းလမ်းများ

ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် တစ်ဘဝလုံးကို သတိပြုဆင်ခြင်နေဖို့ မလိုပါဘူး။ အခုကစပြီး အချိန် (၁)မိနစ်အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်စေဖို့ နည်းလမ်း(၂၁)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ HDL ကိုလက်စထရောဓာတ်မြင့်တက်စေမည့် စားစရာများစားပါ။
လေ့လာမှုတွေအရ တစ်နေ့ကို အငံမပါတဲ့ သီဟိုဠ်သရက်စေ့ ၂/၃ အောင်စလောက်စားပေးမယ်ဆိုရင် (၄)ပတ်အကြာမှာ High Density Lipoprotein အမည်ရ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတဲ့ ကိုလက်စတရောဓာတ် (၆)ရာခိုင်နှုန်းတိုးတက်လာတာတယ်လို့ ဆိုပါတယ်။

၂။ သွားကို အခြောက်တိုက်ပါ။
သွားတိုက်တံမှာ သွားတိုက်ဆေးမထည့်ပဲ သင့်ရဲ့သွားတွေကို ခြောက်သွေ့နေတဲ့သွားတိုက်တံနဲ့ စက္ကန့်(၃၀)လောက် တိုက်ပေးပါ။ ဒီလိုလုပ်ပေးတာက သွားချေးတွေကို ပြောင်စေနိုင်ပြီး သွားဖုံးသွေးယိုခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ နူးညံ့တဲ့သွားတိုက်တံအခြောက်ကို သုံးပြီး သွားတွေရဲ့ အတွင်းပိုင်းကို အရင်တိုက်ပါ။ ပြီးမှ အပြင်ဖက်ကိုတိုက်ပါ။ ပလုပ်ကျင်းပါ။ ပုံမှန်အတိုင်း သွားတိုက်ဆေးနဲ့ တိုက်ပါ။

၃။ နားတွေကို လေ့ကျင့်ပေးပါ။
အသက်ကြီးပြီး အဖိုးအဖွားအရွယ်ရောက်တဲ့အထိ နား အကြားအာရုံတွေကောင်းနေချင်တယ်ဆိုရင် တေးဂီတနဲ့ နားကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ပထမဆုံး အသံအတိုးအကျယ်ကို သာမန်ကြားနိုင်ရုံလာက်သာ ထားရှိပါ။ ပြီးရင် ကြားနေရတဲ့ ဂီတသံစဉ်တွေထဲက တူရိယာသံတစ်ခုထဲကိုပဲ အာရုံစိုက်နားထောင်ပါ။ ဒီလေ့ကျင့်ခန်းက နေ့စဉ်နဲ့အမျှအသံတွေကို အသေးစိတ်ကြားသိနိုင်စွမ်းရှိလာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

၄။ စွမ်းအားဖြည့်ပါ။
ပင်ပန်းနွမ်းနယ်လာတဲ့အခါမှာ လန်းဆန်းသွားစေဖို့ ကော်ဖီမသောက်ပါနဲ့။ သံပုရာအရသာ ဆိုဒါရည် တစ်ခုခု သုံးဆောင်ပြီး စွမ်းအားဖြည့်ပါ။

၅။ နေ့လည်စာ ဘာစားလဲ မှတ်ထားပါ။
နေ့လည်စာကို ဘာတွေစားခဲ့လဲဆိုတာကို မှတ်မိနေတာက ညနေပိုင်းမှာ အခြားသရေစာတွေစားချင်စိတ်ကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် အချိန်မဟုတ်ပဲတစ်ခုခုစားချင်လာရင် မနက်စာ ဒါမှမဟုတ် နေ့လည်စာ ကို ဘာနဲ့စားခဲ့လည်း ပြန်စဉ်းစားလိုက်ပါ။

၆။ အနမ်းတွေနဲ့ ညှို့ငင်ပါ။
ချစ်သူကို အနမ်းမပေးခင်မှာ သင့်နှုတ်ခမ်းတွေကို ပူရှိန်းအဆီတစ်မျိုးမျိုးသုတ်လမ်းထားမယ်ဆိုရင် အထိအတွေ့နဲ့ အနံ့အရသာကောင်းကို ရရှိမှာဖြစ်ပါတယ်။ ပူရှိန်းဟာ ခန္ဓာကိုယ်ကိုလှုံ့ဆော်ပေးနိုင်ပြီး ဝင်လေထွက်လေနွေးနွေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ တစ်ကိုယ်လုံးကို စိတ်ကြွလာစေမှာဖြစ်ပါတယ်။

၇။ မကောင်းတဲ့အတွေးများ ရှင်းထုတ်ပါ။
အလိုလိုမကောင်းမြင်နေတတ်တဲ့ အတွေးတွေက စိုးရိမ်ကြောင့်ကျမှုကို ဖြစ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်လာစေပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့စိတ်ကူးတစ်ခု ပေါ်လာပြီဆိုတာနဲ့ ချရေးလိုက်ပြီး မေ့ပစ်လိုက်ပါ။ နောက်မှ ဒီအတွေးတွေ ဘယ်ကလာလဲဆိုတာကို ပြန်ဆန်းစစ်ပြီး အတွေးမှန်အောင်ပြင်ဆင်ပါ။

၈။ ကြင်ဖက်ကို ချီးကျူးပါ။
အိမ်ထောင်ရေးမသာယာမှုက နာမကျန်းဖြစ်နိုင်ချေ (၃၅)ရာခိုင်နှုန်းပိုများလာစေနိုင်ပြီး သက်တမ်း(၄)နှစ် တိုသွားစေနိုင်ပါတယ်။ သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့က သင့်ရဲ့ကြင်ဖက်နဲ့ ပတ်သက်ပြီး လေးစားချစ်ခင်ရတဲ့ အကြောင်းတွေကို ချီးကျူးစကားပြောပေးရုံပါပဲ။

၉။ ပါးပါးလှီးပါ၊ နည်းနည်းစားပါ။
စားစရာတွေကို အတုံးလိုက်မလှီးပဲနဲ့ အချပ်လိုက်ပါးပါးလှီးတာက နည်းနည်းစားရုံနဲ့ တင်းတိမ်သွားစေနိုင်ပါတယ်။ တကယ်တော့ အချပ်လိုက်ပါးပါးလှီးထားတာက စားစရာတွေကို ပိုကြီးတယ်လို့ ထင်ရစေပြီး သိပ်မစားရပဲနဲ့ ဝသွားတာကြောင့်ဖြစ်ပါတယ်။

၁၀။ ဆေးသောက်လွယ်အောင် လုပ်ပါ။
အရသာဆိုးတဲ့ ဆေးဝါးတွေ သောက်သုံးရမယ်ဆိုရင် မသောက်ခင် စက္ကန့်ပိုင်းလောက်မှာ ရေခဲတုံးလေးတစ်ခုကို ငုံထားလိုက်ပါ။ ရေခဲရဲ့အအေးဓာတ်က အရသာကို မသိအောင် ခေတ္တလုပ်ထားပေးနိုင်တာကြောင့် အလွယ်တကူဆေးသောက်လို့ ရမှာဖြစ်ပါတယ်။

၁၁။ ခေါင်းကိုက်တာကို ထိရောက်စွာဖြေရှင်းပါ။
ခေါင်းကိုက်နေပါသလား။ ibuprofen ဆေးသောက်ပြီး ကဖင်းဓာတ်ပါဝင်တဲ့ လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီတစ်ခုခုထပ်သောက်လိုက်ပါ။ ခေါင်းကိုက်ဝေဒနာကို မြန်မြန်ပျောက်ကင်းသွားစေမှာဖြစ်ပါတယ်။

၁၂။ များများဝါးပါ။
လိမ္မော်သီးဖျော်ရည်သောက်မယ့်အစား လိမ္မော်သီးစားပါ။ အသီးဖျော်ရည်တွေ သောက်သုံးမယ့်အစား အသီးတစ်ခုလုံးကို စားပါ။ ဒီလိုဝါးစားရတာက တင်းတိမ်မှုကဖြစ်စေနိုင်ပြီး စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့ အချိန်ပိုယူရတာကြောင့် ဗိုက်မဆာပဲအချိန်ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။

၁၃။ အချဉ်များများစားပါ
ချဉ်တဲ့အရသာရှိတဲ့ စားစရာတွေမှာ acetic acid ဓာတ်များတာကြောင့် ကစီဓာတ်တွေကို ပြိုကွဲစေပြီး သွေးအတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မှာဖြစ်ပါတယ်။

၁၄။ ခေါင်းအုံးကို လဲလှယ်ပါ။
သင့်ခေါင်းအုံးကို ခေါက်ချိုးချိုးပြီး လွှတ်ပေးလိုက်ပါ။ ပြန်ကန်ထွက်လာမယ်ဆိုရင် အဆင်ပြေပါတယ်။ ဒီလိုမဟုတ်ပဲ ခေါက်လျက်သားပဲဖြစ်နေမယ်ဆိုရင်တော့ ခေါင်းအုံးအသစ်လဲပါ။ ဒီခေါင်းအုံကို အိပ်တဲ့အခါမှာ သင့်ဦးခေါင်းနဲ့ လည်ပင်းကို အဆင်ပြေအောင် ခုထားပေးနိုင်မှာမဟုတ်ပါဘူး။

၁၅။ ကားမောင်းရင် ခါးမနာအောင်
ကားအကြာကြီးမောင်းရတဲ့အတွက် ခါးမနာရအောင် နောက်ကြည့်မှန်ကို အပေါ်နည်းနည်းထောင်ထားလိုက်ပါ။ ဒါဆိုရင် ခန္ဓာကိုယ်ကို ခပ်လျှောလျှောထိုင်မိတော့မှာမဟုတ်ပဲ နောက်ကားကိုမြင်ရဖို့ မတ်မတ်ပဲထိုင်နေရမှာ ဖြစ်ပါတယ်။

၁၆။ လက်ဖက်ရည်ကို အချဉ်ညစ်သောက်ပါ။
လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်(ရေနွေးကြမ်း)အအေးပဲဖြစ်ဖြစ် အပူပဲဖြစ်ဖြစ် သောက်တဲ့အခါမှာ သံပုရာရည်ညစ်သောက်ပါ။ သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင့်ပစ္စည်းတွေကို ပိုထွက်လာစေတာကြောင့် ဖြစ်ပါတယ်။

၁၇။ ထမင်းစားပွဲမှာ ပန်းအိုးထိုးပါ။
အထူးသဖြင့် မနက်စားစားသောက်တဲ့အချိန်မှာ ဒေစီပန်း၊ ကျူးလစ်ပန်း၊ နှင်းဆီပန်းနဲ့ အခြားပန်းတွေကို ပန်းအိုးတစ်ခုနဲ့ ထိုးထားတာက ခံစားမှုကို ကောင်းစေမှာဖြစ်ပါတယ်။ မနက်ပိုင်းမှာ လန်းဆန်းလှပတဲ့ ပန်းတွေကို တွေ့မြင်ရတာက လူတွေကို ပိုပြီးပျော်ရွှင်ကျေနပ်စေပြီး ခွန်အားပြည့်၀စေနိုင်ပါတယ်။

၁၈။ ပိုးမွှားတွေကို ရှင်းထုတ်ပါ။
သင့်မီးဖိုခန်းထဲက ပန်းကန်ဆေးရေမြုပ်ဖတ်မှာ ဘက်တီးရီးယာသန်းပေါင်းများစွာ ရှင်သန်ပေါက်ဖွားနေထိုင်ပါတယ်။ စိုစွတ်မှုနဲ့ အစားအသောက်အစအနတွေကြောင့် အီးကိုလိုင်လို ပိုးမွှားတွေ များစွာပေါက်ဖွားနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေမြုပ်ဖတ်တွေကို မိုက်ခရိုဝေ့ဗ်မီးဖိုထဲ စက္ကန့်(၃၀)လောက် အပူပေးတာ ဒါမှမဟုတ် ရေနွေးဆူဆူနဲ့ (၅)မိနစ်လောက်ပြုတ်ပြီး ပိုးမွှားတွေကို ရှင်းထုတ်နိုင်ပါတယ်။

၁၉။ ဗီတာမင် G မှီဝဲပါ။
ဗီတာမင် G ဆိုတာ သင့်ရဲ့စိတ်သဘောထားကို ပြုပြင်တတ်ဖို့ ဆိုလိုတာပါ။ လက်ရှိဘဝကို အသိအမှတ်ပြုပြီး ကျေနပ်နိုင်တာက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး ပျော်ရွှင်ကျန်းမာစေနိုင်ပါတယ်။ လက်ရှိကျန်းမာရေး၊ စားစရာ၊ မိသားစု၊ မိတ်ဆွေ စသဖြင့် အားလုံးကို အသိအမှတ်ပြုပြီး ကျေးဇူးသိတတ်ပါစေ။

၂၀။ အိပ်ပျော်အောင် အိပ်ပါ။
အိပ်ပျော်သွားဖို့ ခက်နေပါသလား။ ခြေအိတ်တွေ လက်အိတ်တွေ စွပ်ထားလိုက်ပါ။ လေ့လာမှုတွေအရ ခြေတွေ လက်တွေ နွေးထွေးနေရင် အမြန်ဆုံးအိပ်ပျော်သွားစေတယ်လို့ ဆိုပါတယ်။ ခြေတွေ လက်တွေ နွေးနေတာက ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကို လျော့ကျသွားစေနိုင်တာကြောင့် ပုံမှန်အိပ်ပျော်ဖို့ ကြာချိန်ထက် ထက်ဝက်လောက်လျော့နည်းပြီး အိပ်ပျော်သွားနိုင်တယ်လို့ ဆိုပါတယ်။

၂၁။ တစ်မိနစ်စောင့်ပါ။
အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုခု ချခါနီးမှာ နောက်ဆက်တွဲကိစ္စတွေကို အချိန်(၁)မိနစ်လောက်ယူပြီး စဉ်းစားပါ။ ဝိုင်နောက်တစ်ခွက်သောက်ဖို့၊ အလုပ်ကနေထွက်ဖို့၊ ဆေးတစ်လုံးမျိုချဖို့ကနေစပြီး ကလေးကို အော်ဖို့အထိ တစ်ခုခုလုပ်ခါနီးတိုင်းမှာ တစ်မိနစ်စောင့်ပြီး စဉ်းစားပါ။

Related Posts

%%footer%%