အသက္(၃၀)မတိုင္ခင္ လုပ္ဖူးသင့္သည့္ အရာမ်ား

၁။ အလုပ္ထုတ္ခံရဖူးပါေစ။

အလုပ္ထုတ္ခံရတာက ၾကမ္းတမ္းတဲ့ဘ၀အေတြ႕အၾကံဳတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ လုပ္ငန္းစြမ္းေဆာင္ရည္ ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး အေျပာင္းအလဲလုပ္ေဆာင္ဖို႔ အသိစိတ္ကို ႏိုးၾကားေစပါတယ္။ အသက္(၂၀)ေက်ာ္ အရြယ္မွာ အလုပ္ထုတ္ခံလိုက္ရတာဟာ မွားယြင္းတဲ့အသက္ေမြး၀မ္းေက်ာင္းအလုပ္ကိုလုပ္ေနမိလားဆိုတာကို ျပန္ဆင္ျခင္ႏိုင္ေစၿပီး အရံအစီအစဥ္ေတြထားရွိလုပ္ေဆာင္တတ္ေစဖို႔ အရည္အခ်င္းေတြကို ဖြံ႕ၿဖိဳးလာေစပါတယ္။

#50001

၂။ အဆင္မေျပတဲ့အလုပ္မွ ႏႈတ္ထြက္ပါ။

ဘ၀က တိုေတာင္းပါတယ္။ သေဘာမက်တဲ့အလုပ္ကို ႀကိတ္မွိတ္ၿပီးလုပ္မေနပါနဲ႔။ အသက္(၂၀)ေက်ာ္အရြယ္မွာ လုပ္ခ်င္တာေတြကို စြန္႔စားလုပ္ေဆာင္ဖို႔အေကာင္းဆံုးပါပဲ။

၃။ ႐ိုးရွင္းေသာ ရည္မွန္းခ်က္မ်ား ခ်ေရးထားပါ။

သြားခ်င္တဲ့ေနရာကို သိမွ ေရာက္ေအာင္သြားလို႔ရမွာျဖစ္ပါတယ္။ သင့္ရဲ႕ရည္မွန္းခ်က္ေတြ ခ်ေရးရင္ ရွည္လ်ားေထြျပားေနဖို႔ မလိုပါဘူ။ ဘာေၾကာင့္ လုပ္ခ်င္တာလဲဆိုတာကို သင္ကိုယ္တိုင္သိရင္ လံုေလာက္ပါၿပီ။

၄။ အခ်ိန္ကို စီမံခန္႔ခြဲတတ္ေအာင္ သင္ယူပါ။

အသက္(၃၀)မတိုင္ခင္မွာ အခ်ိန္ကို အဆင္ေျပေအာင္စီမံခန္႔ခြဲႏိုင္စြမ္း ရွိသင့္သေလာက္ေတာ့ ရွိရမွာျဖစ္ပါတယ္။ အခ်ိန္က ေငြပဲ ျဖစ္ပါတယ္။ ဘယ္လုပ္ငန္းေတြကမွ အလဟႆျဖစ္မယ့္ ေငြနဲ႔အခ်ိန္ကို သေဘာက်မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အသက္(၃၀)မတိုင္ခင္မွာ အခ်ိန္ကို စီမံခန္႔ခြဲတတ္တာက အသက္ေမြး၀မ္းေက်ာင္းအလုပ္မွာ တိုးတက္ဖို႔အတြက္ အေရးႀကီးပါတယ္။

၅။ ရည္မွန္းခ်က္ကို အမ်ားနားလည္ေအာင္ ေျပာတတ္ပါေစ။

သင့္ရဲ႕ရည္မွန္းခ်က္ကို သင္ကိုယ္တိုင္နားလည္ထားၿပီးၿပီဆိုရင္ အျခားသူေတြကို ဘယ္လိုရွင္းျပမလဲဆိုတာကို စဥ္းစားရမွာျဖစ္ပါတယ္။ သင္က ဘာလဲ၊ ဘယ္သူလဲ၊ ဘယ္လိုလဲဆိုတာကို လူေတြသိေအာင္ ေျပာၾကား ေျဖဆိုတတ္ဖို႔ လိုပါတယ္။ သင္ဘာကို စိတ္အားတက္ၾကြတယ္၊ ဘယ္လိုလူမ်ိဳးေတြကို ကူညီတတ္တယ္၊ သူတို႔အတြက္ အထူးသျဖင့္ဘာေတြလုပ္ေပးေနတယ္ စတဲ့အခ်က္ေတြကို ေဖာ္ထုတ္ေျပာဆိုဖို႔ မေၾကာက္ပါနဲ႔။

၆။ ကၽြမ္းက်င္သူတစ္ဦးျဖစ္ပါေစ။

အသက္(၃၀)နားကပ္လာခ်ိန္မွာ သင္ဘာလုပ္ႏိုင္လဲဆိုတာကို ေသခ်ာသိထားဖို႔ လိုေနပါၿပီ။ အသက္ေမြး၀မ္းေက်ာင္းအလုပ္မွာပဲျဖစ္ျဖစ္၊ အျခားဘယ္နယ္ပယ္မွာပဲျဖစ္ျဖစ္ ကၽြမ္းက်င္သူတစ္ဦးျဖစ္ေနဖို႔က က်န္တာေတြထက္ အေရးႀကီးပါတယ္။ အားလံုးဟိုစပ္စပ္ဒီစပ္စပ္သိတာမ်ိဳးထက္ တစ္ခုခုမွာ ကၽြမ္းက်င္ႏွံ႔စပ္ေနဖို႔ အားထုတ္ရမွာျဖစ္ပါတယ္။

၇။ ျငင္းပယ္မႈကို လက္ခံႏိုင္ေအာင္ သင္ယူပါ။

ဘယ္လိုပဲေျပာပါေစ၊ ျငင္းပယ္ခံရတယ္ဆိုတာက ေပ်ာ္စရာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ဒါက ဘ၀ရဲ႕ တစိတ္တပိုင္းျဖစ္ပါတယ္။ အျငင္းပယ္ခံရၿပီဆိုရင္ ဆံုး႐ႈံးမႈကို အသိအမွတ္ျပဳပါ ၿပီးရင္ေတာ့ ေရွ႕ဆက္ေလွ်ာက္ပါ။ ျငင္းပယ္လိုက္တဲ့သူကို အျပစ္တင္ရင္ ခြန္အားေတြ မဆံုး႐ႈံးပါေစနဲ႔။

၈။ ေအာင္ျမင္မႈမွတ္တမ္းစာအုပ္ထားရွိပါ။

သင္ရဲ႕အလုပ္မွာေအာင္ျမင္မႈေတြ၊ ခ်ီးေျမာက္ခံရမႈေတြကို ထိန္းသိမ္းထားရမယ့္ေနရာတစ္ခု ရွိေနဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္မႈမွတ္တမ္းေတြ ေရးမွတ္ထားဖို႔ စာအုပ္တစ္အုပ္ထားရွိပါ။

၉။ ေလးစားရတဲ့ပုဂၢိဳဟ္တစ္ေယာက္စီ အီးေမးလ္ပို႔ပါ။

ဘယ္ေနရာမွာပဲျဖစ္ျဖစ္၊ ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ သင့္အတြက္ေလးစားရတဲ ပုဂိၢဳဟ္တစ္ဦးဆီကို ဆက္သြယ္ၿပီး ေျပာခ်င္တာကို ေျပာျဖစ္ေအာင္ေျပာပါ။ တစ္ခါတစ္ေလမွာ လူအမ်ားစုက ဒီလိုပုဂိၢဳဟ္ေတြဆီကို စာပို႔တဲ့အခါမွာ ဖတ္မွာလည္းမဟုတ္ပါဘူးဆိုၿပီး မပို႔ျဖစ္တတ္ၾကပါဘူး။ ဒါေပမယ့္ တကယ္ပို႔လိုက္မယ္ဆိုရင္ ေက်းဇူးတင္ေၾကာင္းနဲ႔ ျပန္တုံ႔ျပန္လာမယ္ဆိုတာ ေသခ်ာပါတယ္။

၁၀။ စိတ္၀င္စားတဲ့အလုပ္တစ္ခုကို ဦးေဆာင္လုပ္ပါ။

သင့္အေနနဲ႔ လုပ္ခ်င္တာေလးတစ္ခုခုရွိေနတယ္ဆိုရင္ လုပ္ျဖစ္ေအာင္ ဦးေဆာင္လိုက္ပါ။ ဥပမာအားလပ္ရက္ပါတီတစ္ခုက်င္းပမယ္ဆိုရင္ အစီအစဥ္ေရးဆြဲဖို႔ စလိုက္တာမ်ိဳးျဖစ္ပါတယ္။ ဒီလို လုပ္ေဆာင္ခ်က္ေတြကေန အေတြ႕အၾကံဳေတြ အမ်ားႀကီးရႏိုင္ပါတယ္။

RVR-Misubish

၁၁။ အရင္ေပးဆပ္ႏိုင္ပါေစ။

အသက္(၂၀)ေက်ာ္အရြယ္က ရယူပိုင္ဆိုင္ဖို႔အတြက္ အာ႐ုံစိုက္တတ္ၾကၿပီး (၃၀)ေက်ာ္အရြယ္ကေတာ့ ျပန္ေပးရဖို႔ပဲျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြမွာ ျပႆနာတစ္ခုခုရွိေနၿပီဆိုရင္ အကူအညီေပးပါ။ အျခားသူေတြရဲ႕အလုပ္ကိုလည္း အသိအမွတ္ျပဳပါ။ ဒီလိုနဲ႔ လူေတြက သင့္ရဲ႕ေပးဆပ္မႈကို အမွတ္ရေနမွာျဖစ္တဲ့အတြက္ သင္လိုအပ္တဲ့အခ်ိန္အတြက္ အေကာင္းဆံုးရင္းႏွီးျမဳပ္ႏွံမႈပဲ ျဖစ္ပါတယ္။

၁၂။ ဆက္သြယ္ေပးႏိုင္သူတစ္ေယာက္ ျဖစ္ပါေစ။

လူအမ်ားစုက သူတို႔ရဲ႕ဆက္သြယ္ေျပာဆိုမႈစြမ္းရည္ တိုးတက္လာေအာင္ ေလ့လာဖို႔အခိ်န္မေပးတတ္ၾကပါဘူး။ ဒီလိုနဲ႔ပဲ သူတို႔လုပ္ငန္းခြင္မွာ ေနာက္ေကာက္က်က်န္ေနခဲ့တတ္ပါတယ္။ ဒါ့ေၾကာင့္ အသက္(၃၀)မတိုင္ခင္မွာ ေျပာခ်င္တာနဲ႔ ေရးခ်င္တာကို ရွင္းရွင္းလင္းလင္း မွန္မွန္ကန္ကန္ေျပာႏိုင္ေရးႏိုင္ေအာင္ သင္ယူထားရမွာျဖစ္ပါတယ္။

၁၃။ ေပါင္းသင္းဆက္ဆံတတ္ေအာင္ ေလ့လာပါ။

လူစိမ္းေတြနဲ႔ ေပါင္းသင္းဆက္ဆံရတာကို တစ္ခ်ိဳ႕ေတြက သေဘာမက်တတ္ၾကပါဘူး။ ဒါေပမယ့္ အလုပ္တစ္ခုမွာ ေအာင္ျမင္ဖို႔အတြက္ ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္ဖို႔ လိုပါတယ္။

၁၄။ လူမႈကြန္ယက္ေတြမွာ တည္ရွိမႈကို ထိန္းခ်ဳပ္ပါ။

သင့္ရဲ႕ Facebook account က သင့္ရဲ႕အလုပ္ရွင္ ဒါမွမဟုတ္ ေဖာက္သည္ေတြကို သင့္အေၾကာင္း အကုန္ေျပာျပေနတာမ်ိဳး မျဖစ္သင့္ပါဘူး။ ဒါ့ေၾကာင့္ သင့္ရဲ႕အြန္လိုင္းအသံုးျပဳမႈအားလံုးကို ထိန္းခ်ဳပ္ဖို႔ လိုပါတယ္။

၁၅။ ပဋိပကၡေတြကို ရင္ဆိုင္ႏိုင္ပါေစ။

ပဋိပကၡဆိုတာ ေနရာတိုင္းမွာရွိပါတယ္။ ဒါ့ေၾကာင့္ ပဋိပကၡ မျဖစ္ေအာင္ ထိန္းခ်ဳပ္ဖို႔နည္းလမ္းမရွိပါဘူး။ ဒါ့ေၾကာင့္ အခက္အခဲေတြ၊ ပဋိပကၡေတြကို ေရွာင္ေနမယ့္အစား ပါ၀င္သူေတြ အားလံုးအဆင္ေျပသြားသည္အထိ အခ်ိန္ယူေျဖရွင္းႏိုင္ဖို႔ လိုပါတယ္။


အသက်(၃၀)မတိုင်ခင် လုပ်ဖူးသင့်သည့် အရာများ

၁။ အလုပ်ထုတ်ခံရဖူးပါစေ။
အလုပ်ထုတ်ခံရတာက ကြမ်းတမ်းတဲ့ဘဝအတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းစွမ်းဆောင်ရည် ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အပြောင်းအလဲလုပ်ဆောင်ဖို့ အသိစိတ်ကို နိုးကြားစေပါတယ်။ အသက်(၂၀)ကျော် အရွယ်မှာ အလုပ်ထုတ်ခံလိုက်ရတာဟာ မှားယွင်းတဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုလုပ်နေမိလားဆိုတာကို ပြန်ဆင်ခြင်နိုင်စေပြီး အရံအစီအစဉ်တွေထားရှိလုပ်ဆောင်တတ်စေဖို့ အရည်အချင်းတွေကို ဖွံ့ဖြိုးလာစေပါတယ်။

၂။ အဆင်မပြေတဲ့အလုပ်မှ နှုတ်ထွက်ပါ။
ဘဝက တိုတောင်းပါတယ်။ သဘောမကျတဲ့အလုပ်ကို ကြိတ်မှိတ်ပြီးလုပ်မနေပါနဲ့။ အသက်(၂၀)ကျော်အရွယ်မှာ လုပ်ချင်တာတွေကို စွန့်စားလုပ်ဆောင်ဖို့အကောင်းဆုံးပါပဲ။

၃။ ရိုးရှင်းသော ရည်မှန်းချက်များ ချရေးထားပါ။
သွားချင်တဲ့နေရာကို သိမှ ရောက်အောင်သွားလို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေ ချရေးရင် ရှည်လျားထွေပြားနေဖို့ မလိုပါဘူ။ ဘာကြောင့် လုပ်ချင်တာလဲဆိုတာကို သင်ကိုယ်တိုင်သိရင် လုံလောက်ပါပြီ။

၄။ အချိန်ကို စီမံခန့်ခွဲတတ်အောင် သင်ယူပါ။
အသက်(၃၀)မတိုင်ခင်မှာ အချိန်ကို အဆင်ပြေအောင်စီမံခန့်ခွဲနိုင်စွမ်း ရှိသင့်သလောက်တော့ ရှိရမှာဖြစ်ပါတယ်။ အချိန်က ငွေပဲ ဖြစ်ပါတယ်။ ဘယ်လုပ်ငန်းတွေကမှ အလဟဿဖြစ်မယ့် ငွေနဲ့အချိန်ကို သဘောကျမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အသက်(၃၀)မတိုင်ခင်မှာ အချိန်ကို စီမံခန့်ခွဲတတ်တာက အသက်မွေးဝမ်းကျောင်းအလုပ်မှာ တိုးတက်ဖို့အတွက် အရေးကြီးပါတယ်။

၅။ ရည်မှန်းချက်ကို အများနားလည်အောင် ပြောတတ်ပါစေ။
သင့်ရဲ့ရည်မှန်းချက်ကို သင်ကိုယ်တိုင်နားလည်ထားပြီးပြီဆိုရင် အခြားသူတွေကို ဘယ်လိုရှင်းပြမလဲဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ သင်က ဘာလဲ၊ ဘယ်သူလဲ၊ ဘယ်လိုလဲဆိုတာကို လူတွေသိအောင် ပြောကြား ဖြေဆိုတတ်ဖို့ လိုပါတယ်။ သင်ဘာကို စိတ်အားတက်ကြွတယ်၊ ဘယ်လိုလူမျိုးတွေကို ကူညီတတ်တယ်၊ သူတို့အတွက် အထူးသဖြင့်ဘာတွေလုပ်ပေးနေတယ် စတဲ့အချက်တွေကို ဖော်ထုတ်ပြောဆိုဖို့ မကြောက်ပါနဲ့။

၆။ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါစေ။
အသက်(၃၀)နားကပ်လာချိန်မှာ သင်ဘာလုပ်နိုင်လဲဆိုတာကို သေချာသိထားဖို့ လိုနေပါပြီ။ အသက်မွေးဝမ်းကျောင်းအလုပ်မှာပဲဖြစ်ဖြစ်၊ အခြားဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ကျွမ်းကျင်သူတစ်ဦးဖြစ်နေဖို့က ကျန်တာတွေထက် အရေးကြီးပါတယ်။ အားလုံးဟိုစပ်စပ်ဒီစပ်စပ်သိတာမျိုးထက် တစ်ခုခုမှာ ကျွမ်းကျင်နှံ့စပ်နေဖို့ အားထုတ်ရမှာဖြစ်ပါတယ်။

၇။ ငြင်းပယ်မှုကို လက်ခံနိုင်အောင် သင်ယူပါ။
ဘယ်လိုပဲပြောပါစေ၊ ငြင်းပယ်ခံရတယ်ဆိုတာက ပျော်စရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ဘဝရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အငြင်းပယ်ခံရပြီဆိုရင် ဆုံးရှုံးမှုကို အသိအမှတ်ပြုပါ ပြီးရင်တော့ ရှေ့ဆက်လျှောက်ပါ။ ငြင်းပယ်လိုက်တဲ့သူကို အပြစ်တင်ရင် ခွန်အားတွေ မဆုံးရှုံးပါစေနဲ့။

၈။ အောင်မြင်မှုမှတ်တမ်းစာအုပ်ထားရှိပါ။
သင်ရဲ့အလုပ်မှာအောင်မြင်မှုတွေ၊ ချီးမြောက်ခံရမှုတွေကို ထိန်းသိမ်းထားရမယ့်နေရာတစ်ခု ရှိနေဖို့ လိုပါတယ်။ ဒါ့ကြောင့် အောင်မြင်မှုမှတ်တမ်းတွေ ရေးမှတ်ထားဖို့ စာအုပ်တစ်အုပ်ထားရှိပါ။

၉။ လေးစားရတဲ့ပုဂ္ဂိုဟ်တစ်ယောက်စီ အီးမေးလ်ပို့ပါ။
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သင့်အတွက်လေးစားရတဲ ပုဂ္ဂိုဟ်တစ်ဦးဆီကို ဆက်သွယ်ပြီး ပြောချင်တာကို ပြောဖြစ်အောင်ပြောပါ။ တစ်ခါတစ်လေမှာ လူအများစုက ဒီလိုပုဂ္ဂိုဟ်တွေဆီကို စာပို့တဲ့အခါမှာ ဖတ်မှာလည်းမဟုတ်ပါဘူးဆိုပြီး မပို့ဖြစ်တတ်ကြပါဘူး။ ဒါပေမယ့် တကယ်ပို့လိုက်မယ်ဆိုရင် ကျေးဇူးတင်ကြောင်းနဲ့ ပြန်တုံ့ပြန်လာမယ်ဆိုတာ သေချာပါတယ်။

၁၀။ စိတ်ဝင်စားတဲ့အလုပ်တစ်ခုကို ဦးဆောင်လုပ်ပါ။
သင့်အနေနဲ့ လုပ်ချင်တာလေးတစ်ခုခုရှိနေတယ်ဆိုရင် လုပ်ဖြစ်အောင် ဦးဆောင်လိုက်ပါ။ ဥပမာ – အားလပ်ရက်ပါတီတစ်ခုကျင်းပမယ်ဆိုရင် အစီအစဉ်ရေးဆွဲဖို့ စလိုက်တာမျိုးဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေကနေ အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။

၁၁။ အရင်ပေးဆပ်နိုင်ပါစေ။
အသက်(၂၀)ကျော်အရွယ်က ရယူပိုင်ဆိုင်ဖို့အတွက် အာရုံစိုက်တတ်ကြပြီး (၃၀)ကျော်အရွယ်ကတော့ ပြန်ပေးရဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေမှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် အကူအညီပေးပါ။ အခြားသူတွေရဲ့အလုပ်ကိုလည်း အသိအမှတ်ပြုပါ။ ဒီလိုနဲ့ လူတွေက သင့်ရဲ့ပေးဆပ်မှုကို အမှတ်ရနေမှာဖြစ်တဲ့အတွက် သင်လိုအပ်တဲ့အချိန်အတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုပဲ ဖြစ်ပါတယ်။

၁၂။ ဆက်သွယ်ပေးနိုင်သူတစ်ယောက် ဖြစ်ပါစေ။
လူအများစုက သူတို့ရဲ့ဆက်သွယ်ပြောဆိုမှုစွမ်းရည် တိုးတက်လာအောင် လေ့လာဖို့အချိန်မပေးတတ်ကြပါဘူး။ ဒီလိုနဲ့ပဲ သူတို့လုပ်ငန်းခွင်မှာ နောက်ကောက်ကျကျန်နေခဲ့တတ်ပါတယ်။ ဒါ့ကြောင့် အသက်(၃၀)မတိုင်ခင်မှာ ပြောချင်တာနဲ့ ရေးချင်တာကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်ပြောနိုင်ရေးနိုင်အောင် သင်ယူထားရမှာဖြစ်ပါတယ်။

၁၃။ ပေါင်းသင်းဆက်ဆံတတ်အောင် လေ့လာပါ။
လူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို တစ်ချို့တွေက သဘောမကျတတ်ကြပါဘူး။ ဒါပေမယ့် အလုပ်တစ်ခုမှာ အောင်မြင်ဖို့အတွက် ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ လိုပါတယ်။

၁၄။ လူမှုကွန်ယက်တွေမှာ တည်ရှိမှုကို ထိန်းချုပ်ပါ။
သင့်ရဲ့ Facebook account က သင့်ရဲ့အလုပ်ရှင် ဒါမှမဟုတ် ဖောက်သည်တွေကို သင့်အကြောင်း အကုန်ပြောပြနေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့အွန်လိုင်းအသုံးပြုမှုအားလုံးကို ထိန်းချုပ်ဖို့ လိုပါတယ်။

၁၅။ ပဋိပက္ခတွေကို ရင်ဆိုင်နိုင်ပါစေ။
ပဋိပက္ခဆိုတာ နေရာတိုင်းမှာရှိပါတယ်။ ဒါ့ကြောင့် ပဋိပက္ခ မဖြစ်အောင် ထိန်းချုပ်ဖို့နည်းလမ်းမရှိပါဘူး။ ဒါ့ကြောင့် အခက်အခဲတွေ၊ ပဋိပက္ခတွေကို ရှောင်နေမယ့်အစား ပါဝင်သူတွေ အားလုံးအဆင်ပြေသွားသည်အထိ အချိန်ယူဖြေရှင်းနိုင်ဖို့ လိုပါတယ်။