သိရွိထားသင့္တဲ့ လိင္မႈကိစၥ အသိပညာမ်ား
လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွား ရွင္းရွင္းလင္းလင္းျဖစ္လာခဲ့တဲ့ အေရးႀကီးကိစၥႏွစ္ခုရွိပါတယ္။ ဒီကိစၥႏွစ္ခုကေတာ့ လိင္မႈပညာေပးဖို႔အေရးႀကီးတယ္ဆိုတာနဲ႔ လိင္မႈကိစၥကို ရွက္စရာလို႔ အျမဲတမ္းယူဆထားတာဟာ အားလံုးကို ႐ႈပ္ေထြးသြားေစႏိုင္တယ္ဆိုတာပါပဲ။ လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး အခုေနာက္ပိုင္းမွာ လက္မထပ္ရေသးပဲ လံုး၀မက်ဴးလြန္ဖို႔ အာဏာရွင္ဆန္ဆန္ တားျမစ္ပိတ္ပင္တာမ်ိဳးထက္ ကိုယ္ရဲ႕က်ဴးလြန္မႈအတြက္ တာ၀န္ယူႏိုင္ဖို႔ အေျပာမ်ားလာၾကတာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး လူငယ္ေတြဟာ ဘာမွေသခ်ာျပင္ဆင္ထားတာမ်ိဳးမရွိပဲ စိတ္ထင္ရာ လုပ္ေနတတ္ၾကပါတယ္။ ဒီလို မျဖစ္ဖို႔အတြက္ လိင္ပိုင္းဆိုင္ရာ အသိပညာေတြ ေလ့လာသိရွိထားဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဆယ္ေက်ာ္သက္အရြယ္ကစလို႔ ေလ့လာသိရွိထားသင့္တဲ့ လိင္မႈအသိပညာဆိုင္ရာ အခ်က္(၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ လိင္မႈကိစၥဟာ ဇီ၀ေဗဒမွာ ျပ႒ာန္းထားတာေတြထက္ ပိုပါတယ္။
လိင္မႈကိစၥနဲ႔ ပတ္သက္ၿပီး ဇီ၀ေဗဒမွာ ျပ႒ာန္းထားတာေလာက္ပဲ သိ႐ုံနဲ႔ မလုံေလာက္ပါဘူး။ ဇီ၀ေဗဒပညာရပ္ထဲက တစ္ခ်ိဳ႕အခ်က္ေတြက အသံုး၀င္ႏိုင္ပါတယ္။ ေရာဂါကူးစက္မႈေတြ ဘယ္လိုျဖစ္တယ္၊ ကိုယ္၀န္ဘယ္လိုရႏိုင္တယ္၊ ဘယ္လိုလုပ္ေဆာင္ရမယ့္ဆို
၂။ ပုဂၢိဳဟ္ေရးကန္႔သတ္ခ်က္ေတြကို ေလးစားမႈရွိဖို႔ လိုပါတယ္။
လိင္မႈဆက္ဆံေရးမွာ အေရးအႀကီးဆံုးအခ်က္က သေဘာတူလိုက္ေလ်ာမႈပဲျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ မိန္းကေလးတစ္ေယာက္ လိင္ဆက္ဆံဖို႔ ျငင္းဆိုရင္ ဆက္မလုပ္ရဘူးလို႔ သတ္မွတ္တတ္ၾကေပမယ့္ ဒီအခ်က္ကပဲ တကယ္႐ႈပ္ေထြးမႈကို ျဖစ္ေစပါတယ္။ မိန္းကေလးက ဆံုးျဖတ္ရတာျဖစ္ၿပီး ေယာက်ၤားေလးေတြက သူတို႔ယုံၾကည္လက္ခံလာတဲ့အထိ ႀကိဳးစားရမယ္ဆိုတဲ့ ယူဆမႈေတြ ျဖစ္လာပါတယ္။ တကယ္ေတာ့ ဒါဟာ လိုက္ေလ်ာမႈမဟုတ္ပါဘူး။ တကယ္ဆိုရင္ လိင္ပိုင္းဆိုင္ရာ လိုအင္ဆႏၵနဲ႔ ရည္ရြယ္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ျပသဖို႔ လိုပါတယ္။ ဒီလိုေျပာလို႔ မင္းနဲ႔ အတူအိပ္ခ်င္တယ္လို႔ တိုက္႐ုိက္ႀကီး သြားေျပာဖို႔ဆိုလိုတာ မဟုတ္ပါဘူး။ ငါမင္းကို စြဲလမ္းေနၿပီ၊ မင္းနဲ႔ အျပင္သြားခ်င္တယ္၊ စသျဖင့္ မသိမသာေဖာ္ျပမႈေတြကို ဆိုလိုပါတယ္။ ဒီလို ေတာင္းဆိုရာမွာလည္း လက္ခံတာနဲ႔ ျငင္းဆန္တာေတြကို ၾကံဳေတြ႕ရမွာျဖစ္ၿပီး ဘယ္လိုတုံ႔ျပန္မႈမ်ိဳးပဲျဖစ္ျဖစ္ ရွက္ရြ႕႔ံအားနာေနစရာမလိုပါဘူး။ အျပန္အလွန္ေလးစားမႈရွိၿပီး တစ္ဦးရဲ႕ ကန္႔သတ္ခ်က္ေတြကို တစ္ဦးက လက္ခံႏိုင္ဖို႔ လိုပါတယ္။
၃။ လိင္မႈကိစၥဟာ လူတစ္ေယာက္ရဲ႕ တန္ဖိုးကို မဆံုးျဖတ္ေပးႏိုင္ပါဘူး။
လူေတြက လိင္မႈကိစၥနဲ႔ ပတ္သက္လာရင္ ရွက္စရာ ကိစၥတစ္ခုလို႔ ထင္မွတ္မွားၿပီး ဟန္ေဆာင္ဖံုးကြယ္မႈေတြနဲ႔ လိမ္ညာေနတတ္ၾကပါတယ္။ ေသခ်ာေလ့လာၾကည့္မယ္ဆိုရင္ လိင္မႈကိစၥကို ေလ့လာေျပာဆိုဖို႔ကို ရွက္စရာလို႔ သတ္မွတ္ထားတဲ့ႏိုင္ငံေတြမွာပဲ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြနဲ႔ ကြာရွင္းျပတ္ဆဲမႈေတြ အမ်ားဆံုးျဖစ္ေနတာကို ေတြ႕ရမွာပါ။ တကယ္ေတာ့ လိင္မႈကိစၥဟာ လူတစ္ေယာက္ရဲ႕ တန္ဖိုးကို အျပည့္အ၀ မဆံုးျဖတ္ေပးႏိုင္ပါဘူး။ လိင္မႈကိစၥအေၾကာင္း ေျပာဆိုေဆြးေႏြးလို႔ အရွက္မရွိတဲ့သူလို႔ သတ္မွတ္လို႔ မရပါဘူး။
၄။ လိင္မႈစြဲလမ္းစိတ္အမ်ိဳးမ်ိဳးက သဘာ၀က်ပါတယ္။
လိင္တူခ်င္း စြဲလမ္းတပ္မက္စိတ္ကလည္း သဘာ၀ပဲျဖစ္ပါတယ္။ ဒီကိစၥက မေမြးဖြားခင္က ေဟာ္မုန္းအေျခအေနနဲ႔ မ်ိဳးဗီဇအေျခခံတို႔ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သဘာ၀ျဖစ္စဥ္တစ္ခုကို အတင္းႀကီး ခ်ိဳးႏွိမ္ေနစရာမလိုပါဘူး။ ဒါကို မုန္းတီးေနတာကိုက ကိုယ္သာျဖစ္ရင္ဘယ္လိုလုပ္မလဲဆိုၿပီး ေတြးရွက္ေနတာေၾကာင့္ ျဖစ္ပါတယ္။ ေယာကၤ်ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ အခ်င္းခ်င္း စိတ္၀င္စားမႈဆိုတာ ရွိတတ္ပါတယ္။ ဒါ့ကို လက္မခံႏိုင္စရာတစ္ခုအျဖစ္ မသတ္မွတ္လိုက္သင့္ပါဘူး။
၅။ Clit (ပန္းဖူး)က ဘယ္ေနရာမွာလဲ။ ဘာအတြက္လဲ။
ဒါကို ေသခ်ာသိဖို႔က အခ်ိန္နဲ႔ အေတြ႕အၾကံဳလိုပါတယ္။ အခ်ိန္တန္ရင္ သိလာပါလိမ့္မယ္။
၆။ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြက လိင္ဆက္ဆံမႈအေတြ႕အၾကံဳ ဘယ္လိုကြဲျပားလဲ။
ဒီအခ်က္က အေရးႀကီးပါတယ္။ လူေတြတစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကသလို အမ်ိဳးသား အမ်ိဳးသမီး လည္း ကြဲျပားၾကပါတယ္။ အမ်ိဳးသားေတြနဲ႔ အမ်ိဳးသမီးေတြမွာ လိင္စိတ္ႏုိးၾကားမႈ ဘယ္လိုကြဲျပားလဲ၊
၇။ ဆက္ဆံေရးေကာင္းျခင္းက လိင္မႈေပ်ာ္ရႊင္မႈကို ေပးစြမ္းႏိုင္တယ္။
လိင္မႈဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ပညာေပးတဲ့အခါမွာ အမ်ားဆံုးေျပာေလ့ရွိတာက လက္ထပ္ၿပီးခ်ိန္ထိ ေစာင့္ပါဆိုတာပဲျဖစ္ပါတယ္။ တကယ္ေတာ့ လက္ထပ္လိုက္႐ုံနဲ႔ လိင္မႈကိစၥအတြက္ စိတ္မလံုျခံဳမႈေတြ အားလံုးကို ေျဖရွင္းလိုက္ႏိုင္တာမဟုတ္ပါဘူး။ လိင္ပညာေပးကိစၥေတြမွာ ဆယ္ေက်ာ္သက္ေတြအတြက္ ဥပို႔ၿပြနအေၾကာင္း၊ သားဥအေၾကာင္း၊ X နဲ႔ Y ခရုိမုိဇုန္းေတြအေၾကာင္းေတြ ေျပာျပေနမယ့္အစား ေပ်ာ္ရႊင္ေက်နပ္စရာေကာင္းတဲ့ ႏွစ္ဦးသားဆက္ဆံေရးကို ဘယ္လိုတည္ေဆာက္သင့္တယ္ဆိုတာကို သင္ျပေပးသင့္ပါတယ္။
သိရှိထားသင့်တဲ့ လိင်မှုကိစ္စ အသိပညာများ
လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှား ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့တဲ့ အရေးကြီးကိစ္စနှစ်ခုရှိပါတယ်။ ဒီကိစ္စနှစ်ခုကတော့ လိင်မှုပညာပေးဖို့အရေးကြီးတယ်ဆိုတာနဲ့ လိင်မှုကိစ္စကို ရှက်စရာလို့ အမြဲတမ်းယူဆထားတာဟာ အားလုံးကို ရှုပ်ထွေးသွားစေနိုင်တယ်ဆိုတာပါပဲ။ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းမှာ လက်မထပ်ရသေးပဲ လုံးဝမကျူးလွန်ဖို့ အာဏာရှင်ဆန်ဆန် တားမြစ်ပိတ်ပင်တာမျိုးထက် ကိုယ်ရဲ့ကျူးလွန်မှုအတွက် တာဝန်ယူနိုင်ဖို့ အပြောများလာကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး လူငယ်တွေဟာ ဘာမှသေချာပြင်ဆင်ထားတာမျိုးမရှိပဲ စိတ်ထင်ရာ လုပ်နေတတ်ကြပါတယ်။ ဒီလို မဖြစ်ဖို့အတွက် လိင်ပိုင်းဆိုင်ရာ အသိပညာတွေ လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်ကစလို့ လေ့လာသိရှိထားသင့်တဲ့ လိင်မှုအသိပညာဆိုင်ရာ အချက်(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လိင်မှုကိစ္စဟာ ဇီ၀ဗေဒမှာ ပြဋ္ဌာန်းထားတာတွေထက် ပိုပါတယ်။
လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ဇီ၀ဗေဒမှာ ပြဋ္ဌာန်းထားတာလောက်ပဲ သိရုံနဲ့ မလုံလောက်ပါဘူး။ ဇီ၀ဗေဒပညာရပ်ထဲက တစ်ချို့အချက်တွေက အသုံးဝင်နိုင်ပါတယ်။ ရောဂါကူးစက်မှုတွေ ဘယ်လိုဖြစ်တယ်၊ ကိုယ်ဝန်ဘယ်လိုရနိုင်တယ်၊ ဘယ်လိုလုပ်ဆောင်ရမယ့်ဆိုတာတွေကိုတော့ သိထားဖို့ လိုအပ်တာမှန်ပါတယ်။ ဒါ့ပေမယ့် လူသားတွေရဲ့ လိင်မှုကိစ္စဟာ ဇီ၀ဗေဒဆိုင်ရာချည်းသက်သက်ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ စေ့ဆော်မှုတွေလည်း အများကြီး ပါဝင်နေပါသေးတယ်။ ကျွန်တော်တို့တွေက သာယာမှုကို စွဲလမ်းကြပါတယ်။ လူကောင်း၊ လူဆိုး၊ ရန်သူ၊ မိတ်ဆွေ၊ ရုပ်ချောတဲ့သူ ရုပ်ဆိုးတဲ့သူ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးမှာ တပ်မက်စွဲလမ်း စိတ်ရှိတတ်ကြပါတယ်။ ဒီလို စွဲလမ်းတပ်မက်စိတ်တွေကြောင့်ပဲ လွန်ကျူးမိကြပြီး မဖြစ်သင့်တာတွေ ဖြစ်နေကြတာဖြစ်ပါတယ်။
၂။ ပုဂ္ဂိုဟ်ရေးကန့်သတ်ချက်တွေကို လေးစားမှုရှိဖို့ လိုပါတယ်။
လိင်မှုဆက်ဆံရေးမှာ အရေးအကြီးဆုံးအချက်က သဘောတူလိုက်လျောမှုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းကလေးတစ်ယောက် လိင်ဆက်ဆံဖို့ ငြင်းဆိုရင် ဆက်မလုပ်ရဘူးလို့ သတ်မှတ်တတ်ကြပေမယ့် ဒီအချက်ကပဲ တကယ်ရှုပ်ထွေးမှုကို ဖြစ်စေပါတယ်။ မိန်းကလေးက ဆုံးဖြတ်ရတာဖြစ်ပြီး ယောင်္ကျားလေးတွေက သူတို့ယုံကြည်လက်ခံလာတဲ့အထိ ကြိုးစားရမယ်ဆိုတဲ့ ယူဆမှုတွေ ဖြစ်လာပါတယ်။ တကယ်တော့ ဒါဟာ လိုက်လျောမှုမဟုတ်ပါဘူး။ တကယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသဖို့ လိုပါတယ်။ ဒီလိုပြောလို့ မင်းနဲ့ အတူအိပ်ချင်တယ်လို့ တိုက်ရိုက်ကြီး သွားပြောဖို့ဆိုလိုတာ မဟုတ်ပါဘူး။ ငါမင်းကို စွဲလမ်းနေပြီ၊ မင်းနဲ့ အပြင်သွားချင်တယ်၊ စသဖြင့် မသိမသာဖော်ပြမှုတွေကို ဆိုလိုပါတယ်။ ဒီလို တောင်းဆိုရာမှာလည်း လက်ခံတာနဲ့ ငြင်းဆန်တာတွေကို ကြုံတွေ့ရမှာဖြစ်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးပဲဖြစ်ဖြစ် ရှက်ရွံ့အားနာနေစရာမလိုပါဘူး။ အပြန်အလှန်လေးစားမှုရှိပြီး တစ်ဦးရဲ့ ကန့်သတ်ချက်တွေကို တစ်ဦးက လက်ခံနိုင်ဖို့ လိုပါတယ်။
၃။ လိင်မှုကိစ္စဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို မဆုံးဖြတ်ပေးနိုင်ပါဘူး။
လူတွေက လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ရှက်စရာ ကိစ္စတစ်ခုလို့ ထင်မှတ်မှားပြီး ဟန်ဆောင်ဖုံးကွယ်မှုတွေနဲ့ လိမ်ညာနေတတ်ကြပါတယ်။ သေချာလေ့လာကြည့်မယ်ဆိုရင် လိင်မှုကိစ္စကို လေ့လာပြောဆိုဖို့ကို ရှက်စရာလို့ သတ်မှတ်ထားတဲ့နိုင်ငံတွေမှာပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကွာရှင်းပြတ်ဆဲမှုတွေ အများဆုံးဖြစ်နေတာကို တွေ့ရမှာပါ။ တကယ်တော့ လိင်မှုကိစ္စဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို အပြည့်အဝ မဆုံးဖြတ်ပေးနိုင်ပါဘူး။ လိင်မှုကိစ္စအကြောင်း ပြောဆိုဆွေးနွေးလို့ အရှက်မရှိတဲ့သူလို့ သတ်မှတ်လို့ မရပါဘူး။
၄။ လိင်မှုစွဲလမ်းစိတ်အမျိုးမျိုးက သဘာဝကျပါတယ်။
လိင်တူချင်း စွဲလမ်းတပ်မက်စိတ်ကလည်း သဘာဝပဲဖြစ်ပါတယ်။ ဒီကိစ္စက မမွေးဖွားခင်က ဟော်မုန်းအခြေအနေနဲ့ မျိုးဗီဇအခြေခံတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သဘာ၀ဖြစ်စဉ်တစ်ခုကို အတင်းကြီး ချိုးနှိမ်နေစရာမလိုပါဘူး။ ဒါကို မုန်းတီးနေတာကိုက ကိုယ်သာဖြစ်ရင်ဘယ်လိုလုပ်မလဲဆိုပြီး တွေးရှက်နေတာကြောင့် ဖြစ်ပါတယ်။ ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အချင်းချင်း စိတ်ဝင်စားမှုဆိုတာ ရှိတတ်ပါတယ်။ ဒါ့ကို လက်မခံနိုင်စရာတစ်ခုအဖြစ် မသတ်မှတ်လိုက်သင့်ပါဘူး။
၅။ Clit (ပန်းဖူး)က ဘယ်နေရာမှာလဲ။ ဘာအတွက်လဲ။
ဒါကို သေချာသိဖို့က အချိန်နဲ့ အတွေ့အကြုံလိုပါတယ်။ အချိန်တန်ရင် သိလာပါလိမ့်မယ်။
၆။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံမှုအတွေ့အကြုံ ဘယ်လိုကွဲပြားလဲ။
ဒီအချက်က အရေးကြီးပါတယ်။ လူတွေတစ်ယောက်နဲ့ တစ်ယောက်မတူကြသလို အမျိုးသား အမျိုးသမီး လည်း ကွဲပြားကြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ လိင်စိတ်နိုးကြားမှု ဘယ်လိုကွဲပြားလဲ၊ အမျိုးသမီးတွေက စိတ်ပိုထန်တတ်တယ်ဆိုတာ၊ အမျိုးသားတွေက ရုပ်ပိုင်းဆိုင်ရာအထိအတွေ့နဲ့ အမြင်ပိုင်းဆိုင်ရာကြောင့် ပိုပြီး စိတ်ပါလာတတ်ကြတယ်ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ ဒီလို လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ကွဲပြားခြားနားမှုတွေက တကယ်တော့ မှန်တယ် မှားတယ်သတ်မှတ်လို့ မရနိုင်ပါဘူး။
၇။ ဆက်ဆံရေးကောင်းခြင်းက လိင်မှုပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ်။
လိင်မှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့အခါမှာ အများဆုံးပြောလေ့ရှိတာက လက်ထပ်ပြီးချိန်ထိ စောင့်ပါဆိုတာပဲဖြစ်ပါတယ်။ တကယ်တော့ လက်ထပ်လိုက်ရုံနဲ့ လိင်မှုကိစ္စအတွက် စိတ်မလုံခြုံမှုတွေ အားလုံးကို ဖြေရှင်းလိုက်နိုင်တာမဟုတ်ပါဘူး။ လိင်ပညာပေးကိစ္စတွေမှာ ဆယ်ကျော်သက်တွေအတွက် ဥပို့ပြွနအကြောင်း၊ သားဥအကြောင်း၊ X နဲ့ Y ခရိုမိုဇုန်းတွေအကြောင်းတွေ ပြောပြနေမယ့်အစား ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ နှစ်ဦးသားဆက်ဆံရေးကို ဘယ်လိုတည်ဆောက်သင့်တယ်ဆိုတာကို သင်ပြပေးသင့်ပါတယ်။