ရင္းႏွီးေငြအနည္းငယ္နဲ႔ လုပ္ငန္းတစ္ခုတည္ေထာင္ႏိုင္ဖို႔

ရင္းႏွီးေငြအနည္းငယ္နဲ႔ လုပ္ငန္းတစ္ခုတည္ေထာင္ႏိုင္ဖို႔

စြန္႔ဦးလုပ္ငန္းရွင္အမ်ားစုမွာ ထူးထူးျခားျခားစီးပြားေရးစိတ္ကူးေတြ ရွိေနတတ္ၾကပါတယ္။ ဒါေပမယ့္ လံုေလာက္တဲ့ ကနဦးရင္းႏွီးမတည္ေငြမရွိတဲ့အတြက္ စိတ္ကူးကို အေကာင္အထည္ေပၚေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိတတ္ၾကပါဘူး။ ဒါေပမယ့္ စိတ္ကူးေကာင္းရွိၿပီး ေငြမရွိဘူးဆိုတုိင္းလည္း သင့္ကို ရပ္တန္႔မသြားေစဖို႔အတြက္ စီးပြားေရးလုပ္ေဆာင္ဖို႔ စိတ္ကူးေကာင္းတစ္ခုကို အရင္းအႏွီးအနည္းငယ္နဲ႔ စတင္တည္ေထာင္လုပ္ေဆာင္ႏိုင္ဖို႔ မျဖစ္မေနလုပ္ေဆာင္ရမယ့္ အခ်က္()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ သင္ကၽြမ္းက်င္တဲ့နယ္ပယ္မွာပဲ စီးပြားေရးလုပ္ေဆာင္ပါ။

မရင္းႏွီးမကၽြမ္းက်င္တဲ့ နယ္ပယ္တစ္ခုမွာ စီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္မယ့္အစား သင့္အရည္အခ်င္း၊ အသိပညာေတြနဲ႔ ကိုက္ညီမႈရွိတဲ့နယ္ပယ္တစ္ခုကိုပဲ ေရြးခ်ယ္သင့္ပါတယ္။ စီးပြားေရးလုပ္တဲ့အခါမွာ ျပင္ပအရင္းအျမစ္ေတြကို အသံုးခ်ရတာနည္းေလေလ၊ သင့္အတြက္ အက်ိဳးရွိေလပါပဲ။ သင္ကၽြမ္းက်င္ၿပီးသား နယ္ပယ္မွာပဲ စီးပြားေရးလုပ္ေဆာင္တဲ့အခါမွာ အတိုင္ပင္ခံပုဂိၢဳဟ္ေတြ၊ ကၽြမ္းက်င္သူေတြ ငွားရမ္းရမယ့္ စရိတ္စကေတြ သက္သာသြားမွာ ျဖစ္ပါတယ္။

၂။ သင္ ဘာလုပ္မလဲဆိုတာကို လူတိုင္းကို ေျပာျပပါ။

သင့္ရဲ႕မိသားစု၊ အသိမိတ္ေဆြ၊ အဆက္အသြယ္ေတြနဲ႔ အရင္လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြ အားလံုးကို သင့္ရဲ႕ စီးပြားေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး အသိေပးေျပာျပပါ။ လိုအပ္ရင္ ဖုန္းဆက္ပါ၊ အီးေမးလ္ေတြပို႔ပါ။ သင့္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ သင့္လုပ္ငန္းအေၾကာင္း လူသိေအာင္ႀကိဳးစား လုပ္ေဆာင္ပါ။ မိသားစု၀င္ေတြ၊ အသိမိတ္ေဆြေတြ သင့္လုပ္ငန္းအေၾကာင္း အျခားသူေတြကို ထပ္ဆင့္အသိေပးႏိုင္သလို စီးပြားေရး အဆက္အသြယ္ေတြကလည္း သင့္လုပ္ငန္းကို ဆက္သြယ္ကူညီေပးႏိုင္ပါတယ္။

၃။ မလိုအပ္တဲ့ အသံုးစရိတ္မ်ားကို ေရွာင္ၾကဥ္ပါ။

လုပ္ငန္းတစ္ခု စတင္လုပ္ေဆာင္ရာမွာ အသံုးစရိတ္ေတြအမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္တစ္ခ်ိဳ႕ေတြကို ေရွာင္ရွား လို႔ရႏိုင္ပါတယ္။ အလြန္အကၽြံမသံုးမိေအာင္ ဂ႐ုစိုက္ရမွာ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ business card လုပ္တဲ့အခါမွာ အသားေကာင္းေကာင္း၊ ဒီဇိုင္းေကာင္းေကာင္းနဲ႔ လုပ္ရင္ ပိုေကာင္းတာမွန္ေပမယ့္ သမားရုိးက်ကဒ္ကို လုပ္တာက ပိုၿပီးအကုန္အက်သက္သာသလို အသံုးလည္းတည့္မွာျဖစ္ပါတယ္။ လုပ္ငန္းစတင္တည္ေထာင္ခ်ိန္မွာ ေငြေၾကးကို ခ်ိဳးျခံေခၽြတာတတ္တာက လုပ္ငန္းေအာင္ျမင္မႈ ဆံုး႐ႈံးမႈကို ကြဲျပားျခားနားသြားေစႏိုင္ပါတယ္။

၄။ အေၾကြး၀ယ္ကဒ္ အေၾကြးေတြနဲ႔ နစ္ျမဳပ္မေနပါေစနဲ႔။

လုပ္ငန္းစတင္ထူေထာင္ခ်ိန္မွာ အေၾကြး၀ယ္ကဒ္ေတြကို အသံုးျပဳတာက ေကာင္းက်ိဳးလည္းရွိသလို ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ အေၾကြး၀ယ္ကဒ္ကို သံုးၿပီး ကြန္ပ်ဴတာအသစ္ေတြ၊ ႐ုံးသံုးပရိေဘာဂေတြ စသျဖင့္ လိုအပ္တာေတြကို ၀ယ္ယူလိုက္လို႔ ရေပမယ့္ သင့္လုပ္ငန္းရဲ႕အက်ိဳးအျမတ္ေတြကို အေၾကြးဆပ္ဖို႔ခ်ည္းပဲ သံုးေနရတာကေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။ အေၾကြးသံသရာထဲမွာ နစ္ေျမာမေနပဲ ႐ုန္းထြက္ႏိုင္ျခင္းက ေအာင္ျမင္တဲ့လုပ္ငန္းတစ္ခုျဖစ္ဖို႔ အခြင့္အေရးရေစမွာျဖစ္ပါတယ္။

၅။ ေငြလက္ခံမႈေပၚလစီေၾကာင့္ ဒုကၡမေရာက္ပါေစနဲ႔။

သင့္လုပ္ငန္းက လက္ငင္းေပးလက္ငင္းယူစနစ္နဲ႔ လုပ္ေဆာင္တာဆိုရင္ေတာ့ သိပ္ျပႆနာမရွိပါဘူး။ ဒါေပမယ့္ ၀န္ေဆာင္မႈလုပ္ငန္းေတြလို အလုပ္ၿပီးမွ ထိုက္သင့္ေငြလက္ခံရတာမ်ိဳးဆိုရင္ေတာ့ ေငြလက္ခံမႈေပၚလစီေကာင္း တစ္ခုရွိဖို႔ လိုအပ္ပါလိမ့္မယ္။ စားသံုးသူေတြဖက္က အဆင္ေျပႏိုင္မယ့္ ေပၚလစီမ်ိဳးထက္ သင့္အတြက္ အဆင္ေျပမယ့္ ေပၚလစီမ်ိဳး ခ်မွတ္လုပ္ေဆာင္ပါ။

၆။ လုပ္ငန္းကို ေသခ်ာတည္ေဆာက္ပါ။

သင္လုပ္ငန္းျဖစ္ထြန္းေအာင္ျမင္ဖို႔အတြက္ အခ်ိန္ရွိသမွ်အလုပ္လုပ္ၿပီး ကိစၥတိုင္းကို ဂ႐ုတစိုက္ကိုင္တြယ္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုပါတယ္။ ေန႔ေပါင္းမ်ားစြာ အလုပ္ကိုႀကိဳးႀကိဳးစားစားလုပ္ေဆာင္ရတာက သင့္လုပ္ငန္း အမွတ္တံဆိပ္ကို တည္ေဆာက္ေနတာျဖစ္ၿပီး လုပ္ငန္းရဲ႕တန္ဖိုးကို ျမင့္တက္လာေစဖို႔ပဲျဖစ္ပါတယ္။ ဒီတန္ဖိုးေတြကို လုပ္ငန္းတစိတ္တပိုင္းကို ေရာင္းခ်တဲ့အခါမွာ ဒါမွမဟုတ္ တြဲဖက္တစ္ေယာက္ကို လက္ခံတဲ့အခါမွ သိျမင္လာမွာျဖစ္ပါတယ္။

 ၇။ အခမဲ့ေၾကာ္ၿငာနဲ႔ ေစ်းကြက္ရွာေဖြေရးေတြကို အသံုးခ်ပါ။

သင့္လုပ္ငန္းလူသိမ်ား ေက်ာ္ၾကားလာဖို႔အတြက္ ေငြကုန္ေၾကးက်မရွိသေလာက္ နည္းပါးတဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ အလားအလာရွိတဲ့ စားသံုးသူေတြနဲ႔ ဆက္သြယ္ႏိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ လူမႈကြန္ယက္ ဆိုရွယ္မီဒီယာေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒသတြင္းက မီဒီယာေတြမွာလည္း သင့္လုပ္ငန္းအေၾကာင္းကို လူသိမ်ားေအာင္ လုပ္ေဆာင္လို႔ ရပါတယ္။

၈။ ၾကံၾကံခံႏိုင္ဖို႔ အဆင္သင့္ျပင္ထားပါ။

အလုပ္ႀကိဳးစားဖို႔ကေတာ့ မျဖစ္မေနလိုအပ္ပါတယ္။ လုပ္ငန္းတစ္ခုကို အရင္းအႏွီးအနည္းငယ္နဲ႔ စတင္ထူေထာင္ရာမွာ သင္လုပ္သမွ်အရာအားလံုးက လုပ္ငန္းေအာင္ျမင္ဖို႔ပဲ ျဖစ္ေနရမွာပါ။ လုပ္ငန္းရဲ႕ ဘယ္အစိတ္အပိုင္းကိုမဆို လုပ္ေဆာင္တတ္ဖို႔ လိုပါတယ္။ သင့္ရဲ႕အခ်ိန္နဲ႔ ခြန္အားေတြ အမ်ားႀကီးကို ရင္းႏွီးျမဳပ္ႏွံထားရမွာ ျဖစ္ပါတယ္။

အရင္းအႏွီးမရွိဘူးဆိုတာေၾကာင့္ သင့္ရဲ႕စိတ္ကူးေကာင္းကို အေကာင္အထည္ေဖာ္ဖို႔ ေနာက္မတြန္႔သြားပါေစနဲ႔။ ခက္ခဲတယ္၊ စိတ္ဖိစီးမႈမ်ားတယ္ဆိုေပမယ့္လည္း ဒီအခ်က္ေတြအားလံုးက စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္အတြက္ မျဖစ္မေနၾကံဳေတြ႕ရမယ့္ အရာေတြပဲျဖစ္ပါတယ္။


ရင်းနှီးငွေအနည်းငယ်နဲ့ လုပ်ငန်းတစ်ခုတည်ထောင်နိုင်ဖို့

စွန့်ဦးလုပ်ငန်းရှင်အများစုမှာ ထူးထူးခြားခြားစီးပွားရေးစိတ်ကူးတွေ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ ကနဦးရင်းနှီးမတည်ငွေမရှိတဲ့အတွက် စိတ်ကူးကို အကောင်အထည်ပေါ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိတတ်ကြပါဘူး။ ဒါပေမယ့် စိတ်ကူးကောင်းရှိပြီး ငွေမရှိဘူးဆိုတိုင်းလည်း သင့်ကို ရပ်တန့်မသွားစေဖို့အတွက် စီးပွားရေးလုပ်ဆောင်ဖို့ စိတ်ကူးကောင်းတစ်ခုကို အရင်းအနှီးအနည်းငယ်နဲ့ စတင်တည်ထောင်လုပ်ဆောင်နိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သင်ကျွမ်းကျင်တဲ့နယ်ပယ်မှာပဲ စီးပွားရေးလုပ်ဆောင်ပါ။
မရင်းနှီးမကျွမ်းကျင်တဲ့ နယ်ပယ်တစ်ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့်အစား သင့်အရည်အချင်း၊ အသိပညာတွေနဲ့ ကိုက်ညီမှုရှိတဲ့နယ်ပယ်တစ်ခုကိုပဲ ရွေးချယ်သင့်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာ ပြင်ပအရင်းအမြစ်တွေကို အသုံးချရတာနည်းလေလေ၊ သင့်အတွက် အကျိုးရှိလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား နယ်ပယ်မှာပဲ စီးပွားရေးလုပ်ဆောင်တဲ့အခါမှာ အတိုင်ပင်ခံပုဂ္ဂိုဟ်တွေ၊ ကျွမ်းကျင်သူတွေ ငှားရမ်းရမယ့် စရိတ်စကတွေ သက်သာသွားမှာ ဖြစ်ပါတယ်။

၂။ သင် ဘာလုပ်မလဲဆိုတာကို လူတိုင်းကို ပြောပြပါ။
သင့်ရဲ့မိသားစု၊ အသိမိတ်ဆွေ၊ အဆက်အသွယ်တွေနဲ့ အရင်လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ အားလုံးကို သင့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အသိပေးပြောပြပါ။ လိုအပ်ရင် ဖုန်းဆက်ပါ၊ အီးမေးလ်တွေပို့ပါ။ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ သင့်လုပ်ငန်းအကြောင်း လူသိအောင်ကြိုးစား လုပ်ဆောင်ပါ။ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ သင့်လုပ်ငန်းအကြောင်း အခြားသူတွေကို ထပ်ဆင့်အသိပေးနိုင်သလို စီးပွားရေး အဆက်အသွယ်တွေကလည်း သင့်လုပ်ငန်းကို ဆက်သွယ်ကူညီပေးနိုင်ပါတယ်။

၃။ မလိုအပ်တဲ့ အသုံးစရိတ်များကို ရှောင်ကြဉ်ပါ။
လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်ရာမှာ အသုံးစရိတ်တွေအများကြီးရှိပါတယ်။ ဒါပေမယ့်တစ်ချို့တွေကို ရှောင်ရှား လို့ရနိုင်ပါတယ်။ အလွန်အကျွံမသုံးမိအောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင် business card လုပ်တဲ့အခါမှာ အသားကောင်းကောင်း၊ ဒီဇိုင်းကောင်းကောင်းနဲ့ လုပ်ရင် ပိုကောင်းတာမှန်ပေမယ့် သမားရိုးကျကဒ်ကို လုပ်တာက ပိုပြီးအကုန်အကျသက်သာသလို အသုံးလည်းတည့်မှာဖြစ်ပါတယ်။ လုပ်ငန်းစတင်တည်ထောင်ချိန်မှာ ငွေကြေးကို ချိုးခြံချွေတာတတ်တာက လုပ်ငန်းအောင်မြင်မှု ဆုံးရှုံးမှုကို ကွဲပြားခြားနားသွားစေနိုင်ပါတယ်။

၄။ အကြွေးဝယ်ကဒ် အကြွေးတွေနဲ့ နစ်မြုပ်မနေပါစေနဲ့။
လုပ်ငန်းစတင်ထူထောင်ချိန်မှာ အကြွေးဝယ်ကဒ်တွေကို အသုံးပြုတာက ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ အကြွေးဝယ်ကဒ်ကို သုံးပြီး ကွန်ပျူတာအသစ်တွေ၊ ရုံးသုံးပရိဘောဂတွေ စသဖြင့် လိုအပ်တာတွေကို ဝယ်ယူလိုက်လို့ ရပေမယ့် သင့်လုပ်ငန်းရဲ့အကျိုးအမြတ်တွေကို အကြွေးဆပ်ဖို့ချည်းပဲ သုံးနေရတာကတော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အကြွေးသံသရာထဲမှာ နစ်မြောမနေပဲ ရုန်းထွက်နိုင်ခြင်းက အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့ အခွင့်အရေးရစေမှာဖြစ်ပါတယ်။

၅။ ငွေလက်ခံမှုပေါ်လစီကြောင့် ဒုက္ခမရောက်ပါစေနဲ့။
သင့်လုပ်ငန်းက လက်ငင်းပေးလက်ငင်းယူစနစ်နဲ့ လုပ်ဆောင်တာဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဝန်ဆောင်မှုလုပ်ငန်းတွေလို အလုပ်ပြီးမှ ထိုက်သင့်ငွေလက်ခံရတာမျိုးဆိုရင်တော့ ငွေလက်ခံမှုပေါ်လစီကောင်း တစ်ခုရှိဖို့ လိုအပ်ပါလိမ့်မယ်။ စားသုံးသူတွေဖက်က အဆင်ပြေနိုင်မယ့် ပေါ်လစီမျိုးထက် သင့်အတွက် အဆင်ပြေမယ့် ပေါ်လစီမျိုး ချမှတ်လုပ်ဆောင်ပါ။

၆။ လုပ်ငန်းကို သေချာတည်ဆောက်ပါ။
သင်လုပ်ငန်းဖြစ်ထွန်းအောင်မြင်ဖို့အတွက် အချိန်ရှိသမျှအလုပ်လုပ်ပြီး ကိစ္စတိုင်းကို ဂရုတစိုက်ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ နေ့ပေါင်းများစွာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ဆောင်ရတာက သင့်လုပ်ငန်း အမှတ်တံဆိပ်ကို တည်ဆောက်နေတာဖြစ်ပြီး လုပ်ငန်းရဲ့တန်ဖိုးကို မြင့်တက်လာစေဖို့ပဲဖြစ်ပါတယ်။ ဒီတန်ဖိုးတွေကို လုပ်ငန်းတစိတ်တပိုင်းကို ရောင်းချတဲ့အခါမှာ ဒါမှမဟုတ် တွဲဖက်တစ်ယောက်ကို လက်ခံတဲ့အခါမှ သိမြင်လာမှာဖြစ်ပါတယ်။

၇။ အခမဲ့ကြော်ငြာနဲ့ ဈေးကွက်ရှာဖွေရေးတွေကို အသုံးချပါ။
သင့်လုပ်ငန်းလူသိများ ကျော်ကြားလာဖို့အတွက် ငွေကုန်ကြေးကျမရှိသလောက် နည်းပါးတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အလားအလာရှိတဲ့ စားသုံးသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်းက မီဒီယာတွေမှာလည်း သင့်လုပ်ငန်းအကြောင်းကို လူသိများအောင် လုပ်ဆောင်လို့ ရပါတယ်။

၈။ ကြံကြံခံနိုင်ဖို့ အဆင်သင့်ပြင်ထားပါ။
အလုပ်ကြိုးစားဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုကို အရင်းအနှီးအနည်းငယ်နဲ့ စတင်ထူထောင်ရာမှာ သင်လုပ်သမျှအရာအားလုံးက လုပ်ငန်းအောင်မြင်ဖို့ပဲ ဖြစ်နေရမှာပါ။ လုပ်ငန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ သင့်ရဲ့အချိန်နဲ့ ခွန်အားတွေ အများကြီးကို ရင်းနှီးမြုပ်နှံထားရမှာ ဖြစ်ပါတယ်။

အရင်းအနှီးမရှိဘူးဆိုတာကြောင့် သင့်ရဲ့စိတ်ကူးကောင်းကို အကောင်အထည်ဖော်ဖို့ နောက်မတွန့်သွားပါစေနဲ့။ ခက်ခဲတယ်၊ စိတ်ဖိစီးမှုများတယ်ဆိုပေမယ့်လည်း ဒီအချက်တွေအားလုံးက စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်အတွက် မဖြစ်မနေကြုံတွေ့ရမယ့် အရာတွေပဲဖြစ်ပါတယ်။

Related Posts

%%footer%%