အထင္ကရအမ်ိဳးသားတစ္ဦး ျဖစ္ဖို႔ ေရွာင္ရန္ အခ်က္(၁၀)

အထင္ကရအမ်ိဳးသားတစ္ဦး ျဖစ္ဖို႔ ေရွာင္ရန္ အခ်က္(၁၀)

ယုံၾကည္မႈရွိရွိ ခပ္မိုက္မိုက္ဒီဇိုင္းနဲ႔။ သူတို႔အခန္းထဲ၀င္လာၿပီဆိုတာနဲ႔ အားလံုးရဲ႕အာ႐ုံကို ဖမ္းစားလိုက္ႏိုင္ တယ္။ သူတို႔စကားေျပာၿပီဆိုရင္လည္း အျခားေယာက်ၤားေလးေတြေတာင္ ပါးစပ္အေဟာင္းသားနဲ႔ နားေထာင္ၾကရတယ္။ ေယာကၤ်ားေလးအခ်င္းခ်င္းၾကားမွာ လူခ်စ္လူခင္မ်ားသလို မိန္းကေလးေတြရဲ႕ မ်က္ႏွာသာေပးတာလည္း ခံရတယ္။ ဟုတ္ပါတယ္။ ဒီလိုလူမိ်ဳးေတြကို အထင္ကရအမ်ိဳးသားေတြလို႔ ေခၚပါတယ္။

အထင္ကရအမ်ိဳးသားတစ္ေယာက္မွာ ထင္ရွားၿပီး ဘယ္ေတာ့မွမလြဲႏိုင္တဲ့ ၀ိေသသလကၡဏာေတြ ရွိတတ္ပါတယ္။ သူတို႔က ပင္ကိုယ္ေခါင္းေဆာင္ေတြျဖစ္ၿပီး သူရဲ႕အေပါင္းအသင္းေတြ၊ အသင္းေဖာ္ အသင္းသားေတြကို ဦးေဆာင္မႈ၊ ကာကြယ္မႈေတြ ေပးတတ္သူေတြျဖစ္ပါတယ္။ ေျပာင္းလဲေနတဲ့ ကမာၻႀကီးမွာ အထင္ကရအမ်ိဳးသားေတြအတြက္ အခြင့္အေရးေတြအျမဲလိုလိုရွိေနတတ္ပါတယ္။ သူတို႔က အေၾကာင္း အက်ိဳးကို ေကာင္းေကာင္းေ၀ဖန္သံုးသပ္ႏိုင္ၿပီး အခြင့္အေရးရသမွ်ကို သူအဖြဲ႕အစည္းအတြက္ အက်ိဳးရွိေစသူ ျဖစ္ပါတယ္။

ေနာက္တနည္းေျပာရရင္ အထင္ကရအမ်ိဳးသားဆိုတာ သူရဲ႕စိတ္ဓာတ္၊ သူ႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ တျခားသူ ေတြက အတုခိုးရတဲ့အထိ ဆြဲေဆာင္မႈရွိသူေတြျဖစ္ပါတယ္။ သင္ေရာ ဒီလို အထင္ကရအမ်ိဳးသားတစ္ဦး မျဖစ္ခ်င္ဘူးလား။ အထင္ကရအမ်ိဳးသားတစ္ဦးျဖစ္ဖို႔အတြက္ ေရွာင္ရန္ အခ်က္(၁၀)ကို ေဖာ္ျပလိုက္ပါတယ္။

၁။ အႏိုင္မက်င့္ပါနဲ႔

အထင္ကရအမ်ိဳးသားေတြက လိုအပ္လာတဲ့အခ်ိန္မွာ အားနဲ႔မာန္နဲ႔တိုက္ခိုက္တတ္ၾကေပမယ့္ အားနည္း သူကို အႏိုင္မက်င့္တတ္ၾကပါဘူး။ ဒါ့ေၾကာင့္ အျခားလူေတြကို အႏိုင္မက်င့္ပါနဲ႔။

၂။ အသာစီးရဖို႔ သစၥာမေဖာက္ပါနဲ႔။

အထင္ကရအမ်ိဳးသားေတြဟာ သူ႔အေပါင္းအသင္းေတြေပၚမွာ ဘယ္ေတာ့မွာ ေနာက္ေက်ာဓားနဲ႔ထိုးတာမ်ိဳး သစၥာေဖာက္တာမ်ိဳး မလုပ္တတ္ၾကပါဘူး။ လူႀကီးလူေကာင္းဆန္ဆန္ ျပဳမူေျပာဆိုတတ္ၾကတဲ့အတြက္ ထိုက္တန္တဲ့ အမ်ားရဲ႕ ေလးစားမႈကိုလည္း ခံယူေနၾကရသူေတြျဖစ္ပါတယ္။

၃။ လိမ္ညာမေျပာပါနဲ႔။

အထင္ကရအမ်ိဳးသားေတြက လူလိမ္ေတြမဟုတ္ၾကပါဘူး။ တျခားလူေတြကို မလိမ္တတ္ၾကသလို ကိုယ့္ကိုယ္ကိုလည္း မလိမ္တတ္ၾကပါဘူး။ ေျပာစရာရွိတာကို ပြင့္ပြင့္လင္းလင္း ေျပာတတ္ၾကသူေတြ ျဖစ္ပါတယ္။

၄။ အျခားသူေတြကို အျပစ္မတင္ပါနဲ႔။

အထင္ကရအမ်ိဳးသားေတြက သူတို႔လုပ္ရပ္အတြက္ သူတို႔ကိုယ္တိုင္ တာ၀န္အျပည့္အ၀ယူတတ္ၾကပါတယ္။ သူတို႔အျပစ္ေလ်ာ့သြားဖို႔အတြက္ အျပစ္တင္စရာလူမရွာတတ္ၾကသလို သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ ထိုက္တန္တဲ့ အက်ိဳးရလဒ္ရရွိမယ္ဆိုတာကို တကယ္သေဘာေပါက္ၾကပါတယ္။ သူ႔အမွားကို တျခားလူဆီ လႊဲခ်ဖို႔ စိတ္ေတာင္ကူးမိမွာမဟုတ္ပါဘူး။

၅။ မစဥ္းစားပဲ မလုပ္ပါနဲ႔။

အထင္ကရအမ်ိဳးသားေတြက အလွ်င္ျမန္ဆံုး လုပ္ေဆာင္တတ္ၾကပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔မလုပ္ခင္မွာ အျမဲစဥ္းစားေလ့ရွိၾကပါတယ္။ ေသခ်ာစဥ္းစားဆင္ျခင္ၿပီးမွ လုပ္ေဆာင္တဲ့အလုပ္တစ္ခုဟာ အေကာင္းဆံုး ရလဒ္ေတြကိုပဲ ေဆာင္က်ဥ္ေပးႏိုင္တာကို သူတို႔သိၾကပါတယ္။

၆။ ျပႆနာၾကံဳရင္ ျပာယာခတ္မေနပါနဲ႔။

အထင္ကရအမ်ိဳးသားေတြရဲ႕ အဓိကအခ်က္က ေျပာင္းလဲမႈကို ခံႏိုင္ရည္ရွိတာပဲျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ ႐ႈပ္ေထြးဆိုး၀ါးတဲ့အေျခအေနျဖစ္ပါေစ၊ သူတို႔ကေတာ့ အေတြ႕အၾကံဳေတြကို အေျခခံၿပီး ေသြးေအးေအးနဲ႔ ေျဖရွင္းသြားႏိုင္ၾကပါတယ္။ သူရင္ခုန္ႏႈန္းေတြျမန္ခ်င္ျမန္သြားပါလိမ့္မယ္၊ ဒါေပမယ့္ေၾကာက္လန္႔ေနမယ့္ အထဲမွာေတာ့ မပါပါဘူး။

၇။ အတင္းမေျပာပါနဲ႔။

သင့္ရဲ႕ အလုပ္ရွင္၊ အေပါင္းအသင္းတစ္ေယာက္ေယာက္နဲ႔ပတ္သက္ၿပီး အားနည္းခ်က္ေတြ က်႐ႈံးမႈေတြ အေၾကာင္းကို ကြယ္ရာမွာေျပာတတ္ရင္ ျပင္ဖို႔လိုပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အထင္ကရအမ်ိဳးသားေတြ က သူတို႔အေပါင္းအသင္းေတြကို ဘယ္ေတာ့မွမေကာင္းမျမင္တတ္ၾကသလို သူတပါးကိုနင္းၿပီးမွ အျမင့္ကိုတက္ဖို႔ ကိုလည္း စိတ္မ၀င္စားၾကပါဘူး။

၈။ ေခါင္းေဆာင္ကို ေနရာတိုင္းအားကိုးမေနပါနဲ႔။

အထင္ကရအမ်ိဳးသားေတြက ကိုယ့္ကိုယ္ကိုကလြဲၿပီး ဘယ္သူ႔ကိုမွ အားမကိုးတတ္ၾကပါဘူး။ ေနရာေတာ္ေတာ္ မ်ားမ်ားမွာလည္း သူက ေခါင္းေဆာင္ျဖစ္တတ္ၾကၿပီး ေခါင္းေဆာင္မျဖစ္ရင္လည္း ေလးစားခံရသူျဖစ္ေနတတ္ ပါတယ္။ လုိအပ္လာရင္ သူ႔ရဲ႕စိတ္ကူးကို ထုတ္ေျပာဖို႔ အားနာေၾကာက္လန္႔ေနတာမ်ိဳးမရွိသလို လုပ္စရာရွိတာ ေတြကိုလည္း ဘယ္သူ႔ကိုမွာေစာင့္မေနပဲ အင္တိုက္အားတိုက္လုပ္တတ္ပါတယ္။

၉။ အမွားလုပ္မိရင္ ေတာင္းပန္ဖို႔ မေမ့ပါနဲ႔။

အထင္ကရအမ်ိဳးသားတစ္ဦးအေနနဲ႔ ေတာင္းပန္စကားဆိုဖို႔ ေႏွာင့္ေႏွးမေနတတ္ၾကပါဘူး။ ေတာင္းပန္ၿပီးရင္ လည္း ျပႆနာကို အေကာင္းဆံုးအေျဖရွာၿပီး ျပင္ဆင္သြားမွာျဖစ္ပါတယ္။

၁၀။ စားေသာက္ဖြယ္ရာေတြအတြက္ တျခားလူကို မရွင္းခိုင္းပါနဲ႔။

အထင္ကရအမ်ိဳးသားေတြက တျခားသူေတြရဲ႕ ခင္မင္ၾကင္နာမႈအေပၚမွာ အျမတ္မထုတ္တတ္ၾကပါဘူး။ သူတို႔က ကိုယ္စရိတ္ကိုယ္ရွင္းတတ္ၾကၿပီး တျခားလူဆီမွာ ေက်းဇူးေၾကြးအတင္မခံလိုၾကပါဘူး။ ဒါ့အျပင္ သူတို႔ကေတာင္ အားလံုးအတြက္ အျမဲလိုလို ရွင္းေပးတတ္ၾကပါတယ္။


အထင်ကရအမျိုးသားတစ်ဦး ဖြစ်ဖို့ ရှောင်ရန် အချက်(၁၀)

ယုံကြည်မှုရှိရှိ ခပ်မိုက်မိုက်ဒီဇိုင်းနဲ့။ သူတို့အခန်းထဲဝင်လာပြီဆိုတာနဲ့ အားလုံးရဲ့အာရုံကို ဖမ်းစားလိုက်နိုင် တယ်။ သူတို့စကားပြောပြီဆိုရင်လည်း အခြားယောင်္ကျားလေးတွေတောင် ပါးစပ်အဟောင်းသားနဲ့ နားထောင်ကြရတယ်။ ယောင်္ကျားလေးအချင်းချင်းကြားမှာ လူချစ်လူခင်များသလို မိန်းကလေးတွေရဲ့ မျက်နှာသာပေးတာလည်း ခံရတယ်။ ဟုတ်ပါတယ်။ ဒီလိုလူမျိုးတွေကို အထင်ကရအမျိုးသားတွေလို့ ခေါ်ပါတယ်။

အထင်ကရအမျိုးသားတစ်ယောက်မှာ ထင်ရှားပြီး ဘယ်တော့မှမလွဲနိုင်တဲ့ ဝိသေသလက္ခဏာတွေ ရှိတတ်ပါတယ်။ သူတို့က ပင်ကိုယ်ခေါင်းဆောင်တွေဖြစ်ပြီး သူရဲ့အပေါင်းအသင်းတွေ၊ အသင်းဖော် အသင်းသားတွေကို ဦးဆောင်မှု၊ ကာကွယ်မှုတွေ ပေးတတ်သူတွေဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အထင်ကရအမျိုးသားတွေအတွက် အခွင့်အရေးတွေအမြဲလိုလိုရှိနေတတ်ပါတယ်။ သူတို့က အကြောင်း အကျိုးကို ကောင်းကောင်းဝေဖန်သုံးသပ်နိုင်ပြီး အခွင့်အရေးရသမျှကို သူအဖွဲ့အစည်းအတွက် အကျိုးရှိစေသူ ဖြစ်ပါတယ်။

နောက်တနည်းပြောရရင် အထင်ကရအမျိုးသားဆိုတာ သူရဲ့စိတ်ဓာတ်၊ သူ့ရဲ့လုပ်ရပ်တွေကြောင့် တခြားသူ တွေက အတုခိုးရတဲ့အထိ ဆွဲဆောင်မှုရှိသူတွေဖြစ်ပါတယ်။ သင်ရော ဒီလို အထင်ကရအမျိုးသားတစ်ဦး မဖြစ်ချင်ဘူးလား။ အထင်ကရအမျိုးသားတစ်ဦးဖြစ်ဖို့အတွက် ရှောင်ရန် အချက်(၁၀)ကို ဖော်ပြလိုက်ပါတယ်။

၁။ အနိုင်မကျင့်ပါနဲ့

အထင်ကရအမျိုးသားတွေက လိုအပ်လာတဲ့အချိန်မှာ အားနဲ့မာန်နဲ့တိုက်ခိုက်တတ်ကြပေမယ့် အားနည်း သူကို အနိုင်မကျင့်တတ်ကြပါဘူး။ ဒါ့ကြောင့် အခြားလူတွေကို အနိုင်မကျင့်ပါနဲ့။

၂။ အသာစီးရဖို့ သစ္စာမဖောက်ပါနဲ့။

အထင်ကရအမျိုးသားတွေဟာ သူ့အပေါင်းအသင်းတွေပေါ်မှာ ဘယ်တော့မှာ နောက်ကျောဓားနဲ့ထိုးတာမျိုး သစ္စာဖောက်တာမျိုး မလုပ်တတ်ကြပါဘူး။ လူကြီးလူကောင်းဆန်ဆန် ပြုမူပြောဆိုတတ်ကြတဲ့အတွက် ထိုက်တန်တဲ့ အများရဲ့ လေးစားမှုကိုလည်း ခံယူနေကြရသူတွေဖြစ်ပါတယ်။

၃။ လိမ်ညာမပြောပါနဲ့။

အထင်ကရအမျိုးသားတွေက လူလိမ်တွေမဟုတ်ကြပါဘူး။ တခြားလူတွေကို မလိမ်တတ်ကြသလို ကိုယ့်ကိုယ်ကိုလည်း မလိမ်တတ်ကြပါဘူး။ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသူတွေ ဖြစ်ပါတယ်။

၄။ အခြားသူတွေကို အပြစ်မတင်ပါနဲ့။

အထင်ကရအမျိုးသားတွေက သူတို့လုပ်ရပ်အတွက် သူတို့ကိုယ်တိုင် တာဝန်အပြည့်အဝယူတတ်ကြပါတယ်။ သူတို့အပြစ်လျော့သွားဖို့အတွက် အပြစ်တင်စရာလူမရှာတတ်ကြသလို သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့ အကျိုးရလဒ်ရရှိမယ်ဆိုတာကို တကယ်သဘောပေါက်ကြပါတယ်။ သူ့အမှားကို တခြားလူဆီ လွှဲချဖို့ စိတ်တောင်ကူးမိမှာမဟုတ်ပါဘူး။

၅။ မစဉ်းစားပဲ မလုပ်ပါနဲ့။

အထင်ကရအမျိုးသားတွေက အလျှင်မြန်ဆုံး လုပ်ဆောင်တတ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူတို့မလုပ်ခင်မှာ အမြဲစဉ်းစားလေ့ရှိကြပါတယ်။ သေချာစဉ်းစားဆင်ခြင်ပြီးမှ လုပ်ဆောင်တဲ့အလုပ်တစ်ခုဟာ အကောင်းဆုံး ရလဒ်တွေကိုပဲ ဆောင်ကျဉ်ပေးနိုင်တာကို သူတို့သိကြပါတယ်။

၆။ ပြဿနာကြုံရင် ပြာယာခတ်မနေပါနဲ့။

အထင်ကရအမျိုးသားတွေရဲ့ အဓိကအချက်က ပြောင်းလဲမှုကို ခံနိုင်ရည်ရှိတာပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးဆိုးဝါးတဲ့အခြေအနေဖြစ်ပါစေ၊ သူတို့ကတော့ အတွေ့အကြုံတွေကို အခြေခံပြီး သွေးအေးအေးနဲ့ ဖြေရှင်းသွားနိုင်ကြပါတယ်။ သူရင်ခုန်နှုန်းတွေမြန်ချင်မြန်သွားပါလိမ့်မယ်၊ ဒါပေမယ့်ကြောက်လန့်နေမယ့် အထဲမှာတော့ မပါပါဘူး။

၇။ အတင်းမပြောပါနဲ့။

သင့်ရဲ့ အလုပ်ရှင်၊ အပေါင်းအသင်းတစ်ယောက်ယောက်နဲ့ပတ်သက်ပြီး အားနည်းချက်တွေ ကျရှုံးမှုတွေ အကြောင်းကို ကွယ်ရာမှာပြောတတ်ရင် ပြင်ဖို့လိုပါပြီ။ ဘာကြောင့်လဲဆိုတော့ အထင်ကရအမျိုးသားတွေ က သူတို့အပေါင်းအသင်းတွေကို ဘယ်တော့မှမကောင်းမမြင်တတ်ကြသလို သူတပါးကိုနင်းပြီးမှ အမြင့်ကိုတက်ဖို့ ကိုလည်း စိတ်မဝင်စားကြပါဘူး။

၈။ ခေါင်းဆောင်ကို နေရာတိုင်းအားကိုးမနေပါနဲ့။

အထင်ကရအမျိုးသားတွေက ကိုယ့်ကိုယ်ကိုကလွဲပြီး ဘယ်သူ့ကိုမှ အားမကိုးတတ်ကြပါဘူး။ နေရာတော်တော် များများမှာလည်း သူက ခေါင်းဆောင်ဖြစ်တတ်ကြပြီး ခေါင်းဆောင်မဖြစ်ရင်လည်း လေးစားခံရသူဖြစ်နေတတ် ပါတယ်။ လိုအပ်လာရင် သူ့ရဲ့စိတ်ကူးကို ထုတ်ပြောဖို့ အားနာကြောက်လန့်နေတာမျိုးမရှိသလို လုပ်စရာရှိတာ တွေကိုလည်း ဘယ်သူ့ကိုမှာစောင့်မနေပဲ အင်တိုက်အားတိုက်လုပ်တတ်ပါတယ်။

၉။ အမှားလုပ်မိရင် တောင်းပန်ဖို့ မမေ့ပါနဲ့။

အထင်ကရအမျိုးသားတစ်ဦးအနေနဲ့ တောင်းပန်စကားဆိုဖို့ နှောင့်နှေးမနေတတ်ကြပါဘူး။ တောင်းပန်ပြီးရင် လည်း ပြဿနာကို အကောင်းဆုံးအဖြေရှာပြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်။

၁၀။ စားသောက်ဖွယ်ရာတွေအတွက် တခြားလူကို မရှင်းခိုင်းပါနဲ့။

အထင်ကရအမျိုးသားတွေက တခြားသူတွေရဲ့ ခင်မင်ကြင်နာမှုအပေါ်မှာ အမြတ်မထုတ်တတ်ကြပါဘူး။ သူတို့က ကိုယ်စရိတ်ကိုယ်ရှင်းတတ်ကြပြီး တခြားလူဆီမှာ ကျေးဇူးကြွေးအတင်မခံလိုကြပါဘူး။ ဒါ့အပြင် သူတို့ကတောင် အားလုံးအတွက် အမြဲလိုလို ရှင်းပေးတတ်ကြပါတယ်။

Related Posts

%%footer%%