ေအာင္ျမင္မႈအတြက္ အသံုး၀င္သည့္ စကားလံုးအသံုးအႏႈန္း

စကားထဲက ဇာတိျပဆိုတဲ့ ဆို႐ိုးအတိုင္းပါပဲ။ သင္စကားေျပာတဲ့ပံုစံက တစ္ဖက္သူက သင့္ကိုဘယ္လို ထင္ျမင္ယူဆသလဲဆိုတာကိုသာမက သင့္ရဲ႕အျပဳအမႈအေပၚမွာပါ သက္ေရာက္မႈရွိပါတယ္။ စကားလံုးအသံုးအႏႈန္းေလးေျပာင္းလဲလိုက္႐ုံနဲ႔ သင့္ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔ အမ်ားႀကီးအေထာက္အကူ ျဖစ္ႏိုင္ပါတယ္။

၁။ဒါေပမယ့္အစားၿပီးေတာ့ကိုသံုးပါ။

႐ုပ္ရွင္သြားၾကည့္ခ်င္တယ္ ဒါေပမယ့္ လုပ္စရာအလုပ္ေတြလည္း ရွိေသးတယ္ဆိုတာမ်ိဳး ေျပာတတ္ၾကပါတယ္။ ဒီလိုေျပာမယ့္အစားရုပ္ရွင္သြားၾကည့္ခ်င္တယ္ ၿပီးေတာ့ အလုပ္ေတြလည္း ရွိေသးတယ္လို႔ေျပာပါ။ ကြဲျပားျခားနားခ်က္ကေတာ့ဒါေပမယ့္ဆိုတဲ့စကားလံုးကို သံုးတဲ့အခါမွာ သင္ကိုယ္တိုင္အတြက္ တကယ္မရွိတဲ့႐ႈပ္ေထြးမႈတစ္ခုကို ဖန္တီးလိုက္တာပဲ ျဖစ္ပါတယ္။ ႐ုပ္ရွင္လည္း သြားၾကည့္ႏိုင္သလို အလုပ္လည္းလုပ္ႏိုင္ေခ်ရွိေနတဲ့အတြက္ တစ္ခုခုကိုေရြးခ်ယ္ဖို႔ ဆံုးျဖတ္ရတတ္ပါတယ္။ၿပီးေတာ့ဆိုတဲ့စကားလံုးကို သံုးတဲ့အခါမွာေတာ့ သင့္ရဲ႕ဦးေႏွာက္က ကိစၥႏွစ္ခုစလံုးကို ေဆာင္ရြက္ႏိုင္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို ဆန္းစစ္ပါတယ္။

၂။လုပ္ရဦးမယ္အစားလုပ္ခ်င္တယ္ကို သံုးပါ။

စိတ္ထဲမွာ သိပ္မလုပ္ခ်င္ေပမယ့္ လုပ္ရဦးမယ္လို႔ ထင္ေနတဲ့အရာေတြကို လုပ္ခ်င္တယ္လို႔ ကိုယ့္ကိုယ္ကို ျပန္ေျပာၾကည့္ပါ။ ဒီလိုေျပာင္းလဲေလ့က်င့္တာက သင္မလုပ္ခ်င္တဲ့အရာတစ္ခုကိုေတာင္မွ ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္ေစတဲ့အထိ အက်ိဳးသက္ေရာက္မႈရွိပါတယ္။

အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းႏွစ္ခုစလံုးက ပံုေဖာ္ေတြးေခၚျခင္း (Design Thinking) ေပၚမွာအေျခခံၿပီး ျပႆနာကို ေျဖရွင္းတာျဖစ္ပါတယ္။ ဒီနည္းလမ္းေတြကို အသံုးခ်တတ္မယ္ဆိုရင္ သင့္စိတ္က အလိုအေလ်ာက္ေတြးေခၚ ထင္ျမင္ခ်က္ေတြကို စိန္ေခၚၿပီး အေရးကိစၥမွန္သမွ်ကို အရွိအတိုင္းျမင္ႏိုင္လာမွာ ျဖစ္သလို အခက္အခဲေတြကိုလည္း အလြယ္တကူေျဖရွင္ႏိုင္လာမွာျဖစ္ပါတယ္။


အောင်မြင်မှုအတွက် အသုံးဝင်သည့် စကားလုံးအသုံးအနှုန်း

စကားထဲက ဇာတိပြဆိုတဲ့ ဆိုရိုးအတိုင်းပါပဲ။ သင်စကားပြောတဲ့ပုံစံက တစ်ဖက်သူက သင့်ကိုဘယ်လို ထင်မြင်ယူဆသလဲဆိုတာကိုသာမက သင့်ရဲ့အပြုအမှုအပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ စကားလုံးအသုံးအနှုန်းလေးပြောင်းလဲလိုက်ရုံနဲ့ သင့်ရည်မှန်းချက်တွေအောင်မြင်ဖို့ အများကြီးအထောက်အကူ ဖြစ်နိုင်ပါတယ်။

၁။ “ဒါပေမယ့်” အစား “ပြီးတော့”ကိုသုံးပါ။

“ရုပ်ရှင်သွားကြည့်ချင်တယ် ဒါပေမယ့် လုပ်စရာအလုပ်တွေလည်း ရှိသေးတယ်” ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒီလိုပြောမယ့်အစား “ရုပ်ရှင်သွားကြည့်ချင်တယ် ပြီးတော့ အလုပ်တွေလည်း ရှိသေးတယ်” လို့ပြောပါ။ ကွဲပြားခြားနားချက်ကတော့ “ဒါပေမယ့်” ဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာ သင်ကိုယ်တိုင်အတွက် တကယ်မရှိတဲ့ရှုပ်ထွေးမှုတစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်လည်း သွားကြည့်နိုင်သလို အလုပ်လည်းလုပ်နိုင်ချေရှိနေတဲ့အတွက် တစ်ခုခုကိုရွေးချယ်ဖို့ ဆုံးဖြတ်ရတတ်ပါတယ်။ “ပြီးတော့”ဆိုတဲ့စကားလုံးကို သုံးတဲ့အခါမှာတော့ သင့်ရဲ့ဦးနှောက်က ကိစ္စနှစ်ခုစလုံးကို ဆောင်ရွက်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆန်းစစ်ပါတယ်။

၂။ “လုပ်ရဦးမယ်”အစား “လုပ်ချင်တယ်”ကို သုံးပါ။

စိတ်ထဲမှာ သိပ်မလုပ်ချင်ပေမယ့် လုပ်ရဦးမယ်လို့ ထင်နေတဲ့အရာတွေကို လုပ်ချင်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောကြည့်ပါ။ ဒီလိုပြောင်းလဲလေ့ကျင့်တာက သင်မလုပ်ချင်တဲ့အရာတစ်ခုကိုတောင်မှ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်စေတဲ့အထိ အကျိုးသက်ရောက်မှုရှိပါတယ်။

အခုဖော်ပြခဲ့တဲ့ နည်းလမ်းနှစ်ခုစလုံးက ပုံဖော်တွေးခေါ်ခြင်း (Design Thinking) ပေါ်မှာအခြေခံပြီး ပြဿနာကို ဖြေရှင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးချတတ်မယ်ဆိုရင် သင့်စိတ်က အလိုအလျောက်တွေးခေါ် ထင်မြင်ချက်တွေကို စိန်ခေါ်ပြီး အရေးကိစ္စမှန်သမျှကို အရှိအတိုင်းမြင်နိုင်လာမှာ ဖြစ်သလို အခက်အခဲတွေကိုလည်း အလွယ်တကူဖြေရှင်နိုင်လာမှာဖြစ်ပါတယ်။