***** အရႈံးထဲက အႏိုင္ျပန္ယူပါ*****

ဒုတိယကမ႓စစ္ ဂ်ပန္ေလတပ္က ပုလဲဆိပ္ကမ္းကို ဗံုးႀကဲတိုက္ခိုက္လိုက္ခ်ိန္မွာေပါ့

အေမရိကန္ ေရတပ္အႀကီးအက်ယ္ ဆံုးရႈံးသြားခဲ့တယ္။
စစ္သေဘၤာ ၇ စင္း ျမဳပ္သြားတယ္။၆ စင္းက သံုးလို႔မရေတာ့ဘူး။
ေရတပ္မွာရွိတဲ့ တိုက္ေလယာဉ္ ၄၅၀ ပ်က္စီးသြားခဲ့တယ္။
ေသဆံုးသူ ၃၈၀၀။

အေမရိကန္တပ္သားေတြ စိတ္ဓာတ္အက်ႀကီးက်သြားၾကတယ္။
ပစိဖိတ္စစ္မ်က္ႏွာရဲ႕ ေရတပ္သားေတြဟာ ေမ်ွာ္လင့္ခ်က္မဲ့ေလာက္ေအာင္ကို
စိတ္ဓာတ္ေတြက်သြားခဲ့ၾကတယ္။
သူတို႔ေလာက္အေျခအေနဆိုးတာ မရွိေလာက္ေအာင္ကို စိတ္မွာထင္ကုန္ၾကတယ္။
ဒါေၾကာင့္
အေမရိကန္တပ္သားေတြရဲ႕ စိတ္ဓာတ္က်ဆင္းမႈ႔ကို ျပန္အဖက္ဆယ္ႏိုင္ဖို႔
အေမရိကန္သမၼတ ရုစဗဲ့ ဟာ ခ်က္စတာနီမစ္ကို ပစိဖိတ္ေရတပ္ရဲ႕
အုပ္ခ်ဳပ္သူအျဖစ္ ခန္႔လိုက္တယ္။
ခ်က္စတာနီမစ္ဟာ တပ္သားေတြစိတ္ဓာတ္ကိုျမႇင့္တင္ေပးဖုိ႔ စိတ္ဓာတ္ စစ္ဆင္ေရး တစ္ခု ကို လုပ္ဖို႔စဥ္းစားမိတယ္။

သူဟာ ပုလဲ ဆိပ္ကမ္းက်ရႈံးေစေသာ အားနည္းခ်က္ကိုအရင္ လိုက္ရွာတယ္။

ထို အားနည္းခ်က္ေတြမွ တဆင့္ တပ္သားေတြ ရဲ႕စိတ္ဓာတ္ကိုျပန္ႏႈိးဆြေပးဖို႔ စီစဥ္လိုက္တယ္။

ပထမဆံုးစစ္သားေတြနဲ႔ေတြ႕ဆံုပြဲ လုပ္ခ်ိန္မွာ သူက

လက္ရွိအေျခအေန ကိုအဆိုးဆံုးလို႔ထင္ေနၾကပါသလား?
တကယ္ေတာ့မဆိုးေသးပါဘူး။ ဂ်ပန္ေလတပ္ေတြသာ အမွား ၃ ခုကို မက်ဴးလြန္ခဲ့ဘူးဆိုရင္
ငါတို႔ ဒီေနရာမွာ ဒီလိုရပ္ၿပီးေတာင္ စကားေျပာနိုင္ၾကမယ္
မထင္ပါဘူးဗ်ာ။”

“အဲ့ဒီအမွား ၃ ခု က ဘာလည္း သိခ်င္ၾကလား?”

တပ္သားေတြ စိတ္ထဲ ထို အမွား ၃ ခုကို သိခ်င္စိတ္ျပင္းျပစြာ ျဖစ္ေပၚလာတယ္။

“ပထမဆံုးအမွားက ပုလဲဆိပ္ကမ္းကို ဗံုးလာႀကဲခ်ိန္ဟာ တနဂၤေႏြေန႔ျဖစ္ေနတာပါပဲ။
တနဂၤေႏြေန႔ဆိုတာ အားလပ္ခ်ိန္ပါ။ အပန္းေျဖခ်ိန္ပါ။ သေဘၤာေပၚမွာ စစ္သား အကုန္မရွိၾကပါဘူး။
သူတို႔ေတြအျခား ေနရာေတြမွာ အနားယူေနၾကတယ္။
တကယ္လို႔ ဂ်ဴတီခ်ိန္ ေတြမွာသာ ဗံုးႀကဲ တိုက္ခိုက္လာခဲ့ရင္
ေသဆံုးစာရင္းက ၃၈၀၀၀ ျဖစ္သြားပါလိမ့္မယ္။”
“ဟုတ္လား ?”

ဟုတ္ေနပါတယ္ ။ ဒီအခ်က္ ကို သူတို႔မေတြးခဲ့ၾကဘူး။
ဒါေၾကာင့္ စိတ္ဓာတ္က်ခဲ့ၾကတယ္။ ခုေတာ့အေသအေပ်ာက္စာရင္းက
အမ်ားႀကီး နည္းသြားခဲ့လို႔ ကံၾကမၼာဟာသူတို႔ဘက္မွာ ရွိေနတာကို
ျမင္သြားၾကတယ္။
တပ္သားေတြစိတ္တက္ႂကြလာတာကိုျမင္လိုက္ရတဲ့ နီမစ္ကေနာက္တစ္ခ်က္ကိုထပ္ေျပာတယ္။

” ဒုတိယ အမွားက ေတာ့ အရမ္း ဆိုးတယ္။ ဒီဂ်ပန္ေတြ တကယ္ဆို သေဘၤာေတြကိုပဲ ဗံုးႀကဲခဲ့တာ သူတို႔ကံဆိုးတာပဲဗ်ာ။
သေဘၤာက်င္းေတြကို မဖ်က္ဆီးခဲ့မိၾကဘူးေလ။ သေဘၤာက်င္းေတြသာပ်က္ဆီးကုန္ရင္ က်န္တဲ့သေဘၤာေတြကမ္းကပ္ႏိုင္မွာမဟုက္သလို။ ပ်က္ဆီးသြားတဲ့သေဘၤာေတြကိုလည္း ျပန္ျပဳျပင္လို႔
ရမွာမဟုတ္ဘူး။ ငါတို႔သေဘာေတြကို မိုင္ေထာင္ခ်ီသြားၿပီးျပဳျပင္ေနရလိမ့္မယ္။ဒါဆိုရင္ေတာ့ ငါတို႔ သြားၿပီ နာလန္ေတာင္ထူႏုိင္မွာမဟုတ္ဘူး။”
“ဟုတ္တယ္မလား”

မွန္တယ္။ တပ္သားေတြ လက္ခုပ္ဝိုင္းတီးၾကတယ္။
စိတ္ဓာတ္ေတြလည္း တက္ႂကြလာၾကတယ္။
ဒီဆံုးရႈံးမႈ႔ဟာ ဘာမွ မဟုတ္တာကို ျမင္လာၾကတယ္။
သူတို႔ ေနာက္အမွား တစ္ခုကို ပိုသိခ်င္လာၾကတယ္။

“တတိယ အမွားကေတာ့”

အားလုံုး စိတ္လႈပ္ရွားေနၾကတယ္။ေသခ်ာနားစြင့္ေနၾကတယ္။

နီမစ္ က က်ယ္ေလာင္စြာပဲ ေျပာလိုက္တယ္။

” ဂ်ပန္ေတြ သိပ္ တံုးတယ္။ သူတို႔ဟာ ငါတို႔ ျပန္တိုက္ခိုက္ႏုိင္ဖို႔ ကလဲ့စားေခ်ဖို႔အတြက္
အားအင္ေတြ ကို အျပည့္ခ်န္ထားေပးခဲ့တယ္။ အဲ့ဒါက ေလာင္စာဆီေတြပဲ။
ေလာင္စာဆီကန္ေတြ ဟာ ငါတို႔သေဘၤာက်ဥ္းနဲ႔ ၅ မိုင္အကြာေတာင္ထိပ္မွာ ရွိေနတယ္။
ဒီ ကန္ေတြကိုပါ ဗံုးႀကဲခဲ့ၾကရင္ ငါတို႔မွာရွိသမ်ွ တိုက္ေလယဉ္ေတြသေဘၤာေတြဟာ
အလကားပဲကြ။”

အကုန္ စိတ္ဓာတ္ေတြ တစ္ဝုန္းဝုန္ႂကြတက္လာၾကတယ္။

“ဂ်ပန္ေတြ ဘာလို႔ဒီအမွားေတြ က်ဴးလြန္ခဲ့သလည္း သိၾကလား?။
အေျဖကရွင္းတယ္ ။ ဘုရားသခင္ဟာ ငါတို႔ဘက္မွာအၿမဲရွိေနခဲ့တယ္။
ငါတို႔ကိုကူညီခဲ့တယ္။”

လက္ခုပ္သံေတြ ဆူညံစြာထြက္ေပၚလာတယ္။
ေႂကြးေၾကာ္သံေတြ ညံထြက္လာတယ္။

အရႈံးထဲ က ေန အေကာင္းျမင္စိတ္နဲ႔ မိမိဘက္မွာရွိနိုင္ေသာရႏုိင္ေသာ
အခြင့္အေရးကို ျမင္လိုက္ရခ်ိန္မွာ အားအင္ေတြ လံုးဝ တက္ႂကြသြားၾကတယ္။

အဲ့ေနာက္မွာေတာ့ အေမရိကန္ေရတပ္ဟာ ဂ်ပန္ေတြထိန္ခ်ဳပ္ထားေသာ
Marshall နဲ႔ Gilbert ကြ်န္းေတြကိုရုတ္တရက္ျပန္သိမ္းလိုက္တယ္။
ဂ်ပန္စစ္သေဘၤာ ၈ စီးကိုျမဳပ္ပစ္လိုက္တယ္။

ေတာက္ေလ်ွာက္ပစိဖိတ္ စစ္မ်က္ႏွာျပင္မွာ ဂ်ပန္ေလယာဥ္ေတြ စစ္သေဘာေတြကို
ေရေအာက္ျမဳပ္ျပလိုက္တယ္။

ေနာက္ဆံုး လက္နက္မခ်ႏိုင္တဲ့ဂ်ပန္ေတြကို ၁၉၄၅ ၾသဂုတ္ ၆မွာ
ဟီရိုးရွီးမား ၾသဂုတ္ ၉ မွာနာဂါဆကီ ၿမိဳ႕၂ၿမိဳ႕ ကို
အႏုျမဴဗံုႀကဲခ်ၿပီး ဒုတိယကမ႓စစ္ကိုအႏုိင္ယူလိုက္ၾကတယ္။

ဒီေနရာမွာစဉ္းစားၾကည့္ရေအာင္
တကယ္လို႔ ပုလဲဆိပ္ကမ္း ရႈံးနိမ့္မ႔ႈမွာကထဲက အေမရိကန္ေတြသာ
စိတ္ဓာတ္က်ၿပီး အရႈံးကိုသာ လက္ခံခဲ့ၾကရင္
ယေန႔ ေခတ္ super power ႏုိင္ငံအျဖစ္ရပ္တည္ႏုိင္မွာမဟုတ္ပါဘူး။

ဒီလိုမ်က္ေမွာက္ေခတ္ေအာင္ျမင္မႈ႔ ရရွိေစေသာအေၾကာင္းျပခ်က္က
ရိုးရိုးေလးပါ။

” အရႈံးကို လက္မခံလိုက္ပါနဲ႔ ”

အရႈံးကို လက္မခံေသးသမ်ွကာလပက္လံုး သင့္မွာ ေအာင္ျမင္ဖို႔90%ရွိေနပါေသးတယ္။

ဘာလို႔အဆင္မေျပျဖစ္တိုင္းစိတ္ဓာတ္က်ၾကမွာလဲ…
အေကာင္းေလးေတြ ျမင္ၾကည့္ၾကပါ။
ဘယ္ေလာက္ဆိုးတဲ့အေျခအေနမွာပဲ ျဖစ္ျဖစ္ သင္သာအေကာင္းျမင္တတ္ရင္
သင့္အတြက္ သင့္ဘက္မွာ ကံတရား ရွိတာျမင္လာပါလိမ့္မယ္။

ဒါဆို ဘာလို႔ ေနာက္တခါ ျပန္မႀကိဳးစားႏိုင္ရမွာလဲ

သင္ လဲက်မွာ လုံးဝမစိတ္မပူမိပါဘူး
သင္ ျပန္မထႏုိင္မွာကုိသာ စိတ္ပူမိပါတယ္။

ျပန္ထလာႏိုင္ဖို႔လည္း အားအင္ေတြေပးႏိုင္ပါတယ္။

ဒီကေန႔ ႀကံဳေနရတဲ့အခက္အခဲဆိုတာ
အနာဂါတ္မွာ သင့္ကိုပိုမိုေအာင္ျမင္ေစမယ့္တြန္းကန္အားဆိုတာ

ျမင္ၿပီလား ?
ျမင္တတ္ျပီလား ?

ေအာင္ျမင္မႈ႔ဆီ အတူတူသြားၾကရေအာင္ဗ်ာ

ကြ်န္ေတာ္ရဲရဲႀကီးေျပာရဲတယ္

“သင္ လံုးဝ ေအာင္ျမင္ရမယ္
သင္ လံုးဝ ေအာင္ျမင္ရမယ္
သင္ လံုးဝ ေအာင္ျမင္ရမယ္”

Yes We Can
Yes We Can
Yes We Can

Yes…….

Credit.‪#‎Drေက်ာ္စြာလင္း‬


***** အရှုံးထဲက အနိုင်ပြန်ယူပါ*****

ဒုတိယကမ႓စစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့

အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။
စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။၆ စင်းက သုံးလို့မရတော့ဘူး။
ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။
သေဆုံးသူ ၃၈၀၀။

အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီးကျသွားကြတယ်။
ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက်အောင်ကို
စိတ်ဓာတ်တွေကျသွားခဲ့ကြတယ်။
သူတို့လောက်အခြေအနေဆိုးတာ မရှိလောက်အောင်ကို စိတ်မှာထင်ကုန်ကြတယ်။
ဒါကြောင့်
အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှု့ကို ပြန်အဖက်ဆယ်နိုင်ဖို့
အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့
အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။
ချက်စတာနီမစ်ဟာ တပ်သားတွေစိတ်ဓာတ်ကိုမြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။

သူဟာ ပုလဲ ဆိပ်ကမ်းကျရှုံးစေသော အားနည်းချက်ကိုအရင် လိုက်ရှာတယ်။

ထို အားနည်းချက်တွေမှ တဆင့် တပ်သားတွေ ရဲ့စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။

ပထမဆုံးစစ်သားတွေနဲ့တွေ့ဆုံပွဲ လုပ်ချိန်မှာ သူက

လက်ရှိအခြေအနေ ကိုအဆိုးဆုံးလို့ထင်နေကြပါသလား?
တကယ်တော့မဆိုးသေးပါဘူး။ ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူးဆိုရင်
ငါတို့ ဒီနေရာမှာ ဒီလိုရပ်ပြီးတောင် စကားပြောနိုင်ကြမယ်
မထင်ပါဘူးဗျာ။”

“အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား?”

တပ်သားတွေ စိတ်ထဲ ထို အမှား ၃ ခုကို သိချင်စိတ်ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။

“ပထမဆုံးအမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ဖြစ်နေတာပါပဲ။
တနင်္ဂနွေနေ့ဆိုတာ အားလပ်ချိန်ပါ။ အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။
သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။
တကယ်လို့ ဂျူတီချိန် တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင်
သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်။”
“ဟုတ်လား ?”

ဟုတ်နေပါတယ် ။ ဒီအချက် ကို သူတို့မတွေးခဲ့ကြဘူး။
ဒါကြောင့် စိတ်ဓာတ်ကျခဲ့ကြတယ်။ ခုတော့အသေအပျောက်စာရင်းက
အများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာသူတို့ဘက်မှာ ရှိနေတာကို
မြင်သွားကြတယ်။
တပ်သားတွေစိတ်တက်ကြွလာတာကိုမြင်လိုက်ရတဲ့ နီမစ်ကနောက်တစ်ချက်ကိုထပ်ပြောတယ်။

” ဒုတိယ အမှားက တော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ကံဆိုးတာပဲဗျာ။
သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိကြဘူးလေ။ သင်္ဘောကျင်းတွေသာပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေကမ်းကပ်နိုင်မှာမဟုက်သလို။ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့
ရမှာမဟုတ်ဘူး။ ငါတို့သဘောတွေကို မိုင်ထောင်ချီသွားပြီးပြုပြင်နေရလိမ့်မယ်။ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင်ထူနိုင်မှာမဟုတ်ဘူး။”
“ဟုတ်တယ်မလား”

မှန်တယ်။ တပ်သားတွေ လက်ခုပ်ဝိုင်းတီးကြတယ်။
စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။
ဒီဆုံးရှုံးမှု့ဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။
သူတို့ နောက်အမှား တစ်ခုကို ပိုသိချင်လာကြတယ်။

“တတိယ အမှားကတော့”

အားလုံး စိတ်လှုပ်ရှားနေကြတယ်။သေချာနားစွင့်နေကြတယ်။

နီမစ် က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။

” ဂျပန်တွေ သိပ် တုံးတယ်။ သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့အတွက်
အားအင်တွေ ကို အပြည့်ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။
လောင်စာဆီကန်တွေ ဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာတောင်ထိပ်မှာ ရှိနေတယ်။
ဒီ ကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာရှိသမျှ တိုက်လေယဉ်တွေသင်္ဘောတွေဟာ
အလကားပဲကွ။”

အကုန် စိတ်ဓာတ်တွေ တစ်ဝုန်းဝုန်ကြွတက်လာကြတယ်။

“ဂျပန်တွေ ဘာလို့ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား?။
အဖြေကရှင်းတယ် ။ ဘုရားသခင်ဟာ ငါတို့ဘက်မှာအမြဲရှိနေခဲ့တယ်။
ငါတို့ကိုကူညီခဲ့တယ်။”

လက်ခုပ်သံတွေ ဆူညံစွာထွက်ပေါ်လာတယ်။
ကြွေးကြော်သံတွေ ညံထွက်လာတယ်။

အရှုံးထဲ က နေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာရှိနိုင်သောရနိုင်သော
အခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။

အဲ့နောက်မှာတော့ အမေရိကန်ရေတပ်ဟာ ဂျပန်တွေထိန်ချုပ်ထားသော
Marshall နဲ့ Gilbert ကျွန်းတွေကိုရုတ်တရက်ပြန်သိမ်းလိုက်တယ်။
ဂျပန်စစ်သင်္ဘော ၈ စီးကိုမြုပ်ပစ်လိုက်တယ်။

တောက်လျှောက်ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကို
ရေအောက်မြုပ်ပြလိုက်တယ်။

နောက်ဆုံး လက်နက်မချနိုင်တဲ့ဂျပန်တွေကို ၁၉၄၅ ဩဂုတ် ၆မှာ
ဟီရိုးရှီးမား ဩဂုတ် ၉ မှာနာဂါဆကီ မြို့၂မြို့ ကို
အနုမြူဗုံကြဲချပြီး ဒုတိယကမ႓စစ်ကိုအနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာစဉ်းစားကြည့်ရအောင်
တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မ့ႈမှာကထဲက အမေရိကန်တွေသာ
စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင်
ယနေ့ ခေတ် super power နိုင်ငံအဖြစ်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

ဒီလိုမျက်မှောက်ခေတ်အောင်မြင်မှု့ ရရှိစေသောအကြောင်းပြချက်က
ရိုးရိုးလေးပါ။

” အရှုံးကို လက်မခံလိုက်ပါနဲ့ ”

အရှုံးကို လက်မခံသေးသမျှကာလပက်လုံး သင့်မှာ အောင်မြင်ဖို့90%ရှိနေပါသေးတယ်။

ဘာလို့အဆင်မပြေဖြစ်တိုင်းစိတ်ဓာတ်ကျကြမှာလဲ…
အကောင်းလေးတွေ မြင်ကြည့်ကြပါ။
ဘယ်လောက်ဆိုးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ် သင်သာအကောင်းမြင်တတ်ရင်
သင့်အတွက် သင့်ဘက်မှာ ကံတရား ရှိတာမြင်လာပါလိမ့်မယ်။

ဒါဆို ဘာလို့ နောက်တခါ ပြန်မကြိုးစားနိုင်ရမှာလဲ

သင် လဲကျမှာ လုံးဝမစိတ်မပူမိပါဘူး
သင် ပြန်မထနိုင်မှာကိုသာ စိတ်ပူမိပါတယ်။

ပြန်ထလာနိုင်ဖို့လည်း အားအင်တွေပေးနိုင်ပါတယ်။

ဒီကနေ့ ကြုံနေရတဲ့အခက်အခဲဆိုတာ
အနာဂါတ်မှာ သင့်ကိုပိုမိုအောင်မြင်စေမယ့်တွန်းကန်အားဆိုတာ

မြင်ပြီလား ?
မြင်တတ်ပြီလား ?

အောင်မြင်မှု့ဆီ အတူတူသွားကြရအောင်ဗျာ

ကျွန်တော်ရဲရဲကြီးပြောရဲတယ်

“သင် လုံးဝ အောင်မြင်ရမယ်
သင် လုံးဝ အောင်မြင်ရမယ်
သင် လုံးဝ အောင်မြင်ရမယ်”

Yes We Can
Yes We Can
Yes We Can

Yes…….

Credit.‪#‎Drကျော်စွာလင်း‬