ကြန္ဒံုးအသြင္အျပင္မ်ား

ကြန္ဒံုးအသြင္အျပင္မ်ား

၁။ ေခ်ာဆီပါ၀င္မႈကို ႀကိဳက္မႀကိဳက္ ဆံုးျဖတ္ပါ။

အခ်ိဳ႕ေသာ ကြန္ဒံုးအမ်ိဳးအစားေတြက ေခ်ာဆီသုတ္လိမ္းထားၿပီးသား ျဖစ္တတ္ပါတယ္။ ဒီေခ်ာဆီက သင့္ပစၥည္းေပၚမွာ ကြန္ဒံုး၀တ္ဆင္ရလြယ္ကူးေအာင္ ကူညီေပးႏိုင္သလို လိင္ဆက္ဆံရာမွာလည္း ပြတ္တိုက္မႈအားနည္းေစတဲ့အတြက္ သက္ေတာင့္သက္သာရွိၿပီး ေပါက္ျပဲမသြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေခ်ာဆီပါၿပီးသားကြန္ဒံုးေတြကို အလြယ္တကူ၀ယ္ယူလို႔လည္း ရႏိုင္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕လူေတြက ေခ်ာဆီကို သီးျခား၀ယ္ယူအသံုးျပဳရတာကို သေဘာက်တတ္ၾကပါတယ္။ ဒီလိုဆိုရင္ေတာ့ ကြန္ဒံုးအမ်ိဳးအစားနဲ႔ လိုက္ဖက္တဲ့ေခ်ာဆီကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။

– ေရနဲ႔ ဆီလီကြန္ အေျချပဳထုတ္လုပ္ထားတဲ့ ေခ်ာဆီေတြက ဘယ္လိုကြန္ဒံုးမ်ိဳးနဲ႔ မဆိုအသံုးျပဳလို႔ရပါတယ္။

– ဆီအေျချပဳ ေခ်ာဆီေတြကေတာ့ Polyurethane နဲ႔ Tactylone အမ်ိဳးအစားကြန္ဒံုးေတြမွာသာ သံုးသင့္ပါတယ္။ ဆီအေျချပဳေခ်ာဆီေတြကို Latex ေရာ္ဘာသားနဲ႔ Lambskin သားကြန္ဒံုးေတြမွာ မသံုးသင့္ပါဘူး။

– တကယ္လို႔ အကာအကြယ္ပိုေကာင္းေစခ်င္ရင္ သုက္ပိုးေတြကို ရွင္းလင္းေပးႏိုင္တဲ့ ေခ်ာဆီနဲ႔ ကြန္ဒံုးေတြ ရွိပါတယ္။ ဒီေခ်ာဆီမ်ိဳးကေတာ့ သုက္လႊတ္ခ်ိန္မွာ သုက္ပိုးပမာဏမ်ားစြာကို သုတ္သင္ေပးႏိုင္တဲ့အတြက္ အခန္႔မသင့္လို႔ ကြန္ဒံုးေပါက္ျပဲသြားခဲ့ရင္ေတာင္မွ ကိုယ္၀န္မရေစဖို႔အတြက္ အကာအကြယ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ အားနည္းခ်က္အေနနဲ႔ တစ္ခါတစ္ရံမွာ ဓာတ္မတည့္မႈ၊ ယားယံမႈ၊ အေရျပားေလာင္ကၽြမ္းမႈနဲ႔ ဆီးလမ္းေၾကာင္း ပိုး၀င္တာေတြ ျဖစ္တတ္ပါတယ္။

၂။ ဘယ္လိုမ်က္ႏွာျပင္ပံုစံမ်ိဳးက အေကာင္းဆံုးျဖစ္မလဲ ဆံုးျဖတ္ပါ။

လူတစ္ခ်ိဳ႕ကေတာ့ ဘဘာ၀အတိုင္းအထိအေတြ႕ကို ခံစားရေစႏိုင္မယ့္ ကြန္ဒံုးမ်ိဳးေတြကို သေဘာက်ၾကၿပီး တစ္ခ်ိဳ႕ေတြကေတာ့ အဖုအထစ္ေလးေတြ ပါ၀င္တဲ့ကြန္ဒံုးမ်ိဳးက ပိုၿပီးလႈံ႕ေဆာ္မႈေပးႏိုင္တဲ့အတြက္ သေဘာက်တတ္ၾကပါတယ္။ ကြန္ဒံုးမ်က္ႏွာျပင္ပံုစံတစ္ခုစီမွာ မတူညီတဲ့ ခံစားမႈကိုေပးစြမ္းႏိုင္မႈေတြ ရွိေနတာေၾကာင့္ သင့္အတြက္ ခံစားမႈအေကာင္းဆံုးျဖစ္ေစမယ့္ မ်က္ႏွာျပင္ပံုစံမ်ိဳးကို ေရြးခ်ယ္ပါ။ သင့္အေဖာ္နဲ႔ ပထမဆံုးအႀကိမ္ဆက္ဆံမွာဆိုရင္ေတာ့ အဖုအထစ္ေတြမပါရွိတဲ့ သာမာန္အမ်ိဳးမစားက အေကာင္းဆံုးျဖစ္ပါတယ္။ တစ္ေယာက္အႀကိဳက္ကို တစ္ေယာက္ကသိလာၿပီဆိုမွ အျခားမ်က္ႏွာျပင္အမ်ိဳးအစားေတြကို စမ္းသပ္ၾကည့္သင့္ပါတယ္။

၃။ ထိေတြ႕ခံစားမႈပမာဏကို ဆံုးျဖတ္ပါ။

ကြန္ဒံုးေတြမွာ Extra sensitive ဒါမွမဟုတ္ ultra sensitive စသျဖင့္ ေလဘယ္ထိုးထားတာကို ေတြ႕ႏိုင္ပါတယ္။ ဒီလိုကြန္ဒံုးမ်ိဳးေတြက တတ္ႏိုင္သမွ် အပါးလႊာဆံုးနဲ႔ ၀တ္လို၀တ္ထားမွန္း မသိသာေအာင္ ဖန္တီးျပဳလုပ္ထားပါတယ္။ ဒါ့ေၾကာင့္ အေကာင္းဆံုးထိေတြ႕ခံစားမႈကို ေပးစြမ္းႏိုင္ၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕အမ်ိဳးသားေတြကေတာ့ လိင္ဆက္ဆံေနခ်ိန္မွာ ကြန္ဒံုး၀တ္ထားတာကို သိေနရတဲ့ ခံစားခ်က္ကို ပိုၿပီးသေဘာက်တတ္ၾကတတ္သလို ပိုၿပီးစိတ္ခ်ယုံၾကည္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ေရာ ဘယ္ေလာက္အတိုင္းအတာအထိ ခံစားမႈရရွိခ်င္တာလဲဆိုတာကို ဆံုးျဖတ္ထားဖို႔ လိုပါတယ္။

၄။ အဆင္ေျပဆံုးျဖစ္ေစမည့္ အေရာင္ႏွင့္ အနံ႔ကို ေရြးခ်ယ္ပါ။

သာမန္ကြန္ဒံုးအမ်ားစုက အၾကည္ေရာင္ျဖစ္တဲ့အတြက္ ၀တ္ဆင္ထားမယ္ဆိုရင္လည္း သင့္ပင္ကိုယ္အသားေရာင္အတိုင္းပဲ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အေရာင္ေလးေတြနဲ႔ကို ပိုၿပီးသေဘာက်တယ္ဆိုရင္ေတာ့ ဘယ္အေရာင္နဲ႔မဆို ရႏိုင္ပါတယ္။ ဒါ့အျပင္ အနံ႔အမ်ိဳးမ်ိဳးနဲ႔လည္း ရႏိုင္ပါတယ္။

ကြန္ဒံုး၀ယ္ယူျခင္း

၁။ ေဆးဆိုင္မ်ားတြင္ ရွာေဖြပါ။

ေဆးဆိုင္ေတြမွာဆိုရင္ ကြန္ဒံုးအမ်ိဳးအစားေပါင္းစံုကို ရရွိႏိုင္ပါတယ္။ သင့္အတြက္ အဆင္အေျပဆံုးျဖစ္ေစမယ့္ အမ်ိဳးအစား၊ အရြယ္အစား၊ ပံုစံကို စိတ္ႀကိဳက္ေရြးခ်ယ္၀ယ္ယူႏိုင္မွာပါ။

၂။ အြန္လိုင္းမွ ၀ယ္ယူပါ။

တကယ္လို႔ ဆူပါမားကတ္ေတြ၊ ေဆးဆိုင္ေတြမွာ သြား၀ယ္ရမွာကို ရွက္တယ္ဆိုရင္ေတာ့ အြန္လိုင္းအေရာင္းဆိုင္ေတြကေန မွာယူႏိုင္ပါတယ္။ ဒါဆိုရင္ အိမ္အေရာက္လာပို႔ေပးမွာ ျဖစ္တဲ့အတြက္ ရွက္စရာသိပ္မလိုေတာ့ပါဘူး။

၃။ အမ်ားႀကီး၀ယ္ယူပါ။

လက္လီစိတ္ၿပီး နည္းနည္းခ်င္းစီ၀ယ္ယူတာက အမ်ားႀကီးတစ္ခါတည္း၀ယ္တာထက္ ေစ်းပိုႀကီးပါတယ္။ ဒါ့ေၾကာင့္ လက္ကားေစ်းႏႈန္းသင့္တင့္တဲ့ အေရာင္းဆိုင္ကို ရွာေဖြ၀ယ္ယူသင့္ပါတယ္။

၄။ သက္တမ္းကုန္ဆံုးရက္ကို အျမဲတမ္းစစ္ေဆးပါ။

ကြန္ဒံုးေတြက အျမဲတမ္းအသံုးခံတဲ့အရာေတြ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ မ၀ယ္ခင္မွာ သက္တမ္းကုန္ဆံုးရက္ကို အရင္စစ္ေဆးသင့္ပါတယ္။

အမ်ိဳးသားတိုုင္းအတြက္ ေရြးခ်ယ္စရာ ကြန္ဒံုုးအမ်ိဳးအစားကေတာ့ Okamoto ကထုုတ္လုုပ္လိုုက္တဲ့ ကြန္ဒံုုးအမ်ိဳးအစားအမ်ားၾကီးထဲမွာမွ ကမာၻ႕နံပါတ္တစ္အဆင့္ကိုု ဆယ္ႏွစ္ ရထားတဲ့ Crown လိုု႕ေခၚတဲ့အမ်ိဳးအစားကိုု ညႊန္းျပခ်င္ပါတယ္. ေဘးကင္းလံုုျခံဳမႈအတြက္ စိတ္ပူစရာမလိုုတဲ့အျပင္ ပါးလႊာ တဲ့အတြက္ ေက်နပ္မႈ အျပည့္အ၀ရေစ ရမယ္လိုု႕ Okamoto ကအာမခံထားပါတယ္။

ေရြးရခက္ေနရင္ေတာ့ Okamoto skinless Condoms ကိုုသာေ၇ြးခ်ယ္ၾကည့္ပါ. G&G mini mart ေတြမွာအလြယ္တကူ၀ယ္လိုု႕ရႏိုုင္ပါတယ္။


ကွန်ဒုံးအသွင်အပြင်များ

၁။ ချောဆီပါဝင်မှုကို ကြိုက်မကြိုက် ဆုံးဖြတ်ပါ။

အချို့သော ကွန်ဒုံးအမျိုးအစားတွေက ချောဆီသုတ်လိမ်းထားပြီးသား ဖြစ်တတ်ပါတယ်။ ဒီချောဆီက သင့်ပစ္စည်းပေါ်မှာ ကွန်ဒုံးဝတ်ဆင်ရလွယ်ကူးအောင် ကူညီပေးနိုင်သလို လိင်ဆက်ဆံရာမှာလည်း ပွတ်တိုက်မှုအားနည်းစေတဲ့အတွက် သက်တောင့်သက်သာရှိပြီး ပေါက်ပြဲမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ချောဆီပါပြီးသားကွန်ဒုံးတွေကို အလွယ်တကူဝယ်ယူလို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေက ချောဆီကို သီးခြားဝယ်ယူအသုံးပြုရတာကို သဘောကျတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ ကွန်ဒုံးအမျိုးအစားနဲ့ လိုက်ဖက်တဲ့ချောဆီကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

– ရေနဲ့ ဆီလီကွန် အခြေပြုထုတ်လုပ်ထားတဲ့ ချောဆီတွေက ဘယ်လိုကွန်ဒုံးမျိုးနဲ့ မဆိုအသုံးပြုလို့ရပါတယ်။

– ဆီအခြေပြု ချောဆီတွေကတော့ Polyurethane နဲ့ Tactylone အမျိုးအစားကွန်ဒုံးတွေမှာသာ သုံးသင့်ပါတယ်။ ဆီအခြေပြုချောဆီတွေကို Latex ရော်ဘာသားနဲ့ Lambskin သားကွန်ဒုံးတွေမှာ မသုံးသင့်ပါဘူး။

– တကယ်လို့ အကာအကွယ်ပိုကောင်းစေချင်ရင် သုက်ပိုးတွေကို ရှင်းလင်းပေးနိုင်တဲ့ ချောဆီနဲ့ ကွန်ဒုံးတွေ ရှိပါတယ်။ ဒီချောဆီမျိုးကတော့ သုက်လွှတ်ချိန်မှာ သုက်ပိုးပမာဏများစွာကို သုတ်သင်ပေးနိုင်တဲ့အတွက် အခန့်မသင့်လို့ ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင်တောင်မှ ကိုယ်ဝန်မရစေဖို့အတွက် အကာအကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်အနေနဲ့ တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှု၊ ယားယံမှု၊ အရေပြားလောင်ကျွမ်းမှုနဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။

၂။ ဘယ်လိုမျက်နှာပြင်ပုံစံမျိုးက အကောင်းဆုံးဖြစ်မလဲ ဆုံးဖြတ်ပါ။

လူတစ်ချို့ကတော့ ဘဘာဝအတိုင်းအထိအတွေ့ကို ခံစားရစေနိုင်မယ့် ကွန်ဒုံးမျိုးတွေကို သဘောကျကြပြီး တစ်ချို့တွေကတော့ အဖုအထစ်လေးတွေ ပါဝင်တဲ့ကွန်ဒုံးမျိုးက ပိုပြီးလှုံ့ဆော်မှုပေးနိုင်တဲ့အတွက် သဘောကျတတ်ကြပါတယ်။ ကွန်ဒုံးမျက်နှာပြင်ပုံစံတစ်ခုစီမှာ မတူညီတဲ့ ခံစားမှုကိုပေးစွမ်းနိုင်မှုတွေ ရှိနေတာကြောင့် သင့်အတွက် ခံစားမှုအကောင်းဆုံးဖြစ်စေမယ့် မျက်နှာပြင်ပုံစံမျိုးကို ရွေးချယ်ပါ။ သင့်အဖော်နဲ့ ပထမဆုံးအကြိမ်ဆက်ဆံမှာဆိုရင်တော့ အဖုအထစ်တွေမပါရှိတဲ့ သာမာန်အမျိုးမစားက အကောင်းဆုံးဖြစ်ပါတယ်။ တစ်ယောက်အကြိုက်ကို တစ်ယောက်ကသိလာပြီဆိုမှ အခြားမျက်နှာပြင်အမျိုးအစားတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။

၃။ ထိတွေ့ခံစားမှုပမာဏကို ဆုံးဖြတ်ပါ။

ကွန်ဒုံးတွေမှာ Extra sensitive ဒါမှမဟုတ် ultra sensitive စသဖြင့် လေဘယ်ထိုးထားတာကို တွေ့နိုင်ပါတယ်။ ဒီလိုကွန်ဒုံးမျိုးတွေက တတ်နိုင်သမျှ အပါးလွှာဆုံးနဲ့ ဝတ်လိုဝတ်ထားမှန်း မသိသာအောင် ဖန်တီးပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးထိတွေ့ခံစားမှုကို ပေးစွမ်းနိုင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အမျိုးသားတွေကတော့ လိင်ဆက်ဆံနေချိန်မှာ ကွန်ဒုံးဝတ်ထားတာကို သိနေရတဲ့ ခံစားချက်ကို ပိုပြီးသဘောကျတတ်ကြတတ်သလို ပိုပြီးစိတ်ချယုံကြည်တတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ရော ဘယ်လောက်အတိုင်းအတာအထိ ခံစားမှုရရှိချင်တာလဲဆိုတာကို ဆုံးဖြတ်ထားဖို့ လိုပါတယ်။

၄။ အဆင်ပြေဆုံးဖြစ်စေမည့် အရောင်နှင့် အနံ့ကို ရွေးချယ်ပါ။

သာမန်ကွန်ဒုံးအများစုက အကြည်ရောင်ဖြစ်တဲ့အတွက် ဝတ်ဆင်ထားမယ်ဆိုရင်လည်း သင့်ပင်ကိုယ်အသားရောင်အတိုင်းပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရောင်လေးတွေနဲ့ကို ပိုပြီးသဘောကျတယ်ဆိုရင်တော့ ဘယ်အရောင်နဲ့မဆို ရနိုင်ပါတယ်။ ဒါ့အပြင် အနံ့အမျိုးမျိုးနဲ့လည်း ရနိုင်ပါတယ်။

ကွန်ဒုံးဝယ်ယူခြင်း

၁။ ဆေးဆိုင်များတွင် ရှာဖွေပါ။

ဆေးဆိုင်တွေမှာဆိုရင် ကွန်ဒုံးအမျိုးအစားပေါင်းစုံကို ရရှိနိုင်ပါတယ်။ သင့်အတွက် အဆင်အပြေဆုံးဖြစ်စေမယ့် အမျိုးအစား၊ အရွယ်အစား၊ ပုံစံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပါ။

၂။ အွန်လိုင်းမှ ဝယ်ယူပါ။

တကယ်လို့ ဆူပါမားကတ်တွေ၊ ဆေးဆိုင်တွေမှာ သွားဝယ်ရမှာကို ရှက်တယ်ဆိုရင်တော့ အွန်လိုင်းအရောင်းဆိုင်တွေကနေ မှာယူနိုင်ပါတယ်။ ဒါဆိုရင် အိမ်အရောက်လာပို့ပေးမှာ ဖြစ်တဲ့အတွက် ရှက်စရာသိပ်မလိုတော့ပါဘူး။

၃။ အများကြီးဝယ်ယူပါ။

လက်လီစိတ်ပြီး နည်းနည်းချင်းစီဝယ်ယူတာက အများကြီးတစ်ခါတည်းဝယ်တာထက် ဈေးပိုကြီးပါတယ်။ ဒါ့ကြောင့် လက်ကားဈေးနှုန်းသင့်တင့်တဲ့ အရောင်းဆိုင်ကို ရှာဖွေဝယ်ယူသင့်ပါတယ်။

၄။ သက်တမ်းကုန်ဆုံးရက်ကို အမြဲတမ်းစစ်ဆေးပါ။

ကွန်ဒုံးတွေက အမြဲတမ်းအသုံးခံတဲ့အရာတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် မဝယ်ခင်မှာ သက်တမ်းကုန်ဆုံးရက်ကို အရင်စစ်ဆေးသင့်ပါတယ်။

အမျိုးသားတိုင်းအတွက် ရွေးချယ်စရာ ကွန်ဒုံးအမျိုးအစားကတော့ Okamoto ကထုတ်လုပ်လိုက်တဲ့ ကွန်ဒုံးအမျိုးအစားအများကြီးထဲမှာမှ ကမ္ဘာ့နံပါတ်တစ်အဆင့်ကို ဆယ်နှစ် ရထားတဲ့ Crown လို့ခေါ်တဲ့အမျိုးအစားကို ညွှန်းပြချင်ပါတယ်. ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူစရာမလိုတဲ့အပြင် ပါးလွှာ တဲ့အတွက် ကျေနပ်မှု အပြည့်အဝရစေ ရမယ်လို့ Okamoto ကအာမခံထားပါတယ်။

ရွေးရခက်နေရင်တော့ Okamoto skinless Condoms ကိုသာရွေးချယ်ကြည့်ပါ. G&G mini mart တွေမှာအလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

Related Posts

%%footer%%