လိင္မႈဘ၀သာယာေရးအတြက္ Testosterone တိုးျမင့္ေစမည့္ နည္းလမ္းမ်ား
Testosterone ဆိုတာကေတာ့ အမ်ိဳးသားေတြအတြက္ အေရးႀကီးတဲ့ ေဟာ္မုန္းတစ္မ်ိဳးျဖစ္ပါတယ္။ အမ်ိဳးသားလိင္အဂၤါပစၥည္းေတြ ဖြံ႕ၿဖိဳးဖို႔အတြက္ေရာ ၾကြက္သားနဲ႔ အ႐ိုးႀကီးထြာဖို႔၊ ခႏၶာကိုယ္အေမႊးအမွ်င္ေတြ ေပါက္ဖို႔အတြက္တို႔ကိုပါ အေရးႀကီးပါတယ္။ အထူးသျဖင့္ေတာ့ လိင္မႈကိစၥစြမ္းေဆာင္ရည္အတြက္ သက္ေရာက္မႈရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္ရဲ႕ Testosterone ပမာဏကို သဘာ၀အတိုင္း တိုးတက္မ်ားျပားလာၿပီး ခႏၶာကို္ယ္ေတာင့္တင္းမႈနဲ႔ အိပ္ရာအတြင္းစြမ္းေဆာင္ရည္ေကာင္းလာေစဖို႔ ႐ိုးရွင္းလြယ္ကူတဲ့ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။
ပိုတက္ဆီယမ္ဓာတ္ၾကြယ္၀သည့္ စားစရာမ်ား မ်ားမ်ားစားပါ။
အခုေခတ္အမ်ိဳးသား (၃)ေယာက္မွာ (၁)ေယာက္က ေသြးဖိအားမ်ားတဲ့ျပႆနာကို ရင္ဆိုင္ေနၾကရပါတယ္။ ဒီျပႆနာက သင့္ရဲ႕ႏွလံုးကို ဆိုးက်ိဳးေပးၿပီး ေသြးလည္ပတ္စီးဆင္းမႈကို ခ်ိဳ႕ယြင္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားလိင္အဂၤါေထာင္မတ္မႈကို အားနည္းေစႏိုင္ပါတယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ ပိုတက္ဆီယမ္ဓာတ္က ကူညီေပးႏိုင္ပါတယ္။ ပိုတက္ဆီယမ္ဓာတ္ပါရွိတဲ့ စားေသာက္စရာေတြ မွီ၀ဲေပးျခင္းအားျဖင့္ သင့္ရဲ႕ေသြးဖိအားကို က်န္းမာေရးနဲ႔ညီညြတ္တဲ့ပမာဏမွာ ရွိေနေစပါတယ္။ ပိုတက္ဆီယမ္ဓာတ္ၾကြယ္၀တဲ့ စားေသာက္စရာေတြကေတာ့ အာလူး၊ ဟင္းႏုႏြယ္၊ သခြားေမႊး၊ ခရမ္းခ်ဥ္သီး၊ သစ္ေတာ္သီး၊ ငွက္ေပ်ာသီး၊ ကီ၀ီသီးနဲ႔ ဒိန္ခ်ဥ္တို႔ ျဖစ္ပါတယ္။
အငံစားသံုးမႈကို ေလွ်ာ့ခ်ပါ။
အငံဓာတ္၊ ဆိုဒီယမ္ဟာ ခႏၶာကိုယ္အတြင္း ေရနဲ႔အတူလွည့္ပတ္ပါတယ္။ ဆားငံတာေတြ မ်ားမ်ားစားရင္ ေသြးေၾကာေတြတေလွ်ာက္ ခႏၶာကိုယ္အႏွံ႔ကို ေရာက္ရွိသြားၿပီး ေသြးဖိအားကိုတိုးေစပါတယ္။ ေသြးဖိအားမ်ားျခင္းက လိင္တံေထာင္မတ္မႈကို အားနည္းေစပါတယ္။ ဒါ့ေၾကာင့္ ေသြးဖိအား ပံုမွန္ျဖစ္ဖို႔အတြက္ တစ္ေန႔ကို ဆိုဒီယမ္ပမာဏ (၂၃၀၀)မီလီဂရမ္ထက္မပိုေအာင္ စားေပးဖို႔ လိုပါတယ္။ ၾကာရွည္ခံဖို႔အတြက္ ျပဳျပင္ထားတဲ့အသားေတြမွာနဲ႔ စားေသာက္စရာေတြမွာ ဆိုဒီယမ္ဓာတ္ေတြ မ်ားစြာပါ၀င္တာေၾကာင့္ သတိျပဳပါ။ ဒါ့အျပင္ ပဲငါးပိနဲ႔ ဒိန္ခဲစားေသာက္မႈကလည္း ဆိုဒီယမ္ပမာဏကို သိသာစြာျမင့္တက္ေစႏိုင္တာေၾကာင့္ သတိနဲ႔စားသံုးသင့္ပါတယ္။
ေဆးလိပ္ျဖတ္ပါ။
ေဆးလိပ္ျဖတ္ျခင္းအားျဖင့္ သင့္ရဲ႕ႏွလံုးေသြးေၾကာက်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ေဆးလိပ္ျဖတ္ၿပီး မၾကာခင္မွာပဲ ခႏၶာကိုယ္အတြင္း ေသြးလည္ပတ္မႈေကာင္းမြန္လာမွာျဖစ္ပါတယ္။
သုက္ပိုးအေထာက္အကူျပဳ အာဟာရဓာတ္မ်ား
ဗီတာမင္ E
စြမ္းအားျပည့္၀တဲ့ ဓာတ္တိုးဆန္႔က်င္ ဗီတာမင္တစ္ခုျဖစ္ပါတယ္။ ေနၾကာဆီ၊ ႏွံစားသီးႏွံနဲ႔ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္ေတြမွာ အမ်ားဆံုးပါ၀င္ပါတယ္။ ဒါေပမယ့္ တစ္ေန႔ကို (၁၀၀၀)မီလီဂရမ္ထက္ ပိုမစားသင့္ပါဘူး။
ဗီတာမင္ B12
အေရျပားမပါတဲ့ ၾကက္သား၊ ဘဲသား၊ အမဲသား၊ အဆီနည္းႏို႔ထြက္ကုန္ပစၥည္းေတြနဲ႔ ဥအမ်ိဳးမ်ိဳးတို႔မွာ ဗီတာမင္ B12 ကို ေပါမ်ားစြာေတြ႕ရပါတယ္။ ဗီတာမင္ B12 ဟာ အမ်ိဳးသားေတြမွာ သုက္ပိုးအေရအတြက္ တိုးပြားလာေအာင္ အေထာက္အကူျဖစ္ေစပါတယ္။
ဇင့္နဲ႔ ဗီတာမင္ C
ဗီတာမင္ C နဲ႔ ဇင့္ဓာတ္ခ်ိဳ႕တဲ့ျခင္းဟာ သုက္ပိုးေတြကို အားနည္းေသဆံုးေစပါတယ္။ သံပုရာသီးမ်ိဳးႏြယ္၀င္ အသီးအႏွံေတြ၊ ဘယ္ရီသီးေတြနဲ႔ ပန္းင႐ုတ္နီတို႔ကေန ဗီတာမင္ C ဓာတ္ကို ၾကြယ္၀စြာ ရရွိႏိုင္ၿပီး ဇင့္ဓာတ္ကိုေတာ့ ႏို႔ထြက္ကုန္ေတြ၊ စီရီရယ္နဲ႔ အနီေရာင္အသားေတြ၊ ၾကက္သားဘဲသားနဲ႔ ပဲအမ်ိဳးမ်ိဳးကေန ရရွိႏိုင္ပါတယ္။
အိပ္ေပ်ာ္ဖို႔အတြက္ စားသံုးပါ။
ညစဥ္ညတိုင္း အိပ္စက္ခ်ိန္ပံုမွန္ရရွိျခင္းက ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း၊ ေဟာ္မုန္းပမာဏ မွန္ကန္ျခင္းနဲ႔ ေလ့က်င့္ခန္းေၾကာင့္ ၾကြက္သားပ်က္စီးမႈေတြ ျပန္လည္ေကာင္းမြန္ျခင္းတို႔အတြက္ အေရးႀကီးပါတယ္။ အိပ္ေပ်ာ္ေနခ်ိန္မွာ ၾကြက္သားေတြက အနားယူေနၿပီး ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာစနစ္တို႔ အနားယူဖို႔အတြက္ ေသြးဖိအားက နည္းပါးေနပါတယ္။ ဒါ့ေၾကာင့္ ပံုမွန္အိပ္စက္ခ်ိန္မရွိသူေတြမွာဆိုရင္ testosterone ေဟာ္မုန္းပမာဏ နည္းပါးသြးတတ္ပါတယ္။ ဒါ့ေၾကာင့္ ေကာင္းေကာင္းအိပ္စက္ႏိုင္ဖို႔ လိုပါတယ္။
Tryptophane ဓာတ္ၾကြယ္၀တဲ့ စားစရာေတြ စားပါ။
Tryptophan ဟာ အသားဓာတ္ၾကြယ္၀တဲ့စားစရာေတြ ေတြ႕ရတဲ့ အမိုင္ႏိုအက္ဆစ္တစ္မ်ိဳးျဖစ္ပါတယ္။ Tryptophan ၾကြယ္၀တဲ့အစားအစာေတြကို ကစီဓာတ္နဲ႔ တြဲဖက္သံုးေဆာင္မယ္ဆိုရင္ ၾကြက္သားေတြထဲကို အမိုင္ႏိုအက္ဆစ္ဓာတ္ပိုမိုရရွိေစၿပီး Tryptophan ဓာတ္ကိုေတာ့ ဦးေႏွာက္ဆီကိုေပးပို႔ၿပီး serotonin ဓာတ္ပစၥည္းကိုု ထုတ္ေပးပါတယ္။ Serotonin ဓာတ္ပစၥည္းေၾကာင့္ စိတ္ေအးခ်မ္းတည္ၿငိမ္မႈကို ရရွိေစႏိုင္ပါတယ္။
ကဖိန္းဓာတ္ကို ထိန္းခ်ဳပ္ပါ။
ေကာ္ဖီ၊ လဘက္ရည္၊ ဆိုဒါနဲ႔ စြမ္းအားျဖည့္အခ်ိဳရည္ေတြက သင့္ကို အခ်ိန္ေျခာက္နာရီထက္မနည္း လန္းဆန္းတက္ၾကြေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကဖိန္းဓာတ္ပါ၀င္တဲ့ ေသာက္စရာေတြကိုု မနက္ပိုင္းမွာပဲ ေသာက္သံုးပါ။ ဒါမွမဟုတ္ လံုး၀မေသာက္ပါနဲ႔။
အိပ္ရာမ၀င္ခင္ အစားမ်ားမ်ား မစားပါနဲ႔။
အိပ္ရာ၀င္ခါနီးမွာ အစားမ်ားမ်ားစားတာက သင့္ကိုအိပ္ေပ်ာ္ေစႏိုင္မွာ မဟုတ္ပါဘူး။ တကယ္လို႔ အိပ္ရာ၀င္ခါနီးမွာ ဗိုက္အရမ္းဆာလာရင္လည္း အသီးအႏွံအနည္းငယ္ေလာက္ကိုပဲ အစာေျပအျဖစ္ စားသံုးပါ။
ဂႏၶမာပန္းကို သံုးၾကည့္ပါ။
ဂႏၶမာပန္းရြက္ေျခာက္ခပ္ထားတဲ့ ေရေႏြးၾကမ္းေသာက္တာက အိပ္စက္ျခင္းကို အားေပးပါတယ္။ ဒါေပမယ့္ အိပ္ခါနီးမွာေတာ့ မေသာက္ပါနဲ႔။ ဆီးအသြားမ်ားၿပီး ေကာင္းေကာင္းအိပ္ရမွာမဟုတ္ပါဘူး။
Choline
ဗီတာမင္ အုပ္စုထဲမွာအပါအ၀င္ျဖစ္တဲ့ Choline ဓာတ္ဟာလည္း အိပ္စက္ျခင္းကို အေထာက္အကူျဖစ္ေစပါတယ္။ ဒီဓာတ္ပစၥည္းကို ခႏၶာကိုယ္က အနည္းငယ္သာထုတ္ေပးႏိုင္တဲ့အတြက္ ႏြားႏို႔၊ ေျမပဲ၊ သစ္ၾကားသီး၊ လိေမၼာ္သီး၊ ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုတ္ေသးနဲ႔ ဥအမ်ိဳးမ်ိဳးတို႔ကေန ရရွိႏိုင္ပါတယ္။
Testosterone နဲ႔ ဇီ၀ကမၼျဖစ္စဥ္
အ၀လြန္ျခင္း ဒါမွမဟုတ္ ကိုယ္အေလးခ်ိန္တိုးလာျခင္းက ခႏၶာကိုယ္အတြင္း ေဟာ္မုန္းမညီမွ်မႈကို ျဖစ္ေစၿပီး မ်ိဳးပြားမႈကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္က ကယ္လိုရီအပိုေတြ ေလာင္ကၽြမ္းသြားၿပီး ေဟာ္မုန္းပမာဏကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ အစားအေသာက္ကို ဂ႐ုစိုက္ၿပီး ေလ့က်င့္ခန္းလုပ္ဖို႔ အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။ ဒီလို ထိန္းသိမ္းႏိုင္ဖို႔အတြက္ နည္းလမ္း (၅)ခုရွိပါတယ္။
ေန႔တိုင္း နံနက္စာစားပါ။
ခႏၶာကိုယ္အတြင္း ဇီ၀ကမၼျဖစ္စဥ္ေတြက အိပ္ေပ်ာ္ေနခ်ိန္မွာ ေႏွးေကြးပါတယ္။ ဒါ့ေၾကာင့္ မနက္အိပ္ရာက ထထျခင္းမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ့ နံနက္စာသံုးေဆာင္ျခင္းက ကယ္လိုရီေလာင္ကၽြမ္းမႈကို ေကာင္းမြန္ေစၿပီး ေန႔လည္စာမတန္တဆစားျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
အစားမစားပဲ အခ်ိန္(၄)နာရီထက္ မေနပါနဲ႔။
အခ်ိန္အနည္းငယ္ၾကာတိုင္းမွာ အစားစားသံုးေပးျခင္းက သင့္ရဲ႕ဇီ၀ကမၼျဖစ္စဥ္ကို အားေကာင္းေစပါတယ္။ ခန္႔မွန္းေခ်အားျဖင့္ စားသံုးလုိက္တဲ့ ကယ္လိုရီပမာဏရဲ႕ (၁၀)ရာခိုင္ႏႈန္းကို အစာေခ်ဖ်က္တဲ့ ျဖစ္စဥ္မ်ာ သံုးရပါတယ္။ ဒါ့ေၾကာင့္ အစားမစားပဲေနျခင္းက သင့္ရဲ႕Testosterone ေဟာ္မုန္းပမာဏကို ေလ်ာ့က်ေစပါတယ္။
ေန႔စဥ္ေန႔တိုင္း ကယ္လိုရီပမာဏ (၁၀၀၀)ထက္နည္း စားသံုးပါ။
ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ ကယ္လိုရီပမာဏကို ေလွ်ာ့ခ်ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ကယ္လိုရီပမာဏနည္းပါးလြန္းရင္း ဇီ၀ကမၼျဖစ္စဥ္ကိုလည္း ေႏွးေကြးေစပါတယ္။ ဇီ၀ကမၼျဖစ္စဥ္ေႏွးေကြးရင္ Testestorone ပမာဏကို ေလ်ာ့က်ေစတာေၾကာင့္ လိင္မႈဘ၀ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။
အေလးမတာနဲ႔ ႏွလံုးအားေကာင္းေစမယ့္ေလ့က်င့္ခန္းမ်ားကို မွ်တပါေစ။
ေအ႐ိုးဗစ္လိုမ်ိဳး ကိုယ္ခႏၶာသန္စြမ္းေစတဲ့ေလ့က်င့္ခန္းေတြက ဇီ၀ကမၼျဖစ္စဥ္ကို ႏိုးၾကားေစပါတယ္။ ဒါေပမယ့္ အေလးမအားကစားနည္းေတြေလာက္ ၾကာရွည္ေအာင္ အားမေပးႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ခုလံုးကို ညီမွ်ေနဖို႔ လိုပါတယ္။
အစားစားတိုင္းမွာ ပရိုတန္းအသားဓာတ္ပါ၀င္ေအာင္ စားသံုးပါ။
သင္ခႏၶာကိုယ္က အစာကိုေခ်ဖ်က္ခ်ိန္မွာ အပူထုတ္လုပ္ေပးပါတယ္။ ကစီဓာတ္၊ အသားဓာတ္နဲ႔ အဆီဓာတ္ေတြမွာ အပူထုတ္ေပးႏိုင္တဲ့ စြမ္းရည္ပါ၀င္ပါတယ္။ ဒါေပမယ့္ ၾကက္သား၊ ဘဲသား၊ ငါး၊ ပဲအမ်ိဳးမ်ိဳးနဲ႔ အဆီနည္း ႏို႔ထြက္ကုန္ေတြလိုမ်ိဳး အသားဓာတ္ၾကြယ္၀တဲ့ စားစရာေတြက သင့္ရဲ႕ဇီ၀ကမၼျဖစ္စဥ္ကို အေကာင္းဆံုး အေထာက္အကူျဖစ္ေစပါတယ္။
==========================================================================
လိင်မှုဘဝသာယာရေးအတွက် Testosterone တိုးမြင့်စေမည့် နည်းလမ်းများ
Testosterone ဆိုတာကတော့ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားလိင်အင်္ဂါပစ္စည်းတွေ ဖွံ့ဖြိုးဖို့အတွက်ရော ကြွက်သားနဲ့ အရိုးကြီးထွာဖို့၊ ခန္ဓာကိုယ်အမွှေးအမျှင်တွေ ပေါက်ဖို့အတွက်တို့ကိုပါ အရေးကြီးပါတယ်။ အထူးသဖြင့်တော့ လိင်မှုကိစ္စစွမ်းဆောင်ရည်အတွက် သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ရဲ့ Testosterone ပမာဏကို သဘာဝအတိုင်း တိုးတက်များပြားလာပြီး ခန္ဓာက်ိုယ်တောင့်တင်းမှုနဲ့ အိပ်ရာအတွင်းစွမ်းဆောင်ရည်ကောင်းလာစေဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝသည့် စားစရာများ များများစားပါ။
အခုခေတ်အမျိုးသား (၃)ယောက်မှာ (၁)ယောက်က သွေးဖိအားများတဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒီပြဿနာက သင့်ရဲ့နှလုံးကို ဆိုးကျိုးပေးပြီး သွေးလည်ပတ်စီးဆင်းမှုကို ချို့ယွင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားလိင်အင်္ဂါထောင်မတ်မှုကို အားနည်းစေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပိုတက်ဆီယမ်ဓာတ်က ကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ပါရှိတဲ့ စားသောက်စရာတွေ မှီဝဲပေးခြင်းအားဖြင့် သင့်ရဲ့သွေးဖိအားကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ပမာဏမှာ ရှိနေစေပါတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ စားသောက်စရာတွေကတော့ အာလူး၊ ဟင်းနုနွယ်၊ သခွားမွှေး၊ ခရမ်းချဉ်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ ကီဝီသီးနဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။
91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d
အငံစားသုံးမှုကို လျှော့ချပါ။
အငံဓာတ်၊ ဆိုဒီယမ်ဟာ ခန္ဓာကိုယ်အတွင်း ရေနဲ့အတူလှည့်ပတ်ပါတယ်။ ဆားငံတာတွေ များများစားရင် သွေးကြောတွေတလျှောက် ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပြီး သွေးဖိအားကိုတိုးစေပါတယ်။ သွေးဖိအားများခြင်းက လိင်တံထောင်မတ်မှုကို အားနည်းစေပါတယ်။ ဒါ့ကြောင့် သွေးဖိအား ပုံမှန်ဖြစ်ဖို့အတွက် တစ်နေ့ကို ဆိုဒီယမ်ပမာဏ (၂၃၀၀)မီလီဂရမ်ထက်မပိုအောင် စားပေးဖို့ လိုပါတယ်။ ကြာရှည်ခံဖို့အတွက် ပြုပြင်ထားတဲ့အသားတွေမှာနဲ့ စားသောက်စရာတွေမှာ ဆိုဒီယမ်ဓာတ်တွေ များစွာပါဝင်တာကြောင့် သတိပြုပါ။ ဒါ့အပြင် ပဲငါးပိနဲ့ ဒိန်ခဲစားသောက်မှုကလည်း ဆိုဒီယမ်ပမာဏကို သိသာစွာမြင့်တက်စေနိုင်တာကြောင့် သတိနဲ့စားသုံးသင့်ပါတယ်။
ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဖြတ်ခြင်းအားဖြင့် သင့်ရဲ့နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကောင်းမွန်လာမှာဖြစ်ပါတယ်။
သုက်ပိုးအထောက်အကူပြု အာဟာရဓာတ်များ
ဗီတာမင် E
စွမ်းအားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ဗီတာမင်တစ်ခုဖြစ်ပါတယ်။ နေကြာဆီ၊ နှံစားသီးနှံနဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးပါဝင်ပါတယ်။ ဒါပေမယ့် တစ်နေ့ကို (၁၀၀၀)မီလီဂရမ်ထက် ပိုမစားသင့်ပါဘူး။
ဗီတာမင် B12
အရေပြားမပါတဲ့ ကြက်သား၊ ဘဲသား၊ အမဲသား၊ အဆီနည်းနို့ထွက်ကုန်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးတို့မှာ ဗီတာမင် B12 ကို ပေါများစွာတွေ့ရပါတယ်။ ဗီတာမင် B12 ဟာ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် တိုးပွားလာအောင် အထောက်အကူဖြစ်စေပါတယ်။
ဇင့်နဲ့ ဗီတာမင် C
ဗီတာမင် C နဲ့ ဇင့်ဓာတ်ချို့တဲ့ခြင်းဟာ သုက်ပိုးတွေကို အားနည်းသေဆုံးစေပါတယ်။ သံပုရာသီးမျိုးနွယ်ဝင် အသီးအနှံတွေ၊ ဘယ်ရီသီးတွေနဲ့ ပန်းငရုတ်နီတို့ကနေ ဗီတာမင် C ဓာတ်ကို ကြွယ်ဝစွာ ရရှိနိုင်ပြီး ဇင့်ဓာတ်ကိုတော့ နို့ထွက်ကုန်တွေ၊ စီရီရယ်နဲ့ အနီရောင်အသားတွေ၊ ကြက်သားဘဲသားနဲ့ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။
အိပ်ပျော်ဖို့အတွက် စားသုံးပါ။
ညစဉ်ညတိုင်း အိပ်စက်ချိန်ပုံမှန်ရရှိခြင်းက ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ဟော်မုန်းပမာဏ မှန်ကန်ခြင်းနဲ့ လေ့ကျင့်ခန်းကြောင့် ကြွက်သားပျက်စီးမှုတွေ ပြန်လည်ကောင်းမွန်ခြင်းတို့အတွက် အရေးကြီးပါတယ်။ အိပ်ပျော်နေချိန်မှာ ကြွက်သားတွေက အနားယူနေပြီး နှလုံးနဲ့ နှလုံးသွေးကြောစနစ်တို့ အနားယူဖို့အတွက် သွေးဖိအားက နည်းပါးနေပါတယ်။ ဒါ့ကြောင့် ပုံမှန်အိပ်စက်ချိန်မရှိသူတွေမှာဆိုရင် testosterone ဟော်မုန်းပမာဏ နည်းပါးသွးတတ်ပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်စက်နိုင်ဖို့ လိုပါတယ်။
Tryptophane ဓာတ်ကြွယ်ဝတဲ့ စားစရာတွေ စားပါ။
Tryptophan ဟာ အသားဓာတ်ကြွယ်ဝတဲ့စားစရာတွေ တွေ့ရတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ Tryptophan ကြွယ်ဝတဲ့အစားအစာတွေကို ကစီဓာတ်နဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင် ကြွက်သားတွေထဲကို အမိုင်နိုအက်ဆစ်ဓာတ်ပိုမိုရရှိစေပြီး Tryptophan ဓာတ်ကိုတော့ ဦးနှောက်ဆီကိုပေးပို့ပြီး serotonin ဓာတ်ပစ္စည်းကို ထုတ်ပေးပါတယ်။ Serotonin ဓာတ်ပစ္စည်းကြောင့် စိတ်အေးချမ်းတည်ငြိမ်မှုကို ရရှိစေနိုင်ပါတယ်။
ကဖိန်းဓာတ်ကို ထိန်းချုပ်ပါ။
ကော်ဖီ၊ လဘက်ရည်၊ ဆိုဒါနဲ့ စွမ်းအားဖြည့်အချိုရည်တွေက သင့်ကို အချိန်ခြောက်နာရီထက်မနည်း လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒါ့ကြောင့် ကဖိန်းဓာတ်ပါဝင်တဲ့ သောက်စရာတွေကို မနက်ပိုင်းမှာပဲ သောက်သုံးပါ။ ဒါမှမဟုတ် လုံးဝမသောက်ပါနဲ့။
အိပ်ရာမဝင်ခင် အစားများများ မစားပါနဲ့။
အိပ်ရာဝင်ခါနီးမှာ အစားများများစားတာက သင့်ကိုအိပ်ပျော်စေနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ အိပ်ရာဝင်ခါနီးမှာ ဗိုက်အရမ်းဆာလာရင်လည်း အသီးအနှံအနည်းငယ်လောက်ကိုပဲ အစာပြေအဖြစ် စားသုံးပါ။
ဂန္ဓမာပန်းကို သုံးကြည့်ပါ။
ဂန္ဓမာပန်းရွက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းသောက်တာက အိပ်စက်ခြင်းကို အားပေးပါတယ်။ ဒါပေမယ့် အိပ်ခါနီးမှာတော့ မသောက်ပါနဲ့။ ဆီးအသွားများပြီး ကောင်းကောင်းအိပ်ရမှာမဟုတ်ပါဘူး။
Choline
ဗီတာမင် အုပ်စုထဲမှာအပါအဝင်ဖြစ်တဲ့ Choline ဓာတ်ဟာလည်း အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဒီဓာတ်ပစ္စည်းကို ခန္ဓာကိုယ်က အနည်းငယ်သာထုတ်ပေးနိုင်တဲ့အတွက် နွားနို့၊ မြေပဲ၊ သစ်ကြားသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ်သေးနဲ့ ဥအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။
Testosterone နဲ့ ဇီဝကမ္မဖြစ်စဉ်
အဝလွန်ခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်တိုးလာခြင်းက ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်က ကယ်လိုရီအပိုတွေ လောင်ကျွမ်းသွားပြီး ဟော်မုန်းပမာဏကို ထိန်းသိမ်းနိုင်ဖို့အတွက် အစားအသောက်ကို ဂရုစိုက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်း (၅)ခုရှိပါတယ်။
နေ့တိုင်း နံနက်စာစားပါ။
ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေက အိပ်ပျော်နေချိန်မှာ နှေးကွေးပါတယ်။ ဒါ့ကြောင့် မနက်အိပ်ရာက ထထခြင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နံနက်စာသုံးဆောင်ခြင်းက ကယ်လိုရီလောင်ကျွမ်းမှုကို ကောင်းမွန်စေပြီး နေ့လည်စာမတန်တဆစားခြင်းကို လျှော့ချပေးနိုင်ပါတယ်။
91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d
အစားမစားပဲ အချိန်(၄)နာရီထက် မနေပါနဲ့။
အချိန်အနည်းငယ်ကြာတိုင်းမှာ အစားစားသုံးပေးခြင်းက သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ခန့်မှန်းချေအားဖြင့် စားသုံးလိုက်တဲ့ ကယ်လိုရီပမာဏရဲ့ (၁၀)ရာခိုင်နှုန်းကို အစာချေဖျက်တဲ့ ဖြစ်စဉ်မျာ သုံးရပါတယ်။ ဒါ့ကြောင့် အစားမစားပဲနေခြင်းက သင့်ရဲ့Testosterone ဟော်မုန်းပမာဏကို လျော့ကျစေပါတယ်။
နေ့စဉ်နေ့တိုင်း ကယ်လိုရီပမာဏ (၁၀၀၀)ထက်နည်း စားသုံးပါ။
ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကယ်လိုရီပမာဏကို လျှော့ချရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လိုရီပမာဏနည်းပါးလွန်းရင်း ဇီဝကမ္မဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။ ဇီဝကမ္မဖြစ်စဉ်နှေးကွေးရင် Testestorone ပမာဏကို လျော့ကျစေတာကြောင့် လိင်မှုဘဝကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အလေးမတာနဲ့ နှလုံးအားကောင်းစေမယ့်လေ့ကျင့်ခန်းများကို မျှတပါစေ။
အေရိုးဗစ်လိုမျိုး ကိုယ်ခန္ဓာသန်စွမ်းစေတဲ့လေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်ကို နိုးကြားစေပါတယ်။ ဒါပေမယ့် အလေးမအားကစားနည်းတွေလောက် ကြာရှည်အောင် အားမပေးနိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ခုလုံးကို ညီမျှနေဖို့ လိုပါတယ်။
အစားစားတိုင်းမှာ ပရိုတန်းအသားဓာတ်ပါဝင်အောင် စားသုံးပါ။
သင်ခန္ဓာကိုယ်က အစာကိုချေဖျက်ချိန်မှာ အပူထုတ်လုပ်ပေးပါတယ်။ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေမှာ အပူထုတ်ပေးနိုင်တဲ့ စွမ်းရည်ပါဝင်ပါတယ်။ ဒါပေမယ့် ကြက်သား၊ ဘဲသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အဆီနည်း နို့ထွက်ကုန်တွေလိုမျိုး အသားဓာတ်ကြွယ်ဝတဲ့ စားစရာတွေက သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အကောင်းဆုံး အထောက်အကူဖြစ်စေပါတယ်။