ဂ်ပန္ႏိုင္ငံမွ ကမာၻ႕စံခ်ိန္မ်ား
ဂ်ပန္ႏိုင္ငံဟာ ကမာၻ႕စံခ်ိန္ေတာ္ေတာ္မ်ားမ်ားကို တင္ထားႏိုင္တဲ့ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။ အတိုဆံုး၊ အပါးလႊာဆံုး၊ အနည္းဆံုး၊ အႏူးညံ႔ဆံုး၊ အေသးဆံုး စတဲ့ စံခ်ိန္ေပါင္းမ်ားစြာထဲက ထိပ္တန္း(၁၀)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ အတိုဆံုး စက္ေလွကား
ဂနစ္းကမာၻ႕စံခ်ိန္စာအုပ္မွာ ေဖာ္ျပထားခ်က္အရ ပုံမွန္ထက္ကို တိုေတာင္းတဲ့ စက္ေလွကားတစ္ခုနဲ႔ ကမာၻအတိုဆံုးစက္ေလွကား စံခ်ိန္ကို ပိုင္ဆိုင္ထားပါတယ္။ ကာ၀ါဆာကီၿမိဳ႕ရွိ Okadaya Mores ေစ်း၀ယ္စင္တာအတြင္းမွာ တပ္ဆင္ထားတဲ့ စက္ေလွကားျဖစ္ၿပီး စီးနင္းမယ္ဆိုရင္ အခ်ိန္(၅)စကၠန္႔ပဲၾကာပါတယ္။ ဒီစက္ေလွကားမွာ ေလွကားထစ္ (၅)ခုပဲ ပါ၀င္ၿပီး အျမင့္(၈၃)စင္တီမီတာကို တက္ဖို႔ တပ္ဆင္ထားေပးတာျဖစ္ပါတယ္။
၂။ အတိုဆံုး ကဗ်ာ
ဂ်ပန္လူမ်ိဳး ကဗ်ာဆရာ Ohashi Raboku (1890-1933) ေရးသားခဲ့တဲ့ ကဗ်ာတစ္ပုဒ္ဟာ ကမာၻမွာ အတိုဆံုး စံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။ ဒီကဗ်ာမွာ ဂ်ပန္အကၡရာစာလံုး (၄)လံုးသာပါရွိပါတယ္။
၃။ အပါးလႊာဆံုး ကြန္ဒံုး
အံ့ၾသမသြားပါနဲ႔။ ကမာၻမွာအပါးလႊာဆံုး Latex ကြန္ဒံုးျဖစ္တဲ့ Okamoto 003 ကို ဂ်ပန္အေျခစိုက္ Okamoto Industries Inc. ကထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။ အထူ ၀.၀၃၈ မီလီမီတာပဲ ရွိပါတယ္။ (ယခုုျမန္မာျပည္မွာလဲ ရႏိုုင္ပါတယ္)
၄။ ညစ္ညမ္းစကားလံုး အနည္းဆံုး
ကမာၻမွာရွိသမွ် ဘာသာစကားေတြထဲမွာ ဂ်ပန္ဘာသာစကားဟာ အသန္႔ရွင္းဆံုးျဖစ္ၿပီး ညစ္ညမ္းစကားလံုး အနည္းငယ္သာရွိပါတယ္။ ႐ုန္႔ရင္းၾကမ္းတမ္းစြာ ဆဲဆိုတဲ့စကားလံုးမရွိသလို ရွိတဲ့စကားလံုး ႏွစ္လံုးသံုးလံုးကိုလည္း လူအမ်ားၾကားမွာသံုးႏႈန္းေလ့မရွိပါဘူး။
၅။ ေသနတ္ပစ္ခံရႏိုင္ေျခအနည္းဆံုး
ဂ်ပန္ႏိုင္ငံမွာ ေသနတ္ပစ္ခံရႏိုင္ေျခအနည္းဆံုးအျဖစ္ ကမာၻ႔စံခ်ိန္တင္ထားပါတယ္။ တစ္ႏွစ္မွာ ေသနတ္နဲ႔ပစ္သတ္ခံရတဲ့ လူသတ္မႈ(၂)ခုပဲ ရွိပါတယ္။
၆။ အစားအေသာက္အနည္းဆံုး
ဂ်ပန္ႏိုင္ငံက Convenience stores ေတြမွာ ၀ယ္စားႏိုင္တဲ့ ပံုမွန္ေန႔လည္စာဘူးတစ္ဘူးကို ေလ့လာၾကည့္မယ္ဆိုရင္ တလုတ္စာ စားေသာက္ဖြယ္ရာေလးေတြနဲ႔ ဖြဲ႕စည္းထားတာကို ေတြ႕ရမွာပါ။ ဘူးရဲ႕ အႀကီးဆံုးအပိုင္းမွာေနရာယူထားတာက ထမင္းျဖစ္ပါတယ္။ အသုတ္ပိုင္းမွာၾကည့္မယ္ဆိုရင္ ခရမ္းခ်ဥ္သီးအေသးတစ္လံုး၊ ဆလပ္ရြက္တစ္ခုနဲ႔ ေမြးကင္းစကေလး ပါးစပ္တလုတ္စာ လွီးၿပီးသားေဂၚဖီအနည္းငယ္တို႔ျဖစ္ပါတယ္။ ေနာက္တပိုင္းမွာေတာ့ ၀ါစာဘိနဲ႔ ပဲႏွစ္အနည္းငယ္တို႔နဲ႔အတူ ဆာရွိမိႏွစ္ခုေလာက္ပါ၀င္ပါတယ္။ ေရညွိစတစ္စ၊ ခ်စ္စဖြယ္လီွးျဖတ္ထားတဲ့ မုန္လာဥတစ္ခုနဲ႔ ငါးဆုပ္တစ္ခုလည္း ပါမွာပါ။ ေနာက္တစ္ကန္႔မွာေတာ့ ပဲေစ့(၉)ေစ့က ေနရာယူထားၿပီး အပိုေဆာင္းရႏိုင္တာက ပုစြန္တစ္ေကာင္နဲ႔ မေရာနိစ္အနည္းငယ္တို႔ ျဖစ္ႏုိင္ပါတယ္။ တစ္ခါတစ္ေလမွာ လက္သန္းေလာက္ရွိတဲ့ အသားေခ်ာင္းတစ္ခုေလာက္ပါ၀င္ၿပီး အခ်ိဳပြဲအေနနဲ႔ စပ်စ္သီးတစ္လံုး၊ လီေမၼာ္သီးအလႊာတစ္ခုနဲ႔ အရြက္စားမုန္လာတစ္ရြက္ေလာက္ပါရွိပါတယ္။
၇။ က်င္းပခ်ိန္အတိုေတာင္းဆံုး ပြဲေတာ္
ႏွစ္စဥ္ႏွစ္တိုင္း ဇြန္လနဲ႔ ေအာက္တိုဘာလတိုင္းမွာ လူဦးေရ(၁၀၀)ခန္႔ဟာ Okaya ၿမိဳ႕မွာက်င္းပေလ့ရွိတဲ့ Enrei-no-Onodachi ေအာက္ေမ့ဖြယ္ပြဲေတာ္ကို တက္ေရာက္ေလ့ရွိပါတယ္။ ဒီပြဲေတာ္က်င္းပခ်ိန္က စကၠန္႔ (၂၀-၃၀)ေလာက္ပဲ ၾကာျမင့္တာျဖစ္တာေၾကာင့္ က်င္းပခ်ိန္အတိုေတာင္းဆံုးပြဲေတာ္ျဖစ္ပါတယ္။ ဒီပြဲေတာ္မွာ ပါ၀င္ဆင္ႏြဲသူေတြ ဘာလုပ္ရလဲဆိုရင္ အ႐ိုအေသေပး႐ုံပဲ ျဖစ္ပါတယ္။
၈။ အေသးဆံုး Capacitor (လွ်ပ္သို)
ဂ်ပန္အေျခစိုက္ Murata Manufacturing လုပ္ငန္းဟာ ကမာၻမွာ Capacitor ေတြ ထုတ္လုပ္တဲ့ လုပ္ငန္းေတြထဲက တစ္ခုျဖစ္ပါတယ္။ capacitor ေတြဟာ လွ်ပ္စစ္စြမ္းအင္ကို သိုေလွာင္ထားႏိုင္တဲ့အတြက္ စမတ္ဖုန္းေတြ၊ ဒစ္ဂ်စ္တယ္ကင္မရာေတြ၊ လက္ေတာ့ပ္ကြန္ပ်ဴတာေတြ၊ ေဆးဘက္ဆိုင္ရာ ပစၥည္းကိရိယာေတြနဲ႔ လွ်ပ္စစ္ကားေတြမွာပါ တပ္ဆင္အသံုးျပဳရတဲ့ အီလက္ထေရာနစ္ပစၥည္းတစ္ခု ျဖစ္ပါတယ္။ capacitor အရြယ္အစားေသးတာနဲ႔အမွ် အရြယ္အစားေသးတဲ့ ပစၥည္းကိရိယာေတြကို ထုတ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ Murata ကုမၸဏီက ထုတ္လုပ္တဲ့ capacitor ဟာ အရြယ္အစားအားျဖင့္ 0.25 x 0.125 မီလီမီတာပဲ ရွိပါတယ္။
၉။ အေသးဆံုး အိမ္သာ
ဂ်ပန္နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ SII Nano Techonology မွ တီထြင္ခဲ့တဲ့ အိမ္သာတစ္မ်ိဳးဟာ ကမာၻမွာ အေသးငယ္ဆံုးအျဖစ္ စံခ်ိန္တင္ထားခဲ့ပါတယ္။ ဒီအိမ္သာကို နာႏိုနည္းပညာျဖင့္ျပဳလုပ္ထားၿပီး အနာဂတ္ေဆးပညာမွာ အသံုးျပဳမယ့္ နာႏိုစက္႐ုပ္ေတြအတြက္ အသံုး၀င္ႏိုင္မယ္လို႔ ယူဆထားၾကပါတယ္။
၁၀။ အေသးငယ္ဆံုး တံခါးေပါက္မ်ား
ဂ်ပန္လူမ်ိဳးေတြရဲ႕ အရပ္အေမာင္းေတြ ျမင့္မားလာတဲ့အတြက္ အ၀င္အထြက္တံခါးေပါက္ေတြရဲ႕ အရြယ္အစားနဲ႔ အျမင့္ကို တိုးျမွင့္လာၾကပါၿပီ။ ဒါေပမယ့္ အရင္ကလို တံခါးေပါက္ေသးေသးေလးေတြကိုလည္း ျမင္ေတြ႕ရႏိုင္ပါေသးတယ္။ Nijiriguchi လို႔ အမည္ရတဲ့ ႐ိုးရာလက္ဖက္ရည္ဆိုင္အ၀င္တံခါးေပါက္ေတြကို (65 x 60) စင္တီမီတာခန္႔သာ တမင္တည္ေဆာက္တပ္ဆင္ထားပါတယ္။ လက္ဖက္ရည္ေသာက္သံုးမယ္ ဧည့္သည္အေနနဲ႔ အခန္းတြင္းကို တြားသြားၿပီး၀င္ေရာက္ရမွာ ျဖစ္ပါတယ္။ ဒီလို တံခါးေပါက္ေသးေသးေလး တပ္ဆင္ထားတဲ့ ရည္ရြယ္ခ်က္ကေတာ့ ျပင္ပကမာၻရဲ႕အ႐ႈပ္အေထြးေတြက ျဖတ္သန္းထားရစ္ခဲ့ၿပီး လက္ဖက္ရည္ခန္းအတြင္းမွာ စစ္မွန္တဲ့အတြင္းကမာၻတစ္ခုကို ေရာက္ရွိတယ္ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ ေရွးေခတ္အခါကေတာ့ ဆာမူရိုင္းစစ္သည္တစ္ဦးျဖစ္မယ္ဆိုရင္ သင့္ရဲ႕ဓားလက္နက္ေတြကို ခၽြတ္ထားခဲ့မွာ အတြင္းသို႔ ၀င္လို႔ရႏိုင္ေအာင္ တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။
ဂျပန်နိုင်ငံမှ ကမ္ဘာ့စံချိန်များ
ဂျပန်နိုင်ငံဟာ ကမ္ဘာ့စံချိန်တော်တော်များများကို တင်ထားနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အတိုဆုံး၊ အပါးလွှာဆုံး၊ အနည်းဆုံး၊ အနူးညံ့ဆုံး၊ အသေးဆုံး စတဲ့ စံချိန်ပေါင်းများစွာထဲက ထိပ်တန်း(၁၀)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အတိုဆုံး စက်လှေကား
ဂနစ်းကမ္ဘာ့စံချိန်စာအုပ်မှာ ဖော်ပြထားချက်အရ ပုံမှန်ထက်ကို တိုတောင်းတဲ့ စက်လှေကားတစ်ခုနဲ့ ကမ္ဘာအတိုဆုံးစက်လှေကား စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ ကာဝါဆာကီမြို့ရှိ Okadaya Mores ဈေးဝယ်စင်တာအတွင်းမှာ တပ်ဆင်ထားတဲ့ စက်လှေကားဖြစ်ပြီး စီးနင်းမယ်ဆိုရင် အချိန်(၅)စက္ကန့်ပဲကြာပါတယ်။ ဒီစက်လှေကားမှာ လှေကားထစ် (၅)ခုပဲ ပါဝင်ပြီး အမြင့်(၈၃)စင်တီမီတာကို တက်ဖို့ တပ်ဆင်ထားပေးတာဖြစ်ပါတယ်။
၂။ အတိုဆုံး ကဗျာ
ဂျပန်လူမျိုး ကဗျာဆရာ Ohashi Raboku (1890-1933) ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ ကမ္ဘာမှာ အတိုဆုံး စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ ဒီကဗျာမှာ ဂျပန်အက္ခရာစာလုံး (၄)လုံးသာပါရှိပါတယ်။
၃။ အပါးလွှာဆုံး ကွန်ဒုံး
အံ့ဩမသွားပါနဲ့။ ကမ္ဘာမှာအပါးလွှာဆုံး Latex ကွန်ဒုံးဖြစ်တဲ့ Okamoto 003 ကို ဂျပန်အခြေစိုက် Okamoto Industries Inc. ကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အထူ ၀.၀၃၈ မီလီမီတာပဲ ရှိပါတယ်။ (ယခုမြန်မာပြည်မှာလဲ ရနိုင်ပါတယ်)
၄။ ညစ်ညမ်းစကားလုံး အနည်းဆုံး
ကမ္ဘာမှာရှိသမျှ ဘာသာစကားတွေထဲမှာ ဂျပန်ဘာသာစကားဟာ အသန့်ရှင်းဆုံးဖြစ်ပြီး ညစ်ညမ်းစကားလုံး အနည်းငယ်သာရှိပါတယ်။ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတဲ့စကားလုံးမရှိသလို ရှိတဲ့စကားလုံး နှစ်လုံးသုံးလုံးကိုလည်း လူအများကြားမှာသုံးနှုန်းလေ့မရှိပါဘူး။
၅။ သေနတ်ပစ်ခံရနိုင်ခြေအနည်းဆုံး
ဂျပန်နိုင်ငံမှာ သေနတ်ပစ်ခံရနိုင်ခြေအနည်းဆုံးအဖြစ် ကမ္ဘာ့စံချိန်တင်ထားပါတယ်။ တစ်နှစ်မှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ လူသတ်မှု(၂)ခုပဲ ရှိပါတယ်။
၆။ အစားအသောက်အနည်းဆုံး
ဂျပန်နိုင်ငံက Convenience stores တွေမှာ ဝယ်စားနိုင်တဲ့ ပုံမှန်နေ့လည်စာဘူးတစ်ဘူးကို လေ့လာကြည့်မယ်ဆိုရင် တလုတ်စာ စားသောက်ဖွယ်ရာလေးတွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ရမှာပါ။ ဘူးရဲ့ အကြီးဆုံးအပိုင်းမှာနေရာယူထားတာက ထမင်းဖြစ်ပါတယ်။ အသုတ်ပိုင်းမှာကြည့်မယ်ဆိုရင် ခရမ်းချဉ်သီးအသေးတစ်လုံး၊ ဆလပ်ရွက်တစ်ခုနဲ့ မွေးကင်းစကလေး ပါးစပ်တလုတ်စာ လှီးပြီးသားဂေါ်ဖီအနည်းငယ်တို့ဖြစ်ပါတယ်။ နောက်တပိုင်းမှာတော့ ဝါစာဘိနဲ့ ပဲနှစ်အနည်းငယ်တို့နဲ့အတူ ဆာရှိမိနှစ်ခုလောက်ပါဝင်ပါတယ်။ ရေညှိစတစ်စ၊ ချစ်စဖွယ်လှီးဖြတ်ထားတဲ့ မုန်လာဥတစ်ခုနဲ့ ငါးဆုပ်တစ်ခုလည်း ပါမှာပါ။ နောက်တစ်ကန့်မှာတော့ ပဲစေ့(၉)စေ့က နေရာယူထားပြီး အပိုဆောင်းရနိုင်တာက ပုစွန်တစ်ကောင်နဲ့ မရောနိစ်အနည်းငယ်တို့ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ လက်သန်းလောက်ရှိတဲ့ အသားချောင်းတစ်ခုလောက်ပါဝင်ပြီး အချိုပွဲအနေနဲ့ စပျစ်သီးတစ်လုံး၊ လီမ္မော်သီးအလွှာတစ်ခုနဲ့ အရွက်စားမုန်လာတစ်ရွက်လောက်ပါရှိပါတယ်။
၇။ ကျင်းပချိန်အတိုတောင်းဆုံး ပွဲတော်
နှစ်စဉ်နှစ်တိုင်း ဇွန်လနဲ့ အောက်တိုဘာလတိုင်းမှာ လူဦးရေ(၁၀၀)ခန့်ဟာ Okaya မြို့မှာကျင်းပလေ့ရှိတဲ့ Enrei-no-Onodachi အောက်မေ့ဖွယ်ပွဲတော်ကို တက်ရောက်လေ့ရှိပါတယ်။ ဒီပွဲတော်ကျင်းပချိန်က စက္ကန့် (၂၀-၃၀)လောက်ပဲ ကြာမြင့်တာဖြစ်တာကြောင့် ကျင်းပချိန်အတိုတောင်းဆုံးပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ပါဝင်ဆင်နွဲသူတွေ ဘာလုပ်ရလဲဆိုရင် အရိုအသေပေးရုံပဲ ဖြစ်ပါတယ်။
၈။ အသေးဆုံး Capacitor (လျှပ်သို)
ဂျပန်အခြေစိုက် Murata Manufacturing လုပ်ငန်းဟာ ကမ္ဘာမှာ Capacitor တွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ capacitor တွေဟာ လျှပ်စစ်စွမ်းအင်ကို သိုလှောင်ထားနိုင်တဲ့အတွက် စမတ်ဖုန်းတွေ၊ ဒစ်ဂျစ်တယ်ကင်မရာတွေ၊ လက်တော့ပ်ကွန်ပျူတာတွေ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ လျှပ်စစ်ကားတွေမှာပါ တပ်ဆင်အသုံးပြုရတဲ့ အီလက်ထရောနစ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ capacitor အရွယ်အစားသေးတာနဲ့အမျှ အရွယ်အစားသေးတဲ့ ပစ္စည်းကိရိယာတွေကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Murata ကုမ္ပဏီက ထုတ်လုပ်တဲ့ capacitor ဟာ အရွယ်အစားအားဖြင့် 0.25 x 0.125 မီလီမီတာပဲ ရှိပါတယ်။
၉။ အသေးဆုံး အိမ်သာ
ဂျပန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ SII Nano Techonology မှ တီထွင်ခဲ့တဲ့ အိမ်သာတစ်မျိုးဟာ ကမ္ဘာမှာ အသေးငယ်ဆုံးအဖြစ် စံချိန်တင်ထားခဲ့ပါတယ်။ ဒီအိမ်သာကို နာနိုနည်းပညာဖြင့်ပြုလုပ်ထားပြီး အနာဂတ်ဆေးပညာမှာ အသုံးပြုမယ့် နာနိုစက်ရုပ်တွေအတွက် အသုံးဝင်နိုင်မယ်လို့ ယူဆထားကြပါတယ်။
၁၀။ အသေးငယ်ဆုံး တံခါးပေါက်များ
ဂျပန်လူမျိုးတွေရဲ့ အရပ်အမောင်းတွေ မြင့်မားလာတဲ့အတွက် အဝင်အထွက်တံခါးပေါက်တွေရဲ့ အရွယ်အစားနဲ့ အမြင့်ကို တိုးမြှင့်လာကြပါပြီ။ ဒါပေမယ့် အရင်ကလို တံခါးပေါက်သေးသေးလေးတွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။ Nijiriguchi လို့ အမည်ရတဲ့ ရိုးရာလက်ဖက်ရည်ဆိုင်အဝင်တံခါးပေါက်တွေကို (65 x 60) စင်တီမီတာခန့်သာ တမင်တည်ဆောက်တပ်ဆင်ထားပါတယ်။ လက်ဖက်ရည်သောက်သုံးမယ် ဧည့်သည်အနေနဲ့ အခန်းတွင်းကို တွားသွားပြီးဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီလို တံခါးပေါက်သေးသေးလေး တပ်ဆင်ထားတဲ့ ရည်ရွယ်ချက်ကတော့ ပြင်ပကမ္ဘာရဲ့အရှုပ်အထွေးတွေက ဖြတ်သန်းထားရစ်ခဲ့ပြီး လက်ဖက်ရည်ခန်းအတွင်းမှာ စစ်မှန်တဲ့အတွင်းကမ္ဘာတစ်ခုကို ရောက်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရှေးခေတ်အခါကတော့ ဆာမူရိုင်းစစ်သည်တစ်ဦးဖြစ်မယ်ဆိုရင် သင့်ရဲ့ဓားလက်နက်တွေကို ချွတ်ထားခဲ့မှာ အတွင်းသို့ ဝင်လို့ရနိုင်အောင် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။