ဘ၀ကို ေျပာင္းလဲသြားေစႏိုင္မည့္ ေမးခြန္းတစ္ခု
ကၽြန္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘ၀မွာပဲျဖစ္ျဖစ္၊ စီးပြားေရးလုပ္ငန္းေတြမွာပဲျဖစ္ျဖစ္၊ မိသားစုခ်င္း၊ အိမ္ေထာင္ဖက္ခ်င္း၊ ခ်စ္သူခ်င္း၊ မိတ္ေဆြခ်င္း ဆက္ဆံေရးေတြမွာပဲျဖစ္ျဖစ္ တိုးတက္ေျပာင္းလဲခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကို ျပန္ေမးရမယ့္ ေမးခြန္းတစ္ခုရွိပါတယ္။ ဒီေမးခြန္းကေတာ့ –
“ ဒီေန႔တစ္ရက္သာ အသက္ရွင္ခြင့္ရေတာ့မယ္ဆိုရင္ ငါ့ ဘ၀က အေရးပါအရာေရာက္ရဲ႕လား ? ”ဆိုတာပဲ ျဖစ္ပါတယ္။ ဒီေမးခြန္းက တကယ္ကိုေတြးစရာေတြ အမ်ားႀကီးေပးႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ဘ၀မွာ လူေတြအမ်ားႀကီးနဲ႔ ေတြ႕ဆံုၾကံဳကြဲျဖစ္ေနၾကရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔အမ်ားစုက ဘ၀ဆိုတာ သမုဒၵရာအလယ္က ေရပြက္တစ္ခုလို ေခတၱခဏေလးပဲဆိုတာကို ေမ့ေလ်ာ့ၿပီး ဆင္ျခင္ဉာဏ္မဲ့စြာ ျပဳမူေနထိုင္ၾကေလ့ရွိပါတယ္။
ဒါ့ေၾကာင့္ပဲ လူအမ်ားစုက သူတို႔ရဲ႕ စိတ္အားထက္သန္ရာကို မလုပ္ပဲေနေနၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ လူတိုင္းက သူတို႔စိတ္ႏွလံုးက ေတာင္းဆိုခ်က္ကို လ်စ္လ်ဴ႐ႈေနတတ္ၾကတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ ဂႏၱ၀င္ေျမာက္ဖန္တီးမႈေတြကို လုပ္ေဆာင္ဖို႔ အခ်ိန္ဆြဲၿပီး လက္ငင္းအက်ိဳးရလဒ္ေတြေနာက္ကို လိုက္ေနၾကတာ ျဖစ္ပါတယ္။ ဒီလိုေနထိုင္ေနၾကသူအမ်ားစုက သူတို႔အျမဲတမ္းမရွင္သန္ေနႏိုင္ဘူးဆိုတာနဲ႔ ကမာၻေပၚမွာ သူတို႔ရွင္သန္ခြင့္ရခ်ိန္ဟာ အကန္႔အသတ္နဲ႔ရွိေနတယ္ဆိုတာကို ေမ့ေနၾကသူေတြျဖစ္ပါတယ္။
တစ္ေန႔ေန႔ေတာ့ဆိုတဲ့ စိတ္ကူးေတြနဲ႔ ကမာၻမွာေနထိုင္သ၍ေတာ့ ဘ၀ရဲ႕ထူးကဲသာလြန္မႈေတြကို ရရွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ခုနကေျပာခဲ့တဲ့ ေမးခြန္းကို ေန႔စဥ္ေန႔တိုင္းျပန္ေမးၾကည့္သင့္ပါတယ္။ ဒီလိုဆိုရင္ သင့္ဘ၀အတြက္ အေရးပါတဲ့ စိတ္အားထက္သန္မႈေတြကို ရွာေဖြေတြ႕ရွိလာႏိုင္ပါတယ္။
႐ုပ္၀တၳဳပစၥည္းပိုင္ဆိုင္မႈေတြကို ေက်ာ္လြန္ၿပီးျမင္ၾကည့္ပါ။
အေရးပါတဲ့ဘ၀ကို ရွင္သန္ရျခင္းက ႐ုပ္၀တၳဳပစၥည္းေတြ ပိုင္ဆိုင္ရျခင္းထက္ အမ်ားႀကီးသာလြန္ပါတယ္။ ဒီေနရာမွာ လူအမ်ားစုက ေရာေထြးေနတတ္ၾကပါတယ္။ တကယ္လို႔ ဒီေန႔ဟာ သင့္ဘ၀ရဲ႕ေနာက္ဆံုးေန႔ျဖစ္မယ္ဆိုရင္ ႐ုပ္၀တၳဳပစၥည္းပိုင္ဆိုင္မႈေတြက ဘာမွအသံုးမ၀င္ဘူးဆိုတာကို ေတြ႕ပါလိမ့္မယ္။ ႐ုပ္၀တၳဳေတြေနာက္ကို လိုက္တဲ့အခါမွာ ေငြေၾကးေတြ အမ်ားႀကီးရွာႏိုင္တာ၊ အေကာင္းစားပစၥည္းေတြ အမ်ားႀကီးပိုင္ဆိုင္ထားေပမယ့္လည္း ထူးကဲသာလြန္တဲ့ဘ၀ကိုေတာ့ ရရွိႏိုင္မွာမဟုတ္ပါဘူး။
ကၽြန္ေတာ္တို႔အားလံုးက အဆင္ေျပသက္သာတဲ့ဘ၀မ်ိဳးမွာ အေကာင္းစားပစၥည္းေတြသံုးၿပီး ေနထိုင္ခ်င္တတ္ၾကပါတယ္။ ဒါေပမယ့္ ဘာအေရးႀကီးဆံုးလဲဆိုတာကို မေမ့ပါနဲ႔။ သင္နဲ႔ပတ္သက္ဆက္ႏြယ္သူေတြနဲ႔ ဆက္ဆံေရးရဲ႕အဓိကအခ်က္ကဘာလဲ၊ သင့္အေနနဲ႔ ေန႔ရက္တိုင္းမွာ အျခားသူေတြရဲ႕ ဘ၀ေျပာင္းလဲသြားေအာင္လုပ္ေပးႏိုင္သလား၊ သင့္ရဲ႕စီးပြားေရးလုပ္ငန္း ဒါမွမဟုတ္ အဖြဲ႕အစည္းက သက္ဆိုင္ရာနယ္ပယ္အတြက္ ေကာင္းက်ိဳးသက္ေရာက္မႈေတြ ရွိေနၿပီလား၊ စိတ္ခ်မ္းသာျပည့္စံုမႈအျပည့္နဲ႔ ေန႔ရက္တိုင္းကို ျဖတ္သန္းႏိုင္ၿပီလား၊ ဒီေန႔မွာေရာ နာမည္တြင္က်န္ခဲ့တာမ်ိဳးတစ္ခုခုကို ဖန္တီးႏိုင္ၿပီလား။ ဒါေတြအားလံုးကို ေမ့လိုက္လို႔မရပါဘူး။
ဒါ့ေၾကာင့္ သင့္ကိုယ္သင္ အ႐ိုးရွင္းဆံုးေမးခြန္းတစ္ခုေမးလိုက္႐ုံနဲ႔ ထူးျခားတဲ့ဘ၀တစ္ခုကို ပိုင္ဆိုင္လာႏိုင္မွာျဖစ္ပါတယ္။ ဒီေမးခြန္းကေတာ့ – ဒီေန႔သာ အသက္ရွင္သန္ခြင့္ရတဲ့ ေနာက္ဆံုးေနျဖစ္မယ္ဆိုရင္ ငါ့ ဘ၀က အေရးပါခဲ့ၿပီလား ဆိုတာပဲျဖစ္ပါတယ္။
ဘဝကို ပြောင်းလဲသွားစေနိုင်မည့် မေးခွန်းတစ်ခု
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ မိသားစုချင်း၊ အိမ်ထောင်ဖက်ချင်း၊ ချစ်သူချင်း၊ မိတ်ဆွေချင်း ဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းတစ်ခုရှိပါတယ်။ ဒီမေးခွန်းကတော့ –
“ ဒီနေ့တစ်ရက်သာ အသက်ရှင်ခွင့်ရတော့မယ်ဆိုရင် ငါ့ ဘဝက အရေးပါအရာရောက်ရဲ့လား ? ”ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းက တကယ်ကိုတွေးစရာတွေ အများကြီးပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဘဝမှာ လူတွေအများကြီးနဲ့ တွေ့ဆုံကြုံကွဲဖြစ်နေကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အများစုက ဘဝဆိုတာ သမုဒ္ဒရာအလယ်က ရေပွက်တစ်ခုလို ခေတ္တခဏလေးပဲဆိုတာကို မေ့လျော့ပြီး ဆင်ခြင်ဉာဏ်မဲ့စွာ ပြုမူနေထိုင်ကြလေ့ရှိပါတယ်။
ဒါ့ကြောင့်ပဲ လူအများစုက သူတို့ရဲ့ စိတ်အားထက်သန်ရာကို မလုပ်ပဲနေနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ လူတိုင်းက သူတို့စိတ်နှလုံးက တောင်းဆိုချက်ကို လျစ်လျူရှုနေတတ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဂန္တဝင်မြောက်ဖန်တီးမှုတွေကို လုပ်ဆောင်ဖို့ အချိန်ဆွဲပြီး လက်ငင်းအကျိုးရလဒ်တွေနောက်ကို လိုက်နေကြတာ ဖြစ်ပါတယ်။ ဒီလိုနေထိုင်နေကြသူအများစုက သူတို့အမြဲတမ်းမရှင်သန်နေနိုင်ဘူးဆိုတာနဲ့ ကမ္ဘာပေါ်မှာ သူတို့ရှင်သန်ခွင့်ရချိန်ဟာ အကန့်အသတ်နဲ့ရှိနေတယ်ဆိုတာကို မေ့နေကြသူတွေဖြစ်ပါတယ်။
တစ်နေ့နေ့တော့ဆိုတဲ့ စိတ်ကူးတွေနဲ့ ကမ္ဘာမှာနေထိုင်သ၍တော့ ဘဝရဲ့ထူးကဲသာလွန်မှုတွေကို ရရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ခုနကပြောခဲ့တဲ့ မေးခွန်းကို နေ့စဉ်နေ့တိုင်းပြန်မေးကြည့်သင့်ပါတယ်။ ဒီလိုဆိုရင် သင့်ဘဝအတွက် အရေးပါတဲ့ စိတ်အားထက်သန်မှုတွေကို ရှာဖွေတွေ့ရှိလာနိုင်ပါတယ်။
ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတွေကို ကျော်လွန်ပြီးမြင်ကြည့်ပါ။
အရေးပါတဲ့ဘဝကို ရှင်သန်ရခြင်းက ရုပ်ဝတ္ထုပစ္စည်းတွေ ပိုင်ဆိုင်ရခြင်းထက် အများကြီးသာလွန်ပါတယ်။ ဒီနေရာမှာ လူအများစုက ရောထွေးနေတတ်ကြပါတယ်။ တကယ်လို့ ဒီနေ့ဟာ သင့်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်မယ်ဆိုရင် ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုတွေက ဘာမှအသုံးမဝင်ဘူးဆိုတာကို တွေ့ပါလိမ့်မယ်။ ရုပ်ဝတ္ထုတွေနောက်ကို လိုက်တဲ့အခါမှာ ငွေကြေးတွေ အများကြီးရှာနိုင်တာ၊ အကောင်းစားပစ္စည်းတွေ အများကြီးပိုင်ဆိုင်ထားပေမယ့်လည်း ထူးကဲသာလွန်တဲ့ဘဝကိုတော့ ရရှိနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့အားလုံးက အဆင်ပြေသက်သာတဲ့ဘဝမျိုးမှာ အကောင်းစားပစ္စည်းတွေသုံးပြီး နေထိုင်ချင်တတ်ကြပါတယ်။ ဒါပေမယ့် ဘာအရေးကြီးဆုံးလဲဆိုတာကို မမေ့ပါနဲ့။ သင်နဲ့ပတ်သက်ဆက်နွယ်သူတွေနဲ့ ဆက်ဆံရေးရဲ့အဓိကအချက်ကဘာလဲ၊ သင့်အနေနဲ့ နေ့ရက်တိုင်းမှာ အခြားသူတွေရဲ့ ဘ၀ပြောင်းလဲသွားအောင်လုပ်ပေးနိုင်သလား၊ သင့်ရဲ့စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းက သက်ဆိုင်ရာနယ်ပယ်အတွက် ကောင်းကျိုးသက်ရောက်မှုတွေ ရှိနေပြီလား၊ စိတ်ချမ်းသာပြည့်စုံမှုအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပြီလား၊ ဒီနေ့မှာရော နာမည်တွင်ကျန်ခဲ့တာမျိုးတစ်ခုခုကို ဖန်တီးနိုင်ပြီလား။ ဒါတွေအားလုံးကို မေ့လိုက်လို့မရပါဘူး။
ဒါ့ကြောင့် သင့်ကိုယ်သင် အရိုးရှင်းဆုံးမေးခွန်းတစ်ခုမေးလိုက်ရုံနဲ့ ထူးခြားတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ – ဒီနေ့သာ အသက်ရှင်သန်ခွင့်ရတဲ့ နောက်ဆုံးနေဖြစ်မယ်ဆိုရင် ငါ့ ဘဝက အရေးပါခဲ့ပြီလား ဆိုတာပဲဖြစ်ပါတယ်။