Donald Trump ဆီမှ လေ့လာသင်ယူစရာအချက်(၅)ခု

Donald Trump ဆီမှ လေ့လာသင်ယူစရာအချက်()ခု

Donald Trump လို့ ပြောလိုက်တာနဲ့ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အရွေးခံနေတဲ့ သမ္မတလောင်းအဖြစ် သိကြမှာပါ။ ရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်ချိန်များမှာဆိုရင် Donald Trump ကို လူနည်းစုကပဲ အရွေးခံကိုယ်စားလှယ်လောင်းအဖြစ် လက်ခံခဲ့ပြီး အနိုင်ရဖို့ မျှော်လင့်ခဲ့ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Donal Trump ဟာ အမေရိကန် ရီပတ်ဗလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် သတ်မှတ်ခံနေရပြီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဈေးကွက်သစ်ထွင်လုပ်ငန်းရှင် စွန့်ဦးတွေ အနေနဲ့ ဒီလို အလှည့်အပြောင်းတွေ ဖြစ်စေခဲ့တဲ့ Donald Trump ဆီကနေ သင်ယူလေ့လာစရာတွေ ရှိနေပါတယ်။

၁။ လူတွေက သင့်ကို လျှော့တွက်ထားပါစေ။

Donald Trump ကို စီးပွားရေးနယ်ပယ်မှာဆိုရင် ဘယ်သူမှအထင်မသေးရဲပါဘူး။ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်မှာတော့ သူ့ကိုလူတိုင်းလောက်နီးပါးက လျှော့တွက်ထားခဲ့ကြပါတယ်။ New York Times သတင်းစာမှာဆိုရင် Donald Trump ကို ပွဲခံတဲ့သူတစ်ယောက်အဖြစ် လျှော့တွက်ထားကြပေမယ့် သူ့ရဲ့စိတ်ဓာတ်ခွန်အားနဲ့ ရီပတ်ဗလစ်ကန်ပါတီရဲ့ ထိပ်သီးပိုင်းကို တက်လှမ်းလာနိုင်သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Donald Trump ကလည်း ဒီလို အထင်သေးလျှော့တွက်ထားမှုကို အသုံးချပြီး အခွင့်အာဏာရှိတဲ့ နေရာတစ်ခုထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် လူတွေက သင့်ကို အထင်သေးလျှော့တွက်ထားမယ်ဆိုရင် သင်လုပ်နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အများကြီးအားစိုက်စရာမလိုပဲ အောင်မြင်အောင် လုပ်ဆောင်ဖို့ အခွင့်အရေးရလိုက်တာနဲ့ အတူတူပါပဲ။ ဒီအချက်ဟာ နိုင်ငံရေးမှာသာမက စီးပွားရေးမှာပါ အသုံးဝင်ပါတယ်။ သင့်ကို လျှော့တွက်ထားပါစေ၊ ပြီးမှ သူတို့မှားသွားပြီဆိုတာကို သက်သေပြလိုက်ပါ။

၂။ အတိတ်ကို တွန်းကန်အားအဖြစ် အသုံးချပါ။

စီးပွားရေးမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ် အရေးကြီးဆုံးအောင်မြင်ရေးသော့ချက်တွေထဲက တစ်ခုကတော့ ဇွဲလုံ့လအပြည့်ရှိဖို့နဲ့ ရှိပြီးသားအောင်မြင်မှု၊ ကျရှုံးမှုတွေကနေ နောက်ထပ်အောင်မြင်မှုတွေ ရရှိဖို့ ဘယ်လိုအသုံးချမလဲဆိုတာကို သိထားဖို့ပဲဖြစ်ပါတယ်။ Donald Trump ဟာ ဒီအချက်ကို ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ မိဘတွေရဲ့ လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ပြီး အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အခြားအောင်မြင်သူတွေလိုပဲ Donald Trump ဟာလည်း သူ့ရဲ့ရှုံးနိမ့်မှုတွေကို ဝေမျှပေးခဲ့ပါတယ်။ ဒါပေမယ့် Donald Trump ဟာ ဒီအတွေ့အကြုံတွေ အကြောင်းပြုပြီး ပိုပြီးအောင်မြင်တဲ့ နေက်တဆင့်ကို တက်လှမ်းနိုင်ဖို့ အသုံးချနိုင်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီအချက်ဟာ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အတွေ့အကြုံတစ်ခုချင်းစီတိုင်းမှာ လေ့လာသင်ယူစရာ အခွင့်အလမ်းတစ်ခုစီရှိတတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အတိတ်ကို တွန်းကန်အားအဖြစ်အသုံးချနိုင်မယ်ဆိုရင် ပိုပြီးမြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

၃။ သင်က ဘယ်လိုခေါင်းဆောင်မျိုးလဲ နားလည်ထားပါ။

Donald Trump ဟာ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒီအချက်နဲ့ပဲ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အာဏာရှင်ဆန်မှုကို တိမ်းညွှတ်တဲ့ အမေရိကန်တွေရဲ့ ထောက်ခံအားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုခေါင်းဆောင်မျိုးဖြစ်မလဲဆိုတာကို နားလည်ထားမယ်ဆိုရင် ဒီလိုခေါင်းဆောင်ကို သဘောကျသူတွေရဲ့ ထောက်ခံအားပေးမှုနဲ့အတူ သင်ကိုယ်တိုင်အတွက်ရော သင့်ကိုဝန်းရံသူတွေအတွက်ပါ အောင်မြင်မှုတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Related Posts

%%footer%%