လုပ္ငန္းခြင္အတြင္း ေအာင္ျမင္မႈအတြက္ အေရးပါသည့္ အလုပ္ရဲ႕ရည္ရြယ္ခ်က္အဓိပၸါယ္

လုပ္ငန္းခြင္အတြင္း ေအာင္ျမင္မႈအတြက္ အေရးပါသည့္ အလုပ္ရဲ႕ရည္ရြယ္ခ်က္အဓိပၸါယ္

ေရွးေဟာင္း ဂရိဒ႑ာရီထဲက စီစီဖတ္စ္ ဆိုသူဟာ အိုလံပတ္စ္ နတ္ျပည္က နတ္ဘုရားေတြကို စိန္ေခၚတိုက္ခိုက္ၿပီး ႐ႈံးနိမ့္ခဲ့သူျဖစ္ပါတယ္။ ဒီလို ႐ႈံးနိမ့္ခဲ့တဲ့အတြက္ သူဟာ ျပစ္ဒဏ္ေပးျခင္းခံခဲ့ရပါတယ္။ သူရရွိတဲ့ ျပစ္ဒဏ္က ဘာျဖစ္မယ္လို႔ ထင္ပါသလဲ? ညွင္းပန္းႏွိပ္စက္မႈ၊ ေသဒဏ္၊ ေထာင္ဒဏ္ ဘာတစ္ခုမွ မဟုတ္ပါဘူး။ နတ္ဘုရားတို႔ရဲ႕ အရွင္သခင္ ဇုစ္ နတ္မင္းႀကီးက ဆန္းဆန္းျပားျပားျပစ္ဒဏ္တစ္ခုအေနနဲ႔ ႀကီးမားေလးလံတဲ့ ေက်ာက္တံုးႀကီးတစ္ခုကို ေတာင္ထိပ္တစ္ခုေပၚတြန္းတင္ခိုင္းပါတယ္။ ေက်ာက္တံုးႀကီး ျပန္လိမ့္က်သြားရင္ ေနာက္တစ္ေခါက္ၿပီးတစ္ေခါက္ အဆံုးမရွိ ျပန္တြန္းတင္ခိုင္းထားတာပဲ ျဖစ္ပါတယ္။ စီစီဖတ္စ္ ရရွိတဲ့ျပစ္ဒဏ္ဟာ ကိုယ္လုပ္ေနတဲ့အလုပ္နဲ႔ပတ္သက္ၿပီး ဘာအဓိပၸါယ္မွမခံစားရပဲ ထပ္ခါတလဲလဲ လုပ္ေနရသူေတြနဲ႔ အတူတူပါပဲ။

၂၀ ရာစုႏွစ္မွာလည္း စီစီဖတ္စ္ ဒ႑ာရီလိုမ်ိဳးျပစ္ဒဏ္ကို ေတာင္အာဖရိကႏိုင္ငံ ေရာ္ဘန္ကၽြန္းေပၚက အက်ဥ္းေထာင္တစ္ခုမွာ က်င့္သံုးခဲ့ပါတယ္။ ဒီအက်ဥ္းေထာင္ဟာ နယ္လ္ဆင္မန္ဒဲလား (၁၆)ႏွစ္ၾကာ အက်ဥ္းက်ခဲ့တဲ့ ေထာင္ျဖစ္ပါတယ္။ ဒီအက်ဥ္းေထာင္မွာဆိုရင္ အက်ဥ္းသားေတြဟာ ထုံးေက်ာက္မိုင္းတြင္းတစ္ခုကို ေန႔စဥ္သြားေရာက္ၿပီး ေက်ာက္တံုးပမာဏတစ္ခုကို တူးေဖာ္ၾကရပါတယ္။ ဒီလို တူးေဖာ္မႈကို သီတင္းတစ္ပတ္ၾကာလုပ္ေဆာင္ၿပီး ေနာက္တစ္ပတ္မွာေတာ့ တူးေဖာ္ထားတဲ့ပမာဏအတိုင္း ေက်ာက္မိုင္းတြင္းထဲကို သြားျပန္ထည့္ခိုင္းခံၾကရပါတယ္။ အက်ဥ္းသားတိုင္း ႐ူးခ်င္စိတ္ေပါက္သြားေစတဲ့ ျပစ္ဒဏ္တစ္ခုပဲျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔အမ်ားစုအတြက္ ကံေကာင္းတာက အခုလို ညွင္းပန္းႏွိပ္စက္မႈေတြ မရွိေပမယ့္ လုပ္ငန္းခြင္ထဲမွာ ရည္ရြယ္ခ်က္နဲ႔ အဓိပၸါယ္ေပ်ာက္ဆံုးၿပီး အလုပ္ေတြလုပ္ေနရတဲ့အတြက္ ဂရိဒ႑ာရီထဲက စီစီဖတ္ဒ္နဲ႔ေတာ့ သိပ္မကြာလွပါဘူး။ လုပ္ငန္းခြင္တစ္ခုမွာ ေအာင္ျမင္မႈနဲ႔ အလုပ္ရဲ႕အဓိပၸါယ္ကို အတိအက်သိရွိထားမွ အဆင္ေျပႏိုင္မွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုးဟာ ကိုယ့္ဘ၀ရဲ႕ရည္ရြယ္ခ်က္ကို ကိုယ္တိုင္ရွာေဖြေနၾကရသူေတြ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဘ၀ကို ေရွ႕ဆက္ႏိုင္ဖို႔ အဓိကေမာင္းႏွင္အားက သာယာေပ်ာ္ရႊင္မႈဆိုတာထက္ အဓိပၸါယ္ျပည့္စံုမႈလို႔ ဆိုႏိုင္ပါတယ္။

ကၽြန္ေတာ္တို႔ဘ၀ရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အလုပ္အတြက္ ေပးဆပ္ထားၾကရပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ႕ အလုပ္လုပ္ရျခင္း ရည္ရြယ္ခ်က္က လိပ္စာကဒ္ေပၚမွာ ေဖာ္ျပထားတဲ့ရာထူးတာ၀န္ေလာက္ပဲ မျဖစ္သင့္သလို ရာထူးေနာက္တဆင့္တိုးတက္ဖို႔ပဲလည္း မျဖစ္သင့္ပါဘူး။ ရည္ရြယ္ခ်က္ဆိုတာက ကၽြန္ေတာ္တို႔ ဘာလုပ္သလဲ၊ ဘယ္ေလာက္ျမန္ျမန္လုပ္ေဆာင္သလဲဆိုတာေတြ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဘာေၾကာင့္ လုပ္ေဆာင္တာလဲ၊ ဘယ္လိုလုပ္တာလဲဆိုတာကိုမွ ရည္ရြယ္ခ်က္လို႔ ေခၚပါတယ္။ ဒီရည္ရြယ္ခ်က္ကို ေတြ႕ရွိၿပီဆိုရင္ေတာ့ သင္လုပ္ေနတဲ့ အလုပ္ရဲ႕ အဓိပၸါယ္ကိုေတြ႕ရွိၿပီး တိုးတက္ေအာင္ျမင္မႈေတြကိုပါ ပူးတြဲခံစားရမွာ ျဖစ္ပါတယ္။


လုပ်ငန်းခွင်အတွင်း အောင်မြင်မှုအတွက် အရေးပါသည့် အလုပ်ရဲ့ရည်ရွယ်ချက်အဓိပ္ပါယ်

ရှေးဟောင်း ဂရိဒဏ္ဍာရီထဲက စီစီဖတ်စ် ဆိုသူဟာ အိုလံပတ်စ် နတ်ပြည်က နတ်ဘုရားတွေကို စိန်ခေါ်တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။ ဒီလို ရှုံးနိမ့်ခဲ့တဲ့အတွက် သူဟာ ပြစ်ဒဏ်ပေးခြင်းခံခဲ့ရပါတယ်။ သူရရှိတဲ့ ပြစ်ဒဏ်က ဘာဖြစ်မယ်လို့ ထင်ပါသလဲ? ညှင်းပန်းနှိပ်စက်မှု၊ သေဒဏ်၊ ထောင်ဒဏ် ဘာတစ်ခုမှ မဟုတ်ပါဘူး။ နတ်ဘုရားတို့ရဲ့ အရှင်သခင် ဇုစ် နတ်မင်းကြီးက ဆန်းဆန်းပြားပြားပြစ်ဒဏ်တစ်ခုအနေနဲ့ ကြီးမားလေးလံတဲ့ ကျောက်တုံးကြီးတစ်ခုကို တောင်ထိပ်တစ်ခုပေါ်တွန်းတင်ခိုင်းပါတယ်။ ကျောက်တုံးကြီး ပြန်လိမ့်ကျသွားရင် နောက်တစ်ခေါက်ပြီးတစ်ခေါက် အဆုံးမရှိ ပြန်တွန်းတင်ခိုင်းထားတာပဲ ဖြစ်ပါတယ်။ စီစီဖတ်စ် ရရှိတဲ့ပြစ်ဒဏ်ဟာ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ဘာအဓိပ္ပါယ်မှမခံစားရပဲ ထပ်ခါတလဲလဲ လုပ်နေရသူတွေနဲ့ အတူတူပါပဲ။

၂၀ ရာစုနှစ်မှာလည်း စီစီဖတ်စ် ဒဏ္ဍာရီလိုမျိုးပြစ်ဒဏ်ကို တောင်အာဖရိကနိုင်ငံ ရော်ဘန်ကျွန်းပေါ်က အကျဉ်းထောင်တစ်ခုမှာ ကျင့်သုံးခဲ့ပါတယ်။ ဒီအကျဉ်းထောင်ဟာ နယ်လ်ဆင်မန်ဒဲလား (၁၆)နှစ်ကြာ အကျဉ်းကျခဲ့တဲ့ ထောင်ဖြစ်ပါတယ်။ ဒီအကျဉ်းထောင်မှာဆိုရင် အကျဉ်းသားတွေဟာ ထုံးကျောက်မိုင်းတွင်းတစ်ခုကို နေ့စဉ်သွားရောက်ပြီး ကျောက်တုံးပမာဏတစ်ခုကို တူးဖော်ကြရပါတယ်။ ဒီလို တူးဖော်မှုကို သီတင်းတစ်ပတ်ကြာလုပ်ဆောင်ပြီး နောက်တစ်ပတ်မှာတော့ တူးဖော်ထားတဲ့ပမာဏအတိုင်း ကျောက်မိုင်းတွင်းထဲကို သွားပြန်ထည့်ခိုင်းခံကြရပါတယ်။ အကျဉ်းသားတိုင်း ရူးချင်စိတ်ပေါက်သွားစေတဲ့ ပြစ်ဒဏ်တစ်ခုပဲဖြစ်ပါတယ်။

ကျွန်တော်တို့အများစုအတွက် ကံကောင်းတာက အခုလို ညှင်းပန်းနှိပ်စက်မှုတွေ မရှိပေမယ့် လုပ်ငန်းခွင်ထဲမှာ ရည်ရွယ်ချက်နဲ့ အဓိပ္ပါယ်ပျောက်ဆုံးပြီး အလုပ်တွေလုပ်နေရတဲ့အတွက် ဂရိဒဏ္ဍာရီထဲက စီစီဖတ်ဒ်နဲ့တော့ သိပ်မကွာလှပါဘူး။ လုပ်ငန်းခွင်တစ်ခုမှာ အောင်မြင်မှုနဲ့ အလုပ်ရဲ့အဓိပ္ပါယ်ကို အတိအကျသိရှိထားမှ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ဘဝရဲ့ရည်ရွယ်ချက်ကို ကိုယ်တိုင်ရှာဖွေနေကြရသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝကို ရှေ့ဆက်နိုင်ဖို့ အဓိကမောင်းနှင်အားက သာယာပျော်ရွှင်မှုဆိုတာထက် အဓိပ္ပါယ်ပြည့်စုံမှုလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ဘဝရဲ့ အချိန်တော်တော်များများကို အလုပ်အတွက် ပေးဆပ်ထားကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အလုပ်လုပ်ရခြင်း ရည်ရွယ်ချက်က လိပ်စာကဒ်ပေါ်မှာ ဖော်ပြထားတဲ့ရာထူးတာဝန်လောက်ပဲ မဖြစ်သင့်သလို ရာထူးနောက်တဆင့်တိုးတက်ဖို့ပဲလည်း မဖြစ်သင့်ပါဘူး။ ရည်ရွယ်ချက်ဆိုတာက ကျွန်တော်တို့ ဘာလုပ်သလဲ၊ ဘယ်လောက်မြန်မြန်လုပ်ဆောင်သလဲဆိုတာတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာကြောင့် လုပ်ဆောင်တာလဲ၊ ဘယ်လိုလုပ်တာလဲဆိုတာကိုမှ ရည်ရွယ်ချက်လို့ ခေါ်ပါတယ်။ ဒီရည်ရွယ်ချက်ကို တွေ့ရှိပြီဆိုရင်တော့ သင်လုပ်နေတဲ့ အလုပ်ရဲ့ အဓိပ္ပါယ်ကိုတွေ့ရှိပြီး တိုးတက်အောင်မြင်မှုတွေကိုပါ ပူးတွဲခံစားရမှာ ဖြစ်ပါတယ်။

Related Posts

%%footer%%