သားသမီးေတြ မ်ိဳးဆက္သစ္စီးပြားေရးေခါင္းေဆာင္ျဖစ္လာဖို႔ ေရွာင္ရန္(၆)ခု

သားသမီးေတြ မ်ိဳးဆက္သစ္စီးပြားေရးေခါင္းေဆာင္ျဖစ္လာဖို႔ ေရွာင္ရန္()ခု

နည္းပညာေတြ ဖြံ႔ၿဖိဳးတိုးတက္ေနတဲ့ ေခတ္ကာလႀကီးထဲမွာ ေနာက္လာမယ့္ မ်ိဳးဆက္သစ္ စီးပြားေရး ေခါင္းေဆာင္ေတြကို ဘယ္လိုေလ့က်င့္ပ်ိဳးေထာင္ၾကမလဲ။ မိဘေတြအေနနဲ႔ သားသမီးေတြကို မ်ိဳးဆက္သစ္ စီးပြားေရးေခါင္းေဆာင္ေတြ ျဖစ္လာေအာင္ ေလ့က်င့္ပ်ိဳးေထာင္ေပးႏိုင္ဖို႔အတြက္ ေဆာင္ရန္ေရွာင္ရန္ေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ သဲသဲလႈပ္အကဲပိုမေနပါနဲ႔။

သားသမီးကို အထိမခံျဖစ္ၿပီး သဲသဲလႈပ္ခ်စ္တတ္ၾကတဲ့ မိဘေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုခ်စ္နည္းမ်ိဳးနဲ႔ ကေလးကို ထိန္းသိမ္းတာက ကေလးအတြက္ လြတ္လပ္မႈကို အျပည့္အ၀မခံစားရေစပါဘူး။ လြတ္လပ္မႈမရတဲ့အတြက္ အသက္ငယ္ရြယ္ခ်ိန္မွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈတည္ေဆာက္ႏိုင္စြမ္း မရွိေတာ့ပါဘူး။ ကေလးကို လြတ္လပ္ခြင့္ေပးတန္သေလာက္ေပးပါ။ ေတာ္တန္႐ုံေခ်ာ္လဲၿပီး ဒူးျပဲ႐ုံေလာက္ကို စိုး႐ိမ္မေနပါနဲ႔။ ဒီလိုလဲက်ၿပီး ထိခိုက္ဒဏ္ရာရဖူးမွသာ ေနာက္တစ္ခ်ိန္အ႐ႈံးေတြနဲ႔ ရင္ဆိုင္ရၿပီး လဲျပဳက်ရင္လည္း ခံႏိုင္ရည္ရွိရွိနဲ႔ ျပန္ထႏိုင္မွာ ျဖစ္ပါတယ္။

၂။ အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ အခ်ိန္မကုန္ေစပါနဲ႔။

႐ုပ္သံအစီအစဥ္ေတြ၊ တက္ဘလက္ေတြ၊ ဖုန္းေတြလိုမ်ိဳး အီလက္ထေရာနစ္ပစၥည္းေတြက အသံုး၀င္ႏိုင္ပါတယ္။ ကေလးေတြအတြက္ သင့္ေတာ္တဲ့ အစီအစဥ္ေတြ၊ App ေတြဆိုရင္ ကေလးေတြအတြက္ တီထြင္ဖန္တီးႏိုင္စြမ္း၊ က်ိဳးေၾကာင္းဆင္ျခင္သံုးသပ္ႏိုင္စြမ္းေတြတိုးလာဖို႔ အေထာက္အကူျဖစ္ပါတယ္။ ဒါေပမယ့္ တုံးဆက္ကစားနည္း၊ အေရာင္ျခယ္စာအုပ္ေတြလိုမ်ိဳး ႐ုိးရွင္းတဲ့ကစားစရာေတြက ကေလးေတြအတြက္ ေရရွည္မွာပိုၿပီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။

၃။ အရာတိုင္းအတြက္ ဖဲႀကိဳးေတြ မေပးပါနဲ႔။

ကေလးေတြကို ယုံၾကည္မႈရွိၿပီး ေအာင္ျမင္မႈကိုခံစားႏိုင္ဖို႔ ဖဲႀကိဳးေလးေတြ ေပးေလ့ရွိပါတယ္။ တကယ္တမ္း အျမဲတမ္းဖဲႀကိဳးေပးေနတာ အေလ့အက်င့္ေကာင္းမဟုတ္ပါဘူး။ ျပႆနာက ကေလးေတြအတြက္ သူတို႔အမွန္ တကယ္မစြမ္းေဆာင္ႏိုင္တာအတြက္ ဖဲႀကိဳးခ်ီးျမွင့္ခံရတာက အေကာင္းဆံုးလုပ္ေဆာင္ဖို႔ ယုံၾကည္ခ်က္ကို ပ်က္စီးသြားေစႏိုင္ပါတယ္။ လူအမ်ားစုအတြက္ စိတ္ဓာတ္တက္ကြာေစတဲ့အခ်က္က အေကာင္းဆံုးျဖစ္ဖို႔ဆိုတာ ေပၚမွာ မူတည္ပါတယ္။ အေကာင္းဆံုးဆိုတာမဟုတ္ခဲ့ရင္ စိတ္ဓာတ္တက္ၾကြမႈလည္း ေပ်ာက္ဆံုးသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြအတြက္ ကိစၥတိုင္းမွာ အႏုိင္နဲ႔အ႐ႈံးႏွစ္ခုစလံုးရွိၿပီး အေကာင္းဆံုးျဖစ္ဖို႔အဓိကဆိုတာကို သေဘာေပါက္ဖို႔ လိုပါတယ္။

၄။ တားျမစ္ပိတ္ပင္မႈေတြ သိပ္မလုပ္ပါနဲ႔။

ကေလးေတြဟာ စူးစမ္းေလ့လာဖို႔၊ သူတို႔စိတ္ကူးကို လက္ေတြ႕လုပ္ၾကည့္ဖို႔ လိုအပ္ပါတယ္။ သူတို႔ရဲ႕စြန္႔စားခ်င္းစိတ္နဲ႔၊ စိတ္၀င္စားမႈေတြ၊ ၀ါသနာေတြေနာက္ကို လုိက္ဖို႔လိုပါတယ္။ တစ္ခါတစ္ရံ ဒီအခ်က္ေတြ ျပည့္စံုဖို႔အတြက္ သန္႔ရွင္းေနတဲ့နံရံမွာ အ႐ုပ္ေတြေရးတာ၊ ကစားစရာအသစ္ကို ေရခ်ိဳးကန္ထဲ စိမ္ထားတာ၊ ဂ်ံဳမႈန္႔အိတ္ကို ဧည့္ခန္းထဲမွာ ေဖာက္ခ်ထားတာေတြကို လုပ္တတ္ၾကပါတယ္။ ဒီလိုလုပ္ေဆာင္ခ်က္ေတြကေန အေတြ႕အၾကံဳေတြယူၿပီး တီထြင္ဆန္းသစ္ႏိုင္စြမ္းနဲ႔ စဥ္းစားေတြးေခၚႏိုင္စြမ္း ေတြ ဖြံ႔ၿဖိဳးလာၿပီး ထူးခၽြန္ထက္ျမက္သူေတြ ျဖစ္လာႏိုင္တာေၾကာင့္ အရာတိုင္းကို လိုက္ၿပီးပိတ္ပင္တားျမစ္ေနဖို႔ မလိုပါဘူး။

၅။ က်႐ႈံးမႈကို လက္မခံႏိုင္ေအာင္ မသင္ေပးပါနဲ႔။

ဘယ္မိဘမဆို ကိုယ့္သားသမီးကို အေကာင္းဆံုးျဖစ္ေစခ်င္ၾကပါတယ္။ စာေမးပြဲမွာ အမွတ္မ်ားမ်ားရေစခ်င္တယ္၊ ၿပိဳင္ပြဲတိုင္းမွာ ပထမရေစခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္အေရးႀကီးတာက ကေလးေတြကို အရႈံးနဲ႔ဘယ္လိုရင္ဆိုင္ရမလဲဆိုတာကို သင္ေပးဖို႔ပါပဲ။ ဘာေၾကာင့္လဲဆို သူတို႔ေတြ တစ္ခ်ိန္မွာ အ႐ႈံးနဲ႔ရင္ဆိုင္ရႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ စီးပြားေရးေခါင္းေဆာင္တစ္ေယာက္အတြက္ေတာ့ က်႐ႈံးမႈဆိုတာ ေအာင္ျမင္မႈဆီကိုေလွ်ာက္လွမ္းရာမွာ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိဘေတြအေနနဲ႔ ကေလးေတြကို အမွားေတြက သင္ခန္းစာယူၿပီး ေရွ႕ဆက္ႏိုင္ေအာင္ပဲ သင္ေပးသင့္ပါတယ္။

၆။ အျပစ္လႊဲခ်တာမ်ိဳး မလုပ္ပါနဲ႔။

သားသမီးမေကာင္း မိဘေခါင္းဆိုတာ ရွိပါတယ္။ ကေလးေတြက အျပဳအမူမမွန္တာ၊ ႐ုိင္းစိုင္းတာမ်ိဳးေတြ ရွိလာရင္ လူမႈ၀န္းက်င္၊ ယဥ္ေက်းမႈ၊ မီဒီယာ၊ ဆရာဆရာမ စတာေတြကို ျပစ္တင္ေျပာဆိုေနမယ့္အစား မိဘတစ္ေယာက္အေနနဲ႔ ဘယ္ေလာက္အထိ တာ၀န္ယူသင္ၾကားေပးႏိုင္လဲဆိုတာကိုပဲ ျပန္ဆန္းစစ္ၾကည့္ပါ။ မိဘေတြဟာ ကေလးေတြရဲ႕ လက္ဦးဆရာျဖစ္ၿပီး အလႊမ္းမိုးႏိုင္ဆံုးလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးရဲ႕ အျပစ္အတြက္ တစ္ေယာက္ေယာက္ကို အျပစ္မတင္ခင္မွာ အိမ္မွာအေျပာင္းအလဲေတြလုပ္ၿပီး ဆန္းစစ္ၾကည့္ပါ။


သားသမီးတွေ မျိုးဆက်သစ်စီးပွားရေးခေါင်းဆောင်ဖြစ်လာဖို့ ရှောင်ရန်(၆)ခု

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကာလကြီးထဲမှာ နောက်လာမယ့် မျိုးဆက်သစ် စီးပွားရေး ခေါင်းဆောင်တွေကို ဘယ်လိုလေ့ကျင့်ပျိုးထောင်ကြမလဲ။ မိဘတွေအနေနဲ့ သားသမီးတွေကို မျိုးဆက်သစ် စီးပွားရေးခေါင်းဆောင်တွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ သဲသဲလှုပ်အကဲပိုမနေပါနဲ့။
သားသမီးကို အထိမခံဖြစ်ပြီး သဲသဲလှုပ်ချစ်တတ်ကြတဲ့ မိဘတွေ အများကြီးရှိပါတယ်။ ဒီလိုချစ်နည်းမျိုးနဲ့ ကလေးကို ထိန်းသိမ်းတာက ကလေးအတွက် လွတ်လပ်မှုကို အပြည့်အဝမခံစားရစေပါဘူး။ လွတ်လပ်မှုမရတဲ့အတွက် အသက်ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်နိုင်စွမ်း မရှိတော့ပါဘူး။ ကလေးကို လွတ်လပ်ခွင့်ပေးတန်သလောက်ပေးပါ။ တော်တန်ရုံချော်လဲပြီး ဒူးပြဲရုံလောက်ကို စိုးရိမ်မနေပါနဲ့။ ဒီလိုလဲကျပြီး ထိခိုက်ဒဏ်ရာရဖူးမှသာ နောက်တစ်ချိန်အရှုံးတွေနဲ့ ရင်ဆိုင်ရပြီး လဲပြုကျရင်လည်း ခံနိုင်ရည်ရှိရှိနဲ့ ပြန်ထနိုင်မှာ ဖြစ်ပါတယ်။

၂။ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ အချိန်မကုန်စေပါနဲ့။
ရုပ်သံအစီအစဉ်တွေ၊ တက်ဘလက်တွေ၊ ဖုန်းတွေလိုမျိုး အီလက်ထရောနစ်ပစ္စည်းတွေက အသုံးဝင်နိုင်ပါတယ်။ ကလေးတွေအတွက် သင့်တော်တဲ့ အစီအစဉ်တွေ၊ App တွေဆိုရင် ကလေးတွေအတွက် တီထွင်ဖန်တီးနိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်စွမ်းတွေတိုးလာဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် တုံးဆက်ကစားနည်း၊ အရောင်ခြယ်စာအုပ်တွေလိုမျိုး ရိုးရှင်းတဲ့ကစားစရာတွေက ကလေးတွေအတွက် ရေရှည်မှာပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။

၃။ အရာတိုင်းအတွက် ဖဲကြိုးတွေ မပေးပါနဲ့။
ကလေးတွေကို ယုံကြည်မှုရှိပြီး အောင်မြင်မှုကိုခံစားနိုင်ဖို့ ဖဲကြိုးလေးတွေ ပေးလေ့ရှိပါတယ်။ တကယ်တမ်း အမြဲတမ်းဖဲကြိုးပေးနေတာ အလေ့အကျင့်ကောင်းမဟုတ်ပါဘူး။ ပြဿနာက ကလေးတွေအတွက် သူတို့အမှန် တကယ်မစွမ်းဆောင်နိုင်တာအတွက် ဖဲကြိုးချီးမြှင့်ခံရတာက အကောင်းဆုံးလုပ်ဆောင်ဖို့ ယုံကြည်ချက်ကို ပျက်စီးသွားစေနိုင်ပါတယ်။ လူအများစုအတွက် စိတ်ဓာတ်တက်ကွာစေတဲ့အချက်က အကောင်းဆုံးဖြစ်ဖို့ဆိုတာ ပေါ်မှာ မူတည်ပါတယ်။ အကောင်းဆုံးဆိုတာမဟုတ်ခဲ့ရင် စိတ်ဓာတ်တက်ကြွမှုလည်း ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် ကိစ္စတိုင်းမှာ အနိုင်နဲ့အရှုံးနှစ်ခုစလုံးရှိပြီး အကောင်းဆုံးဖြစ်ဖို့အဓိကဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

၄။ တားမြစ်ပိတ်ပင်မှုတွေ သိပ်မလုပ်ပါနဲ့။
ကလေးတွေဟာ စူးစမ်းလေ့လာဖို့၊ သူတို့စိတ်ကူးကို လက်တွေ့လုပ်ကြည့်ဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့စွန့်စားချင်းစိတ်နဲ့၊ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေနောက်ကို လိုက်ဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒီအချက်တွေ ပြည့်စုံဖို့အတွက် သန့်ရှင်းနေတဲ့နံရံမှာ အရုပ်တွေရေးတာ၊ ကစားစရာအသစ်ကို ရေချိုးကန်ထဲ စိမ်ထားတာ၊ ဂျုံမှုန့်အိတ်ကို ဧည့်ခန်းထဲမှာ ဖောက်ချထားတာတွေကို လုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေကနေ အတွေ့အကြုံတွေယူပြီး တီထွင်ဆန်းသစ်နိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တွေ ဖွံ့ဖြိုးလာပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်လာနိုင်တာကြောင့် အရာတိုင်းကို လိုက်ပြီးပိတ်ပင်တားမြစ်နေဖို့ မလိုပါဘူး။

၅။ ကျရှုံးမှုကို လက်မခံနိုင်အောင် မသင်ပေးပါနဲ့။
ဘယ်မိဘမဆို ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ စာမေးပွဲမှာ အမှတ်များများရစေချင်တယ်၊ ပြိုင်ပွဲတိုင်းမှာ ပထမရစေချင်ကြတာချည်းပါပဲ။ ဒါပေမယ့်အရေးကြီးတာက ကလေးတွေကို အရှုံးနဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သင်ပေးဖို့ပါပဲ။ ဘာကြောင့်လဲဆို သူတို့တွေ တစ်ချိန်မှာ အရှုံးနဲ့ရင်ဆိုင်ရနိုင်တာကြောင့် ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးခေါင်းဆောင်တစ်ယောက်အတွက်တော့ ကျရှုံးမှုဆိုတာ အောင်မြင်မှုဆီကိုလျှောက်လှမ်းရာမှာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို အမှားတွေက သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်အောင်ပဲ သင်ပေးသင့်ပါတယ်။

၆။ အပြစ်လွှဲချတာမျိုး မလုပ်ပါနဲ့။
သားသမီးမကောင်း မိဘခေါင်းဆိုတာ ရှိပါတယ်။ ကလေးတွေက အပြုအမူမမှန်တာ၊ ရိုင်းစိုင်းတာမျိုးတွေ ရှိလာရင် လူမှုဝန်းကျင်၊ ယဉ်ကျေးမှု၊ မီဒီယာ၊ ဆရာဆရာမ စတာတွေကို ပြစ်တင်ပြောဆိုနေမယ့်အစား မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်အထိ တာဝန်ယူသင်ကြားပေးနိုင်လဲဆိုတာကိုပဲ ပြန်ဆန်းစစ်ကြည့်ပါ။ မိဘတွေဟာ ကလေးတွေရဲ့ လက်ဦးဆရာဖြစ်ပြီး အလွှမ်းမိုးနိုင်ဆုံးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ အပြစ်အတွက် တစ်ယောက်ယောက်ကို အပြစ်မတင်ခင်မှာ အိမ်မှာအပြောင်းအလဲတွေလုပ်ပြီး ဆန်းစစ်ကြည့်ပါ။

Related Posts

%%footer%%