ခ်စ္သူနဲ႔ လက္တြဲေတြခိုင္ျမဲေနေစဖို႔ သိထားသင့္တဲ့ အခ်က္(၁၁)ခု
ခ်စ္သူႏွစ္ဦးဆက္ဆံေရးတစ္ခုမွာ ေပ်ာ္ရႊင္မႈဆိုတာက ကံတရားခ်ည္းသက္သက္မဟုတ္ပါဘူး။ လက္တြဲေတြ ခိုင္ျမဲေနေစဖို႔ ေန႔စဥ္နဲ႔အမွ် ဂ႐ုတစိုက္လုပ္ေဆာင္ရမယ့္ အရာေတြအမ်ားႀကီးရွိပါတယ္။ လြယ္ပါတယ္လို႔ ထင္ရေပမယ့္ အရမ္းအေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ ခ်စ္သူစံုတြဲေတြရဲ႕ အေလ့အက်င့္ေတြကို အတုယူလုပ္ေဆာင္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ႏွစ္ဦးၾကားဆက္ဆံေရးနဲ႔ပတ္သက္ၿပီး မိသားစု၊ မိတ္ေဆြေတြကို မညည္းညဴတတ္ၾကပါဘူး။
ႏွစ္ကိုယ္ၾကားကိစၥမွာ အျပင္လူေတြ ၀င္မပတ္သက္သင့္ဘူးဆိုတာကို ေပ်ာ္ရႊင္ၾကည္ႏူးေနၾကတ့ဲ စုံတြဲတိုင္း သိထားၾကပါတယ္။ အေရးကိစၥတစ္ခုခုေပၚလာၿပီဆိုတာနဲ႔ အျပင္လူေတြကို ေျပာျပတိုင္ပင္မယ့္အစား အခ်င္းခ်င္း ပြင့္ပြင့္လင္းလင္းေဆြးေႏြးတတ္ၾကပါတယ္။ အျပင္လူေတြကို ဖြင့္ေျပာမိၿပီဆိုတာနဲ႔ ႏွစ္ဦးသားဆက္ဆံေရးကို ထိခိုက္ပ်က္စီးေစမယ့္အရာေတြကပဲ ေစာင့္ႀကိဳေနမွာျဖစ္ပါတယ္။
၂။ အျခားသူေတြနဲ႔ မႏႈိင္းယွဥ္တတ္ၾကဘူး။
ေပ်ာ္ရႊင္ၾကည္ႏူးေနၾကတဲ့ စံုတြဲတိုင္းဟာ တစ္ေယာက္ကိုတစ္ေယာက္ အရွိအတိုင္းလက္ခံၿပီး ခ်စ္တတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ကိုယ္သူတို႔ အျခားသူေတြနဲ႔ ႏႈိင္းယွဥ္ေလ့မရွိပါဘူး။ ဒီလိုႏႈိင္းယွဥ္တာက ယုတိၱမတန္ပဲ ဆက္ဆံေရးမွာ အေႏွာက္အယွက္ျဖစ္ေစႏိုင္တယ္ဆိုတာ သိထားၾကပါတယ္။
၃။ အျပစ္မတင္ပဲ ကိုယ့္တာ၀န္ကိုယ္ယူတတ္ၾကပါတယ္။
ေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲတိုင္းမွာ သူတို႔ရဲ႕ ခံစားခ်က္၊ သူတို႔ရဲ႕ တာ၀န္ေတြအတြက္ တာ၀န္အျပည့္အ၀ယူတတ္ၾကပါတယ္။ သူတို႔ တစ္ေယာက္ခ်င္းစီရဲ႕ျပႆနာေတြအတြက္ အျခားတစ္ေယာက္ကို အျပစ္တင္ေလ့မရွိပါဘူး။ ကိုယ့္ကိုယ္သနားစရာအျဖစ္သတ္မွတ္ၿပီး ခ်စ္သူကို အျပစ္တင္မယ့္အစား လိုအပ္တာကို ေတာင္းဆိုပါလိမ့္မယ္။
၄။ ေပါ့ေပါ့ပါးပါး ဆက္ဆံတတ္ၾကတယ္။
ေပ်ာ္ရႊင္တ့ဲစံုတြဲတိုင္က ေပ်ာ္ရႊင္မႈကို လိုခ်င္တတ္ၾကတယ္။ သူတို႔က ပံုမွန္ခ်ိန္းေတြ႕ၿပီ ရီေမာေပ်ာ္ရႊင္စရာေတြကို ဖန္တီးတတ္ၾကတယ္။ ဘ၀မွာ ခက္ခဲၾကမ္းတမ္းတဲ့အေျခအေနေတြနဲ႔ ၾကံဳေတြ႕ရၿပီဆိုရင္ေတာင္ ေပါ့ေပါ့ပါးပါး ေပ်ာ္ရႊင္ေနတတ္ၾကသူေတြျဖစ္တယ္။
၅။ သူတို႔က ေ၀ဖန္ျပစ္တင္တာမ်ိဳး မလုပ္တတ္ၾကပါဘူး။
သူတို႔က တစ္ေယာက္ေကာင္းကြက္ေတြကိုပဲ တစ္ေယာက္က ၾကည့္တတ္ၾကပါတယ္။ စိတ္ပ်က္စရာတစ္ခုခု ၾကံဳေတြ႕ရရင္ေတာင္မွ အဆင္ေျပမယ့္နည္းလမ္းကို ေျပာဆိုတတ္ၾကတယ္။ ေ၀ဖန္ျပစ္တင္တာဟာ ခံရသူအတြက္ စိတ္ပ်က္အားငယ္စရာျဖစ္ၿပီး ဆက္ဆံေရးကို ထိခိုက္ေစႏိုင္တာကို သိထားၾကသူေတြျဖစ္ပါတယ္။ သင့္ခ်စ္သူက သင္မႀကိဳက္တဲ့အရာတစ္ခုလုပ္ေနၿပီဆိုရင္ ဘာေၾကာင့္ သင္မႀကိဳက္တာလဲဆိုတာကို အာ႐ုံစိုက္စဥ္းစားၿပီး သူမနားလည္ေအာင္ ဘယ္လိုေျပာရမလဲဆိုတာကို ႀကိဳးစားရမွာျဖစ္ပါတယ္။
၆။ ေငြေရးေၾကးေရးကို လစ္လ်ဴမ႐ႈတတ္ၾကပါဘူး။
ေငြေၾကးအခက္အခဲေတြက ႏွစ္ဦးသားဆက္ဆံေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေပ်ာ္ရႊင္ၾကည္ႏႈးေနၾကတဲ့ ခ်စ္သူစံုတြဲတိုင္းဟာ ေငြေရးေၾကးေရးကိစၥကို ပထမဦးစားေပးသတ္မွတ္ၿပီး အနာဂတ္အတြက္ ဘ႑ာေရးရည္မွန္းခ်က္ေတြလည္း ခ်မွတ္ထားတတ္ၾကပါတယ္။
၇။ စိတ္ကို မဖတ္တတ္ၾကပါဘူး။
ေပ်ာ္ရႊင္တဲ့ ဆက္ဆံေရးတိုင္းမွာ တစ္ေယာက္ရဲ႕လုိအပ္ခ်က္နဲ႔ ခံစားခ်က္ေတြကို အျခားတစ္ေယာက္က သိရွိတတ္ၾကပါတယ္။ ဘယ္လိုပဲ ခံစားခ်က္ေတြ ဆက္ႏြယ္ေနပါေစ။ တစ္ေယာက္ေယာက္ရဲ႕ စိတ္ခံစားမႈတိုင္းကို အျပည့္အ၀နားလည္ဖို႔ မလြယ္ပါဘူး။ ဒါ့ေၾကာင့္ ခံစားခ်က္ေတြ၊ လိုအပ္ခ်က္ေတြကို သူသိမွာပဲလို႔ မ်ိဳသိပ္မထားပဲ ဖြင့္ဟေျပာဆိုတတ္ဖို႔ လိုပါတယ္။
၈။ အလြန္အကၽြံ မေ၀မွ်တတ္ၾကပါဘူး။
ေအးအတူပူအမွ်ဆိုတဲ့ စကားရွိေပမယ့္ တစ္ဦးမွာရင္ဆိုင္ၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြကို ဖြင့္ဟေ၀မွ်တယ္ဆိုတာက လိုအပ္ခ်က္ေတြ ျပည့္စံုဖို႔နဲ႔ ႏွစ္ဦးသားပိုၿပီး ဆက္ဆံေရးခိုင္ျမဲဖို႔ ျဖစ္ပါတယ္။ အဆင္မေျပတာတစ္ခုခုကို တိုင္ပင္ေတာ့မယ့္ဆိုရင္ အခ်ိန္မွန္ေနရာမွန္ကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။
၉။ သူ႔တာ၀န္ ကိုယ့္တာ၀န္မခြဲျခားတတ္ၾကဘူး။
ေပ်ာ္ရႊင္တဲ့ခ်စ္သူစံုတြဲတိုင္းမွာ ဘယ္အလုပ္မဆို တြက္ကပ္တာမ်ိဳးမရွိပဲ လုပ္ေပးလိုက္ဖို႔ အဆင္သင့္ရွိတတ္ၾကပါတယ္။ ဥပမာ ေျပာရရင္ ထမင္းဟင္းခ်က္တာက မိန္းကေလးရဲ႕ တာ၀န္ဆိုေပမယ့္ သူမ မလုပ္ႏိုင္တဲ့အခါမွာ ပ်က္ကြက္မႈကို အျပစ္မတင္ပဲ ၀င္လုပ္ေပးလိုက္တာမ်ိဳးကို ဆိုလိုပါတယ္။
၁၀။ အခ်င္းခ်င္း ျမည္တြန္ေတာက္တီးတာမ်ိဳး မလုပ္တတ္ၾကပါဘူး။
ေပ်ာ္ရႊင္စရာေကာင္းတဲ့ ဆက္ဆံေရးတိုင္းမွာ တစ္ေယာက္ကိုတစ္ေယာက္ ဖိအားေပးတာမ်ိဳးမလုပ္ပဲ အားေပးတာမ်ိဳးပဲ လုပ္တတ္ၾကပါတယ္။ အခ်င္းခ်င္း အျပန္အလွန္ကူညီေပးဖို႔ကိုပဲ အာ႐ုံစိုက္တတ္ၾကတဲ့အတြက္ အျပစ္ရွာျမည္တြန္ေတာက္တီးတာမ်ိဳး မလုပ္တတ္ၾကပါဘူး။
၁၁။ ဇာတ္လမ္းဆန္ဆန္ ဆက္ဆံေရးမ်ိဳးေတြကို အာ႐ုံမစိုက္တတ္ၾကပါဘူး။
ေပ်ာ္ရႊင္တဲ့ဆက္ဆံေရးကို ပိုင္ဆုိင္ထားတဲ့ ခ်စ္သူစံုတြဲေတြအတြက္ေတာ့ ႐ုပ္ရွင္ဇာတ္လမ္းေတြထဲမွာ ႐ိုက္ျပတတ္တဲ့ ဆက္ဆံေရးပံုစံမ်ိဳးက ယုံၾကည္စရာမရွိပါဘူး။ သူတို႔က အခ်င္းခ်င္း ခ်စ္ခင္ျမတ္ႏိုးၾကၿပီး အထင္ေသးတာ၊ မေလးစားတာမ်ိဳးေတြ မရွိၾကသလို ႐ုပ္သံထဲမွာျမင္ရတဲ့ အေပၚယံေပ်ာ္ရႊင္မႈေတြကိုလည္း အထင္မႀကီးတတ္ၾကပါဘူး။
ချစ်သူနဲ့ လက်တွဲတွေခိုင်မြဲနေစေဖို့ သိထားသင့်တဲ့ အချက်(၁၁)ခု
ချစ်သူနှစ်ဦးဆက်ဆံရေးတစ်ခုမှာ ပျော်ရွှင်မှုဆိုတာက ကံတရားချည်းသက်သက်မဟုတ်ပါဘူး။ လက်တွဲတွေ ခိုင်မြဲနေစေဖို့ နေ့စဉ်နဲ့အမျှ ဂရုတစိုက်လုပ်ဆောင်ရမယ့် အရာတွေအများကြီးရှိပါတယ်။ လွယ်ပါတယ်လို့ ထင်ရပေမယ့် အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်ကြည်နူးနေတဲ့ ချစ်သူစုံတွဲတွေရဲ့ အလေ့အကျင့်တွေကို အတုယူလုပ်ဆောင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ နှစ်ဦးကြားဆက်ဆံရေးနဲ့ပတ်သက်ပြီး မိသားစု၊ မိတ်ဆွေတွေကို မညည်းညူတတ်ကြပါဘူး။
နှစ်ကိုယ်ကြားကိစ္စမှာ အပြင်လူတွေ ဝင်မပတ်သက်သင့်ဘူးဆိုတာကို ပျော်ရွှင်ကြည်နူးနေကြတဲ့ စုံတွဲတိုင်း သိထားကြပါတယ်။ အရေးကိစ္စတစ်ခုခုပေါ်လာပြီဆိုတာနဲ့ အပြင်လူတွေကို ပြောပြတိုင်ပင်မယ့်အစား အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်ကြပါတယ်။ အပြင်လူတွေကို ဖွင့်ပြောမိပြီဆိုတာနဲ့ နှစ်ဦးသားဆက်ဆံရေးကို ထိခိုက်ပျက်စီးစေမယ့်အရာတွေကပဲ စောင့်ကြိုနေမှာဖြစ်ပါတယ်။
၂။ အခြားသူတွေနဲ့ မနှိုင်းယှဉ်တတ်ကြဘူး။
ပျော်ရွှင်ကြည်နူးနေကြတဲ့ စုံတွဲတိုင်းဟာ တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်းလက်ခံပြီး ချစ်တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ နှိုင်းယှဉ်လေ့မရှိပါဘူး။ ဒီလိုနှိုင်းယှဉ်တာက ယုတ္တိမတန်ပဲ ဆက်ဆံရေးမှာ အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ သိထားကြပါတယ်။
၃။ အပြစ်မတင်ပဲ ကိုယ့်တာဝန်ကိုယ်ယူတတ်ကြပါတယ်။
ပျော်ရွှင်နေကြတဲ့ စုံတွဲတိုင်းမှာ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ တာဝန်တွေအတွက် တာဝန်အပြည့်အဝယူတတ်ကြပါတယ်။ သူတို့ တစ်ယောက်ချင်းစီရဲ့ပြဿနာတွေအတွက် အခြားတစ်ယောက်ကို အပြစ်တင်လေ့မရှိပါဘူး။ ကိုယ့်ကိုယ်သနားစရာအဖြစ်သတ်မှတ်ပြီး ချစ်သူကို အပြစ်တင်မယ့်အစား လိုအပ်တာကို တောင်းဆိုပါလိမ့်မယ်။
၄။ ပေါ့ပေါ့ပါးပါး ဆက်ဆံတတ်ကြတယ်။
ပျော်ရွှင်တဲ့စုံတွဲတိုင်က ပျော်ရွှင်မှုကို လိုချင်တတ်ကြတယ်။ သူတို့က ပုံမှန်ချိန်းတွေ့ပြီ ရီမောပျော်ရွှင်စရာတွေကို ဖန်တီးတတ်ကြတယ်။ ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရပြီဆိုရင်တောင် ပေါ့ပေါ့ပါးပါး ပျော်ရွှင်နေတတ်ကြသူတွေဖြစ်တယ်။
၅။ သူတို့က ဝေဖန်ပြစ်တင်တာမျိုး မလုပ်တတ်ကြပါဘူး။
သူတို့က တစ်ယောက်ကောင်းကွက်တွေကိုပဲ တစ်ယောက်က ကြည့်တတ်ကြပါတယ်။ စိတ်ပျက်စရာတစ်ခုခု ကြုံတွေ့ရရင်တောင်မှ အဆင်ပြေမယ့်နည်းလမ်းကို ပြောဆိုတတ်ကြတယ်။ ဝေဖန်ပြစ်တင်တာဟာ ခံရသူအတွက် စိတ်ပျက်အားငယ်စရာဖြစ်ပြီး ဆက်ဆံရေးကို ထိခိုက်စေနိုင်တာကို သိထားကြသူတွေဖြစ်ပါတယ်။ သင့်ချစ်သူက သင်မကြိုက်တဲ့အရာတစ်ခုလုပ်နေပြီဆိုရင် ဘာကြောင့် သင်မကြိုက်တာလဲဆိုတာကို အာရုံစိုက်စဉ်းစားပြီး သူမနားလည်အောင် ဘယ်လိုပြောရမလဲဆိုတာကို ကြိုးစားရမှာဖြစ်ပါတယ်။
၆။ ငွေရေးကြေးရေးကို လစ်လျူမရှုတတ်ကြပါဘူး။
ငွေကြေးအခက်အခဲတွေက နှစ်ဦးသားဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပျော်ရွှင်ကြည်နှုးနေကြတဲ့ ချစ်သူစုံတွဲတိုင်းဟာ ငွေရေးကြေးရေးကိစ္စကို ပထမဦးစားပေးသတ်မှတ်ပြီး အနာဂတ်အတွက် ဘဏ္ဍာရေးရည်မှန်းချက်တွေလည်း ချမှတ်ထားတတ်ကြပါတယ်။
၇။ စိတ်ကို မဖတ်တတ်ကြပါဘူး။
ပျော်ရွှင်တဲ့ ဆက်ဆံရေးတိုင်းမှာ တစ်ယောက်ရဲ့လိုအပ်ချက်နဲ့ ခံစားချက်တွေကို အခြားတစ်ယောက်က သိရှိတတ်ကြပါတယ်။ ဘယ်လိုပဲ ခံစားချက်တွေ ဆက်နွယ်နေပါစေ။ တစ်ယောက်ယောက်ရဲ့ စိတ်ခံစားမှုတိုင်းကို အပြည့်အဝနားလည်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ခံစားချက်တွေ၊ လိုအပ်ချက်တွေကို သူသိမှာပဲလို့ မျိုသိပ်မထားပဲ ဖွင့်ဟပြောဆိုတတ်ဖို့ လိုပါတယ်။
၈။ အလွန်အကျွံ မဝေမျှတတ်ကြပါဘူး။
အေးအတူပူအမျှဆိုတဲ့ စကားရှိပေမယ့် တစ်ဦးမှာရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖွင့်ဟဝေမျှတယ်ဆိုတာက လိုအပ်ချက်တွေ ပြည့်စုံဖို့နဲ့ နှစ်ဦးသားပိုပြီး ဆက်ဆံရေးခိုင်မြဲဖို့ ဖြစ်ပါတယ်။ အဆင်မပြေတာတစ်ခုခုကို တိုင်ပင်တော့မယ့်ဆိုရင် အချိန်မှန်နေရာမှန်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။
၉။ သူ့တာဝန် ကိုယ့်တာဝန်မခွဲခြားတတ်ကြဘူး။
ပျော်ရွှင်တဲ့ချစ်သူစုံတွဲတိုင်းမှာ ဘယ်အလုပ်မဆို တွက်ကပ်တာမျိုးမရှိပဲ လုပ်ပေးလိုက်ဖို့ အဆင်သင့်ရှိတတ်ကြပါတယ်။ ဥပမာ ပြောရရင် ထမင်းဟင်းချက်တာက မိန်းကလေးရဲ့ တာဝန်ဆိုပေမယ့် သူမ မလုပ်နိုင်တဲ့အခါမှာ ပျက်ကွက်မှုကို အပြစ်မတင်ပဲ ဝင်လုပ်ပေးလိုက်တာမျိုးကို ဆိုလိုပါတယ်။
၁၀။ အချင်းချင်း မြည်တွန်တောက်တီးတာမျိုး မလုပ်တတ်ကြပါဘူး။
ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ဖိအားပေးတာမျိုးမလုပ်ပဲ အားပေးတာမျိုးပဲ လုပ်တတ်ကြပါတယ်။ အချင်းချင်း အပြန်အလှန်ကူညီပေးဖို့ကိုပဲ အာရုံစိုက်တတ်ကြတဲ့အတွက် အပြစ်ရှာမြည်တွန်တောက်တီးတာမျိုး မလုပ်တတ်ကြပါဘူး။
၁၁။ ဇာတ်လမ်းဆန်ဆန် ဆက်ဆံရေးမျိုးတွေကို အာရုံမစိုက်တတ်ကြပါဘူး။
ပျော်ရွှင်တဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားတဲ့ ချစ်သူစုံတွဲတွေအတွက်တော့ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ ရိုက်ပြတတ်တဲ့ ဆက်ဆံရေးပုံစံမျိုးက ယုံကြည်စရာမရှိပါဘူး။ သူတို့က အချင်းချင်း ချစ်ခင်မြတ်နိုးကြပြီး အထင်သေးတာ၊ မလေးစားတာမျိုးတွေ မရှိကြသလို ရုပ်သံထဲမှာမြင်ရတဲ့ အပေါ်ယံပျော်ရွှင်မှုတွေကိုလည်း အထင်မကြီးတတ်ကြပါဘူး။