လူတစ္ရာမွာ (၁)ရာခိုင္ႏႈန္းေလာက္ပဲ လုပ္တတ္ၾကသည့္ ခ်မ္းသားေစမည့္အေၾကာင္းအရာ (၇)ခု
လူခ်မ္းသာေတြက ပိုၿပီးခ်မ္းသာလာတတ္ၾကပါတယ္။ ဆင္းရဲသူေတြကလည္း ပိုၿပီးဆင္းရဲလာၾကပါတယ္။ ဒီလို အျမဲျဖစ္ေနတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႔။ သင္လည္းပဲ ခ်မ္းသာလာႏိုင္ပါတယ္။ ခ်မ္းသာလာဖို႔အတြက္ လူဦးေရ(၁၀၀)မွာ (၁)ရာခိုင္ႏႈန္းေလာက္ပဲ လုပ္ေဆာင္ေလ့ရွိၿပီး က်န္တဲ့(၉၉)ရာခိုင္ႏႈန္းက မလုပ္တတ္ၾကတဲ့ အရာ(၇)ခုကို လုပ္ေဆာင္လိုက္ရုံပါပဲ။
၁။ အအိပ္ မမက္ပါနဲ႔။
တကယ္လို႔ လူတစ္ေယာက္ဟာ အိပ္စက္စရာမလိုဘူးဆိုရင္ တစ္ေန႔ကို (၇)နာရီေလာက္ စာဖတ္ခ်ိန္၊ အလုပ္လုပ္ခ်ိန္ ပိုထြက္လာမွာျဖစ္ပါတယ္။ အသိပညာဟာ စြမ္းအားရွိေစပါတယ္။ စြမ္းအားရွိသူေတြပဲ ေငြရွာႏိုင္ၾကတာျဖစ္ပါတယ္။ ဘ၀မွာရည္ရြယ္ခ်က္မရွိတဲ့သူေတြပဲ အိပ္စက္ဖို႔ကို ေမွ်ာ္လင့္ေနတတ္ၾကတာ ျဖစ္ပါတယ္။ ဒါဆို မအိပ္ရဘူးလား။ မဟုတ္ပါဘူး။ လုိအပ္သေလာက္ပဲ အိပ္ပါ။ ၿပီးရင္ ႏိုးထၿပီးအလုပ္ျပန္လုပ္ပါ။
၂။ အေကာင္းဆံုးျဖစ္ပါေစ။
လူေတြက တတ္ႏိုင္သမွ် အေကာင္းဆံုးထုတ္ကုန္ေတြ ၀န္ေဆာင္မႈေတြကို ၀ယ္ယူခ်င္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုထုတ္ကုန္ ၀န္ေဆာင္မႈမ်ိဳးပဲျဖစ္ျဖစ္ အေကာင္းဆံုးျဖစ္ဖို႔ ႀကိဳးစားပါ။ သင္ကိုယ္တိုင္က အေကာင္းဆံုးမျဖစ္ရင္ အေကာင္းဆံုးဆိုတဲ့ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ထုတ္လုပ္ဖို႔အခက္အခဲ ေတြ႕ရပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင္ကိုယ္တိုင္က အေကာင္းဆံုးမဟုတ္ရင္ အလုပ္အေပၚမွာ အမ်ားႀကီး အာ႐ုံမစိုက္ေသးပဲ ကိုယ့္ကိုယ္ကို အရင္ဆံုးအာရုံစိုက္ပါ။ သင့္ရဲ႕အရည္အခ်င္းနဲ႔ စိတ္ဓာတ္ေတြ ထူးခၽြန္ထက္ျမက္လာေအာင္ ႀကိဳးစားပါ။
၃။ အလုပ္ၿပီးဖို႔ ဦးစားေပးပါ။
အလုပ္လုပ္ဖို႔ အခ်ိန္နဲ႔ အပန္းေျဖအနားယူဖို႔အခ်ိန္ေတြ ရွိပါတယ္။ ေမးစရာရွိတာက ဘယ္အရာကို ဦးစားေပးမလဲဆိုတာပါပဲ။ ဘယ္အရာက သင့္ကို ေမာင္းႏွင္ႏိုင္မွာလဲ။ အခ်ိန္အမ်ားစုမွာ သင္ေမွ်ာ္လင့္ေနတဲ့အရာက ဘာလဲ။ သင့္အတြက္ ေပ်ာ္ရႊင္ရတဲ့ အလုပ္ကို လုပ္ေဆာင္ပါ။ ဒါဆိုရင္ အလုပ္ခ်ိန္ေတြက အပန္းေျဖခ်ိန္ေတြ ျဖစ္လာပါလိမ့္မယ္။ တကယ္ေအာင္ျမင္ခ်မ္းသာတဲ့လူေတြမွာ ေန႔ရက္တိုင္းက အားလပ္ရက္ေတြပါပဲ။ သူတို႔မွာ ရုံးဖြင့္ရက္ ရုံးပိတ္ရက္ဆိုတာ မရွိပါဘူး။ အားလံုးအတူတူပါပဲ။ ဒီလိုေျပာလို႔ ေၾကာင္ေတာင္ေတာင္ႏိုင္တယ္ထင္ပါသလား။ ဟုတ္ပါတယ္။ တကယ္ေအာင္ျမင္သူေတြက ေၾကာင္ေတာင္ေတာင္ႏိုင္ၾကပါတယ္။
၄။ (၉၉)ရာခိုင္ႏႈန္းကို သင့္အတြက္ အလုပ္လုပ္ခိုင္းပါ။
ဟုတ္ပါတယ္။ လူခ်မ္းသာ(၁)ရာခိုင္ႏႈန္းက က်န္တဲ့ (၉၉)ရာခိုင္ႏႈန္းကို အလုပ္လုပ္ခိုင္းတတ္ၾကပါတယ္။ ဒါက သိပ္ဆန္းၾကယ္တဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ တကယ္လို႔ သင္က ျခံရွင္းတဲ့လုပ္ငန္းလုပ္ေဆာင္တယ္ဆိုပါစို႔။ ကိုယ္တိုင္ ျမက္ရိတ္စက္ေမာင္းရတာက ေပ်ာ္စရာေကာင္းခ်င္းေကာင္းမွာပါ။ ဒါေပမယ့္ ျခံတစ္ခုကို ရွင္းၿပီးတာနဲ႔ အခ်ိန္ကုန္သြားမွာပါ။ ဒီအတြက္ ျဖစ္သင့္တာက သင့္အလုပ္ကို အခေၾကးေငြတစ္ခုနဲ႔ လုပ္ေပးခ်င္တဲ့ (၉၉)ရာခိုင္ႏႈန္းေသာ လူေတြကို လုပ္ခိုင္းၿပီး သင္ကိုယ္တိုင္က ေစ်းကြက္ရွာၿပီး ေနာက္ထပ္ေဖာက္သည္ေတြ ထပ္ရဖို႔ အခ်ိန္ကုန္သင့္ပါတယ္။ ဒါတင္ပဲလား။ မဟုတ္ပါဘူး။ ဒီအလုပ္ကို လႊဲေပးလို႔ရမယ့္လူရွိမယ္ဆိုရင္ ေနာက္ထပ္လုပ္ငန္းတစ္ခုကို ထပ္လုပ္ပါ။ ဒီအတိုင္းလုပ္ေနရင္း လုပ္ငန္းေနရာေပါင္း (၁၀၀)ေက်ာ္ေလာက္က ၀င္ေငြေတြကို ရရွိေနၿပီး ဘယ္ေနရာက ဘယ္လိုရေနမွန္းမသိတဲ့အထိ ျဖစ္ေအာင္ လုပ္ပါ။
၅။ ၿပိဳင္ကားလွလွေလး ေမာင္းပါ။
ေငြေၾကးက ေပ်ာ္ရႊင္မႈကို ၀ယ္လို႔မရဘူးလို႔ လူေတြက ေျပာၾကပါတယ္။ ဒါေပမယ့္ Lamborghini လို ၿပိဳင္ကားလွလွေလးေပၚမွာ ထိုင္ငိုေနတဲ့သူ ေတြ႕ဖူးပါသလား။ သင္ေရာ ဘယ္လိုကားမ်ိဳး စီးႏိုင္ၿပီလဲ။ မစီးႏိုင္ေသးဘူးဆိုရင္ စီးႏိုင္ေအာင္ ႀကိဳးစားလုိက္ပါ။ ဘယ္လိုနည္းလမ္းနဲ႔ ၀ယ္ႏိုင္မလဲဆိုတာကို ေတြ႕လာပါလိမ့္မယ္။
၆။ သင့္အတြက္ ေငြရွာေပးႏိုင္မယ့္ အရာေတြအတြက္ ေငြကို သံုးစြဲပါ။
(၉၉)ရာခိုင္ႏႈန္းထဲက လူေတြရဲ႕ဘ၀က ႐ုန္းကန္ရပါတယ္။ လကုန္ရင္ လစာရမယ္။ ေပးစရာရွိတာေတြ ေပးရမယ္။ စားဖို႔ေသာက္ဖို႔နဲ႔ အျခားလုိအပ္တာေတြ ၀ယ္ယူရမယ္။ ဒါဆိုရင္ လက္က်န္ေငြအနည္းငယ္ ဒါမွမဟုတ္ လုံး၀မက်န္ေတာ့တာမ်ိဳးျဖစ္ၿပီး ေနာက္တစ္ႀကိမ္ လစာရဖို႔ ျပန္ေမွ်ာ္လင့္ရပါလိမ့္မယ္။ ဒီလိုျဖစ္ေနတာကို က်န္တဲ့ (၁)ရာခိုင္ႏႈန္းက သေဘာက်ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔အတြက္ ေငြေတြေပးေနလို႔ပဲျဖစ္ပါတယ္။ ဒီလိုဘ၀မ်ိဳးကို ႏွစ္သက္ပါသလား။ ေပ်ာ္ေနပါသလား။ မႏွစ္သက္ဘူး။ မေပ်ာ္ဘူးဆိုရင္ေတာ့ သင့္ကိုယ္သင္ထိန္းခ်ဳပ္တတ္ဖို႔ လိုေနပါၿပီ။ တန္ဖိုးႀကီးပစၥည္းေတြကို ၀ယ္ဖို႔မစဥ္းစားပါနဲ႔။ သင့္ရဲ႕ေငြကို စုေဆာင္ထားၿပီး ကိုယ္ပိုင္လုပ္ငန္းတစ္ခု လုပ္ႏိုင္တဲ့အထိႀကိဳးစားပါ။
၇။ တတ္ႏိုင္သမွ် ေငြေၾကးမ်ားမ်ားကို ေပးလွဴပါ။
ထူးျခားတယ္လု႔ိ ထင္ရပါတယ္။ သင့္အေနနဲ႔ ယုံခ်င္မွယုံပါလိမ့္မယ္။ ဒါေပမယ့္ ပိုက္ဆံကို မက္ေမာတဲ့ (၁)ရာခိုင္ႏႈန္းေသာ ပုဂိၢဳဟ္ေတြက ေငြမမက္ပါဘူးဆိုတဲ့ (၉၉)ရာခိုင္ႏႈန္းအားလံုးေပါင္းတာထက္ ေငြေၾကးေပးလွဴတတ္ၾကပါတယ္။ ေပးဆပ္ပါ။ သင္ေပးတာထက္ ပိုတာေတြ ျပန္ရပါလိမ့္မယ္။
လူတစ်ရာမှာ (၁)ရာခိုင်နှုန်းလောက်ပဲ လုပ်တတ်ကြသည့် ချမ်းသားစေမည့်အကြောင်းအရာ (၇)ခု
လူချမ်းသာတွေက ပိုပြီးချမ်းသာလာတတ်ကြပါတယ်။ ဆင်းရဲသူတွေကလည်း ပိုပြီးဆင်းရဲလာကြပါတယ်။ ဒီလို အမြဲဖြစ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ သင်လည်းပဲ ချမ်းသာလာနိုင်ပါတယ်။ ချမ်းသာလာဖို့အတွက် လူဦးရေ(၁၀၀)မှာ (၁)ရာခိုင်နှုန်းလောက်ပဲ လုပ်ဆောင်လေ့ရှိပြီး ကျန်တဲ့(၉၉)ရာခိုင်နှုန်းက မလုပ်တတ်ကြတဲ့ အရာ(၇)ခုကို လုပ်ဆောင်လိုက်ရုံပါပဲ။
၁။ အအိပ် မမက်ပါနဲ့။
တကယ်လို့ လူတစ်ယောက်ဟာ အိပ်စက်စရာမလိုဘူးဆိုရင် တစ်နေ့ကို (၇)နာရီလောက် စာဖတ်ချိန်၊ အလုပ်လုပ်ချိန် ပိုထွက်လာမှာဖြစ်ပါတယ်။ အသိပညာဟာ စွမ်းအားရှိစေပါတယ်။ စွမ်းအားရှိသူတွေပဲ ငွေရှာနိုင်ကြတာဖြစ်ပါတယ်။ ဘဝမှာရည်ရွယ်ချက်မရှိတဲ့သူတွေပဲ အိပ်စက်ဖို့ကို မျှော်လင့်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါဆို မအိပ်ရဘူးလား။ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲ အိပ်ပါ။ ပြီးရင် နိုးထပြီးအလုပ်ပြန်လုပ်ပါ။
၂။ အကောင်းဆုံးဖြစ်ပါစေ။
လူတွေက တတ်နိုင်သမျှ အကောင်းဆုံးထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ဝယ်ယူချင်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုထုတ်ကုန် ဝန်ဆောင်မှုမျိုးပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်ဖို့ ကြိုးစားပါ။ သင်ကိုယ်တိုင်က အကောင်းဆုံးမဖြစ်ရင် အကောင်းဆုံးဆိုတဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ထုတ်လုပ်ဖို့အခက်အခဲ တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်က အကောင်းဆုံးမဟုတ်ရင် အလုပ်အပေါ်မှာ အများကြီး အာရုံမစိုက်သေးပဲ ကိုယ့်ကိုယ်ကို အရင်ဆုံးအာရုံစိုက်ပါ။ သင့်ရဲ့အရည်အချင်းနဲ့ စိတ်ဓာတ်တွေ ထူးချွန်ထက်မြက်လာအောင် ကြိုးစားပါ။
၃။ အလုပ်ပြီးဖို့ ဦးစားပေးပါ။
အလုပ်လုပ်ဖို့ အချိန်နဲ့ အပန်းဖြေအနားယူဖို့အချိန်တွေ ရှိပါတယ်။ မေးစရာရှိတာက ဘယ်အရာကို ဦးစားပေးမလဲဆိုတာပါပဲ။ ဘယ်အရာက သင့်ကို မောင်းနှင်နိုင်မှာလဲ။ အချိန်အများစုမှာ သင်မျှော်လင့်နေတဲ့အရာက ဘာလဲ။ သင့်အတွက် ပျော်ရွှင်ရတဲ့ အလုပ်ကို လုပ်ဆောင်ပါ။ ဒါဆိုရင် အလုပ်ချိန်တွေက အပန်းဖြေချိန်တွေ ဖြစ်လာပါလိမ့်မယ်။ တကယ်အောင်မြင်ချမ်းသာတဲ့လူတွေမှာ နေ့ရက်တိုင်းက အားလပ်ရက်တွေပါပဲ။ သူတို့မှာ ရုံးဖွင့်ရက် ရုံးပိတ်ရက်ဆိုတာ မရှိပါဘူး။ အားလုံးအတူတူပါပဲ။ ဒီလိုပြောလို့ ကြောင်တောင်တောင်နိုင်တယ်ထင်ပါသလား။ ဟုတ်ပါတယ်။ တကယ်အောင်မြင်သူတွေက ကြောင်တောင်တောင်နိုင်ကြပါတယ်။
၄။ (၉၉)ရာခိုင်နှုန်းကို သင့်အတွက် အလုပ်လုပ်ခိုင်းပါ။
ဟုတ်ပါတယ်။ လူချမ်းသာ(၁)ရာခိုင်နှုန်းက ကျန်တဲ့ (၉၉)ရာခိုင်နှုန်းကို အလုပ်လုပ်ခိုင်းတတ်ကြပါတယ်။ ဒါက သိပ်ဆန်းကြယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ တကယ်လို့ သင်က ခြံရှင်းတဲ့လုပ်ငန်းလုပ်ဆောင်တယ်ဆိုပါစို့။ ကိုယ်တိုင် မြက်ရိတ်စက်မောင်းရတာက ပျော်စရာကောင်းချင်းကောင်းမှာပါ။ ဒါပေမယ့် ခြံတစ်ခုကို ရှင်းပြီးတာနဲ့ အချိန်ကုန်သွားမှာပါ။ ဒီအတွက် ဖြစ်သင့်တာက သင့်အလုပ်ကို အခကြေးငွေတစ်ခုနဲ့ လုပ်ပေးချင်တဲ့ (၉၉)ရာခိုင်နှုန်းသော လူတွေကို လုပ်ခိုင်းပြီး သင်ကိုယ်တိုင်က ဈေးကွက်ရှာပြီး နောက်ထပ်ဖောက်သည်တွေ ထပ်ရဖို့ အချိန်ကုန်သင့်ပါတယ်။ ဒါတင်ပဲလား။ မဟုတ်ပါဘူး။ ဒီအလုပ်ကို လွှဲပေးလို့ရမယ့်လူရှိမယ်ဆိုရင် နောက်ထပ်လုပ်ငန်းတစ်ခုကို ထပ်လုပ်ပါ။ ဒီအတိုင်းလုပ်နေရင်း လုပ်ငန်းနေရာပေါင်း (၁၀၀)ကျော်လောက်က ဝင်ငွေတွေကို ရရှိနေပြီး ဘယ်နေရာက ဘယ်လိုရနေမှန်းမသိတဲ့အထိ ဖြစ်အောင် လုပ်ပါ။
၅။ ပြိုင်ကားလှလှလေး မောင်းပါ။
ငွေကြေးက ပျော်ရွှင်မှုကို ဝယ်လို့မရဘူးလို့ လူတွေက ပြောကြပါတယ်။ ဒါပေမယ့် Lamborghini လို ပြိုင်ကားလှလှလေးပေါ်မှာ ထိုင်ငိုနေတဲ့သူ တွေ့ဖူးပါသလား။ သင်ရော ဘယ်လိုကားမျိုး စီးနိုင်ပြီလဲ။ မစီးနိုင်သေးဘူးဆိုရင် စီးနိုင်အောင် ကြိုးစားလိုက်ပါ။ ဘယ်လိုနည်းလမ်းနဲ့ ဝယ်နိုင်မလဲဆိုတာကို တွေ့လာပါလိမ့်မယ်။
၆။ သင့်အတွက် ငွေရှာပေးနိုင်မယ့် အရာတွေအတွက် ငွေကို သုံးစွဲပါ။
(၉၉)ရာခိုင်နှုန်းထဲက လူတွေရဲ့ဘဝက ရုန်းကန်ရပါတယ်။ လကုန်ရင် လစာရမယ်။ ပေးစရာရှိတာတွေ ပေးရမယ်။ စားဖို့သောက်ဖို့နဲ့ အခြားလိုအပ်တာတွေ ဝယ်ယူရမယ်။ ဒါဆိုရင် လက်ကျန်ငွေအနည်းငယ် ဒါမှမဟုတ် လုံးဝမကျန်တော့တာမျိုးဖြစ်ပြီး နောက်တစ်ကြိမ် လစာရဖို့ ပြန်မျှော်လင့်ရပါလိမ့်မယ်။ ဒီလိုဖြစ်နေတာကို ကျန်တဲ့ (၁)ရာခိုင်နှုန်းက သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် ငွေတွေပေးနေလို့ပဲဖြစ်ပါတယ်။ ဒီလိုဘဝမျိုးကို နှစ်သက်ပါသလား။ ပျော်နေပါသလား။ မနှစ်သက်ဘူး။ မပျော်ဘူးဆိုရင်တော့ သင့်ကိုယ်သင်ထိန်းချုပ်တတ်ဖို့ လိုနေပါပြီ။ တန်ဖိုးကြီးပစ္စည်းတွေကို ဝယ်ဖို့မစဉ်းစားပါနဲ့။ သင့်ရဲ့ငွေကို စုဆောင်ထားပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်တဲ့အထိကြိုးစားပါ။
၇။ တတ်နိုင်သမျှ ငွေကြေးများများကို ပေးလှူပါ။
ထူးခြားတယ်လို့ ထင်ရပါတယ်။ သင့်အနေနဲ့ ယုံချင်မှယုံပါလိမ့်မယ်။ ဒါပေမယ့် ပိုက်ဆံကို မက်မောတဲ့ (၁)ရာခိုင်နှုန်းသော ပုဂ္ဂိုဟ်တွေက ငွေမမက်ပါဘူးဆိုတဲ့ (၉၉)ရာခိုင်နှုန်းအားလုံးပေါင်းတာထက် ငွေကြေးပေးလှူတတ်ကြပါတယ်။ ပေးဆပ်ပါ။ သင်ပေးတာထက် ပိုတာတွေ ပြန်ရပါလိမ့်မယ်။