စကားေျပာေကာင္းသူတစ္ဦးျဖစ္ခ်င္တယ္ဆိုရင္…
စကားေျပာဆိုမႈဟာ သိမ္ေမြ႕တဲ့ အတတ္ပညာတစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕စကားေျပာဆိုမႈပံုစံက သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို ပတ္၀န္းက်င္ကသိႏိုင္ေအာင္ အခ်က္ျပေနပါတယ္။ သင္က ယုံၾကည္မႈအျပည့္နဲ႔ စကားေျပာေနမယ္ဆိုရင္ သင္ေျပာသမွ်ကို အေကာင္းဆံုးလုပ္ေဆာင္ႏိုင္တယ္လို႔ လူေတြက ယူဆတတ္ၾကၿပီး၊ စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္မယ္ဆိုရင္ေတာ့ စိတ္ထားျမင့္ျမတ္တဲ့ ေခါင္းေဆာင္၊ ခ်က္က်လက္က် စဥ္းစားေတြးေခၚတတ္သူ၊ ယုံၾကည္ထိုက္သူ စသျဖင့္ လူေတြက မွတ္ယူလိုက္တတ္ၾကပါတယ္။ ဒ့ါေၾကာင့္ စကားကို ယုံၾကည္မႈရွိရွိနဲ႔ ရွင္းရွင္းလင္းလင္းေျပာတတ္ဖို႔က အေရးႀကီးပါတယ္။ ဒီလိုေျပာတတ္ဆိုတတ္ဖို႔အတြက္ အခ်ိန္ကုန္ခံၿပီး သင္တန္းေတြတက္ေနစရာမလိုပါဘူး။ ေျပာဆိုဆက္ဆံတဲ့အခါမွာ အေျပာင္းအလဲအနည္းငယ္လုပ္လုိက္႐ုံနဲ႔ အဆင္ေျပသြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပတ္၀န္းက်င္ကလူေတြနဲ႔ ထိထိေရာက္ေရာက္ဆက္ဆံႏိုင္ဖို႔အတြက္ အသံုး၀င္မယ့္ နည္းလမ္း(၃)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ နားေထာင္မည့္ ပရိသတ္ကို အာ႐ုံစိုက္ပါ။
လူအမ်ားနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာ သင္ေျပာခ်င္တာကို ေျပာဖို႔လိုတယ္လို႔ မေတြးထားသင့္ပါဘူး။ ဒီအခ်က္က အမ်ားစုမွားတတ္ၾကတဲ့ အခ်က္ျဖစ္ပါတယ္။ တကယ္စကားေျပာေကာင္းသူတစ္ေယာက္ ျဖစ္ဖို႔အတြက္ဆိုရင္ ေျပာတဲ့အေၾကာင္းအရာက နားေထာင္တဲ့ ပရိသတ္အတြက္ အက်ိဳးရွိၿပီး သူတို႔ၾကားသိခ်င္တဲ့အေၾကာင္းအရာ ျဖစ္ဖို႔ လိုပါတယ္။ နားေထာင္သူပရိသတ္က ဘာကိုၾကားသိခ်င္လဲဆိုတာကို အာ႐ုံစိုက္မွန္းဆၿပီး ဆက္သြယ္ႏိုင္ၿပီဆိုရင္ ေျပာဆိုဆက္သြယ္မႈက အဓိပၸါယ္ျပည့္၀ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။
၂။ ကိုယ္ေတြ႕အေၾကာင္းအရာေလးေတြ ျဖည့္စြက္ေျပာဆိုပါ။
စကားေျပာဆိုတဲ့အခါမွာ အခ်က္အလက္ေတြ၊ ညႊန္ၾကားခ်က္ေတြခ်ည္းပဲ ေျပာေနတာမ်ိဳးကလည္း စိတ္ခံစားမႈ မပါ၀င္တဲ့အတြက္ အဆင္ေျပမွာ မဟုတ္ပါဘူး။ ေျပာတဲ့သူနဲ႔ နားေထာင္သူအၾကားမွာ ဆက္သြယ္မႈပိုေကာင္းလာဖို႔အတြက္ ေျပာတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဥပမာ သာဓကေတြ၊ ကိုယ္ေတြ႕ျဖစ္ရပ္ေလးေတြ ျဖည့္စြက္ေျပာဆိုေပးဖို႔ လိုအပ္ပါတယ္။
၃။ ပံုမွန္အတိုင္းပဲ ေျပာဆိုပါ။
ေခါင္းေဆာင္အမ်ားစုက စကားေျပာတဲ့အခါမွာ ပညာရပ္စကားလံုးေတြ၊ စကားလံုးဆန္းဆန္းေတြကို ထည့္သြင္း ေျပာဆိုေလ့ရွိပါတယ္။ ဒီလိုေျပာဆိုရတဲ့အေၾကာင္းရင္းက သူတို႔အေနနဲ႔ ဒီနယ္ပယ္မွာ ဘယ္ေလာက္ထိ ကၽြမ္းက်င္ႏွံ႔စပ္မႈရွိတယ္ ဆိုတာကို ေဖာ္ျပခ်င္တာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုေျပာလို႔ လူေတြက အထင္ႀကီးေလးစားမယ္မထင္ပါနဲ႔။ အတင္းႀကီးဂုဏ္ေဖာ္ေနသလို ျဖစ္တာေၾကာင့္ လူေတြက ႏွာေခါင္း႐ႈံ႕ၾကပါလိမ့္မယ္။ ဒ့ါေၾကာင့္ ပညာရပ္ဆိုင္ရာစကားလံုးေတြကို လိုအပ္တဲ့ေနရာမွာပဲ သံုးစြဲၿပီး သာမန္႐ုိးရွင္းစြာ ေျပာဆိုဆက္ဆံတာက ပိုၿပီးေတာ့ ထိေရာက္မႈရွိတာကို ေတြ႕ရပါလိမ့္မယ္။
စကားပြောကောင်းသူတစ်ဦးဖြစ်ချင်တယ်ဆိုရင်…
စကားပြောဆိုမှုဟာ သိမ်မွေ့တဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စကားပြောဆိုမှုပုံစံက သင်ဘယ်လိုလူမျိုးလဲဆိုတာကို ပတ်ဝန်းကျင်ကသိနိုင်အောင် အချက်ပြနေပါတယ်။ သင်က ယုံကြည်မှုအပြည့်နဲ့ စကားပြောနေမယ်ဆိုရင် သင်ပြောသမျှကို အကောင်းဆုံးလုပ်ဆောင်နိုင်တယ်လို့ လူတွေက ယူဆတတ်ကြပြီး၊ စကားပြောကောင်းသူတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ စိတ်ထားမြင့်မြတ်တဲ့ ခေါင်းဆောင်၊ ချက်ကျလက်ကျ စဉ်းစားတွေးခေါ်တတ်သူ၊ ယုံကြည်ထိုက်သူ စသဖြင့် လူတွေက မှတ်ယူလိုက်တတ်ကြပါတယ်။ ဒါ့ကြောင့် စကားကို ယုံကြည်မှုရှိရှိနဲ့ ရှင်းရှင်းလင်းလင်းပြောတတ်ဖို့က အရေးကြီးပါတယ်။ ဒီလိုပြောတတ်ဆိုတတ်ဖို့အတွက် အချိန်ကုန်ခံပြီး သင်တန်းတွေတက်နေစရာမလိုပါဘူး။ ပြောဆိုဆက်ဆံတဲ့အခါမှာ အပြောင်းအလဲအနည်းငယ်လုပ်လိုက်ရုံနဲ့ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်ကလူတွေနဲ့ ထိထိရောက်ရောက်ဆက်ဆံနိုင်ဖို့အတွက် အသုံးဝင်မယ့် နည်းလမ်း(၃)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ နားထောင်မည့် ပရိသတ်ကို အာရုံစိုက်ပါ။
လူအများနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ သင်ပြောချင်တာကို ပြောဖို့လိုတယ်လို့ မတွေးထားသင့်ပါဘူး။ ဒီအချက်က အများစုမှားတတ်ကြတဲ့ အချက်ဖြစ်ပါတယ်။ တကယ်စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ပြောတဲ့အကြောင်းအရာက နားထောင်တဲ့ ပရိသတ်အတွက် အကျိုးရှိပြီး သူတို့ကြားသိချင်တဲ့အကြောင်းအရာ ဖြစ်ဖို့ လိုပါတယ်။ နားထောင်သူပရိသတ်က ဘာကိုကြားသိချင်လဲဆိုတာကို အာရုံစိုက်မှန်းဆပြီး ဆက်သွယ်နိုင်ပြီဆိုရင် ပြောဆိုဆက်သွယ်မှုက အဓိပ္ပါယ်ပြည့်၀ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
၂။ ကိုယ်တွေ့အကြောင်းအရာလေးတွေ ဖြည့်စွက်ပြောဆိုပါ။
စကားပြောဆိုတဲ့အခါမှာ အချက်အလက်တွေ၊ ညွှန်ကြားချက်တွေချည်းပဲ ပြောနေတာမျိုးကလည်း စိတ်ခံစားမှု မပါဝင်တဲ့အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ပြောတဲ့သူနဲ့ နားထောင်သူအကြားမှာ ဆက်သွယ်မှုပိုကောင်းလာဖို့အတွက် ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပမာ သာဓကတွေ၊ ကိုယ်တွေ့ဖြစ်ရပ်လေးတွေ ဖြည့်စွက်ပြောဆိုပေးဖို့ လိုအပ်ပါတယ်။
၃။ ပုံမှန်အတိုင်းပဲ ပြောဆိုပါ။
ခေါင်းဆောင်အများစုက စကားပြောတဲ့အခါမှာ ပညာရပ်စကားလုံးတွေ၊ စကားလုံးဆန်းဆန်းတွေကို ထည့်သွင်း ပြောဆိုလေ့ရှိပါတယ်။ ဒီလိုပြောဆိုရတဲ့အကြောင်းရင်းက သူတို့အနေနဲ့ ဒီနယ်ပယ်မှာ ဘယ်လောက်ထိ ကျွမ်းကျင်နှံ့စပ်မှုရှိတယ် ဆိုတာကို ဖော်ပြချင်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုပြောလို့ လူတွေက အထင်ကြီးလေးစားမယ်မထင်ပါနဲ့။ အတင်းကြီးဂုဏ်ဖော်နေသလို ဖြစ်တာကြောင့် လူတွေက နှာခေါင်းရှုံ့ကြပါလိမ့်မယ်။ ဒါ့ကြောင့် ပညာရပ်ဆိုင်ရာစကားလုံးတွေကို လိုအပ်တဲ့နေရာမှာပဲ သုံးစွဲပြီး သာမန်ရိုးရှင်းစွာ ပြောဆိုဆက်ဆံတာက ပိုပြီးတော့ ထိရောက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။