ထိမ္းျမားလက္ထပ္ျခင္းဟာ အလြန္တရာလွပတဲ့ အေလ့အထတစ္ခုျဖစ္ပါတယ္

ထိမ္းျမားလက္ထပ္ျခင္းဟာ အလြန္တရာလွပတဲ့ အေလ့အထတစ္ခုျဖစ္ပါတယ္။

ဒီလိုလွပတဲ့ အရာတစ္ခုက တစ္ခ်ိဳ႕ေတြအတြက္ ဆိုးရြားတဲ့အရာတစ္ခု ျဖစ္သြားတတ္ပါေသးတယ္။ တကယ္ေတာ့ လက္ထပ္ထိမ္းျမားျခင္းကို အေလးအနက္မထားသူေတြအတြက္သာ အိမ္ေထာင္ေရးက ဆိုးရြားသြားတတ္တာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လက္ထပ္ထိမ္းျမားၿပီး အိမ္ေထာင္တစ္ခုကို တည္ေထာင္ေတာ့မယ္ဆိုရင္ တစ္သက္တာလံုး ကတိသစၥာခိုင္ျမဲစြာနဲ႔ ခ်စ္ခ်စ္ခင္ခင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနသြားႏိုင္ဖို႔ ခ်စ္သူကို ေမးထားသင့္တဲ့ ေမးခြန္းေလးေတြ စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ ဘာေၾကာင့္ ငါ့ ကို ခ်စ္တာလဲ ?
ဒီေမးခြန္းက ေမးစရာမဟုတ္သလို ေျဖဖို႔ေတာင္ မလိုဘူးလို႔ လူအမ်ားစုက ထင္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြက ခ်စ္ခ်င္လို႔ ခ်စ္တာေပါ့လို႔ ေျဖတတ္ၾကပါတယ္။ ဒါက တကယ္ကို ဆိုးရြားတဲ့အေျဖပါပဲ။ တကယ္ေတာ့ ကိုယ္ခ်စ္တဲ့သူေတြကို ဘာေၾကာင့္ ခ်စ္ရတာလဲဆိုတာကို လူတိုင္းသိထားသင့္ပါတယ္။ တစ္စံုတစ္ေယာက္ကို ခ်စ္တယ္ဆိုတာ တကိုယ္ေကာင္းဆန္တဲ့ ကိစၥတစ္ခုျဖစ္ႏိုင္ပါတယ္။ အဲ့ဒီလူက သင့္အတြက္ လုပ္ေပးတာေတြ၊ သင့္ကို ခံစားရေစတာေတြကို သေဘာက်လို႔ ခ်စ္တာျဖစ္ႏိုင္ပါတယ္။ ဒီေနရာမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ နည္းနည္းေတာ့ ကြဲလြဲမႈရွိႏိုင္ပါတယ္။ သင့္ပါတနာက ဘာေၾကာင့္ ခ်စ္မိတာလဲဆိုတာကိုမွ ေသခ်ာမသိဘူးဆိုရင္ အခ်စ္ေတြေရရည္ခိုင္ျမဲေနဖို႔ကလည္း မလြယ္ပါဘူး။

၂။ မင္းရဲ႕တစ္ဘ၀လံုးကို ဘာေၾကာင့္ ငါနဲ႔အတူ ကုန္ဆံုးခ်င္ရတာလဲ ?
မင္းကို ခ်စ္လို႔ေပါ့ ဆိုတာက အေျဖေကာင္းတစ္ခု မဟုတ္ပါဘူး။ ဘ၀ဆိုတာ ခရီးတစ္ခုနဲ႔ တူပါတယ္။ ဒီခရီးတစ္ခုလံုးကို တစ္ေယာက္တည္းသြားဖို႔ မေကာင္းပါဘူး။ လူတိုင္းရဲ႕ စိတ္ထဲမွာလည္း တူညီတဲ့ ခရီးပန္းတိုင္ေတြ တူညီစြာ ရွိမေနႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ဒီေမးခြန္းကို ေမးၾကည့္ဖို႔ လိုပါတယ္။ သင့္ရဲ႕ ပါတနာက ဘယ္လို ဘ၀လမ္းခရီးမ်ိဳးကို သင့္နဲ႔အတူေလွ်ာက္လွမ္းခ်င္လို႔ သင့္ကိုေရြးခ်ယ္တာလဲဆိုတာကို သိထားဖို႔ လိုပါတယ္။

၃။ ခ်စ္ျခင္းေမတၱာေတြ အျမဲရွင္သန္ေနေအာင္ ထိန္းသိမ္းသြားမွာလား ?
ႏွစ္ဦးၾကား အခ်စ္ေတြ အျမဲရွင္သန္ေနဖို႔က လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။ စိတ္ဓာတ္ပိုင္းနဲ႔ သက္ဆိုင္သလို လုပ္စရာေတြ၊ ဆန္းသစ္တီထြင္ႏိုင္စြမ္းေတြ အမ်ားႀကီးလိုအပ္ပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ ေက်နပ္စရာျဖစ္လာေအာင္ လုပ္ေဆာင္ဖို႔က တစ္ႏွစ္ထက္တစ္ႏွစ္ ပိုခက္ခဲလာတတ္ပါတယ္။ အခ်စ္ေတြက သူ႔အတိုင္းေတာ့ အျမဲရွင္သန္ေနမွာမဟုတ္ပါဘူး။ ႏွစ္ေယာက္စလံုးက အျမဲမျပတ္ထိန္းသိမ္းထားေပးဖို႔ လိုပါတယ္။

၄။ ငါနဲ႔ အတူ ရင့္က်က္လာႏိုင္မလား ?
ဘ၀လမ္းခရီးကို ေလွ်ာက္လွမ္းရာမွာ ကၽြန္ေတာ္တို႔ အားလံုးက ဘယ္လိုေတြၾကံဳေတြ႕မယ္၊ ဘယ္လိုေတြ ေျပာင္းလဲမယ္။ ဘာေတြ ျဖစ္လာမယ္ဆိုတာကို အတိအက်မသိႏိုင္ပါဘူး။ ဒါေပမယ့္ ႏွစ္ဦးသားအၾကား ေ၀းကြာသြားေစတဲ့ ေျပာင္းလဲမႈေတြ မျဖစ္ေအာင္ သတိထားထိန္းသိမ္းတတ္ဖို႔ လိုပါတယ္။ တစ္ခ်ိဳ႕ လူေတြက အခ်ိန္ၾကာလာတာနဲ႔ အမွ် တစ္ေယာက္နဲ႔တစ္ေယာက္ ပိုမိုေ၀းကြာသြားတတ္ၾကပါတယ္။ ဒီအခ်က္က အိမ္ေထာင္ေရးၿပိဳကြဲရတဲ့ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။

၅။ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြမွာေရာ ေဘးမွာရွိေနေပးႏိုင္မလား ?
ေပ်ာ္စရာအခ်ိန္ေတြကေတာ့ ေျပာစရာမရွိပါဘူး။ ဒါေပမယ့္ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြကေတာ့ ႏွစ္ဦးသား ဆက္ဆံေရးကို ပ်က္စီးသြားေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လူတစ္ေယာက္နဲ႔ ဘ၀တစ္ခုလံုးစာ လက္တြဲေတာ့မယ့္ ဆိုရင္ ေကာင္းေကာင္းဆိုးဆိုး ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ လက္တြဲမျဖဳတ္ပဲ ေအးအတူပူအမွ် အတူတကြ ရွိေနႏိုင္မလားဆိုတာကို ေသခ်ာစဥ္းစားဆံုးျဖတ္ဖို႔ လိုပါတယ္။

၆။ ဘယ္ေလာက္ထိ အေလွ်ာ့ေပးႏိုင္မွာလဲ ?
ေပ်ာ္ရႊင္သာယာတဲ့ အိမ္ေထာင္ေရးရဲ႕ အဓိကေသာ့ခ်က္က သင့္ရဲ႕အတၱကို ခ်ိဳးႏွိမ္ျခင္းပဲ ျဖစ္ပါတယ္။ သင္က ဘယ္ေလာက္ပဲ မွန္ေနပါေစ၊ တစ္ခ်ိဳ႕ေနရာေတြမွာ အေလွ်ာ့ေပးတတ္ဖို႔ လိုပါတယ္။ သတိထားၾကည့္တတ္မယ္ ဆိုရင္ တစ္ခ်ိဳ႕ကိစၥေတြက အၿငင္းပြားစရာမဟုတ္ပဲ အယူအဆသက္သက္ အၿငင္းပြားေနၾကတာကို ေတြ႕မွာပါ။ ဒါ့ေၾကာင့္ ဘယ္ေလာက္ထိ အေလွ်ာ့ေပးႏိုင္မွာလဲ ဆိုတာ အရမ္းကိုအေရးႀကီးပါတယ္။

၇။ အရာအားလံုးထက္ ငါတို႔ႏွစ္ဦးအတြက္ကို ဦးစားေပးႏိုင္မလား ?
ဘ၀မွာ ေတြ႕ၾကံဳခံစားစရာေတြ အမ်ားႀကီးရွိပါတယ္။ ျပႆနာက ကၽြန္ေတာ္တို႔ အားလံုးကိုခံစားလို႔ မရႏိုင္တာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အတြက္ အေရးႀကီးတာေတြကိုပဲ ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။ အိမ္ေထာင္ေရးဆိုတာကလည္း သင့္ရဲ႕လက္က်န္ဘ၀အတြက္ အေျခခံတစ္ခုျဖစ္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးေကာင္းမြန္ေနဖို႔က သင့္ဘ၀မွာ အေရးအႀကီးဆံုးျဖစ္သင့္ပါတယ္။

၈။ မိဘေကာင္းတစ္ေယာက္ျဖစ္လာႏိုင္မလား ?
ေယာကၤ်ားေလးပဲ ျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ မိဘေကာင္းတစ္ေယာက္ ျဖစ္ႏိုင္မျဖစ္ႏိုင္ကို ဘယ္သူကမွ ႀကိဳေျပာႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီကိစၥက ဆံုးျဖတ္ခ်က္နဲ႔ဆိုင္ပါတယ္။ ဆံုးျဖတ္ခ်က္ကေန လုပ္ေဆာင္ခ်က္ျဖစ္လာတာပါ။ ဒါ့ေၾကာင့္ အမ်ားႀကီးေတြးေနစရာမလိုပဲ မိဘေကာင္းတစ္ေယာက္ျဖစ္ေအာင္ ေနမယ္ ဆံုးျဖတ္လိုက္တာနဲ႔ ျဖစ္လာမွာေသခ်ာပါတယ္။ သင့္ခ်စ္သူကေရာ၊ ဒီလိုမ်ိဳး ဆံုးျဖတ္ထားႏိုင္ပါ့မလား။

၉။ မင္း ငါ့ကို ဘယ္ေလာက္ခ်စ္လဲဆိုတာကို အျမဲတမ္း ေဖာ္ျပေနမွာလား ?
ႏွစ္ဦးသားဆက္ဆံေရးမွာ တစ္ေယာက္က တစ္ေယာက္ကို ဘယ္ေလာက္ထိ ခ်စ္တယ္ဆိုတာကို အျမဲတမ္း သိခ်င္သလို ၾကားလည္း ၾကားခ်င္ၾကပါတယ္။ အခ်စ္ဆိုတာကလည္း အျမဲတမ္းတည္ျမဲေနမယ္လို႔ မေျပာႏိုင္တာေၾကာင့္ ဘယ္ေလာက္ထိ ခ်စ္ေနေသးလဲဆိုတာကို သိေအာင္ေဖာ္ျပဖို႔ လိုပါတယ္။ ဒါ့အျပင္ တစ္ေယာက္ျဖစ္ေစခ်င္တဲ့ပံုစံအတိုင္း တစ္ေယာက္က ခ်စ္တတ္ဖို႔လည္း လိုပါေသးတယ္။

၁၀။ အခ်စ္မီးလွ်ံေလး အျမဲေတာက္ေလာင္ေနေအာင္ အားထုတ္ႏိုင္မလား ?
အခ်စ္စိတ္ေတြက အျမဲတမ္း တက္ၾကြလန္းဆန္းေနမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ဦးသား ဆက္ဆံေရးမွာ အခ်စ္စိတ္ေတြ အျမဲတမ္းရွင္သန္ေနေစဖို႔ အားထုတ္ဖို႔ လိုပါတယ္။

၁၁။ လိုအပ္လာတဲ့အခါ အားေပးကူညီမွာလား ?
ေငြေရးေၾကးေရး တစ္ခုတည္းမဟုတ္ပါဘူး။ စိတ္ဓာတ္ပိုင္းဆိုင္ရာလည္း ပါ၀င္ပါတယ္။ လိုအပ္ရင္ ႐ုပ္ပိုင္းဆိုင္ရာကိုပါ အားေပးကူညီေပးႏိုင္ဖို႔ လိုပါတယ္။ ဘ၀မွာ ေမွ်ာ္လင့္မထားတဲ့အရာေတြ ျဖစ္လာတဲ့အခါမွာ သင့္ရဲ႕ပါတနာက အားေပးကူညီေပးမွာလားဆိုတာ အေရးႀကီးပါတယ္။ သင္လမ္းမေလွ်ာက္ႏိုင္ရင္ တြဲေခၚေပးမွာလား၊ သင္ျပန္လည္ ထူေထာင္လာသည္အထိ မိသားစုတာ၀န္ကို ထိန္းသိမ္းထားေပးႏိုင္မလား၊ စသျဖင့္ သိထားဖို႔ လိုအပ္ပါတယ္။

၁၂။ ကိုယ္ပိုင္ ရည္မွန္းခ်က္ အိပ္မက္ေတြကို ဆက္အေကာင္အထည္ေဖာ္ဖို႔ ကတိေပးႏိုင္မလား ?
အိမ္ေထာင္တစ္ခုကို တည္ေထာင္လိုက္တာက လူတစ္ေယာက္ရဲ႕ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ အားလံုးအဆံုးသတ္သြားဖို႔ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ အိပ္မက္ေတြ၊ လိုအင္ဆႏၵေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ၊ ရည္မွန္းခ်က္ေတြ အားလံုးက ဆက္လက္ရွင္သန္ေနရမွာ ျဖစ္ပါတယ္။ ဒါေတြကို လက္လႊတ္ဆံုး႐ႈံးသြားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ကိုယ္ကိုယ့္ကို အရင္ဆံုး႐ႈံးရမွာျဖစ္သလို ကိုယ္ခ်စ္တဲ့လူေတြကိုလည္း ဆံုး႐ႈံးရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အိမ္ေထာင္တစ္ခုမွာ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္ပါတနာအေပၚမွာ နားလည္စာနာမႈအျပည့္နဲ႔ ကိုယ္ပိုင္ရည္မွန္းခ်က္ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏုိင္ရမွာ ျဖစ္ပါတယ္။

၁၃။ မင္းကိုယ္မင္း ဂ႐ုစိုက္ႏိုင္မလား ?
သင့္ပါတနာအေနနဲ႔ ကိုယ့္က်န္းမာေရးကို ကိုယ္တိုင္ ဂ႐ုစိုက္ႏိုင္မလား ေမးတာက တစ္မ်ိဳးျဖစ္ေနမွာပါ။ ဒါေပမယ့္ က်န္းမာေရးကို ဂ႐ုမစိုက္တဲ့အတြက္ ျဖစ္လာတဲ့သက္ေရာက္မႈေတြေၾကာင့္ သူနဲ႔ အနီးဆံုးမွာ ရွိသူေတြ ဘယ္လာက္ထိ ခက္ခဲပင္ပန္းရသလဲဆိုတာကို သိဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္က်န္းမာေရး ကိုယ္တိုင္ ဂ႐ုစိုက္ဖို႔က ပဓာနက်ပါတယ္။ လူတစ္ေယာက္ဟာ သူခ်စ္တဲ့လူေတြအတြက္ ၀န္ထုပ္၀န္ပိုး မျဖစ္သင့္ပါဘူး။

၁၄။ ငါ အရင္ဆံုးသြားရမယ္ဆိုရင္ ေနာက္ဆံုးထြက္သက္ထိ မင္း ရွိေနေပးႏိုင္မလား ?
လက္ကိုဆုပ္ကိုင္ဖို႔ အားမရွိေတာ့သည္တိုင္ေအာင္ သင့္လက္ကို ဆုပ္ကိုင္ထားေပးမွာလား။ ေနာက္ဆံုးထြက္သက္အထိ အနားမွာရွိေနၿပီး ခ်စ္တဲ့အေၾကာင္းကို ေျပာျပေပးႏိုင္မလား။ ဘယ္သူကမွ ေသကြဲကြဲဖို႔အေၾကာင္းေျပာရင္ လက္ခံခ်င္ၾကပါဘူး။ ဒါေပမယ့္ ေရွာင္လႊဲလို႔မရႏိုင္တဲ့ကိစၥျဖစ္တဲ့အတြက္ ျပင္ဆင္ထားဖို႔ လိုအပ္ပါတယ္။

၁၅။ မင္းနားက ငါအရင္ထြက္သြားရရင္ေရာ၊ ငါတို႔ႏွစ္ေယာက္စလံုးစာအတြက္ ဆက္ရွင္သန္ေပးႏိုင္မလား ?
သင္ ခ်စ္တဲ့လူတစ္ေယာက္ကို သူ႔အနားမွာ သင္ရွိရွိ၊ မရွိရွိ၊ ေပ်ာ္ေနေစခ်င္မွာ ေသခ်ာပါတယ္။ တကယ္လို႔ သင့္ဘ၀သက္တမ္းက တိုေတာင္းခဲ့မယ္ဆိုရင္ သင္ခ်စ္ျမတ္ႏိုးရတဲ့ သင့္ပါတနာအေနနဲ႔ ဘ၀ကို သက္တမ္းေစ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဆက္လက္ျဖတ္သန္းသြားမွာလားဆိုတာကို သိထားဖို႔ လိုပါတယ္။ ႏွစ္ဦးသား ရည္မွန္းထားတာေတြ၊ ေပ်ာ္စရာရွိတာေတြ၊ ကေလးေတြရွိခဲ့မယ္ဆိုရင္လည္း ျပဳစုပ်ိဳးေထာင္ေပးသြားဖို႔ေတြကို ဆက္လုပ္ေပးႏိုင္မွာလားဆိုတာက အေရးႀကီးပါတယ္။


ထိမ်းမြားလက်ထပ်ခြင်းဟာ အလွန်တရာလှပတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အရာတစ်ခုက တစ်ချို့တွေအတွက် ဆိုးရွားတဲ့အရာတစ်ခု ဖြစ်သွားတတ်ပါသေးတယ်။ တကယ်တော့ လက်ထပ်ထိမ်းမြားခြင်းကို အလေးအနက်မထားသူတွေအတွက်သာ အိမ်ထောင်ရေးက ဆိုးရွားသွားတတ်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် တစ်သက်တာလုံး ကတိသစ္စာခိုင်မြဲစွာနဲ့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ဖို့ ချစ်သူကို မေးထားသင့်တဲ့ မေးခွန်းလေးတွေ စုစည်းဖော်ပြလိုက်ပါတယ်။

၁။ ဘာကြောင့် ငါ့ ကို ချစ်တာလဲ ?
ဒီမေးခွန်းက မေးစရာမဟုတ်သလို ဖြေဖို့တောင် မလိုဘူးလို့ လူအများစုက ထင်တတ်ကြပါတယ်။ တစ်ချို့တွေက ချစ်ချင်လို့ ချစ်တာပေါ့လို့ ဖြေတတ်ကြပါတယ်။ ဒါက တကယ်ကို ဆိုးရွားတဲ့အဖြေပါပဲ။ တကယ်တော့ ကိုယ်ချစ်တဲ့သူတွေကို ဘာကြောင့် ချစ်ရတာလဲဆိုတာကို လူတိုင်းသိထားသင့်ပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ တကိုယ်ကောင်းဆန်တဲ့ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ အဲ့ဒီလူက သင့်အတွက် လုပ်ပေးတာတွေ၊ သင့်ကို ခံစားရစေတာတွေကို သဘောကျလို့ ချစ်တာဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် နည်းနည်းတော့ ကွဲလွဲမှုရှိနိုင်ပါတယ်။ သင့်ပါတနာက ဘာကြောင့် ချစ်မိတာလဲဆိုတာကိုမှ သေချာမသိဘူးဆိုရင် အချစ်တွေရေရည်ခိုင်မြဲနေဖို့ကလည်း မလွယ်ပါဘူး။

၂။ မင်းရဲ့တစ်ဘဝလုံးကို ဘာကြောင့် ငါနဲ့အတူ ကုန်ဆုံးချင်ရတာလဲ ?
မင်းကို ချစ်လို့ပေါ့ ဆိုတာက အဖြေကောင်းတစ်ခု မဟုတ်ပါဘူး။ ဘဝဆိုတာ ခရီးတစ်ခုနဲ့ တူပါတယ်။ ဒီခရီးတစ်ခုလုံးကို တစ်ယောက်တည်းသွားဖို့ မကောင်းပါဘူး။ လူတိုင်းရဲ့ စိတ်ထဲမှာလည်း တူညီတဲ့ ခရီးပန်းတိုင်တွေ တူညီစွာ ရှိမနေနိုင်ပါဘူး။ ဒါ့ကြောင့် ဒီမေးခွန်းကို မေးကြည့်ဖို့ လိုပါတယ်။ သင့်ရဲ့ ပါတနာက ဘယ်လို ဘဝလမ်းခရီးမျိုးကို သင့်နဲ့အတူလျှောက်လှမ်းချင်လို့ သင့်ကိုရွေးချယ်တာလဲဆိုတာကို သိထားဖို့ လိုပါတယ်။

၃။ ချစ်ခြင်းမေတ္တာတွေ အမြဲရှင်သန်နေအောင် ထိန်းသိမ်းသွားမှာလား ?
နှစ်ဦးကြား အချစ်တွေ အမြဲရှင်သန်နေဖို့က လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းနဲ့ သက်ဆိုင်သလို လုပ်စရာတွေ၊ ဆန်းသစ်တီထွင်နိုင်စွမ်းတွေ အများကြီးလိုအပ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကျေနပ်စရာဖြစ်လာအောင် လုပ်ဆောင်ဖို့က တစ်နှစ်ထက်တစ်နှစ် ပိုခက်ခဲလာတတ်ပါတယ်။ အချစ်တွေက သူ့အတိုင်းတော့ အမြဲရှင်သန်နေမှာမဟုတ်ပါဘူး။ နှစ်ယောက်စလုံးက အမြဲမပြတ်ထိန်းသိမ်းထားပေးဖို့ လိုပါတယ်။

၄။ ငါနဲ့ အတူ ရင့်ကျက်လာနိုင်မလား ?
ဘဝလမ်းခရီးကို လျှောက်လှမ်းရာမှာ ကျွန်တော်တို့ အားလုံးက ဘယ်လိုတွေကြုံတွေ့မယ်၊ ဘယ်လိုတွေ ပြောင်းလဲမယ်။ ဘာတွေ ဖြစ်လာမယ်ဆိုတာကို အတိအကျမသိနိုင်ပါဘူး။ ဒါပေမယ့် နှစ်ဦးသားအကြား ဝေးကွာသွားစေတဲ့ ပြောင်းလဲမှုတွေ မဖြစ်အောင် သတိထားထိန်းသိမ်းတတ်ဖို့ လိုပါတယ်။ တစ်ချို့ လူတွေက အချိန်ကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့တစ်ယောက် ပိုမိုဝေးကွာသွားတတ်ကြပါတယ်။ ဒီအချက်က အိမ်ထောင်ရေးပြိုကွဲရတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

၅။ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာရော ဘေးမှာရှိနေပေးနိုင်မလား ?
ပျော်စရာအချိန်တွေကတော့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကတော့ နှစ်ဦးသား ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်နဲ့ ဘဝတစ်ခုလုံးစာ လက်တွဲတော့မယ့် ဆိုရင် ကောင်းကောင်းဆိုးဆိုး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လက်တွဲမဖြုတ်ပဲ အေးအတူပူအမျှ အတူတကွ ရှိနေနိုင်မလားဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။

၆။ ဘယ်လောက်ထိ အလျှော့ပေးနိုင်မှာလဲ ?
ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးရဲ့ အဓိကသော့ချက်က သင့်ရဲ့အတ္တကို ချိုးနှိမ်ခြင်းပဲ ဖြစ်ပါတယ်။ သင်က ဘယ်လောက်ပဲ မှန်နေပါစေ၊ တစ်ချို့နေရာတွေမှာ အလျှော့ပေးတတ်ဖို့ လိုပါတယ်။ သတိထားကြည့်တတ်မယ် ဆိုရင် တစ်ချို့ကိစ္စတွေက အငြင်းပွားစရာမဟုတ်ပဲ အယူအဆသက်သက် အငြင်းပွားနေကြတာကို တွေ့မှာပါ။ ဒါ့ကြောင့် ဘယ်လောက်ထိ အလျှော့ပေးနိုင်မှာလဲ ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။

၇။ အရာအားလုံးထက် ငါတို့နှစ်ဦးအတွက်ကို ဦးစားပေးနိုင်မလား ?
ဘဝမှာ တွေ့ကြုံခံစားစရာတွေ အများကြီးရှိပါတယ်။ ပြဿနာက ကျွန်တော်တို့ အားလုံးကိုခံစားလို့ မရနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အတွက် အရေးကြီးတာတွေကိုပဲ ရွေးချယ်တတ်ဖို့ လိုပါတယ်။ အိမ်ထောင်ရေးဆိုတာကလည်း သင့်ရဲ့လက်ကျန်ဘဝအတွက် အခြေခံတစ်ခုဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကောင်းမွန်နေဖို့က သင့်ဘဝမှာ အရေးအကြီးဆုံးဖြစ်သင့်ပါတယ်။

၈။ မိဘကောင်းတစ်ယောက်ဖြစ်လာနိုင်မလား ?
ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိဘကောင်းတစ်ယောက် ဖြစ်နိုင်မဖြစ်နိုင်ကို ဘယ်သူကမှ ကြိုပြောနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စက ဆုံးဖြတ်ချက်နဲ့ဆိုင်ပါတယ်။ ဆုံးဖြတ်ချက်ကနေ လုပ်ဆောင်ချက်ဖြစ်လာတာပါ။ ဒါ့ကြောင့် အများကြီးတွေးနေစရာမလိုပဲ မိဘကောင်းတစ်ယောက်ဖြစ်အောင် နေမယ် ဆုံးဖြတ်လိုက်တာနဲ့ ဖြစ်လာမှာသေချာပါတယ်။ သင့်ချစ်သူကရော၊ ဒီလိုမျိုး ဆုံးဖြတ်ထားနိုင်ပါ့မလား။

၉။ မင်း ငါ့ကို ဘယ်လောက်ချစ်လဲဆိုတာကို အမြဲတမ်း ဖော်ပြနေမှာလား ?
နှစ်ဦးသားဆက်ဆံရေးမှာ တစ်ယောက်က တစ်ယောက်ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို အမြဲတမ်း သိချင်သလို ကြားလည်း ကြားချင်ကြပါတယ်။ အချစ်ဆိုတာကလည်း အမြဲတမ်းတည်မြဲနေမယ်လို့ မပြောနိုင်တာကြောင့် ဘယ်လောက်ထိ ချစ်နေသေးလဲဆိုတာကို သိအောင်ဖော်ပြဖို့ လိုပါတယ်။ ဒါ့အပြင် တစ်ယောက်ဖြစ်စေချင်တဲ့ပုံစံအတိုင်း တစ်ယောက်က ချစ်တတ်ဖို့လည်း လိုပါသေးတယ်။

၁၀။ အချစ်မီးလျှံလေး အမြဲတောက်လောင်နေအောင် အားထုတ်နိုင်မလား ?
အချစ်စိတ်တွေက အမြဲတမ်း တက်ကြွလန်းဆန်းနေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နှစ်ဦးသား ဆက်ဆံရေးမှာ အချစ်စိတ်တွေ အမြဲတမ်းရှင်သန်နေစေဖို့ အားထုတ်ဖို့ လိုပါတယ်။

၁၁။ လိုအပ်လာတဲ့အခါ အားပေးကူညီမှာလား ?
ငွေရေးကြေးရေး တစ်ခုတည်းမဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပါဝင်ပါတယ်။ လိုအပ်ရင် ရုပ်ပိုင်းဆိုင်ရာကိုပါ အားပေးကူညီပေးနိုင်ဖို့ လိုပါတယ်။ ဘဝမှာ မျှော်လင့်မထားတဲ့အရာတွေ ဖြစ်လာတဲ့အခါမှာ သင့်ရဲ့ပါတနာက အားပေးကူညီပေးမှာလားဆိုတာ အရေးကြီးပါတယ်။ သင်လမ်းမလျှောက်နိုင်ရင် တွဲခေါ်ပေးမှာလား၊ သင်ပြန်လည် ထူထောင်လာသည်အထိ မိသားစုတာဝန်ကို ထိန်းသိမ်းထားပေးနိုင်မလား၊ စသဖြင့် သိထားဖို့ လိုအပ်ပါတယ်။

၁၂။ ကိုယ်ပိုင် ရည်မှန်းချက် အိပ်မက်တွေကို ဆက်အကောင်အထည်ဖော်ဖို့ ကတိပေးနိုင်မလား ?
အိမ်ထောင်တစ်ခုကို တည်ထောင်လိုက်တာက လူတစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အားလုံးအဆုံးသတ်သွားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ လိုအင်ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ အားလုံးက ဆက်လက်ရှင်သန်နေရမှာ ဖြစ်ပါတယ်။ ဒါတွေကို လက်လွှတ်ဆုံးရှုံးသွားမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်ကိုယ့်ကို အရင်ဆုံးရှုံးရမှာဖြစ်သလို ကိုယ်ချစ်တဲ့လူတွေကိုလည်း ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်တစ်ခုမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ပါတနာအပေါ်မှာ နားလည်စာနာမှုအပြည့်နဲ့ ကိုယ်ပိုင်ရည်မှန်းချက် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ရမှာ ဖြစ်ပါတယ်။

၁၃။ မင်းကိုယ်မင်း ဂရုစိုက်နိုင်မလား ?
သင့်ပါတနာအနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်နိုင်မလား မေးတာက တစ်မျိုးဖြစ်နေမှာပါ။ ဒါပေမယ့် ကျန်းမာရေးကို ဂရုမစိုက်တဲ့အတွက် ဖြစ်လာတဲ့သက်ရောက်မှုတွေကြောင့် သူနဲ့ အနီးဆုံးမှာ ရှိသူတွေ ဘယ်လာက်ထိ ခက်ခဲပင်ပန်းရသလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်တိုင် ဂရုစိုက်ဖို့က ပဓာနကျပါတယ်။ လူတစ်ယောက်ဟာ သူချစ်တဲ့လူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ပါဘူး။

၁၄။ ငါ အရင်ဆုံးသွားရမယ်ဆိုရင် နောက်ဆုံးထွက်သက်ထိ မင်း ရှိနေပေးနိုင်မလား ?
လက်ကိုဆုပ်ကိုင်ဖို့ အားမရှိတော့သည်တိုင်အောင် သင့်လက်ကို ဆုပ်ကိုင်ထားပေးမှာလား။ နောက်ဆုံးထွက်သက်အထိ အနားမှာရှိနေပြီး ချစ်တဲ့အကြောင်းကို ပြောပြပေးနိုင်မလား။ ဘယ်သူကမှ သေကွဲကွဲဖို့အကြောင်းပြောရင် လက်ခံချင်ကြပါဘူး။ ဒါပေမယ့် ရှောင်လွှဲလို့မရနိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

၁၅။ မင်းနားက ငါအရင်ထွက်သွားရရင်ရော၊ ငါတို့နှစ်ယောက်စလုံးစာအတွက် ဆက်ရှင်သန်ပေးနိုင်မလား ?
သင် ချစ်တဲ့လူတစ်ယောက်ကို သူ့အနားမှာ သင်ရှိရှိ၊ မရှိရှိ၊ ပျော်နေစေချင်မှာ သေချာပါတယ်။ တကယ်လို့ သင့်ဘဝသက်တမ်းက တိုတောင်းခဲ့မယ်ဆိုရင် သင်ချစ်မြတ်နိုးရတဲ့ သင့်ပါတနာအနေနဲ့ ဘဝကို သက်တမ်းစေ့ ပျော်ပျော်ရွှင်ရွှင် ဆက်လက်ဖြတ်သန်းသွားမှာလားဆိုတာကို သိထားဖို့ လိုပါတယ်။ နှစ်ဦးသား ရည်မှန်းထားတာတွေ၊ ပျော်စရာရှိတာတွေ၊ ကလေးတွေရှိခဲ့မယ်ဆိုရင်လည်း ပြုစုပျိုးထောင်ပေးသွားဖို့တွေကို ဆက်လုပ်ပေးနိုင်မှာလားဆိုတာက အရေးကြီးပါတယ်။

Related Posts

%%footer%%