ဦးေႏွာက္က်န္းမာေရးအတြက္ အေလ့အက်င့္(၅)ခု
လူသားေတြရဲ႕ ဦးေႏွာက္က အလြန္တရာဆန္းၾကယ္ပါတယ္။ ဒီဦးေႏွာက္နဲ႔ သိမွတ္ခံစား၊ ဆင္ျခင္သံုးသပ္၊ ဆံုးျဖတ္ၾကရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူတစ္ေယာက္မွာ အလုပ္ေကာင္းေကာင္းလုပ္ႏိုင္တဲ့ ဦးေႏွာက္ရွိဖို႔က အေရးႀကီးပါတယ္။ ၿပိဳင္ဆိုင္မႈေတြ၊ တိုးတက္မႈေတြၾကားမွာ စိတ္ဖိစီးစရာမ်ားစြာကို ေန႔စဥ္ၾကံဳေတြ႕ ခံစားေနၾကရသူေတြအတြက္ ဦးေႏွာက္က်န္းမာေရးကို အေထာက္အကူျဖစ္ေစႏိုင္မယ့္ အေလ့အက်င့္(၅)ခု ရွိပါတယ္။ ဒီလိုေန႔စဥ္လုပ္ေဆာင္ႏိုင္တဲ့ နည္းလမ္း(၅)ခုက သင့္ရဲ႕စိတ္ဖိစီးမႈေတြကို သိသိသာသာေလွ်ာ့ခ်ေပးႏိုင္သလို ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ အလုပ္လုပ္ေဆာင္ႏိုင္စြမ္းကိုလည္း တိုးတက္ေကာင္းမြန္ေစႏိုင္မွာ ျဖစ္တဲ့အတြက္ အခုပဲ စလုိက္ၾကရေအာင္။
၁။ စိတ္ဖိစီးမႈေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ အိပ္စက္ပါ။
တစ္ေန႔တာအေတာအတြင္းမွာ ကၽြန္ေတာ္တို႔ၾကံဳေတြ႕ၾကရတဲ့ စိတ္ဖိစီးမႈေတြ ဘာျဖစ္သြားလည္း သိပါသလား။ ကားတိုက္မလိုျဖစ္ခဲ့တာ၊ ကေလးေတြက ျပန္ေအာ္တာ၊ ကိုယ္တိုင္ေတာင္မသိလိုက္ပဲ စိတ္ဖိစီးစရာေတြ အစရွိသျဖင့္ စိတ္ဖိစီးမႈေတြ ဘယ္ေရာက္သြားလည္း သိပါသလား။ ဒီစိတ္ဖိစီးမႈေတြကို သင့္ရဲ႕ဦးေႏွာက္က စုေဆာင္းထားၿပီး အိမ္မက္ေတြျဖစ္ေအာင္ ေျပာင္းလဲေပးလိုက္တာ ျဖစ္ပါတယ္။ သင္အိပ္စက္ခ်ိန္မွာ သင့္ရဲ႕ စိတ္ဖိစီးမႈေတြ၊ စိတ္ထိခိုက္စရာေတြကို ရွင္းထုတ္ပစ္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္နဲ႔အမွ်ၾကံဳေတြ႕ရတဲ့ စိတ္ဖိစီးမႈေတြ ေျပေပ်ာက္ဖို႔အတြက္ အ႐ိုးရွင္းဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းကေတာ့ တစ္ေန႔ကို (၇)နာရီကေန (၉)နာရီေလာက္အထိ ေကာင္းေကာင္းအိပ္စက္ဖို႔ပဲ ျဖစ္ပါတယ္။
၂။ ေနထြက္တာနဲ႔ အိပ္ရာထပါ။
သင့္ရဲ႕ဦးေႏွာက္ဟာ Circadian rhythm လို႔ ေခၚဆိုတဲ့ ဟန္ခ်က္ညီညြတ္မႈကို ပံုမွန္ျဖစ္ေစဖို႔အတြက္ အာ႐ုံခံဆဲလ္ေတြကို အသံုးျပဳပါတယ္။ Circadian rhythm ဆိုတာကေတာ့ ခႏၶာကိုယ္တြင္း ဇီ၀နာရီအားလံုးကို ထိန္းခ်ဳပ္ႏိုင္တဲ့ ဇီ၀နာရီတစ္ခုျဖစ္ပါတယ္။ Circadian rhythm မူမမွန္မႈေတြဟာ အ၀လြန္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ စိတ္က်ေရာဂါ၊ အိပ္မေပ်ာ္ေရာဂါ၊ ေဟာ္မုန္းမူမမွန္ျခင္း စတဲ့ ေရာဂါေ၀ဒနာေတြနဲ႔ ဆက္စပ္ေနပါတယ္။ ဒါ့ေၾကာင့္ ေနထြက္တာနဲ႔ အိပ္ရာကထတာ အေကာင္းဆံုးျဖစ္ပါတယ္။
၃။ ငါးႀကီးဆီ မွီ၀ဲပါ။
ငါးႀကီးဆီဟာ ဦးေႏွာက္က်န္းမာေရးအတြက္ အက်ိဳးအာနိသင္ရွိပါတယ္။
၄။ စိတ္တည္ၿငိမ္မႈရွိပါ။ တရားထိုင္ပါ။
တရားထိုင္ျခင္းဟာ သင့္ရဲ႕သိမွတ္ဆင္ျခင္စိတ္ကို အားေကာင္းလာေစၿပီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဆိုင္ရာ အက်ိဳးအာနိသင္ေတြ အမ်ားႀကီးရွိပါတယ္။ သင့္ရဲ႕ စိတ္ကိုလည္း ေလ့က်င့္ေပးႏိုင္ၿပီး ပိုမိုေပ်ာ္ရႊင္ က်န္းမာတဲ့ ဘ၀တစ္ခုကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
၅။ အဆင္မေျပမႈေတြကို ရွာေဖြပါ။
သင့္ရဲ႕ ဦးေႏွာက္က ဖြံ႕ၿဖိဳးတိုးတက္ေနဖို႔ လိုအပ္ပါတယ္။ သင့္အတြက္ အဆင္မေျပတာ၊ ထူးဆန္းတာ၊ မႀကံဳဖူးမလုပ္ဖူးတာ၊ ေၾကာက္စရာေကာင္းတာ စတဲ့ အေတြ႕အၾကံဳသစ္ေတြက သင့္ရဲ႕ ဦးေႏွာက္ကို ဖြံ႕ၿဖိဳးတိုးတက္ေစပါတယ္။ ဒါ့ေၾကာင့္ ပံုမွန္ေတြ႕ၾကံဳေနက်မဟုတ္တဲ့ အသစ္ေတြကို ေတြ႕ၾကံဳခံစားၾကည့္ဖို႔ ႀကိဳးစားပါ။
ဦးနှောက်ကျန်းမာရေးအတွက် အလေ့အကျင့်(၅)ခု
လူသားတွေရဲ့ ဦးနှောက်က အလွန်တရာဆန်းကြယ်ပါတယ်။ ဒီဦးနှောက်နဲ့ သိမှတ်ခံစား၊ ဆင်ခြင်သုံးသပ်၊ ဆုံးဖြတ်ကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ ဦးနှောက်ရှိဖို့က အရေးကြီးပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ တိုးတက်မှုတွေကြားမှာ စိတ်ဖိစီးစရာများစွာကို နေ့စဉ်ကြုံတွေ့ ခံစားနေကြရသူတွေအတွက် ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်မယ့် အလေ့အကျင့်(၅)ခု ရှိပါတယ်။ ဒီလိုနေ့စဉ်လုပ်ဆောင်နိုင်တဲ့ နည်းလမ်း(၅)ခုက သင့်ရဲ့စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချပေးနိုင်သလို ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေနိုင်မှာ ဖြစ်တဲ့အတွက် အခုပဲ စလိုက်ကြရအောင်။
၁။ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အိပ်စက်ပါ။
တစ်နေ့တာအတောအတွင်းမှာ ကျွန်တော်တို့ကြုံတွေ့ကြရတဲ့ စိတ်ဖိစီးမှုတွေ ဘာဖြစ်သွားလည်း သိပါသလား။ ကားတိုက်မလိုဖြစ်ခဲ့တာ၊ ကလေးတွေက ပြန်အော်တာ၊ ကိုယ်တိုင်တောင်မသိလိုက်ပဲ စိတ်ဖိစီးစရာတွေ အစရှိသဖြင့် စိတ်ဖိစီးမှုတွေ ဘယ်ရောက်သွားလည်း သိပါသလား။ ဒီစိတ်ဖိစီးမှုတွေကို သင့်ရဲ့ဦးနှောက်က စုဆောင်းထားပြီး အိမ်မက်တွေဖြစ်အောင် ပြောင်းလဲပေးလိုက်တာ ဖြစ်ပါတယ်။ သင်အိပ်စက်ချိန်မှာ သင့်ရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ထိခိုက်စရာတွေကို ရှင်းထုတ်ပစ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့အတွက် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ တစ်နေ့ကို (၇)နာရီကနေ (၉)နာရီလောက်အထိ ကောင်းကောင်းအိပ်စက်ဖို့ပဲ ဖြစ်ပါတယ်။
၂။ နေထွက်တာနဲ့ အိပ်ရာထပါ။
သင့်ရဲ့ဦးနှောက်ဟာ Circadian rhythm လို့ ခေါ်ဆိုတဲ့ ဟန်ချက်ညီညွတ်မှုကို ပုံမှန်ဖြစ်စေဖို့အတွက် အာရုံခံဆဲလ်တွေကို အသုံးပြုပါတယ်။ Circadian rhythm ဆိုတာကတော့ ခန္ဓာကိုယ်တွင်း ဇီဝနာရီအားလုံးကို ထိန်းချုပ်နိုင်တဲ့ ဇီဝနာရီတစ်ခုဖြစ်ပါတယ်။ Circadian rhythm မူမမှန်မှုတွေဟာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ စိတ်ကျရောဂါ၊ အိပ်မပျော်ရောဂါ၊ ဟော်မုန်းမူမမှန်ခြင်း စတဲ့ ရောဂါဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် နေထွက်တာနဲ့ အိပ်ရာကထတာ အကောင်းဆုံးဖြစ်ပါတယ်။
၃။ ငါးကြီးဆီ မှီဝဲပါ။
ငါးကြီးဆီဟာ ဦးနှောက်ကျန်းမာရေးအတွက် အကျိုးအာနိသင်ရှိပါတယ်။
၄။ စိတ်တည်ငြိမ်မှုရှိပါ။ တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ သင့်ရဲ့သိမှတ်ဆင်ခြင်စိတ်ကို အားကောင်းလာစေပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အကျိုးအာနိသင်တွေ အများကြီးရှိပါတယ်။ သင့်ရဲ့ စိတ်ကိုလည်း လေ့ကျင့်ပေးနိုင်ပြီး ပိုမိုပျော်ရွှင် ကျန်းမာတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၅။ အဆင်မပြေမှုတွေကို ရှာဖွေပါ။
သင့်ရဲ့ ဦးနှောက်က ဖွံ့ဖြိုးတိုးတက်နေဖို့ လိုအပ်ပါတယ်။ သင့်အတွက် အဆင်မပြေတာ၊ ထူးဆန်းတာ၊ မကြုံဖူးမလုပ်ဖူးတာ၊ ကြောက်စရာကောင်းတာ စတဲ့ အတွေ့အကြုံသစ်တွေက သင့်ရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါ့ကြောင့် ပုံမှန်တွေ့ကြုံနေကျမဟုတ်တဲ့ အသစ်တွေကို တွေ့ကြုံခံစားကြည့်ဖို့ ကြိုးစားပါ။