လွပတဲ့ မနက္ျဖန္ေတြ ပိုင္ဆိုင္ႏိုင္ဖို႔ နည္းလမ္း(၅)သြယ္
ကၽြန္ေတာ္တို႔ေတြဟာ တစ္ေန႔ထက္တစ္ေန႔ ပိုမိုတိုးတက္ျပည့္စုံတဲ့ ဘ၀ကိုပိုင္ဆိုင္ႏိုင္ဖို႔ နည္းလမ္းေတြကို အျမဲတမ္းလိုလိုရွာေဖြေနၾကရပါတယ္။ ဒါ့ေၾကာင့္ မနက္ျဖန္တိုင္းမွ ပိုမိုျပည့္စံုတဲ့ ဘ၀ကို ပိုင္ဆိုင္ႏိုင္ေစမယ့္ နည္းလမ္း(၅)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ တိုးတက္လိုစိတ္အေၾကာင္းရင္းကို အျမဲအမွတ္ရပါ။
သင္ဘာေၾကာင့္ တုိးတက္ခ်င္ရတာလဲဆိုတဲ့ အေၾကာင္းရင္းကိုအျမဲသတိရေအာက္ေမ့ေနတာက သင့္ရဲ႕စြမ္းေဆာင္ရည္ကို တိုးတက္ေစပါတယ္။ အခက္အခဲေတြနဲ႔ၾကံဳေတြ႕ရတဲ့အခါမွာဆိုရင္ ပိုၿပီး ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေတြးသင့္ပါတယ္။ သင့္ရဲ႕အေၾကာင္းရင္းဟာ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို လုပ္ေနရတဲ့ အေၾကာင္းျပခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ တနည္းအားျဖင့္ သင့္ဘ၀ရဲ႕ရည္မွန္းခ်က္ကို စိတ္ထဲမွာ အျမဲထည့္ထားႏိုင္ၿပီဆိုရင္ မနက္ျဖန္တိုင္းဟာ အားအင္အသစ္ေတြနဲ႔ ျပည့္စံုသြားမွာျဖစ္ပါတယ္။
၂။ က်န္းမာၾကံ႕ခိုင္ေနဖို႔ ဂ႐ုစိုက္ပါ။
သင့္ရဲ႕က်န္းမာေရးကို ဦးစားမေပးတာဟာ အႀကီးဆံုးအမွားေတြထဲက တစ္ခုျဖစ္ပါတယ္။ ဘ၀မွာ ေအာင္ျမင္တိုးတက္ခ်င္ၾကသူအမ်ားစုဟာ ဘ၀တစ္ေလွ်ာက္လံုးေနထိုင္သြားရမယ့္ ခႏၶာကိုယ္က်န္းမာေရးထက္ ေငြေၾကးဂုဏ္ျဒပ္ေတြကိုပဲ ဦးစားေပးေလ့ရွိပါတယ္။ တကယ္ေတာ့ သင့္ရဲ႕က်န္းမာေရး ျပည့္စုံေကာင္းမြန္ေနမယ္ဆိုရင္ သင္ရည္မွန္းခ်က္ေတြကို ပိုၿပီးေတာ့အဆင္ေျပေျပ အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ၿပီး လွပတဲ့မနက္ျဖန္ေတြကို အျမဲတမ္းပိုင္ဆိုင္ႏိုင္မွာပါ။
၃။ လက္ရွိဘ၀ကို ေက်နပ္စြာ အသိအမွတ္ျပဳပါ။
မနက္ခင္းမွာပဲျဖစ္ျဖစ္၊ ညေနခင္းမွာပဲျဖစ္ျဖစ္ တစ္ေန႔တာရဲ႕ အဆင္ေျပတဲ့အခ်ိန္မွာ မိနစ္(၂၀)ေလာက္ အခ်ိန္ေပးၿပီး အနီးအနား၀န္းက်င္ကို လမ္းေလွ်ာက္ထြက္ပါ။ လမ္းစေလွ်ာက္ၿပီဆိုတာနဲ႔ လက္ရွိသင့္ဘ၀မွာ ပိုင္ဆိုင္ထားတဲ့အရာအားလံုးကို အသိအမွတ္ျပဳၿပီး ဒီလိုပိုင္ဆိုင္ေနရတာက ေက်နပ္စရာျဖစ္တယ္ဆိုတာကို ေတြးေတာဆင္ျခင္ပါ။ တစ္ခုခ်င္းစီေတြးၾကည့္ၿပီးတိုင္းမွာ အသက္ျပင္းျပင္း႐ႈသြင္းလိုက္ပါ။ သင့္ရဲ႕ဘ၀က အရမ္းႀကီးမဆိုးဘူးဆိုတာကို ခံစားလာရပါလိမ့္မယ္။ ဒါ့အျပင္ စိတ္ခံစားမႈပိုင္းမွာလည္း ပိုမိုေကာင္းမြန္လာမွာ ျဖစ္ၿပီး ဘ၀အရည္အေသြးလည္း တိုးတက္ေကာင္းမြန္လာႏိုင္ပါတယ္။
၄။ ဘ၀ကိုေျပာင္းလဲေစမည့္ ရည္မွန္းခ်က္ပန္းတိုင္ဆီကို ေလွ်ာက္လွမ္းပါ။
လူတိုင္းမွာ ဘ၀တစ္ခုလံုးကို ေျပာင္းလဲသြားေစႏိုင္မယ့္ ရည္မွန္းခ်က္ပန္းတိုင္ရွိဖို႔ လိုပါတယ္။ ဒီရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိခ်ိန္မွာ သင့္ဘ၀က လံုး၀ေျပာင္းလဲသြားမယ့္ ပန္းတိုင္မ်ိဳးျဖစ္ပါတယ္။ ဒီလို ရည္မွန္းခ်က္တစ္ခု ခ်မွတ္ၿပီးၿပီဆိုတာနဲ႔ ေရာက္ေအာင္သြားဖို႔ပဲ က်န္ပါေတာ့တယ္။ ရည္မွန္းခ်က္ရဲ႕ ေစ့ေဆာ္မႈေၾကာင့္ မေန႔ကထက္ ပိုမိုျပင္းထန္တဲ့စိတ္ဓာတ္နဲ႔ ႏိုးထလာႏိုင္မွာျဖစ္ၿပီး အျမင့္ဆံုးစြမ္းေဆာင္ရည္ကိုလည္း ရရွိလာမွာျဖစ္ပါတယ္။
၅။ စိတ္ခြန္အားရွိေစမယ့္ စာအုပ္ေတြ ဖတ္ပါ။
ေအာင္ျမင္မႈပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္ စိတ္ဓာတ္ၾကံ႕ခိုင္ေနဖို႔ လိုပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္မႈေပၚမွာ မူတည္ၿပီး ေအာင္ႏိုင္သူနဲ႔ ႐ႈံးနိမ့္သူဆိုၿပီး ကြဲျပားသြားရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူႀကီးလူငယ္အရြယ္မေရြး အားလံုး စိတ္ခြန္အားရွိေစမယ့္စာအုပ္ေတြဖတ္႐ႈသင့္ပါတယ္။
လှပတဲ့ မနက်ဖြန်တွေ ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်း(၅)သွယ်
ကျွန်တော်တို့တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်ပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေကို အမြဲတမ်းလိုလိုရှာဖွေနေကြရပါတယ်။ ဒါ့ကြောင့် မနက်ဖြန်တိုင်းမှ ပိုမိုပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်း(၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ တိုးတက်လိုစိတ်အကြောင်းရင်းကို အမြဲအမှတ်ရပါ။
သင်ဘာကြောင့် တိုးတက်ချင်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုအမြဲသတိရအောက်မေ့နေတာက သင့်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဆိုရင် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် တွေးသင့်ပါတယ်။ သင့်ရဲ့အကြောင်းရင်းဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နေရတဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် သင့်ဘဝရဲ့ရည်မှန်းချက်ကို စိတ်ထဲမှာ အမြဲထည့်ထားနိုင်ပြီဆိုရင် မနက်ဖြန်တိုင်းဟာ အားအင်အသစ်တွေနဲ့ ပြည့်စုံသွားမှာဖြစ်ပါတယ်။
၂။ ကျန်းမာကြံ့ခိုင်နေဖို့ ဂရုစိုက်ပါ။
သင့်ရဲ့ကျန်းမာရေးကို ဦးစားမပေးတာဟာ အကြီးဆုံးအမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်တိုးတက်ချင်ကြသူအများစုဟာ ဘဝတစ်လျှောက်လုံးနေထိုင်သွားရမယ့် ခန္ဓာကိုယ်ကျန်းမာရေးထက် ငွေကြေးဂုဏ်ဒြပ်တွေကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ တကယ်တော့ သင့်ရဲ့ကျန်းမာရေး ပြည့်စုံကောင်းမွန်နေမယ်ဆိုရင် သင်ရည်မှန်းချက်တွေကို ပိုပြီးတော့အဆင်ပြေပြေ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပြီး လှပတဲ့မနက်ဖြန်တွေကို အမြဲတမ်းပိုင်ဆိုင်နိုင်မှာပါ။
၃။ လက်ရှိဘဝကို ကျေနပ်စွာ အသိအမှတ်ပြုပါ။
မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညနေခင်းမှာပဲဖြစ်ဖြစ် တစ်နေ့တာရဲ့ အဆင်ပြေတဲ့အချိန်မှာ မိနစ်(၂၀)လောက် အချိန်ပေးပြီး အနီးအနားဝန်းကျင်ကို လမ်းလျှောက်ထွက်ပါ။ လမ်းစလျှောက်ပြီဆိုတာနဲ့ လက်ရှိသင့်ဘဝမှာ ပိုင်ဆိုင်ထားတဲ့အရာအားလုံးကို အသိအမှတ်ပြုပြီး ဒီလိုပိုင်ဆိုင်နေရတာက ကျေနပ်စရာဖြစ်တယ်ဆိုတာကို တွေးတောဆင်ခြင်ပါ။ တစ်ခုချင်းစီတွေးကြည့်ပြီးတိုင်းမှာ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။ သင့်ရဲ့ဘဝက အရမ်းကြီးမဆိုးဘူးဆိုတာကို ခံစားလာရပါလိမ့်မယ်။ ဒါ့အပြင် စိတ်ခံစားမှုပိုင်းမှာလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပြီး ဘဝအရည်အသွေးလည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။
၄။ ဘဝကိုပြောင်းလဲစေမည့် ရည်မှန်းချက်ပန်းတိုင်ဆီကို လျှောက်လှမ်းပါ။
လူတိုင်းမှာ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်မယ့် ရည်မှန်းချက်ပန်းတိုင်ရှိဖို့ လိုပါတယ်။ ဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိချိန်မှာ သင့်ဘဝက လုံး၀ပြောင်းလဲသွားမယ့် ပန်းတိုင်မျိုးဖြစ်ပါတယ်။ ဒီလို ရည်မှန်းချက်တစ်ခု ချမှတ်ပြီးပြီဆိုတာနဲ့ ရောက်အောင်သွားဖို့ပဲ ကျန်ပါတော့တယ်။ ရည်မှန်းချက်ရဲ့ စေ့ဆော်မှုကြောင့် မနေ့ကထက် ပိုမိုပြင်းထန်တဲ့စိတ်ဓာတ်နဲ့ နိုးထလာနိုင်မှာဖြစ်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကိုလည်း ရရှိလာမှာဖြစ်ပါတယ်။
၅။ စိတ်ခွန်အားရှိစေမယ့် စာအုပ်တွေ ဖတ်ပါ။
အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိဖို့အတွက် စိတ်ဓာတ်ကြံ့ခိုင်နေဖို့ လိုပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုပေါ်မှာ မူတည်ပြီး အောင်နိုင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ကွဲပြားသွားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် လူကြီးလူငယ်အရွယ်မရွေး အားလုံး စိတ်ခွန်အားရှိစေမယ့်စာအုပ်တွေဖတ်ရှုသင့်ပါတယ်။