ဘီလ်ံနာတစ္ေယာက္လို ေတြးေခၚႏိုင္ဖို႔ နည္းလမ္းမ်ား
ကမာၻေက်ာ္ Forbes မဂၢဇင္းႀကီးရဲ႕ ေဆာင္းပါးတစ္ခုမွာ ေဖာ္ျပထားခ်က္အရ ယေန႔ေခတ္ကမာၻေပၚမွာ ဘီလ်ံနာဦးေရ (၁၈၁၀)ဦးရွိၿပီး တစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်ၾကြယ္၀မႈက ကန္ေဒၚလာ (၃.၆)ဘီလီယံ ၀န္းက်င္ရွိၾကတယ္လို႔ ဆိုပါတယ္။ သင္ေရာ ဒီလို ဘီလ်ံနာသူေဌးေတြထဲက တစ္ေယာက္ ျဖစ္ခ်င္ပါသလား။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး မီလ်ံနာေတြ၊ ဘီလ်ံနာေတြကို (၁၂)ႏွစ္ၾကာေအာင္ ေလ့လာခဲ့တဲ့ စာေရးဆရာတစ္ေယာက္က ဘီလ်ံနာျဖစ္ဖို႔အတြက္ စိတ္ဓာတ္ပိုင္းဆိုင္ရာ ျပင္ဆင္ရမယ့္အခ်က္(၁၀)ခ်က္ကို ေဖာ္ထုတ္ျပခဲ့ပါတယ္။
၁။ ကြဲျပားျခားနားသည့္ အျမင္
ပညာရွိမ်ား ေတြးၾကည့္ရင္ ေျပးၾကည့္တာထက္ မွန္တယ္ဆိုသလို ဘီလ်ံနာေတြဟာ လက္ေတြ႕ထက္ ထင္ျမင္ခ်က္ေတြကို ဦးေဆာင္ခြင့္ေပးေလ့ရွိပါတယ္။ သူတို႔ဟာ ဘာကိုၿပီးေျမာက္ေအာင္ျမင္ေအာင္ လုပ္မယ္၊ ဘာကိုေတာ့ ရယူပိုင္ဆိုင္ႏိုင္စြမ္းရွိတယ္ဆိုာတကို အတိအက်သိထားၾကၿပီးသား ျဖစ္ပါတယ္။
၂။ ထူးျခားမႈမ်ားကို ထုတ္လုပ္ျခင္း
လူေတြရဲ႕ ဘ၀မွာ တန္ဖိုးရွိေစမယ့္ အဖိုးတန္တဲ့ ထုတ္ကုန္နဲ႔ ၀န္ေဆာင္မႈေတြကို ထုတ္လုပ္ပါ။ ဒါကို လုပ္ႏိုင္ၿပီဆိုရင္ သင့္နာမည္ကို သင္ကိုယ္တိုင္မိတ္ဆက္စရာလိုေတာ့မွာမဟုတ္ပါဘူး။ လူေတြက သိၿပီးသားျဖစ္ေနမွာပါ။ စားသံုးသူစိတ္ဓာတ္ရွိသူေတြရဲ႕ ဆန္႔က်င္ဖက္ကို လုပ္ပါ။ ဆန္႔က်င္ဖက္လို႔ ဆိုရာမွာ စားသံုးသူမဟုတ္ပဲ ထုတ္လုပ္သူျဖစ္ေအာင္လုပ္ပါ။ သင္တန္းတက္ဖို႔ထက္ သင္တန္းေပးႏိုင္ေအာင္ လုပ္ပါ။ ပိုက္ဆံေခ်းယူတာမ်ိဳးမလုပ္ပဲ ပိုက္ဆံထုတ္ေခ်းႏိုင္ေအာင္လုပ္ပါ။ အလုပ္ရွာေနဖို႔ထက္ အလုပ္ေပးႏိုင္ေအာင္၊ ထုတ္ကုန္ေတြ ၀ယ္ေနရသလို ေရာင္းႏိုင္ေအာင္လုပ္ဖို႔ ျဖစ္ပါတယ္။
၃။ ဇြဲလံု႔လ
ဘ၀မွာ ေရြးခ်ယ္စရာ ႏွစ္ခုရွိပါတယ္။ စိတ္ဓာတ္ၾကံ႕ၾကံ႕ခံရင္ဆိုင္မလား၊ အ႐ႈံးေပးလိုက္မလား ဆိုတာပါပဲ။ စိတ္ဓာတ္ၾကံ႕ခိုင္ျခင္းဟာ ဇြဲလံု႔လရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈျဖစ္ပါတယ္။ ေရရွည္ရပ္တည္လႈပ္ရွားႏိုင္ဖို႔နဲ႔ ရလဒ္ကို စိတ္ရွည္လက္ရွည္ ေစာင့္ၾကည့္တတ္ဖို႔ လိုပါတယ္။ အျခားသူေတြ သင္နဲ႔ပတ္သက္ၿပီး ဘယ္လိုထင္ျမင္ေနမွာလဲဆိုတာကို စိုးရိမ္မေနတတ္ေတာ့ဘူးဆိုရင္ စစ္မွန္တဲ့ေအာင္ျမင္မႈကို စေတြ႕ရမွာျဖစ္ပါတယ္။ လူေတြက စိတ္မရွည္မႈ၊ က်႐ႈံးမႈနဲ႔ ရလဒ္ကို စြဲလမ္းမႈတို႔ေၾကာင့္ အလြယ္တကူအရႈံးေပးေနၾကတာျဖစ္ပါတယ္။
၄။ ခိုင္မာတဲ့ ခံယူခ်က္
ဘီလ်ံနာေတြအားလံုးမွာ ခိုင္မာျပင္းထန္တဲ့ ခံယူခ်က္တြရွိၾကပါတယ္။ သူတို႔က်င္လည္ရတဲ့ ပတ္၀န္းက်င္က သူတို႔ကို ထူးထူးျခားျခားခံစားရေအာင္၊ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရေအာင္လုပ္ၿပီး ဘ၀အေျခအေနကို ျမွင့္တင္ေပးမွာျဖစ္ပါတယ္။ သင့္ပတ္၀န္းက်င္မွာ ခံယူခ်က္ကို ပ်က္ျပားေစႏိုင္တဲ့ ညည္းျငဴတတ္သူေတြ၊ အျပစ္ျမင္တတ္သူေတြ၊ သင့္ခြန္အားကို အလဟႆျဖစ္ေစသူေတြကို ရွင္းထုတ္လိုက္ပါ။
၅။ စစ္မွန္မႈ
ဘီလ်ံနာေတြက သူတို႔အလိုရွိရာကို အေျခခံၿပီး လက္ေတြ႕က်က် စစ္မွန္မႈကို ဖန္တီးၾကပါတယ္။ လက္ေတြ႕က်မႈကို ဖန္တီးႏိုင္ဖို႔အတြက္ သင့္ရဲ႕ခြန္အားနဲ႔ ကၽြမ္းက်င္မႈေတြအေပၚမွာ အာ႐ုံစိုက္ရမွာ ျဖစ္ပါတယ္။ လက္ရွိေအာင္ျမင္ေနတဲ့ ဘီလ်ံနာေတြဟာ ဆံုးျဖတ္ခ်က္ေတြခ်မွတ္ဖို႔အတြက္ လက္ေတြ႕က်က်သံုးသပ္တတ္ၾကၿပီး သူတို႔ရဲ႕ဉာဏ္ရည္၊ အျမင္တို႔ကို အသံုးခ်ၿပီ။ဘ၀မွာျဖစ္ႏိုင္တာေတြကို လုပ္ေဆာင္သြားတတ္ၾကပါတယ္။ လူအမ်ားစုကေတာ့ စိုးရိမ္မႈေတြ၊ စိတ္ခံစားခ်က္ေတြနဲ႔ အတိတ္ကအ႐ႈံးေတြေပၚမွာပဲ အာ႐ုံစိုက္ေနတတ္ၾကပါတယ္။
၆။ က်႐ႈံးမႈ၏ တြန္းအား
က်႐ႈံးမႈဆိုတာက အႀကီးအက်ယ္တိုးတက္မႈလမ္းေၾကာင္းေပၚမွာ ေတြ႕ရမယ့္အရာတစ္ခုျဖစ္ပါတယ္။ ဘီလ်ံနာေတြက က်႐ႈံးမႈကို တန္ဖိုးထားၿပီး သူတို႔ရဲ႕ယုံၾကည္မႈနဲ႔ သတၱိေတြတည္ေဆာက္ဖို႔ အသံုးျပဳၾကပါတယ္။ အ႐ႈံးေတြကတဆင့္ အသိပညာနဲ႔ သင္ခန္းစာေတြ အမ်ားႀကီးရယူတတ္ၾကပါတယ္။
၇။ C ႏွစ္လံုး
ဘီလ်ံနာေတြက Certainty (ေသခ်ာမႈ)နဲ႔ Confidence (ယံုၾကည္မႈ) ဆိုတဲ့ C ႏွစ္လံုးကို အျမဲေဆာင္ထားၾကပါတယ္။ ဒီ C ႏွစ္လံုးကို အေျခခံၿပီး ေငြေပးခ်င္စိတ္ေပါက္လာေအာင္ တန္ဖိုးရွိတဲ့ ထုတ္ကုန္ေတြကို ထုတ္လုပ္တတ္ၾကပါတယ္။ အျခားသူေတြရဲ႕ ထင္ျမင္ခ်က္ကို နားေထာင္တာ၊ စာဖတ္တာနဲ႔ ေဟာေျပာပြဲေတြ တက္ေရာက္တာေတြအစား ဘီလ်ံနာေတြက သူတို႔ရဲ႕ C ႏွစ္လံုးကို -သူတို႔ရဲ႕ အျမင္၊ သူတို႔ရဲ႕တိုးတက္မႈရလဒ္၊ စတာေတြကေန ပ်ိဳးေထာင္သင္ယူတတ္ၾကပါတယ္။
၈။ ေန႔စဥ္စမ္းသပ္မႈ
အျခားသူေတြက ၿပီးျပည့္စံုဖို႔ ႀကိဳးစားေနခ်ိန္မွာ ဘီလ်ံနာေတြကေတာ့ စမ္းသပ္မႈေတြကို လုပ္ေဆာင္တတ္ၾကပါတယ္။ ဥပမာေျပာရရင္ စြန္႔ဦးလုပ္ငန္းရွင္တစ္ဦးက ေစ်းကြက္အတြင္းမွာ ေနရာရာေစမယ့္ ထုတ္ကုန္တစ္မ်ိဳးကို အေကာင္းဆံုးျဖစ္ေအာင္ ျပင္ဆင္ေနခ်ိန္မွာ ဘီလ်ံနာေတြကေတာ့ မတူညီတဲ့ ထုတ္ကုန္(၇)မ်ိဳးေလာက္ထုတ္ၿပီး ေစ်းကြက္ထဲမွာ စမ္းသပ္ျဖန္႔ခ်ီၿပီးေနပါၿပီ။ ဒီ(၇)မ်ိဳးထဲက (၃)မ်ိဳးေလာက္က သူတို႔အတြက္ ေငြရွာေပးေနၿပီျဖစ္ပါတယ္။
၉။ လူ႔စြမ္းအားကို အံ၀င္ခြင္က်အသံုးခ်မႈ
ဘီလ်ံနာေတြက လူေတြကို တိုးတက္ေအာင္လုပ္ေပးႏိုင္သူေတြျဖစ္ပါတယ္။ သူတို႔ဟာ စိတ္ကူးထဲက အဖြဲ႕အစည္းမ်ိဳးျဖစ္ေအာင္ သင့္ေတာ္တဲ့လူေတြကို ငွားရမ္းခန္႔အပ္တတ္ၾကပါတယ္။ အရုပ္ဆက္ကားခ်ပ္မွာ အရုပ္ဆက္သလို လူေတြကိုလည္း သူ႔ေနရာနဲ႔သူ အေကာင္းဆံုးျဖစ္ေအာင္ စီမံေစခိုင္းတတ္ၾကပါတယ္။
၁၀။ ဉာဏ္ရွိရွိ ရင္းႏွီးျမဳပ္ႏွံမႈ
ဘီလ်ံနာေတြဟာ ရင္းႏွီးျမဳပ္ႏွံမႈကို ေကာင္းေကာင္းလုပ္တတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ရဲ႕ ကိုယ္တိုင္တိုးတက္မႈအတြက္၊ လုပ္ငန္းအတြက္၊ ပိုင္ဆိုင္မႈေတြအတြက္နဲ႔ အမွတ္ရစရာ အေတြ႕အၾကံဳေတြအတြက္ ရင္းႏွီးျမဳပ္ႏွံတတ္ၾကပါတယ္။
သင့္အေနနဲ႔လည္း ဘ၀အဆင့္အတန္းျမင့္မားခ်င္တယ္ဆိုရင္ အခုေဖာ္ျပခဲ့တဲ့ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေလးတြကို အသံုးခ်ၿပီး ဘီလ်ံနာေတြကလို ေတြးေခၚၾကည့္ပါ။။ သင့္ရဲ႕ စိတ္ဓာတ္နဲ႔ ခံယူခ်က္ေတြ ေျပာင္းလိုက္ၿပီဆိုတာနဲ႔ သင့္ဘ၀လည္း ေျပာင္းလဲလာပါလိမ့္မယ္။
ဘီလျံနာတစ်ယောက်လို တွေးခေါ်နိုင်ဖို့ နည်းလမ်းများ
ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားချက်အရ ယနေ့ခေတ်ကမ္ဘာပေါ်မှာ ဘီလျံနာဦးရေ (၁၈၁၀)ဦးရှိပြီး တစ်ဦးချင်းစီရဲ့ ပျမ်းမျှကြွယ်ဝမှုက ကန်ဒေါ်လာ (၃.၆)ဘီလီယံ ဝန်းကျင်ရှိကြတယ်လို့ ဆိုပါတယ်။ သင်ရော ဒီလို ဘီလျံနာသူဌေးတွေထဲက တစ်ယောက် ဖြစ်ချင်ပါသလား။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မီလျံနာတွေ၊ ဘီလျံနာတွေကို (၁၂)နှစ်ကြာအောင် လေ့လာခဲ့တဲ့ စာရေးဆရာတစ်ယောက်က ဘီလျံနာဖြစ်ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရမယ့်အချက်(၁၀)ချက်ကို ဖော်ထုတ်ပြခဲ့ပါတယ်။
၁။ ကွဲပြားခြားနားသည့် အမြင်
ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ်ဆိုသလို ဘီလျံနာတွေဟာ လက်တွေ့ထက် ထင်မြင်ချက်တွေကို ဦးဆောင်ခွင့်ပေးလေ့ရှိပါတယ်။ သူတို့ဟာ ဘာကိုပြီးမြောက်အောင်မြင်အောင် လုပ်မယ်၊ ဘာကိုတော့ ရယူပိုင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုာတကို အတိအကျသိထားကြပြီးသား ဖြစ်ပါတယ်။
၂။ ထူးခြားမှုများကို ထုတ်လုပ်ခြင်း
လူတွေရဲ့ ဘဝမှာ တန်ဖိုးရှိစေမယ့် အဖိုးတန်တဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ထုတ်လုပ်ပါ။ ဒါကို လုပ်နိုင်ပြီဆိုရင် သင့်နာမည်ကို သင်ကိုယ်တိုင်မိတ်ဆက်စရာလိုတော့မှာမဟုတ်ပါဘူး။ လူတွေက သိပြီးသားဖြစ်နေမှာပါ။ စားသုံးသူစိတ်ဓာတ်ရှိသူတွေရဲ့ ဆန့်ကျင်ဖက်ကို လုပ်ပါ။ ဆန့်ကျင်ဖက်လို့ ဆိုရာမှာ စားသုံးသူမဟုတ်ပဲ ထုတ်လုပ်သူဖြစ်အောင်လုပ်ပါ။ သင်တန်းတက်ဖို့ထက် သင်တန်းပေးနိုင်အောင် လုပ်ပါ။ ပိုက်ဆံချေးယူတာမျိုးမလုပ်ပဲ ပိုက်ဆံထုတ်ချေးနိုင်အောင်လုပ်ပါ။ အလုပ်ရှာနေဖို့ထက် အလုပ်ပေးနိုင်အောင်၊ ထုတ်ကုန်တွေ ဝယ်နေရသလို ရောင်းနိုင်အောင်လုပ်ဖို့ ဖြစ်ပါတယ်။
၃။ ဇွဲလုံ့လ
ဘဝမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ စိတ်ဓာတ်ကြံ့ကြံ့ခံရင်ဆိုင်မလား၊ အရှုံးပေးလိုက်မလား ဆိုတာပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းဟာ ဇွဲလုံ့လရဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။ ရေရှည်ရပ်တည်လှုပ်ရှားနိုင်ဖို့နဲ့ ရလဒ်ကို စိတ်ရှည်လက်ရှည် စောင့်ကြည့်တတ်ဖို့ လိုပါတယ်။ အခြားသူတွေ သင်နဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်နေမှာလဲဆိုတာကို စိုးရိမ်မနေတတ်တော့ဘူးဆိုရင် စစ်မှန်တဲ့အောင်မြင်မှုကို စတွေ့ရမှာဖြစ်ပါတယ်။ လူတွေက စိတ်မရှည်မှု၊ ကျရှုံးမှုနဲ့ ရလဒ်ကို စွဲလမ်းမှုတို့ကြောင့် အလွယ်တကူအရှုံးပေးနေကြတာဖြစ်ပါတယ်။
၄။ ခိုင်မာတဲ့ ခံယူချက်
ဘီလျံနာတွေအားလုံးမှာ ခိုင်မာပြင်းထန်တဲ့ ခံယူချက်တွရှိကြပါတယ်။ သူတို့ကျင်လည်ရတဲ့ ပတ်ဝန်းကျင်က သူတို့ကို ထူးထူးခြားခြားခံစားရအောင်၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရအောင်လုပ်ပြီး ဘဝအခြေအနေကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ခံယူချက်ကို ပျက်ပြားစေနိုင်တဲ့ ညည်းငြူတတ်သူတွေ၊ အပြစ်မြင်တတ်သူတွေ၊ သင့်ခွန်အားကို အလဟဿဖြစ်စေသူတွေကို ရှင်းထုတ်လိုက်ပါ။
၅။ စစ်မှန်မှု
ဘီလျံနာတွေက သူတို့အလိုရှိရာကို အခြေခံပြီး လက်တွေ့ကျကျ စစ်မှန်မှုကို ဖန်တီးကြပါတယ်။ လက်တွေ့ကျမှုကို ဖန်တီးနိုင်ဖို့အတွက် သင့်ရဲ့ခွန်အားနဲ့ ကျွမ်းကျင်မှုတွေအပေါ်မှာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ လက်ရှိအောင်မြင်နေတဲ့ ဘီလျံနာတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့အတွက် လက်တွေ့ကျကျသုံးသပ်တတ်ကြပြီး သူတို့ရဲ့ဉာဏ်ရည်၊ အမြင်တို့ကို အသုံးချပြီ။ဘဝမှာဖြစ်နိုင်တာတွေကို လုပ်ဆောင်သွားတတ်ကြပါတယ်။ လူအများစုကတော့ စိုးရိမ်မှုတွေ၊ စိတ်ခံစားချက်တွေနဲ့ အတိတ်ကအရှုံးတွေပေါ်မှာပဲ အာရုံစိုက်နေတတ်ကြပါတယ်။
၆။ ကျရှုံးမှု၏ တွန်းအား
ကျရှုံးမှုဆိုတာက အကြီးအကျယ်တိုးတက်မှုလမ်းကြောင်းပေါ်မှာ တွေ့ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ ဘီလျံနာတွေက ကျရှုံးမှုကို တန်ဖိုးထားပြီး သူတို့ရဲ့ယုံကြည်မှုနဲ့ သတ္တိတွေတည်ဆောက်ဖို့ အသုံးပြုကြပါတယ်။ အရှုံးတွေကတဆင့် အသိပညာနဲ့ သင်ခန်းစာတွေ အများကြီးရယူတတ်ကြပါတယ်။
၇။ C နှစ်လုံး
ဘီလျံနာတွေက Certainty (သေချာမှု)နဲ့ Confidence (ယုံကြည်မှု) ဆိုတဲ့ C နှစ်လုံးကို အမြဲဆောင်ထားကြပါတယ်။ ဒီ C နှစ်လုံးကို အခြေခံပြီး ငွေပေးချင်စိတ်ပေါက်လာအောင် တန်ဖိုးရှိတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်တတ်ကြပါတယ်။ အခြားသူတွေရဲ့ ထင်မြင်ချက်ကို နားထောင်တာ၊ စာဖတ်တာနဲ့ ဟောပြောပွဲတွေ တက်ရောက်တာတွေအစား ဘီလျံနာတွေက သူတို့ရဲ့ C နှစ်လုံးကို -သူတို့ရဲ့ အမြင်၊ သူတို့ရဲ့တိုးတက်မှုရလဒ်၊ စတာတွေကနေ ပျိုးထောင်သင်ယူတတ်ကြပါတယ်။
၈။ နေ့စဉ်စမ်းသပ်မှု
အခြားသူတွေက ပြီးပြည့်စုံဖို့ ကြိုးစားနေချိန်မှာ ဘီလျံနာတွေကတော့ စမ်းသပ်မှုတွေကို လုပ်ဆောင်တတ်ကြပါတယ်။ ဥပမာပြောရရင် စွန့်ဦးလုပ်ငန်းရှင်တစ်ဦးက ဈေးကွက်အတွင်းမှာ နေရာရာစေမယ့် ထုတ်ကုန်တစ်မျိုးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေချိန်မှာ ဘီလျံနာတွေကတော့ မတူညီတဲ့ ထုတ်ကုန်(၇)မျိုးလောက်ထုတ်ပြီး ဈေးကွက်ထဲမှာ စမ်းသပ်ဖြန့်ချီပြီးနေပါပြီ။ ဒီ(၇)မျိုးထဲက (၃)မျိုးလောက်က သူတို့အတွက် ငွေရှာပေးနေပြီဖြစ်ပါတယ်။
၉။ လူ့စွမ်းအားကို အံဝင်ခွင်ကျအသုံးချမှု
ဘီလျံနာတွေက လူတွေကို တိုးတက်အောင်လုပ်ပေးနိုင်သူတွေဖြစ်ပါတယ်။ သူတို့ဟာ စိတ်ကူးထဲက အဖွဲ့အစည်းမျိုးဖြစ်အောင် သင့်တော်တဲ့လူတွေကို ငှားရမ်းခန့်အပ်တတ်ကြပါတယ်။ အရုပ်ဆက်ကားချပ်မှာ အရုပ်ဆက်သလို လူတွေကိုလည်း သူ့နေရာနဲ့သူ အကောင်းဆုံးဖြစ်အောင် စီမံစေခိုင်းတတ်ကြပါတယ်။
၁၀။ ဉာဏ်ရှိရှိ ရင်းနှီးမြုပ်နှံမှု
ဘီလျံနာတွေဟာ ရင်းနှီးမြုပ်နှံမှုကို ကောင်းကောင်းလုပ်တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်တိုင်တိုးတက်မှုအတွက်၊ လုပ်ငန်းအတွက်၊ ပိုင်ဆိုင်မှုတွေအတွက်နဲ့ အမှတ်ရစရာ အတွေ့အကြုံတွေအတွက် ရင်းနှီးမြုပ်နှံတတ်ကြပါတယ်။
သင့်အနေနဲ့လည်း ဘဝအဆင့်အတန်းမြင့်မားချင်တယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုလေးတွကို အသုံးချပြီး ဘီလျံနာတွေကလို တွေးခေါ်ကြည့်ပါ။။ သင့်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေ ပြောင်းလိုက်ပြီဆိုတာနဲ့ သင့်ဘဝလည်း ပြောင်းလဲလာပါလိမ့်မယ်။