အသက္ (၃၀)ေက်ာ္မွာ ေနာင္တရမယ့္ အရာ(၁၁)ခု
၁။ လုပ္သင့္တာေတြ
သင့္အသက္ (၃၀)ေက်ာ္လာၿပီဆိုတာနဲ႔ လုပ္သင့္တာေတြနဲ႔ပတ္သက္ၿပီး ပတ္၀န္းက်င္ရဲ႕ ဖိအားေတြ မ်ားလာပါလိမ့္မယ္။ ဒါေပမယ့္ လုပ္သင့္တာေတြေၾကာင့္ သင့္ကိုေနာက္ေကာက္က်မက်န္ခဲ့ပါေစနဲ႔။ ဒီအရြယ္မွာ အိမ္တစ္လံုးေလာက္ ပိုင္သင့္ၿပီ၊ အိမ္ေထာင္ျပဳၿပီး ကေလးရသင့္ၿပီ ဒါမွမဟုတ္ တည္ၿငိမ္တဲ့အလုပ္အကုိင္တစ္ခု ရွိသင့္ၿပီ စသျဖင့္ စိုးရိမ္စရာေတြမ်ားလြန္းပါတယ္။ ဒါေတြအားလံုးကို ေဘးခ်ိတ္ထားလိုက္ပါတယ္။ သင့္ကိုအေပ်ာ္ရႊင္ဆံုးျဖစ္ေစႏိုင္မယ့္ ဘ၀ေနထိုင္မႈပံုစံအတိုင္း ေနထိုင္ပါ။ သင့္ဘ၀ကို သင့္စိတ္တိုင္းက် ေနထိုင္ပါ။
၂။ မိဘေတြအတြက္ အခ်ိန္မေပးတာ
အသက္(၃၀)ေက်ာ္လာတဲ့အခါမွာ လူအမ်ားစုေနာင္တရတတ္ၾကတာ တစ္ခုကေတာ့ မိဘေတြအတြက္ အခ်ိန္မေပးမိတာပဲျဖစ္ပါတယ္။ မိဘေတြ ငယ္ရြယ္ၿပီး တက္တက္ၾကြၾကြသြားလာႏိုင္တုန္းမွာ သူတို႔နဲ႔အတူ အခ်ိန္မျဖဳန္းမိတာမ်ိဳးျဖစ္ပါတယ္။ အတူတူလမ္းေလွ်ာက္ဖို႔၊ ခရီးသြားဖိုႊ ဒါမွမဟုတ္ ေအးေအးေဆးေဆး စကားထုိင္ေျပာဖို႔ စတာေတြ အားလံုးက သင့္အသက္(၃၀)ေက်ာ္မွာ မိဘေတြနဲ႔အတူလုပ္ဖို႔ မလြယ္ေတာ့ပါဘူး။
၃။ အလုပ္ကို နံပါတ္တစ္ဦးစားေပး ထားတာ
အသက္(၃၀)ေက်ာ္လာၿပီဆိုတာနဲ႔ စိတ္ထဲမွာသိထားရမွာတစ္ခုက အလုပ္ကိုပဲ အျမဲဦးစားေပးေနမယ္ဆိုရင္ ေနာင္တရမွာ ေသခ်ာေနၿပီဆိုတာပါပဲ။ သင္ခ်စ္ခင္ျမတ္ႏိုးတဲ့ လူေတြနဲ႔ အခ်ိန္ျဖဳန္းပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအခ်ိန္ေတြကို ေငြေၾကးေတြ၊ ရာထူးေတြနဲ႔ ျပန္၀ယ္ယူလို႔ မရႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။
၄။ အဆိုးျမင္ေတြအတြက္ အခ်ိန္ကုန္တာ
သင့္အသက္(၃၀)ေက်ာ္လာၿပီး ရင့္က်က္လာတာနဲ႔အမွ် ဘ၀မွာ အဆိုးျမင္သမားေတြ မရွိေတာ့ဘူးလို႔ ထင္မိပါလိမ့္မယ္။ ဒါေပမယ့္ သင္ထင္သလို မဟုတ္ပါဘူး။ သူတို႔ကို သင့္အနားမွာရွိေနဦးမွာပါပဲ။ ဒါ့ေၾကာင့္ သူတို႔အတြက္ အခ်ိန္ကုန္မခံပါနဲ႔။ သင့္အတြက္ အဆင္မေျပႏိုင္ဘူးလို႔ ထင္တဲ့လူေတြကို သတိထားပါ။ သူတို႔နဲ႔ ဆက္ဆံေရးကိုလည္း ဂ႐ုစိုက္ပါ။ သူတို႔ဆီက ကူးစက္လာတဲ့ မေကာင္းတဲ့အေတြးေတြ၊ စိတ္ကူးေတြအတြက္လည္း အခ်ိန္မကုန္သြားရေအာင္ ထိန္းသိမ္းပါ။
၅။ အသက္ႀကီးေနၿပီလို႔ ယူဆလိုက္တာ
တစ္ခုခုလုပ္ေတာ့မယ္ဆိုရင ္အသက္(၃၀)ေက်ာ္ေတြေျပာေလ့ရွိတာက ငါ့အသက္အရြယ္နဲ႔ မသင့္ေတာ္ပါဘူး ဆိုတာပါပဲ။ တကယ္ေတာ့ သင္ထင္ထားသေလာက္ အသက္မႀကီးေသးဘူးဆိုတာကို သိပါသလား။ အသက္(၃၀)ေက်ာ္နဲ႔ (၂၀)ေက်ာ္ေတြဆိုတာ သိပ္ကြာလွတာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ လူငယ္သဘာ၀ အခြင့္အလမ္းေတြကို ရယူပါ၊ ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းပါ။
/react-text ၆။ ကိုယ့္အတြက္ ဦးစားမေပးတတ္တာ
သင့္ဘ၀မွာ မိမိကိုယ္ကိုထက္ အျခားတစ္ေယာက္ေယာက္အတြက္ ဦးစားေပးစဥ္းစားတာမ်ိဳး ရွိေကာင္း ရွိႏိုင္ပါတယ္။ ဒီအခ်က္ကို ျပင္ဆင္လိုက္ပါ။ ကိုယ့္အတြက္ အရင္ဆံုးစဥ္းစားသင့္တယ္ဆိုတာကို သိထားပါ။ သင့္မွာ ျပည့္စံုေနၿပီးမွ အျခားသူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မွာ ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္တတ္မယ္ဆိုရင္ အသက္(၃၀)ေက်ာ္မွာ ေနာင္တရစရာ နည္းသြားပါလိမ့္မယ္။
၇။ ခႏၶာကိုယ္ကို ေကာင္းေကာင္းဂ႐ုမစိုက္တာ
ခႏၶာကိုယ္ကို ထိန္းသိမ္းဖို႔ ေနာက္က်ေနၿပီ၊ ဒီအသက္အရြယ္မွ ဘာထူးမွာလဲ စသျဖင့္ ေတြးမိႏိုင္ပါတယ္။ ဒီလိုနဲ႔ အလြယ္စာေတြ စားေသာက္ၿပီး ကိုယ္လက္လႈပ္ရွားမႈနည္းပါးတဲ့ အေလ့အက်င့္ေတြက ေဖ်ာက္ဖ်က္ဖို႔ ခက္ခဲလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္ကို ေစာစီးစြာထိန္းသိမ္းပါ။
၈။ အခြင့္အေရးမယူမိတာ
ဒီအသက္အရြယ္ေရာက္လာတဲ့အခါမွာ အစစအရာရာကို လြန္ကဲစြာသတိထားတတ္လာၿပီး အခြင့္အေရးကို မယူမိတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ အရာရာစိတ္ခ်ရတာမ်ိဳးကိုပဲ ေမွ်ာ္လင့္မေနပါနဲ႔။
၉။ လံုေလာက္ေအာင္ မစုေဆာင္၊ မရင္းႏွီးျဖစ္တာ
ဒီအခ်က္ဟာ အသက္(၃၀)ေက်ာ္ေတြ အမ်ားစုအတြက္ အႀကီးအက်ယ္ေနာင္တရစရာကိစၥျဖစ္ပါတယ္။ ေစာေစာစီးစီးကတည္းက စုေဆာင္းထားမယ္ဆိုရင္ သင္အနားယူခ်ိန္မွာ ႀကီးမားတဲ့ရလဒ္တစ္ခုကို ရရွိေနမွာ ျဖစ္ပါတယ္။
၁၀။ ခရီးေတြ မသြားျဖစ္ခဲ့တာ
ကမာၻႀကီးက လက္တကမ္းမွာပဲ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ခရီးသြားပါ။ ခရီးသြားဖို႔ကို အခ်ိန္ေရႊ႕ဆိုင္းမေနပါနဲ႔။ ဒီထက္ အသက္အရြယ္ပိုႀကီးလာရင္ ခရီးသြားဖို႔ပိုခက္ခဲလာပါလိမ့္မယ္။
၁၁။ အျခားသူေတြ ဘယ္လိုထင္မလဲဆိုတာကို အရမ္းဂ႐ုစိုက္လြန္းတာ
လိုက္ၿပီးေတြးၾကည့္မယ္ဆိုရင္ ဘယ္အရြယ္မဆို အျပစ္နဲ႔မကင္းႏိုင္ပါဘူး။ ဒ့ါေၾကာင့္ သူမ်ားေတြ ဘယ္လိုထင္မလဲဆိုတာကို ေတြးပူၿပီး အခ်ိန္ကုန္ခံမေနပါနဲ႔ေတာ့။ သင္ထင္ထားသေလာက္ သင့္ကို ဂ႐ုမစိုက္ၾကသူေတြအတြက္ အခ်ိန္ေတြ၊ ခြန္အားေတြ အလဟႆအျဖစ္မခံပါနဲ႔။ သင္ရဲ႕ စစ္မွန္တဲ့ ျဖစ္တည္မႈကို သင့္ကိုတကယ္ဂ႐ုစိုက္သူေတြက အျမဲတမ္းလက္ခံေနမွာ ျဖစ္ပါတယ္။
အသက် (၃၀)ကျော်မှာ နောင်တရမယ့် အရာ(၁၁)ခု
၁။ လုပ်သင့်တာတွေ
သင့်အသက် (၃၀)ကျော်လာပြီဆိုတာနဲ့ လုပ်သင့်တာတွေနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ များလာပါလိမ့်မယ်။ ဒါပေမယ့် လုပ်သင့်တာတွေကြောင့် သင့်ကိုနောက်ကောက်ကျမကျန်ခဲ့ပါစေနဲ့။ ဒီအရွယ်မှာ အိမ်တစ်လုံးလောက် ပိုင်သင့်ပြီ၊ အိမ်ထောင်ပြုပြီး ကလေးရသင့်ပြီ ဒါမှမဟုတ် တည်ငြိမ်တဲ့အလုပ်အကိုင်တစ်ခု ရှိသင့်ပြီ စသဖြင့် စိုးရိမ်စရာတွေများလွန်းပါတယ်။ ဒါတွေအားလုံးကို ဘေးချိတ်ထားလိုက်ပါတယ်။ သင့်ကိုအပျော်ရွှင်ဆုံးဖြစ်စေနိုင်မယ့် ဘ၀နေထိုင်မှုပုံစံအတိုင်း နေထိုင်ပါ။ သင့်ဘဝကို သင့်စိတ်တိုင်းကျ နေထိုင်ပါ။
၂။ မိဘတွေအတွက် အချိန်မပေးတာ
အသက်(၃၀)ကျော်လာတဲ့အခါမှာ လူအများစုနောင်တရတတ်ကြတာ တစ်ခုကတော့ မိဘတွေအတွက် အချိန်မပေးမိတာပဲဖြစ်ပါတယ်။ မိဘတွေ ငယ်ရွယ်ပြီး တက်တက်ကြွကြွသွားလာနိုင်တုန်းမှာ သူတို့နဲ့အတူ အချိန်မဖြုန်းမိတာမျိုးဖြစ်ပါတယ်။ အတူတူလမ်းလျှောက်ဖို့၊ ခရီးသွားဖိုႊ ဒါမှမဟုတ် အေးအေးဆေးဆေး စကားထိုင်ပြောဖို့ စတာတွေ အားလုံးက သင့်အသက်(၃၀)ကျော်မှာ မိဘတွေနဲ့အတူလုပ်ဖို့ မလွယ်တော့ပါဘူး။
၃။ အလုပ်ကို နံပါတ်တစ်ဦးစားပေး ထားတာ
အသက်(၃၀)ကျော်လာပြီဆိုတာနဲ့ စိတ်ထဲမှာသိထားရမှာတစ်ခုက အလုပ်ကိုပဲ အမြဲဦးစားပေးနေမယ်ဆိုရင် နောင်တရမှာ သေချာနေပြီဆိုတာပါပဲ။ သင်ချစ်ခင်မြတ်နိုးတဲ့ လူတွေနဲ့ အချိန်ဖြုန်းပါ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်တွေကို ငွေကြေးတွေ၊ ရာထူးတွေနဲ့ ပြန်ဝယ်ယူလို့ မရနိုင်တာကြောင့် ဖြစ်ပါတယ်။
၄။ အဆိုးမြင်တွေအတွက် အချိန်ကုန်တာ
သင့်အသက်(၃၀)ကျော်လာပြီး ရင့်ကျက်လာတာနဲ့အမျှ ဘဝမှာ အဆိုးမြင်သမားတွေ မရှိတော့ဘူးလို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့် သင်ထင်သလို မဟုတ်ပါဘူး။ သူတို့ကို သင့်အနားမှာရှိနေဦးမှာပါပဲ။ ဒါ့ကြောင့် သူတို့အတွက် အချိန်ကုန်မခံပါနဲ့။ သင့်အတွက် အဆင်မပြေနိုင်ဘူးလို့ ထင်တဲ့လူတွေကို သတိထားပါ။ သူတို့နဲ့ ဆက်ဆံရေးကိုလည်း ဂရုစိုက်ပါ။ သူတို့ဆီက ကူးစက်လာတဲ့ မကောင်းတဲ့အတွေးတွေ၊ စိတ်ကူးတွေအတွက်လည်း အချိန်မကုန်သွားရအောင် ထိန်းသိမ်းပါ။
၅။ အသက်ကြီးနေပြီလို့ ယူဆလိုက်တာ
တစ်ခုခုလုပ်တော့မယ်ဆိုရင ္အသက်(၃၀)ကျော်တွေပြောလေ့ရှိတာက ငါ့အသက်အရွယ်နဲ့ မသင့်တော်ပါဘူး ဆိုတာပါပဲ။ တကယ်တော့ သင်ထင်ထားသလောက် အသက်မကြီးသေးဘူးဆိုတာကို သိပါသလား။ အသက်(၃၀)ကျော်နဲ့ (၂၀)ကျော်တွေဆိုတာ သိပ်ကွာလှတာမဟုတ်ပါဘူး။ ဒါ့ကြောင့် လူငယ်သဘာ၀ အခွင့်အလမ်းတွေကို ရယူပါ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။
/react-text ၆။ ကိုယ့်အတွက် ဦးစားမပေးတတ်တာ
သင့်ဘဝမှာ မိမိကိုယ်ကိုထက် အခြားတစ်ယောက်ယောက်အတွက် ဦးစားပေးစဉ်းစားတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ဒီအချက်ကို ပြင်ဆင်လိုက်ပါ။ ကိုယ့်အတွက် အရင်ဆုံးစဉ်းစားသင့်တယ်ဆိုတာကို သိထားပါ။ သင့်မှာ ပြည့်စုံနေပြီးမှ အခြားသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်မယ်ဆိုရင် အသက်(၃၀)ကျော်မှာ နောင်တရစရာ နည်းသွားပါလိမ့်မယ်။
၇။ ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုမစိုက်တာ
ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ နောက်ကျနေပြီ၊ ဒီအသက်အရွယ်မှ ဘာထူးမှာလဲ စသဖြင့် တွေးမိနိုင်ပါတယ်။ ဒီလိုနဲ့ အလွယ်စာတွေ စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ အလေ့အကျင့်တွေက ဖျောက်ဖျက်ဖို့ ခက်ခဲလာပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ကို စောစီးစွာထိန်းသိမ်းပါ။
၈။ အခွင့်အရေးမယူမိတာ
ဒီအသက်အရွယ်ရောက်လာတဲ့အခါမှာ အစစအရာရာကို လွန်ကဲစွာသတိထားတတ်လာပြီး အခွင့်အရေးကို မယူမိတာမျိုး ဖြစ်လာတတ်ပါတယ်။ အရာရာစိတ်ချရတာမျိုးကိုပဲ မျှော်လင့်မနေပါနဲ့။
၉။ လုံလောက်အောင် မစုဆောင်၊ မရင်းနှီးဖြစ်တာ
ဒီအချက်ဟာ အသက်(၃၀)ကျော်တွေ အများစုအတွက် အကြီးအကျယ်နောင်တရစရာကိစ္စဖြစ်ပါတယ်။ စောစောစီးစီးကတည်းက စုဆောင်းထားမယ်ဆိုရင် သင်အနားယူချိန်မှာ ကြီးမားတဲ့ရလဒ်တစ်ခုကို ရရှိနေမှာ ဖြစ်ပါတယ်။
၁၀။ ခရီးတွေ မသွားဖြစ်ခဲ့တာ
ကမ္ဘာကြီးက လက်တကမ်းမှာပဲ ရှိနေပါတယ်။ ဒါ့ကြောင့် ခရီးသွားပါ။ ခရီးသွားဖို့ကို အချိန်ရွှေ့ဆိုင်းမနေပါနဲ့။ ဒီထက် အသက်အရွယ်ပိုကြီးလာရင် ခရီးသွားဖို့ပိုခက်ခဲလာပါလိမ့်မယ်။
၁၁။ အခြားသူတွေ ဘယ်လိုထင်မလဲဆိုတာကို အရမ်းဂရုစိုက်လွန်းတာ
လိုက်ပြီးတွေးကြည့်မယ်ဆိုရင် ဘယ်အရွယ်မဆို အပြစ်နဲ့မကင်းနိုင်ပါဘူး။ ဒါ့ကြောင့် သူများတွေ ဘယ်လိုထင်မလဲဆိုတာကို တွေးပူပြီး အချိန်ကုန်ခံမနေပါနဲ့တော့။ သင်ထင်ထားသလောက် သင့်ကို ဂရုမစိုက်ကြသူတွေအတွက် အချိန်တွေ၊ ခွန်အားတွေ အလဟဿအဖြစ်မခံပါနဲ့။ သင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို သင့်ကိုတကယ်ဂရုစိုက်သူတွေက အမြဲတမ်းလက်ခံနေမှာ ဖြစ်ပါတယ်။