ေယာကၤ်ားေလးမ်ားထင္သလို မိန္းကေလးေတြ အေရးမစိုက္သည့္ အရာ(၃)ခု
ေယာကၤ်ားေတြက အဂၤါၿဂိဳဟ္က ဆင္းသက္လာၿပီး မိန္းမေတြကေတာ့ ေသာၾကာၿဂိဳဟ္က လာတယ္လို႔ ဆို႐ိုးစကားရွိပါတယ္။ ဒီလို ႐ႈပ္ေထြးတဲ့ ဒ႑ာရီဆန္ဆန္ဆို႐ိုးစကားနဲ႔ ပတ္သက္ၿပီး အေသးစိတ္ရွင္းျပမယ့္သူ မရွိသလို ေယာကၤ်ားနဲ႔ မိန္းမ ႏွစ္မ်ိဳးကလည္း အျပန္အလွန္ နားမလည္ႏိုင္ေလာက္ေအာင္ ကြဲျပားျခားနားမႈေတြ မ်ားျပားလြန္းလွပါတယ္။ ဒီထဲကမွ မိန္းကေလးေတြ အေလးထားဂ႐ုစိုက္မယ္လို႔ ေယာကၤ်ားေလးေတြ ထင္တားေပမယ့္ တကယ္လက္ေတြ႕မွာ ဂ႐ုမစိုက္တဲ့အေၾကာင္းအရာေတြရွိေနပါတယ္။
၁။ ၿပီးျပည့္စံုတဲ့ ခႏၶာကိုယ္ပိုင္ရွင္ ခ်စ္သူေယာကၤ်ားေလး
ေယာကၤ်ားေလးေတြက ကိုယ့္ခ်စ္သူမိန္းကေလးကို အလွမယ္တစ္ေယာက္လို လွေနမွလက္တြဲခ်င္တာ မဟုတ္သလို မိန္းကေလးေတြကလည္း သိသာထင္ရွားတဲ့ ၀မ္းဗုိက္ၾကြက္သားေတြ၊ ခႏၶာကိုယ္ၾကြက္သားေတြနဲ႔ အခ်ိဳးအစားက်နတဲ့ ခႏၶာကိုယ္ရွိေနဖို႔ မေမွ်ာ္လင့္တတ္ၾကပါဘူး။ တစ္ေန႔ကို အိပ္ထမတင္ ဘယ္ႏွစ္ႀကိမ္လုပ္တယ္၊ ကိုယ္အေလးခ်ိန္ဘယ္ေလာက္ တိုးတက္လာတယ္ဆိုတာေတြကို ဂ႐ုမစိုက္ၾကပါဘူး။ မိန္းကေလးေတြ တကယ္အေလးထားတာက ေယာကၤ်ားေလးတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုနဲ႔ ကိုယ့္ခႏၶာကိုယ္ကို ယုံၾကည္မႈအျပည့္ရွိေနတာမ်ိဳးပဲ ျဖစ္ပါတယ္။
၂။ ၀င္ေငြ
ဒီကိစၥက လက္ရွိအခ်ိန္မွာ အလြဲမွားဆံုးယုံၾကည္မႈတစ္ခု ျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ သေဘာက်ႏွစ္သက္ဖို႔အတြက္ ေယာကၤ်ားေလးအေနနဲ႔ ပိုက္ဆံသံုးႏိုင္ရမယ္ဆိုတဲ့ စိတ္ကူးက ေပါေၾကာင္ေၾကာင္ႏိုင္လြန္းပါတယ္။ မိန္းကေလးေတြကလည္း ရင့္က်က္လာၿပီျဖစ္သလို ကိုယ္ပိုင္၀င္ေငြ ရွာႏိုင္ေနၾကၿပီျဖစ္ပါတယ္။ မိန္းကေလးေတြလည္း ကိုယ္ပိုင္ဘ၀ေနထိုင္မႈအတြက္ ကိုယ့္၀င္ေငြနဲ႔ ကိုယ္ ရပ္တည္ႏိုင္ၿပီျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေယာကၤ်ားေလးတစ္ေယာက္အေနနဲ႔ ဘယ္ေလာက္၀င္ေငြရလဲဆိုတာထက္ လုပ္ေနတဲ့အလုပ္အေပၚမွာ ဘယ္ေလာက္ထိ စိတ္အားထက္သန္မႈရွိလဲ ဆိုတာကို ပိုအေလးထားလာၾကၿပီျဖစ္ပါတယ္။
၃။ စိတ္ကူးယဥ္ဆန္ဆန္ ညစာေကၽြးျခင္း
ပထမဆံုးခ်ိန္းေတြခ်ိန္မွာ ခမ္းနားသိုက္ၿမိဳက္တဲ့ အျပင္အဆင္နဲ႔ အေကာင္းစား စားေသာက္ဆိုင္တစ္ခုမွာ မီးေရာင္မွိန္မွိန္ေလးေတြနဲ႔ ေစ်းႀကီးေပးရတဲ့ စားေသာက္ဖြယ္ရာေတြကို အတူစားတယ္ဆိုတာမ်ိဳးက အခုေခတ္မွာ သိပ္အသံုးမ၀င္ေတာ့ပါဘူး။ ခ်ိန္းဆိုေတြ႕ဆံုတယ္ဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္သိဖို႔ အဓိကျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စားေသာက္ဆိုင္အေကာင္းစားႀကီးမွာ ဟန္ပန္အျပည့္နဲ႔ ညစာအတူစားတာက တစ္ေယာက္ကိုတစ္ေယာက္ အကဲခတ္ဖို႔ ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ အျခားစိတ္၀င္စားစရာ နည္းလမ္းတစ္ခုခုနဲ႔ ခ်ဥ္းကပ္တာက ပိုၿပီးအမွတ္ရစရာျဖစ္ပါတယ္။ ေပ်ာ္စရာလည္း ေကာင္းပါလိမ့္မယ္။
***************************************************
ယောင်္ကျားလေးများထင်သလို မိန်းကလေးတွေ အရေးမစိုက်သည့် အရာ(၃)ခု
ယောင်္ကျားတွေက အင်္ဂါဂြိုဟ်က ဆင်းသက်လာပြီး မိန်းမတွေကတော့ သောကြာဂြိုဟ်က လာတယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ ဒဏ္ဍာရီဆန်ဆန်ဆိုရိုးစကားနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းပြမယ့်သူ မရှိသလို ယောင်္ကျားနဲ့ မိန်းမ နှစ်မျိုးကလည်း အပြန်အလှန် နားမလည်နိုင်လောက်အောင် ကွဲပြားခြားနားမှုတွေ များပြားလွန်းလှပါတယ်။ ဒီထဲကမှ မိန်းကလေးတွေ အလေးထားဂရုစိုက်မယ်လို့ ယောင်္ကျားလေးတွေ ထင်တားပေမယ့် တကယ်လက်တွေ့မှာ ဂရုမစိုက်တဲ့အကြောင်းအရာတွေရှိနေပါတယ်။
၁။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ချစ်သူယောင်္ကျားလေး
ယောင်္ကျားလေးတွေက ကိုယ့်ချစ်သူမိန်းကလေးကို အလှမယ်တစ်ယောက်လို လှနေမှလက်တွဲချင်တာ မဟုတ်သလို မိန်းကလေးတွေကလည်း သိသာထင်ရှားတဲ့ ဝမ်းဗိုက်ကြွက်သားတွေ၊ ခန္ဓာကိုယ်ကြွက်သားတွေနဲ့ အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ရှိနေဖို့ မမျှော်လင့်တတ်ကြပါဘူး။ တစ်နေ့ကို အိပ်ထမတင် ဘယ်နှစ်ကြိမ်လုပ်တယ်၊ ကိုယ်အလေးချိန်ဘယ်လောက် တိုးတက်လာတယ်ဆိုတာတွေကို ဂရုမစိုက်ကြပါဘူး။ မိန်းကလေးတွေ တကယ်အလေးထားတာက ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတာမျိုးပဲ ဖြစ်ပါတယ်။
၂။ ဝင်ငွေ
ဒီကိစ္စက လက်ရှိအချိန်မှာ အလွဲမှားဆုံးယုံကြည်မှုတစ်ခု ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက် သဘောကျနှစ်သက်ဖို့အတွက် ယောင်္ကျားလေးအနေနဲ့ ပိုက်ဆံသုံးနိုင်ရမယ်ဆိုတဲ့ စိတ်ကူးက ပေါကြောင်ကြောင်နိုင်လွန်းပါတယ်။ မိန်းကလေးတွေကလည်း ရင့်ကျက်လာပြီဖြစ်သလို ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်နေကြပြီဖြစ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ်ပိုင်ဘ၀နေထိုင်မှုအတွက် ကိုယ့်ဝင်ငွေနဲ့ ကိုယ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ဘယ်လောက်ဝင်ငွေရလဲဆိုတာထက် လုပ်နေတဲ့အလုပ်အပေါ်မှာ ဘယ်လောက်ထိ စိတ်အားထက်သန်မှုရှိလဲ ဆိုတာကို ပိုအလေးထားလာကြပြီဖြစ်ပါတယ်။
၃။ စိတ်ကူးယဉ်ဆန်ဆန် ညစာကျွေးခြင်း
ပထမဆုံးချိန်းတွေချိန်မှာ ခမ်းနားသိုက်မြိုက်တဲ့ အပြင်အဆင်နဲ့ အကောင်းစား စားသောက်ဆိုင်တစ်ခုမှာ မီးရောင်မှိန်မှိန်လေးတွေနဲ့ ဈေးကြီးပေးရတဲ့ စားသောက်ဖွယ်ရာတွေကို အတူစားတယ်ဆိုတာမျိုးက အခုခေတ်မှာ သိပ်အသုံးမဝင်တော့ပါဘူး။ ချိန်းဆိုတွေ့ဆုံတယ်ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် စားသောက်ဆိုင်အကောင်းစားကြီးမှာ ဟန်ပန်အပြည့်နဲ့ ညစာအတူစားတာက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် အခြားစိတ်ဝင်စားစရာ နည်းလမ်းတစ်ခုခုနဲ့ ချဉ်းကပ်တာက ပိုပြီးအမှတ်ရစရာဖြစ်ပါတယ်။ ပျော်စရာလည်း ကောင်းပါလိမ့်မယ်။