(၅)မိနစ္အတြင္း လိင္မႈကိစၥစြမ္းေဆာင္ရည္တိုးတက္ေစမည့္ နည္းလမ္း

()မိနစ္အတြင္း လိင္မႈကိစၥစြမ္းေဆာင္ရည္တိုးတက္ေစမည့္ နည္းလမ္း

ခ်စ္တင္းေႏွာျခင္းဟာ အေပးအယူကိစၥျဖစ္ပါတယ္။ ႏွစ္ဦးသားအၾကားမွာ ႐ုပ္ပိုင္းဆိုင္ရာထက္ ပိုတဲ့ ဆက္သြယ္မႈတစ္ခုကို ဖန္တီးေပးႏိုင္ပါေသးတယ္။ ႏွစ္ဦးသားခ်စ္တင္းေႏွာရာမွာ သင့္ရဲ႕ျဖစ္တည္မႈ၊ လိုအပ္ခ်က္၊ လိုအင္ဆႏၶေတြကို ပိုၿပီးနားလည္ေလေလ၊ သင္ကိုယ္တိုင္အတြက္ေရာ၊ သင့္ခ်စ္သူအတြက္ပါ ထူးျခားေလးနက္တဲ့ အေတြ႕အၾကံဳနဲ႔ ခံစားခ်က္ေတြကို ပိုမိုရရွိေလပဲ ျဖစ္ပါတယ္။

သင့္ကိုယ္ပိုင္ စိတ္ခံစားခ်က္ေတြနဲ႔ ဆက္ႏြယ္မႈေတြကို သတိျပဳမိျခင္းအားျဖင့္ သင့္ရဲ႕ခ်စ္သူကိုလည္း ေ၀မွ်ေပးႏိုင္မွာ ျဖစ္ၿပီး ႏွစ္ေယာက္စလံုးအတြက္ အေကာင္းဆံုးလိင္မႈအေတြ႕အၾကံဳေတြရရွိေစမွာပါ။

သင့္ရဲ႕ စိတ္ဆႏၵကိုသိရွိဖို႔ အေကာင္းဆံုးနည္းလမ္းေတြထဲက တစ္ခုကေတာ့ စိတ္တည္ၿငိမ္ေအာင္ တရားထိုင္ျခင္း ျဖစ္ပါတယ္။ စိတ္တည္ၿငိမ္ေအာင္ တရားထိုင္ျခင္းဟာ သင့္အတြက္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာအတြက္ပါ ေကာင္းက်ိဳးေတြ အမ်ားႀကီး ေပးႏိုင္ပါတယ္။ တရားထိုင္ျခင္းအားျဖင့္ ဦးေႏွာက္အတြင္း Grey matter ေတြတိုးပြားလာေစၿပီး အစာေျခလမ္းေၾကာင္းဆိုင္ရာမူမမွန္မႈေတြကို ကူညီေျဖရွင္းေပးႏိုင္သလို လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကိုလည္း တိုးတက္လာေစႏိုင္ပါတယ္။

ခ်စ္တင္းေႏွာတဲ့အခါမွာ သင္နဲ႔ သင့္ရဲ႕ခ်စ္သူဟာ ႐ုပ္ပိုင္းဆိုင္ရာသာမက စြမ္းအင္ပိုင္းဆိုင္ရာမွာပါ ဆက္သြယ္ေနသလို သင့္ကိုယ္သင္လည္း ျပန္လည္ဆက္သြယ္ေနပါတယ္။ ဒ့ါေၾကာင့္ အလုပ္ပင္ပန္းတဲ့အခါ ဒါမွမဟုတ္ စိတ္ဖိစီးမႈမ်ားတဲ့အခါမွာ လိင္မႈအေတြ႕အၾကံဳေတြကို အေကာင္းဆံုးခံစားႏိုင္စြမ္းမရွိတာ ျဖစ္ပါတယ္။ စိတ္ဖိစီးမႈက လိင္မႈကိစၥကို အေႏွာက္အယွက္ေပးလာတဲ့အခါမွာ စိတ္တည္ၿငိမ္ေအာင္တရားထိုင္ျခင္းကပဲ ေျဖရွင္းေပးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္တည္ၿငိမ္မႈရွိေအာင္ တရားထိုင္ျခင္းအားျဖင့္ သင့္ရဲ႕ လိင္မႈကိစၥကို ပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ေလ့လာမႈေတြအရလည္း စိတ္ဖိစီးမႈေလ်ာ့ပါးသက္သာေအာင္ တရားထိုင္ျခင္း အားျဖင့္ အမ်ိဳးသမီးေတြမွာ လိင္စိတ္ဆႏၵတိုးတက္မ်ားျပားလာတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လိင္စိတ္ႏိုးၾကားမႈ၊ ေက်နပ္အားရမႈေတြကိုပါ တိုးတက္လာေစၿပီး ကိစၥၿပီးဖို႔ခက္ခဲတာ၊ စိတ္ဓာတ္က်တာ စတဲ့ လိင္မႈကိစၥဆိုင္ရာ စိတ္ေသာကေတြလည္း ေလ်ာ့ပါးသြားတယ္လို႔ ဆိုပါတယ္။

လိင္စြမ္းအား

ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ခ်က္ကရာလို႔ ေခၚတဲ့ စြမ္းအင္ရင္းျမစ္ေတြအေၾကာင္း ၾကားဖူးၾကမွာပါ။ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္မွာ စြမ္းအင္ရင္းျမစ္ေပါင္း (၁၀၈)ခုရွိၿပီး အႀကီးဆံုးတစ္ခုက ေက်ာရိုးေအာက္ေျခကေန စတင္စီးဆင္းပါတယ္။ လိင္မႈကိစၥနဲ႔ ပတ္သက္တဲ့ စြမ္းအင္လည္း အပါအ၀င္ျဖစ္ပါတယ္။ တရားထိုင္ျခင္းအားျဖင့္ စြမ္းအင္စီးဆင္းရာလမ္းေၾကာင္းေတြကို ရွင္းလင္းေပးႏိုင္ပါတယ္။ ဒါေပမယ့္ လူအမ်ားစုက စြမ္းအင္စီးဆင္းတဲ့လမ္းေၾကာင္းေတြ ပိတ္ဆို႔ေနတတ္ပါတယ္။ စြမ္းအင္စီးဆင္းရာမွာ ပထမဆံုးပိတ္ဆို႔ေနတာက လိင္မႈကိစၥဆိုင္ရာ ခ်က္ကရာျဖစ္တဲ့အတြက္ စြမ္းအင္ေတြ ျပန္႔ႏွံ႕ကာ လိင္စိတ္ႏိုးၾကားမႈကို ဖန္တီးေပးတာျဖစ္ပါတယ္။

တရားထိုင္ျခင္းရဲ႕ အႀကီးမားဆံုးအက်ိဳးေက်းဇူးကေတာ့ လက္ရွိအခ်ိန္ေပၚမွာ ျဖစ္တည္မႈကို ျမွင့္တင္ေပးတာပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ျဖစ္ေပၚေနတဲ့ ခံစားခ်က္ေတြ၊ အေတြ႕အၾကံဳေတြကို အေကာင္းဆံုးသိမွတ္ဆင္ျခင္ႏိုင္စြမ္းရွိေစတာေၾကာင့္ လိင္မႈကိစၥမွာလည္း အဆံုးမွာရလဒ္ေကာင္းေတြကို ရရွိေစႏိုင္တာျဖစ္ပါတယ္။ ေန႔စဥ္တရားထိုင္တဲ့ အက်င့္ရွိမယ္ဆိုရင္ အိပ္ရာထဲက လိင္မႈကိစၥအပါအ၀င္ ဘ၀နဲ႔ဆိုင္တဲ့ ကိစၥေတြမွာပါ အက်ိဳးေက်းဇူးေတြကိုရရွိေစႏုိင္မွာ ျဖစ္ပါတယ္။ အိပ္ရာထဲမွာလည္း အခ်ိန္ၾကာျမင့္စြာ စြမ္းေဆာင္ႏိုင္ျခင္းနဲ႔ အေကာင္းဆံုးကိစၥၿပီးစီးျခင္းတို႔ကို ရရွိေစမွာျဖစ္ပါတယ္။

ပိုေကာင္းတဲ့ လိင္မႈအေတြ႕အၾကံဳခံစားရဖို႔အတြက္ အခ်ိန္()မိနစ္စာ တရားမွတ္ေလ့က်င့္ခန္းက သင္ကိုယ္တိုင္ေရာ၊ သင့္ခ်စ္သူအတြက္မွာ အေကာင္းဆံုးခံစားမႈေတြ ရရွိေစႏိုင္မွာျဖစ္ပါတယ္။ ဒီေလ့က်င့္ခန္းကု စတင္ေလ့က်င့္ခ်ိန္မွာေတာ့ စနစ္တက်ထိုင္ၿပီး မ်က္လံုးေတြကို မွိတ္ထားကာ ေလ့က်င့္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ အေလ့အက်င့္ရလာၿပီဆိုရင္ေတာ့ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၁။ ဦးေခါင္းနဲ႔ ခါးကို မတ္မတ္ထိုင္လိုက္ပါ။ အသက္႐ႈသြင္း႐ႈထုတ္လုပ္ပါ။ မ်က္လံုးေတြကို ပိတ္လိုက္ပါ။ တည္ၿငိမ္စြာေနပါ။

၂။ သင့္ရဲ႕ အာ႐ုံငါးပါးကို တစ္ခုခ်င္းစီ ခံစားၾကည့္ပါ။

၃။ နားက ဘာေတြၾကားလဲဆိုတာကို အရင္ဆံုးခံစားၾကည့္ပါ။ အရင္ဆံုး သိသာထင္ရွားတဲ့ ဘယ္လိုအသံကို သတိျပဳမိလိုက္သလဲ သံုးသပ္ပါ။ ၿပီးရင္ အျခားပိုၿပီးတိုးတိတ္တဲ့ အသံကို အာ႐ုံျပဳပါ။

၄။ အသက္႐ႈသြင္း႐ႈထုတ္လုပ္ရင္းနဲ႔ ဘယ္လိုခံစားေနရလဲ အာ႐ုံစိုက္ၾကည့္ပါ။ အရင္ဆံုးခံစားမိတဲ့ ခံစားခ်က္က ဘာလဲ။ သင္ေအာက္က ထိုင္ခံု ဒါမွမဟုတ္ ၾကမ္းျပင္ကို ခံစားမိႏိုင္သလား၊ သင့္အ၀တ္အစားေတြေအာက္မွာ ထိေတြ႕ေနတဲ့ အေရျပားကို ခံစားႏိုင္သလား၊ အခ်ိန္ရရင္ရသလို ပိုၿပီးသိမ္ေမြ႕တဲ့ ခံစားမႈေတြကို အာ႐ုံစိုက္ၾကည့္ပါ။

၅။ ေနာက္တဆင့္အေနနဲ႔ ဘာေတြျမင္ရလဲ အာ႐ုံျပဳၾကည့္ပါ။ မ်က္လံုးမွိတ္ထားတဲ့အတြက္ ေမွာင္မိုက္ေနတာျဖစ္ႏိုင္သလို သင့္မ်က္ခြံေတြၾကားက တိုး၀င္ေနတဲ့ အလင္းေရာင္လည္း ျဖစ္ႏိုင္ပါတယ္။ အေလ့အက်င့္ရလာၿပီဆိုရင္ မ်က္လံုးဖြင့္ၿပီး အာ႐ုံစိုက္သံုးသပ္ၾကည္သင့္ပါတယ္။ သင္အာ႐ုံစိုက္မိတဲ့ အလွပဆံုးအရာက ဘာျဖစ္မလဲ။

၆။ ေနာက္တဆင့္မွာေတာ့ ဘယ္လိုအနံ႔အသက္မ်ိဳးကို ရရွိလဲအာ႐ုံျပဳၾကည့္ရမွာ ျဖစ္ပါတယ္။ ၿပီးရင္ သိပ္မသိသာတဲ့ အနံ႔ကို အာ႐ုံစိုက္ၾကည့္ပါ။ အရသာကိုလည္း ထိုနည္းလည္းေကာင္းပဲ ျဖစ္ပါတယ္။

ဒီကိစၥက ႐ိုးရွင္းပါတယ္။ သင့္ရဲ႕အာ႐ုံငါးပါးကို ခံစားၾကည့္႐ုံပါပဲ။ အားလံုးကို ခံစားၾကည့္ၿပီးတာနဲ႔ အာ႐ုံငါးခုစလံုးကို တစ္ခ်ိန္တည္းမွာ သတိထားၾကည့္ႏိုင္ေအာင္ ႀကိဳးစားပါ။ ၾကားတာ၊ ျမင္တာ၊ ခံစားရတာ၊ အရသာေတြ၊ အနံ႔ရတာေတြ အားလံုးကို တစ္ခ်ိန္တည္းမွာ သိေနပါေစ။

ဒီေလ့က်င့္ခန္းကို လုပ္ေဆာင္ျခင္းအားျဖင့္ သင့္ရဲ႕ လိင္မႈစြမ္းေဆာင္ရည္နဲ႔ အေတြ႕အၾကံဳကို တိုးတက္ေကာင္းမြန္ေစမွာျဖစ္ပါတယ္။ အေၾကာင္းရင္းကေတာ့ လိင္မႈကိစၥဟာ အာ႐ုံငါးပါးစလံုးခံစားရတဲ့ ကိစၥတစ္ခုျဖစ္ေၾကာင့္ပါပဲ။

================================================

(၅)မိနစ်အတွင်း လိင်မှုကိစ္စစွမ်းဆောင်ရည်တိုးတက်စေမည့် နည်းလမ်း

ချစ်တင်းနှောခြင်းဟာ အပေးအယူကိစ္စဖြစ်ပါတယ်။ နှစ်ဦးသားအကြားမှာ ရုပ်ပိုင်းဆိုင်ရာထက် ပိုတဲ့ ဆက်သွယ်မှုတစ်ခုကို ဖန်တီးပေးနိုင်ပါသေးတယ်။ နှစ်ဦးသားချစ်တင်းနှောရာမှာ သင့်ရဲ့ဖြစ်တည်မှု၊ လိုအပ်ချက်၊ လိုအင်ဆန္ဓတွေကို ပိုပြီးနားလည်လေလေ၊ သင်ကိုယ်တိုင်အတွက်ရော၊ သင့်ချစ်သူအတွက်ပါ ထူးခြားလေးနက်တဲ့ အတွေ့အကြုံနဲ့ ခံစားချက်တွေကို ပိုမိုရရှိလေပဲ ဖြစ်ပါတယ်။

သင့်ကိုယ်ပိုင် စိတ်ခံစားချက်တွေနဲ့ ဆက်နွယ်မှုတွေကို သတိပြုမိခြင်းအားဖြင့် သင့်ရဲ့ချစ်သူကိုလည်း ဝေမျှပေးနိုင်မှာ ဖြစ်ပြီး နှစ်ယောက်စလုံးအတွက် အကောင်းဆုံးလိင်မှုအတွေ့အကြုံတွေရရှိစေမှာပါ။

သင့်ရဲ့ စိတ်ဆန္ဒကိုသိရှိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်း ဖြစ်ပါတယ်။ စိတ်တည်ငြိမ်အောင် တရားထိုင်ခြင်းဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေ အများကြီး ပေးနိုင်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် ဦးနှောက်အတွင်း Grey matter တွေတိုးပွားလာစေပြီး အစာခြေလမ်းကြောင်းဆိုင်ရာမူမမှန်မှုတွေကို ကူညီဖြေရှင်းပေးနိုင်သလို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။

ချစ်တင်းနှောတဲ့အခါမှာ သင်နဲ့ သင့်ရဲ့ချစ်သူဟာ ရုပ်ပိုင်းဆိုင်ရာသာမက စွမ်းအင်ပိုင်းဆိုင်ရာမှာပါ ဆက်သွယ်နေသလို သင့်ကိုယ်သင်လည်း ပြန်လည်ဆက်သွယ်နေပါတယ်။ ဒါ့ကြောင့် အလုပ်ပင်ပန်းတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါမှာ လိင်မှုအတွေ့အကြုံတွေကို အကောင်းဆုံးခံစားနိုင်စွမ်းမရှိတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက လိင်မှုကိစ္စကို အနှောက်အယှက်ပေးလာတဲ့အခါမှာ စိတ်တည်ငြိမ်အောင်တရားထိုင်ခြင်းကပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်မှုရှိအောင် တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့ လိင်မှုကိစ္စကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း စိတ်ဖိစီးမှုလျော့ပါးသက်သာအောင် တရားထိုင်ခြင်း အားဖြင့် အမျိုးသမီးတွေမှာ လိင်စိတ်ဆန္ဒတိုးတက်များပြားလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လိင်စိတ်နိုးကြားမှု၊ ကျေနပ်အားရမှုတွေကိုပါ တိုးတက်လာစေပြီး ကိစ္စပြီးဖို့ခက်ခဲတာ၊ စိတ်ဓာတ်ကျတာ စတဲ့ လိင်မှုကိစ္စဆိုင်ရာ စိတ်သောကတွေလည်း လျော့ပါးသွားတယ်လို့ ဆိုပါတယ်။

လိင်စွမ်းအား
ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ချက်ကရာလို့ ခေါ်တဲ့ စွမ်းအင်ရင်းမြစ်တွေအကြောင်း ကြားဖူးကြမှာပါ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်ရင်းမြစ်ပေါင်း (၁၀၈)ခုရှိပြီး အကြီးဆုံးတစ်ခုက ကျောရိုးအောက်ခြေကနေ စတင်စီးဆင်းပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ စွမ်းအင်လည်း အပါအဝင်ဖြစ်ပါတယ်။ တရားထိုင်ခြင်းအားဖြင့် စွမ်းအင်စီးဆင်းရာလမ်းကြောင်းတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမယ့် လူအများစုက စွမ်းအင်စီးဆင်းတဲ့လမ်းကြောင်းတွေ ပိတ်ဆို့နေတတ်ပါတယ်။ စွမ်းအင်စီးဆင်းရာမှာ ပထမဆုံးပိတ်ဆို့နေတာက လိင်မှုကိစ္စဆိုင်ရာ ချက်ကရာဖြစ်တဲ့အတွက် စွမ်းအင်တွေ ပြန့်နှံ့ကာ လိင်စိတ်နိုးကြားမှုကို ဖန်တီးပေးတာဖြစ်ပါတယ်။

တရားထိုင်ခြင်းရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးကတော့ လက်ရှိအချိန်ပေါ်မှာ ဖြစ်တည်မှုကို မြှင့်တင်ပေးတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို အကောင်းဆုံးသိမှတ်ဆင်ခြင်နိုင်စွမ်းရှိစေတာကြောင့် လိင်မှုကိစ္စမှာလည်း အဆုံးမှာရလဒ်ကောင်းတွေကို ရရှိစေနိုင်တာဖြစ်ပါတယ်။ နေ့စဉ်တရားထိုင်တဲ့ အကျင့်ရှိမယ်ဆိုရင် အိပ်ရာထဲက လိင်မှုကိစ္စအပါအဝင် ဘဝနဲ့ဆိုင်တဲ့ ကိစ္စတွေမှာပါ အကျိုးကျေးဇူးတွေကိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အိပ်ရာထဲမှာလည်း အချိန်ကြာမြင့်စွာ စွမ်းဆောင်နိုင်ခြင်းနဲ့ အကောင်းဆုံးကိစ္စပြီးစီးခြင်းတို့ကို ရရှိစေမှာဖြစ်ပါတယ်။

ပိုကောင်းတဲ့ လိင်မှုအတွေ့အကြုံခံစားရဖို့အတွက် အချိန်(၅)မိနစ်စာ တရားမှတ်လေ့ကျင့်ခန်းက သင်ကိုယ်တိုင်ရော၊ သင့်ချစ်သူအတွက်မှာ အကောင်းဆုံးခံစားမှုတွေ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကု စတင်လေ့ကျင့်ချိန်မှာတော့ စနစ်တကျထိုင်ပြီး မျက်လုံးတွေကို မှိတ်ထားကာ လေ့ကျင့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အလေ့အကျင့်ရလာပြီဆိုရင်တော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၁။ ဦးခေါင်းနဲ့ ခါးကို မတ်မတ်ထိုင်လိုက်ပါ။ အသက်ရှုသွင်းရှုထုတ်လုပ်ပါ။ မျက်လုံးတွေကို ပိတ်လိုက်ပါ။ တည်ငြိမ်စွာနေပါ။

၂။ သင့်ရဲ့ အာရုံငါးပါးကို တစ်ခုချင်းစီ ခံစားကြည့်ပါ။

၃။ နားက ဘာတွေကြားလဲဆိုတာကို အရင်ဆုံးခံစားကြည့်ပါ။ အရင်ဆုံး သိသာထင်ရှားတဲ့ ဘယ်လိုအသံကို သတိပြုမိလိုက်သလဲ သုံးသပ်ပါ။ ပြီးရင် အခြားပိုပြီးတိုးတိတ်တဲ့ အသံကို အာရုံပြုပါ။

၄။ အသက်ရှုသွင်းရှုထုတ်လုပ်ရင်းနဲ့ ဘယ်လိုခံစားနေရလဲ အာရုံစိုက်ကြည့်ပါ။ အရင်ဆုံးခံစားမိတဲ့ ခံစားချက်က ဘာလဲ။ သင်အောက်က ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ကို ခံစားမိနိုင်သလား၊ သင့်အဝတ်အစားတွေအောက်မှာ ထိတွေ့နေတဲ့ အရေပြားကို ခံစားနိုင်သလား၊ အချိန်ရရင်ရသလို ပိုပြီးသိမ်မွေ့တဲ့ ခံစားမှုတွေကို အာရုံစိုက်ကြည့်ပါ။

၅။ နောက်တဆင့်အနေနဲ့ ဘာတွေမြင်ရလဲ အာရုံပြုကြည့်ပါ။ မျက်လုံးမှိတ်ထားတဲ့အတွက် မှောင်မိုက်နေတာဖြစ်နိုင်သလို သင့်မျက်ခွံတွေကြားက တိုးဝင်နေတဲ့ အလင်းရောင်လည်း ဖြစ်နိုင်ပါတယ်။ အလေ့အကျင့်ရလာပြီဆိုရင် မျက်လုံးဖွင့်ပြီး အာရုံစိုက်သုံးသပ်ကြည်သင့်ပါတယ်။ သင်အာရုံစိုက်မိတဲ့ အလှပဆုံးအရာက ဘာဖြစ်မလဲ။

၆။ နောက်တဆင့်မှာတော့ ဘယ်လိုအနံ့အသက်မျိုးကို ရရှိလဲအာရုံပြုကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင် သိပ်မသိသာတဲ့ အနံ့ကို အာရုံစိုက်ကြည့်ပါ။ အရသာကိုလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။

ဒီကိစ္စက ရိုးရှင်းပါတယ်။ သင့်ရဲ့အာရုံငါးပါးကို ခံစားကြည့်ရုံပါပဲ။ အားလုံးကို ခံစားကြည့်ပြီးတာနဲ့ အာရုံငါးခုစလုံးကို တစ်ချိန်တည်းမှာ သတိထားကြည့်နိုင်အောင် ကြိုးစားပါ။ ကြားတာ၊ မြင်တာ၊ ခံစားရတာ၊ အရသာတွေ၊ အနံ့ရတာတွေ အားလုံးကို တစ်ချိန်တည်းမှာ သိနေပါစေ။

ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့ လိင်မှုစွမ်းဆောင်ရည်နဲ့ အတွေ့အကြုံကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ လိင်မှုကိစ္စဟာ အာရုံငါးပါးစလုံးခံစားရတဲ့ ကိစ္စတစ်ခုဖြစ်ကြောင့်ပါပဲ။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%