စိတ္၀င္စားမႈကို ရယူႏိုင္ဖို႔ အရည္အေသြး(၇)ခု
===============================
၁။ လိုရင္းတိုရွင္းက ပိုေကာင္းပါတယ္။
၂။ အျဖည့္ခံစကားလံုးေတြ မသံုးပါနဲ႔။
၃။ စိတ္ကူးေကာင္းေတြကို တင္ျပမယ္ဆိုရင္ ေတာင္းပန္စရာမလိုပါဘူး။
၄။ ေ၀့လည္ေၾကာင္ပတ္ မေျပာပါနဲ႔။
၅။ ေအာင္ျမင္မႈကို ပံုေဖာ္ျပပါ။
၆။ အေကာင္းဆံုးအပိုင္းကေန စတင္ပါ။
၇။ တန္ျပန္ေမးခြန္းေတြကို တံု႔ျပန္ႏိုင္ဖို႔ ျပင္ဆင္ထားပါ။
ေစ်းကြက္သစ္ထြင္လုပ္ငန္ရွင္ေတြအေနနဲ႔ လုပ္ငန္းနယ္ပယ္တစ္ခုမွာ အေျပာင္းအလဲျဖစ္သြားေစႏိုင္မယ့္ စိတ္ကူးေကာင္းတစ္ခုကို ရရွိၿပီဆိုရင္ စိတ္လႈပ္ရွားမႈကို ခံစားၾကရပါတယ္။ ဒါေပမယ့္ စိတ္ကူးကို အေကာင္အထည္ေဖာ္ၿပီး သေဘာတရားကေန ေငြသားအျဖစ္ကို ေျပာင္းလဲႏိုင္ဖို႔အတြက္က စိတ္ကူးကို ရွင္းရွင္းလင္းလင္းနဲ႔ ဆြဲေဆာင္မႈရွိရွိ တင္ျပႏိုင္ဖို႔လိုပါတယ္။ ေစ်းကြက္သစ္ထြင္လုပ္ငန္းရွင္အမ်ားစုရဲ႕ စိတ္ကူးေတြက တင္ျပပံုမမွန္ကန္သလို ရင္းႏွီးျမဳပ္ႏွံသူေတြရဲ႕ စိတ္အာ႐ုံကို သိမ္းသြင္းႏိုင္ျခင္းမရွိတဲ့အတြက္ အလဟႆျဖစ္သြားၾကရတာမ်ားပါတယ္။ ဒါ့ေၾကာင့္ ရင္းႏွီးျမဳပ္ႏွံသူေတြရဲ႕ စိတ္မွာေနရာယူသြားႏိုင္ဖို႔ လိုအပ္တဲ့ အရည္အေသြး(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ လိုရင္းတိုရွင္းက ပိုေကာင္းပါတယ္။
ဆိုလိုရင္းကို ခ်ိဳခ်ိဳသာသာနဲ႔ တိက်ျပတ္သားစြာ တင္ျပေျပာဆိုတာက တဖက္လူေတြကို ယံုၾကည္မႈပိုရွိေစပါတယ္။ လိုအပ္တာထက္ပိုၿပီး ရွည္လ်ားစြာေျပာဆိုေနမယ္ဆိုရင္ မယုံၾကည္ႏိုင္စရာပံုစံ ပိုျဖစ္ပါတယ္။
၂။ အျဖည့္ခံစကားလံုးေတြ မသံုးပါနဲ႔။
“အင္း..၊ အဲ..၊ ဘယ္လိုေျပာရမလဲ” စတဲ့ အျဖည့္ခံစကားေတြက သင့္ရဲ႕တင္ျပပံုကို ထိခိုက္ေစပါတယ္။ ဒီလို အျဖည့္ခံစကားေတြကို ေဖ်ာက္ဖ်က္ဖို႔အတြက္ အေျခခံသေဘာတရားတစ္ခုရွိပါတယ္။ ေနာက္စကားတစ္ခြန္းအတြက္ ေသခ်ာေရရာမႈ မရွိဘူးဆိုရင္ ေျပာလက္စ စကားကိုျဖည္းျဖည္းပဲ ေျပာဆိုၿပီး လိုအပ္သေလာက္ပဲ ရပ္နားေျပာဆိုသင့္ပါတယ္။
၃။ စိတ္ကူးေကာင္းေတြကို တင္ျပမယ္ဆိုရင္ ေတာင္းပန္စရာမလိုပါဘူး။
သင့္စိတ္ကူးကို တင္ျပတဲ့ေနရာမွာ နားေထာင္ေပးမယ့္သူေတြကို အရမ္းႀကီးေအာက္က်ိဳ႕ေနစရာမလိုပါဘူး။ တစ္ခါတစ္ေလမွာ “ခင္ဗ်ားအလုပ္မ်ားတာကို ကၽြန္ေတာ္သိပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္အမ်ားႀကီးမယူပဲနဲ႔ ရွင္းျပေပးပါမယ္”၊ “ခင္ဗ်ားကို စိတ္ကူးတစ္ခုေလာက္ခ်ျပပါရေစ၊ အခ်ိန္အရမ္းမၾကာေစရဘူးလို႔
အာမခံပါတယ္။”၊ စတဲ့ စကားေတြက သင့္စိတ္ကူးက တစ္ဖက္လူအတြက္ ပ်င္းစရာေကာင္းမွာျဖစ္တဲ့အတြက္ သိပ္မၾကာေစရဘူးလို႔ ေျပာေနတာနဲ႔ အတူတူပါပဲ။
၄။ ေ၀့လည္ေၾကာင္ပတ္ မေျပာပါနဲ႔။
စီးပြားေရးလုပ္ငန္းစလုပ္မယ့္သူေတြက သူတို႔ရဲ႕လုိအပ္ခ်က္ေတြ ရရွိဖို႔အတြက္ အဓိပၸါယ္အမ်ိဳးမ်ိဳးယူဆလို႔ရတဲ့ ေ၀့လည္ေၾကာင္ပတ္စကားေတြ ေျပာတတ္ၾကပါတယ္။ ဒီလို မတိက်မေသခ်ာတဲ့ စကားေတြကို ၾကားရတဲ့ ရင္းႏွီးျမဳပ္ႏွံသူတစ္ေယာက္စိတ္ကုိ ဆြဲေဆာင္ႏိုင္မွာ မဟုတ္သလို ယုံၾကည္မႈရွိလာေအာင္လည္း တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။
၅။ ေအာင္ျမင္မႈကို ပံုေဖာ္ျပပါ။
သင့္ခ်ျပတဲ့ စိတ္ကူးသာေအာင္ျမင္သြားခဲ့မယ္ဆိုရင္ ဘယ္လိုရလဒ္မ်ိဳးေတြ ရရွိမလဲဆိုတာကို သင့္ရဲ႕အလုပ္ရွင္နဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြ ျမင္သာေအာင္လုပ္ေဆာင္ပါ။ သင့္စိတ္ကူးေအာင္ျမင္မႈက ဘယ္လိုဘယ္ပံုရွိမလဲဆိုတာကို တိတိက်က်ထင္လင္းျမင္သာေအာင္ ပံုေဖာ္ႏုိင္စြမ္းရွိပါေစ။
၆။ အေကာင္းဆံုးအပိုင္းကေန စတင္ပါ။
ရင္းႏွီးျမဳပ္ႏွံသူေတြရဲ႕ စိတ္အာ႐ုံ၀င္စားမႈကို ရယူႏိုင္ဖို႔အတြက္က အဓိကဆိုလိုရင္းဆီကို တျဖည္းျဖည္းခ်င္း ဆြဲေခၚသြားတဲ့ တင္ျပပံုမ်ိဳးကို သံုးလိုမျဖစ္ပါဘူး။ နားေထာင္သူေတြက ၾကာလာေလ အာ႐ုံစိုက္ႏိုင္စြမ္းနည္းလာေလ ျဖစ္တာေၾကာင့္ သင့္စိတ္ကူးရဲ႕ အေကာင္းဆံုးအခ်က္၊ အဓိကအေၾကာင္းအရာကို အရင္ဆံုးေျပာဆိုတင္ျပပါ။
၇။ တန္ျပန္ေမးခြန္းေတြကို တံု႔ျပန္ႏိုင္ဖို႔ ျပင္ဆင္ထားပါ။
ေစ်းကြက္သစ္ထြင္လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ စိတ္ကူးတစ္ခုကို ေျပာဆိုတင္ျပတာက စစ္တုရင္ကစားပြဲ တစ္ခုလိုပါပဲ။ ကိုယ္ပိုင္နည္းဗ်ဴဟာ၊ ကစားကြက္ေတြကို အသံုးျပဳေနရသလို တဖက္သူေတြရဲ႕ တုံ႔ျပန္မႈေတြကိုလည္း လိုက္ေလ်ာညီေထြေအာင္ ကစားတတ္ဖို႔ လိုပါတယ္။ တန္ျပန္ေမးျမန္းလာႏိုင္မယ့္ အခ်က္အလက္ေတြ၊ ေထာက္ျပလာမယ့္ အားနည္းခ်က္ေတြ အတြက္ ႀကိဳတင္ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။
=======================================================================
စိတ်ဝင်စားမှုကို ရယူနိုင်ဖို့ အရည်အသွေး(၇)ခု
ဈေးကွက်သစ်ထွင်လုပ်ငန်ရှင်တွေအနေနဲ့ လုပ်ငန်းနယ်ပယ်တစ်ခုမှာ အပြောင်းအလဲဖြစ်သွားစေနိုင်မယ့် စိတ်ကူးကောင်းတစ်ခုကို ရရှိပြီဆိုရင် စိတ်လှုပ်ရှားမှုကို ခံစားကြရပါတယ်။ ဒါပေမယ့် စိတ်ကူးကို အကောင်အထည်ဖော်ပြီး သဘောတရားကနေ ငွေသားအဖြစ်ကို ပြောင်းလဲနိုင်ဖို့အတွက်က စိတ်ကူးကို ရှင်းရှင်းလင်းလင်းနဲ့ ဆွဲဆောင်မှုရှိရှိ တင်ပြနိုင်ဖို့လိုပါတယ်။ ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်အများစုရဲ့ စိတ်ကူးတွေက တင်ပြပုံမမှန်ကန်သလို ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်အာရုံကို သိမ်းသွင်းနိုင်ခြင်းမရှိတဲ့အတွက် အလဟဿဖြစ်သွားကြရတာများပါတယ်။ ဒါ့ကြောင့် ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်မှာနေရာယူသွားနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေး(၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လိုရင်းတိုရှင်းက ပိုကောင်းပါတယ်။
ဆိုလိုရင်းကို ချိုချိုသာသာနဲ့ တိကျပြတ်သားစွာ တင်ပြပြောဆိုတာက တဖက်လူတွေကို ယုံကြည်မှုပိုရှိစေပါတယ်။ လိုအပ်တာထက်ပိုပြီး ရှည်လျားစွာပြောဆိုနေမယ်ဆိုရင် မယုံကြည်နိုင်စရာပုံစံ ပိုဖြစ်ပါတယ်။
၂။ အဖြည့်ခံစကားလုံးတွေ မသုံးပါနဲ့။
“အင်း..၊ အဲ..၊ ဘယ်လိုပြောရမလဲ” စတဲ့ အဖြည့်ခံစကားတွေက သင့်ရဲ့တင်ပြပုံကို ထိခိုက်စေပါတယ်။ ဒီလို အဖြည့်ခံစကားတွေကို ဖျောက်ဖျက်ဖို့အတွက် အခြေခံသဘောတရားတစ်ခုရှိပါတယ်။ နောက်စကားတစ်ခွန်းအတွက် သေချာရေရာမှု မရှိဘူးဆိုရင် ပြောလက်စ စကားကိုဖြည်းဖြည်းပဲ ပြောဆိုပြီး လိုအပ်သလောက်ပဲ ရပ်နားပြောဆိုသင့်ပါတယ်။
၃။ စိတ်ကူးကောင်းတွေကို တင်ပြမယ်ဆိုရင် တောင်းပန်စရာမလိုပါဘူး။
သင့်စိတ်ကူးကို တင်ပြတဲ့နေရာမှာ နားထောင်ပေးမယ့်သူတွေကို အရမ်းကြီးအောက်ကျို့နေစရာမလိုပါဘူး။ တစ်ခါတစ်လေမှာ “ခင်ဗျားအလုပ်များတာကို ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် အချိန်အများကြီးမယူပဲနဲ့ ရှင်းပြပေးပါမယ်”၊ “ခင်ဗျားကို စိတ်ကူးတစ်ခုလောက်ချပြပါရစေ၊ အချိန်အရမ်းမကြာစေရဘူးလို့
အာမခံပါတယ်။”၊ စတဲ့ စကားတွေက သင့်စိတ်ကူးက တစ်ဖက်လူအတွက် ပျင်းစရာကောင်းမှာဖြစ်တဲ့အတွက် သိပ်မကြာစေရဘူးလို့ ပြောနေတာနဲ့ အတူတူပါပဲ။
၄။ ဝေ့လည်ကြောင်ပတ် မပြောပါနဲ့။
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေက သူတို့ရဲ့လိုအပ်ချက်တွေ ရရှိဖို့အတွက် အဓိပ္ပါယ်အမျိုးမျိုးယူဆလို့ရတဲ့ ဝေ့လည်ကြောင်ပတ်စကားတွေ ပြောတတ်ကြပါတယ်။ ဒီလို မတိကျမသေချာတဲ့ စကားတွေကို ကြားရတဲ့ ရင်းနှီးမြုပ်နှံသူတစ်ယောက်စိတ်ကို ဆွဲဆောင်နိုင်မှာ မဟုတ်သလို ယုံကြည်မှုရှိလာအောင်လည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
၅။ အောင်မြင်မှုကို ပုံဖော်ပြပါ။
သင့်ချပြတဲ့ စိတ်ကူးသာအောင်မြင်သွားခဲ့မယ်ဆိုရင် ဘယ်လိုရလဒ်မျိုးတွေ ရရှိမလဲဆိုတာကို သင့်ရဲ့အလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ မြင်သာအောင်လုပ်ဆောင်ပါ။ သင့်စိတ်ကူးအောင်မြင်မှုက ဘယ်လိုဘယ်ပုံရှိမလဲဆိုတာကို တိတိကျကျထင်လင်းမြင်သာအောင် ပုံဖော်နိုင်စွမ်းရှိပါစေ။
၆။ အကောင်းဆုံးအပိုင်းကနေ စတင်ပါ။
ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်အာရုံဝင်စားမှုကို ရယူနိုင်ဖို့အတွက်က အဓိကဆိုလိုရင်းဆီကို တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတဲ့ တင်ပြပုံမျိုးကို သုံးလိုမဖြစ်ပါဘူး။ နားထောင်သူတွေက ကြာလာလေ အာရုံစိုက်နိုင်စွမ်းနည်းလာလေ ဖြစ်တာကြောင့် သင့်စိတ်ကူးရဲ့ အကောင်းဆုံးအချက်၊ အဓိကအကြောင်းအရာကို အရင်ဆုံးပြောဆိုတင်ပြပါ။
၇။ တန်ပြန်မေးခွန်းတွေကို တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားပါ။
ဈေးကွက်သစ်ထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စိတ်ကူးတစ်ခုကို ပြောဆိုတင်ပြတာက စစ်တုရင်ကစားပွဲ တစ်ခုလိုပါပဲ။ ကိုယ်ပိုင်နည်းဗျူဟာ၊ ကစားကွက်တွေကို အသုံးပြုနေရသလို တဖက်သူတွေရဲ့ တုံ့ပြန်မှုတွေကိုလည်း လိုက်လျောညီထွေအောင် ကစားတတ်ဖို့ လိုပါတယ်။ တန်ပြန်မေးမြန်းလာနိုင်မယ့် အချက်အလက်တွေ၊ ထောက်ပြလာမယ့် အားနည်းချက်တွေ အတွက် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။