အလန္းစားခ်စ္သူမိန္းကေလးရွိရင္သိထားသင့္တဲ့အခ်က္မ်ား
- ကိုယ္ပိုင္ဘ၀ ရွိပါေစ။
- သင့္ကိုယ္သင္ အေကာင္းဆံုးျဖစ္ေနပါေစ။
- သ၀န္တိုမႈကို အျမဲတမ္းဆန္းစစ္ပါ။
- ခံစားခ်က္ေတြကို ဆက္သြယ္ပါ။
မိန္းကေလးတစ္ေယာက္ကို ျမင္လိုက္တာနဲ႔ ဘာမွမေျပာႏိုင္ေလာက္ေအာင္ ခ်စ္မိသြားဖူးပါသလား။ ဒီလိုျဖစ္ရတာ သူမရဲ႕အလွတစ္ခုတည္းေၾကာင္း မဟုတ္ပါဘူး။ သင္မၾကံဳေတြ႕ဖူးတဲ့ တစ္စံုတစ္ခုကို ခံစားလိုက္ရတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ သင့္အနားကို သူမေရာက္လာတာနဲ႔ ကတုန္ကရင္ျဖစ္သြားတာ၊ အသက္႐ႈရပ္တန္႔သြားေလာက္ေအာင္ မင္တက္ေတြေ၀သြားရတာ၊ သူမကိုၾကည့္လိုက္တိုင္း ဒီလိုမိန္းမလွေလးနဲ႔ ခ်စ္သူျဖစ္ခြင့္ရတဲ့ ကံၾကမၼာကို အတိုင္းမသိေက်းဇူးတင္ေနမိတာ၊ သင့္အနားက သူမထြက္ခြာသြားကို စိုးရိမ္ေနရတာ၊ သူမဖက္က အမူအယာေလးအနည္းငယ္ ေျပာင္း႐ုံနဲ႔ ေနမထိထိုင္မသာ ျဖစ္ေနရတာ ဒီလိုေတြျဖစ္ေနၿပီဆိုရင္ သူမကို ႐ူးမတတ္ခ်စ္မိေနၿပီလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနေတြ အားလံုးက မိန္းမေခ်ာေလးေတြကို ခ်စ္သူအျဖစ္ပိုင္ဆိုင္ခြင့္ရထားတဲ့ ေယာကၤ်ားေလး အမ်ားစုၾကံဳေတြ႕ခံစားေနၾကရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလန္းစားခ်စ္သူေလးကို ရာသက္ပန္လက္တြဲသြားႏိုင္ဖို႔ သိထားသင့္တဲ့အခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
ကိုယ္ပိုင္ဘ၀ ရွိပါေစ။
မိမိကိုယ္ကို ယုံၾကည္မႈရွိတဲ့ အမ်ိဳးသားတစ္ေယာက္မွာ ဆြဲေဆာင္မႈအျပည့္ရွိပါတယ္။ သင့္အေနနဲ႔ ဘ၀မွာ လုပ္စရာသိပ္မရွိဘူးဆိုရင္ သင့္ကိုယ္သင္စိတ္မလံုျခံဳမႈေတြကို ပိုၿပီးခံစားရမွာပါ။ ခ်စ္သူနဲ႔ ႏွစ္ေယာက္အတူတူ လုပ္စရာေတြ အမ်ားႀကီးရွိတာမွန္ေပမယ့္ ကိုယ္ပိုင္ဘ၀၊ အလုပ္၊ မိတ္ေဆြအေပါင္းအသင္းေတြ ရွိရမွာျဖစ္သလို ကိုယ္ပိုင္၀ါသနာပါတာေတြကိုလည္း လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ဒါမွသာ ႏွစ္ဦးသားဆက္ဆံေရးမွာ သင့္ရဲ႕သီးျခားျဖစ္တည္မႈ မေပ်ာက္ဆံုးသြားမွာျဖစ္ပါတယ္။ အလုပ္ႀကိဳးစားပါ။ သင္တစ္ေယာက္တည္း သူငယ္ခ်င္းေတြနဲ႔အတူ တစ္ခါတစ္ေလ အခ်ိန္ျဖဳန္းပါ။ သင့္ဘ၀ရည္မွန္းခ်က္ေတြအတြက္ တိုးတက္ဖို႔လိုအပ္တဲ့အရည္အခ်င္းေတြကို ေလ့လာဆည္းပူးပါ။ အဓိကအခ်က္က သူမနဲ႔ႏွစ္ေယာက္အတူရွိမေနလည္း ေပ်ာ္ရႊင္ေနႏိုင္ဖို႔ ျဖစ္ပါတယ္။ သင့္အေနနဲ႔ အလုပ္ရႈပ္ၿပီ ဘ၀အတြက္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားေပးထားတဲ့အခါမွာ သူမအတြက္ ပိုၿပီးစိတ္၀င္စားစရာ ျဖစ္ေနပါလိမ့္မယ္။
သင့္ကိုယ္သင္ အေကာင္းဆံုးျဖစ္ေနပါေစ။
သင့္ကိုယ္သင္ စိတ္တိုင္းက်ျဖစ္ေနမယ္ဆိုရင္ ယုံၾကည္မႈလည္း ရွိလာမွာျဖစ္ပါတယ္။ ဒီအတြက္ သင့္ရဲ႕က်န္းမာေရးက အေရးႀကီးပါတယ္။ မိမိကိုယ္ကိုယုံၾကည္မႈအျပည့္ရွိတဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္ဖို႔အတြက္ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ဓာတ္ပိုင္းဆိုင္ရာနဲ႔ စိတ္ခံစားမႈပိုင္းဆိုင္ရာမွာပါ ပံုစံတက်ရွိေနဖို႔ လိုပါတယ္။ ေန႔တိုင္းမနက္ေစာေစာထၿပီး ေလ့က်င့္ခန္းလုပ္ပါ။ စိတ္ဖိစီးမႈေတြေျပေလ်ာ့ၿပီး စိတ္ဓာတ္မွန္ကန္ေအာင္ ထားႏိုင္ဖို႔ အခ်ိန္ေပးပါ။ တစ္ရက္စာ၊ တစ္ပတ္စာ၊ တစ္လစာအစီအစဥ္ေတြ ေရးဆြဲထားပါ။ တစ္ေန႔တာလံုး အားအင္အျပည့္ရွိေနၿပီး ပံုမွန္ကိုယ္အေလးခ်ိန္ကို ေျပာင္းလဲမသြားေစႏိုင္မယ့္ စားေသာက္ဖြယ္ရာေတြကို ေရြးခ်ယ္မွီ၀ဲပါ။ သင့္ရဲ႕စိတ္ဓာတ္ခြန္အားအတြက္ စာအုပ္ေတြဖတ္ပါ။ လက္ရွိခံစားေနရတဲ့ ခံစားခ်က္ေတြနဲ႔ပတ္သက္ၿပီး စိတ္ခ်ရတဲ့သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္ပါ။ ကိုယ့္ကိုယ္ကို ႐ိုးသားပါ။
သ၀န္တိုမႈကို အျမဲတမ္းဆန္းစစ္ပါ။
ခ်စ္သူအလန္းစားရထားရင္ သ၀န္တိုတတ္တာက ထံုးစံပါပဲ။ သင့္ခ်စ္သူနဲ႔ပတ္သက္ၿပီး အျခားေယာကၤ်ားေလးေတြအေပၚ အေတြးေပါင္းစံုေလွ်ာက္ေတြးၿပီး ပိတ္ပင္ခ်ဳပ္ခ်ယ္မႈေတြ လုပ္မိႏိုင္ပါတယ္။ သ၀န္တိုလြန္းျခင္းဟာ သင္ခ်စ္ရတဲ့မိန္းကေလးကို အျမန္ဆံုးဆံုး႐ႈံးသြားေစမယ့္ နည္းလမ္းျဖစ္ပါတယ္။ သ၀န္တိုျခင္းဟာ မိမိကိုယ္ကိုယုံၾကည္မႈမရွိရာေရာက္ၿပီး မိန္းကေလးေတြအတြက္ စိတ္ပ်က္စရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕သ၀န္တိုျခင္းကို ထိန္းခ်ဳပ္တတ္ဖို႔ လိုပါတယ္။ အျခားဘယ္ေယာကၤ်ားေလးေတြက သင့္ခ်စ္သူကို မ်က္စိက်ေနလဲ ဆန္းစစ္ပါ။ သင့္ခ်စ္သူက မိန္းမေခ်ာတစ္ေယာက္ျဖစ္ရင္ သေဘာက်တဲ့သူေတြ ရွိတာ မဆန္းပါဘူး။ သင့္ခ်စ္သူကို တကယ္ခ်စ္တယ္ဆိုရင္ သူမရဲ႕အခ်စ္ေပၚမွာလည္း ယုံၾကည္မႈ ရွိသင့္ပါတယ္။ သူမအတြက္ ကိုယ္ပိုင္အခ်ိန္၊ ေနရာနဲ႔ ယုံၾကည္မႈေပးမယ္ဆိုရင္ သူမကလည္း အသိအမွတ္ျပဳၿပီး သစၥာရွိေနမွာပါ။
ခံစားခ်က္ေတြကို ဆက္သြယ္ပါ။
တစ္ေန႔တာၿပီးဆံုးခ်ိန္မွာ သင့္တို႔ႏွစ္ဦးရဲ႕ ဆက္သြယ္မႈေပၚမွာအေျခခံၿပီး ဆက္ဆံေရးက ပိုၿပီးခိုင္မာလာႏိုင္သလို ယိမ္းယိုင္ပ်က္စီးသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ သင့္ရင္ထဲမွာ ဘာေတြဘယ္လိုခံစားေနရတယ္ဆိုတာကို မေဖာ္ျပႏိုင္ဘူးဆိုရင္ မေကာင္းတဲ့ခံစားခ်က္ေတြက အႏိုင္ယူသြားၿပီး သူမကို အျပစ္ေတြျမင္လာပါလိမ့္မယ္။ ဒီလိုေျပာလို႔ အစစအရာရာဘာေလးပဲျဖစ္ျဖစ္ အကုန္ေျပာျပရမယ္လို႔ မဆိုလိုပါဘူး။ အေရးႀကီးတာေတြပဲ ေျပာျပရမွာ ျဖစ္ပါတယ္။ ခံစားခ်က္ေတြကို ေျပာတဲ့အခါမွာ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ရိုးသားပြင့္လင္းစြာ ေျပာဆိုပါ။ ေပါက္ကြဲေအာ္ဟစ္တာမ်ိဳး မျဖစ္ပါေစနဲ႔။
ေခ်ာေမာလွပတဲ့ မိန္းကေလးတစ္ေယာက္ ဒါမွမဟုတ္ ဘယ္မိန္းကေလးကို မဆို ခ်စ္ရတာက ထူးျခားတဲ့ စိတ္ခံစားခ်က္ေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒီခံစားခ်က္ေတြက သင့္ရဲ႕ဘ၀ကို တိုးတက္ေအာင္ျမင္သြားေအာင္ ဒါမွမဟုတ္ ဆုတ္ယုတ္ပ်က္စီးသြားေအာင္ ကူညီေပးႏိုင္တဲ့ အခ်စ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ စိတ္ထဲမွာ ထည့္ထားသင့္တဲ့အခ်က္က သင့္မွာကိုယ္ပိုင္ေရြးခ်ယ္စရာေတြရွိၿပီး ကိုယ္တိုင္ပဲေရြးခ်ယ္မႈေတြ ျပဳလုပ္ရမယ္ဆိုတာပါပဲ။ တဖက္သတ္ခံစားခ်က္ေတြေၾကာင့္ အခ်စ္စစ္နဲ႔ မေ၀းသြားပါေစနဲ႔။ ဘယ္လိုပဲ ဆံုးျဖတ္ပါေစ။ အရင္ဆံုးခ်စ္ျခင္းေမတၱာကို ဦးစားေပးပါ။
================================================
မိန်းကလေးတစ်ယောက်ကို မြင်လိုက်တာနဲ့ ဘာမှမပြောနိုင်လောက်အောင် ချစ်မိသွားဖူးပါသလား။ ဒီလိုဖြစ်ရတာ သူမရဲ့အလှတစ်ခုတည်းကြောင်း မဟုတ်ပါဘူး။ သင်မကြုံတွေ့ဖူးတဲ့ တစ်စုံတစ်ခုကို ခံစားလိုက်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သင့်အနားကို သူမရောက်လာတာနဲ့ ကတုန်ကရင်ဖြစ်သွားတာ၊ အသက်ရှုရပ်တန့်သွားလောက်အောင် မင်တက်တွေဝေသွားရတာ၊ သူမကိုကြည့်လိုက်တိုင်း ဒီလိုမိန်းမလှလေးနဲ့ ချစ်သူဖြစ်ခွင့်ရတဲ့ ကံကြမ္မာကို အတိုင်းမသိကျေးဇူးတင်နေမိတာ၊ သင့်အနားက သူမထွက်ခွာသွားကို စိုးရိမ်နေရတာ၊ သူမဖက်က အမူအယာလေးအနည်းငယ် ပြောင်းရုံနဲ့ နေမထိထိုင်မသာ ဖြစ်နေရတာ ဒီလိုတွေဖြစ်နေပြီဆိုရင် သူမကို ရူးမတတ်ချစ်မိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေ အားလုံးက မိန်းမချောလေးတွေကို ချစ်သူအဖြစ်ပိုင်ဆိုင်ခွင့်ရထားတဲ့ ယောင်္ကျားလေး အများစုကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလန်းစားချစ်သူလေးကို ရာသက်ပန်လက်တွဲသွားနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
ကိုယ်ပိုင်ဘ၀ ရှိပါစေ။
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်မှာ ဆွဲဆောင်မှုအပြည့်ရှိပါတယ်။ သင့်အနေနဲ့ ဘဝမှာ လုပ်စရာသိပ်မရှိဘူးဆိုရင် သင့်ကိုယ်သင်စိတ်မလုံခြုံမှုတွေကို ပိုပြီးခံစားရမှာပါ။ ချစ်သူနဲ့ နှစ်ယောက်အတူတူ လုပ်စရာတွေ အများကြီးရှိတာမှန်ပေမယ့် ကိုယ်ပိုင်ဘ၀၊ အလုပ်၊ မိတ်ဆွေအပေါင်းအသင်းတွေ ရှိရမှာဖြစ်သလို ကိုယ်ပိုင်ဝါသနာပါတာတွေကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါမှသာ နှစ်ဦးသားဆက်ဆံရေးမှာ သင့်ရဲ့သီးခြားဖြစ်တည်မှု မပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ အလုပ်ကြိုးစားပါ။ သင်တစ်ယောက်တည်း သူငယ်ချင်းတွေနဲ့အတူ တစ်ခါတစ်လေ အချိန်ဖြုန်းပါ။ သင့်ဘဝရည်မှန်းချက်တွေအတွက် တိုးတက်ဖို့လိုအပ်တဲ့အရည်အချင်းတွေကို လေ့လာဆည်းပူးပါ။ အဓိကအချက်က သူမနဲ့နှစ်ယောက်အတူရှိမနေလည်း ပျော်ရွှင်နေနိုင်ဖို့ ဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်ရှုပ်ပြီ ဘဝအတွက် အချိန်တော်တော်များများပေးထားတဲ့အခါမှာ သူမအတွက် ပိုပြီးစိတ်ဝင်စားစရာ ဖြစ်နေပါလိမ့်မယ်။
သင့်ကိုယ်သင် အကောင်းဆုံးဖြစ်နေပါစေ။
သင့်ကိုယ်သင် စိတ်တိုင်းကျဖြစ်နေမယ်ဆိုရင် ယုံကြည်မှုလည်း ရှိလာမှာဖြစ်ပါတယ်။ ဒီအတွက် သင့်ရဲ့ကျန်းမာရေးက အရေးကြီးပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာပါ ပုံစံတကျရှိနေဖို့ လိုပါတယ်။ နေ့တိုင်းမနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှုတွေပြေလျော့ပြီး စိတ်ဓာတ်မှန်ကန်အောင် ထားနိုင်ဖို့ အချိန်ပေးပါ။ တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာအစီအစဉ်တွေ ရေးဆွဲထားပါ။ တစ်နေ့တာလုံး အားအင်အပြည့်ရှိနေပြီး ပုံမှန်ကိုယ်အလေးချိန်ကို ပြောင်းလဲမသွားစေနိုင်မယ့် စားသောက်ဖွယ်ရာတွေကို ရွေးချယ်မှီဝဲပါ။ သင့်ရဲ့စိတ်ဓာတ်ခွန်အားအတွက် စာအုပ်တွေဖတ်ပါ။ လက်ရှိခံစားနေရတဲ့ ခံစားချက်တွေနဲ့ပတ်သက်ပြီး စိတ်ချရတဲ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ ကိုယ့်ကိုယ်ကို ရိုးသားပါ။
သဝန်တိုမှုကို အမြဲတမ်းဆန်းစစ်ပါ။
ချစ်သူအလန်းစားရထားရင် သဝန်တိုတတ်တာက ထုံးစံပါပဲ။ သင့်ချစ်သူနဲ့ပတ်သက်ပြီး အခြားယောင်္ကျားလေးတွေအပေါ် အတွေးပေါင်းစုံလျှောက်တွေးပြီး ပိတ်ပင်ချုပ်ချယ်မှုတွေ လုပ်မိနိုင်ပါတယ်။ သဝန်တိုလွန်းခြင်းဟာ သင်ချစ်ရတဲ့မိန်းကလေးကို အမြန်ဆုံးဆုံးရှုံးသွားစေမယ့် နည်းလမ်းဖြစ်ပါတယ်။ သဝန်တိုခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုမရှိရာရောက်ပြီး မိန်းကလေးတွေအတွက် စိတ်ပျက်စရာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့သဝန်တိုခြင်းကို ထိန်းချုပ်တတ်ဖို့ လိုပါတယ်။ အခြားဘယ်ယောင်္ကျားလေးတွေက သင့်ချစ်သူကို မျက်စိကျနေလဲ ဆန်းစစ်ပါ။ သင့်ချစ်သူက မိန်းမချောတစ်ယောက်ဖြစ်ရင် သဘောကျတဲ့သူတွေ ရှိတာ မဆန်းပါဘူး။ သင့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် သူမရဲ့အချစ်ပေါ်မှာလည်း ယုံကြည်မှု ရှိသင့်ပါတယ်။ သူမအတွက် ကိုယ်ပိုင်အချိန်၊ နေရာနဲ့ ယုံကြည်မှုပေးမယ်ဆိုရင် သူမကလည်း အသိအမှတ်ပြုပြီး သစ္စာရှိနေမှာပါ။
ခံစားချက်တွေကို ဆက်သွယ်ပါ။
တစ်နေ့တာပြီးဆုံးချိန်မှာ သင့်တို့နှစ်ဦးရဲ့ ဆက်သွယ်မှုပေါ်မှာအခြေခံပြီး ဆက်ဆံရေးက ပိုပြီးခိုင်မာလာနိုင်သလို ယိမ်းယိုင်ပျက်စီးသွားတာလည်း ဖြစ်နိုင်ပါတယ်။ သင့်ရင်ထဲမှာ ဘာတွေဘယ်လိုခံစားနေရတယ်ဆိုတာကို မဖော်ပြနိုင်ဘူးဆိုရင် မကောင်းတဲ့ခံစားချက်တွေက အနိုင်ယူသွားပြီး သူမကို အပြစ်တွေမြင်လာပါလိမ့်မယ်။ ဒီလိုပြောလို့ အစစအရာရာဘာလေးပဲဖြစ်ဖြစ် အကုန်ပြောပြရမယ်လို့ မဆိုလိုပါဘူး။ အရေးကြီးတာတွေပဲ ပြောပြရမှာ ဖြစ်ပါတယ်။ ခံစားချက်တွေကို ပြောတဲ့အခါမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။ ပေါက်ကွဲအော်ဟစ်တာမျိုး မဖြစ်ပါစေနဲ့။
ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဒါမှမဟုတ် ဘယ်မိန်းကလေးကို မဆို ချစ်ရတာက ထူးခြားတဲ့ စိတ်ခံစားချက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီခံစားချက်တွေက သင့်ရဲ့ဘဝကို တိုးတက်အောင်မြင်သွားအောင် ဒါမှမဟုတ် ဆုတ်ယုတ်ပျက်စီးသွားအောင် ကူညီပေးနိုင်တဲ့ အချစ်တစ်မျိုးပဲဖြစ်ပါတယ်။ စိတ်ထဲမှာ ထည့်ထားသင့်တဲ့အချက်က သင့်မှာကိုယ်ပိုင်ရွေးချယ်စရာတွေရှိပြီး ကိုယ်တိုင်ပဲရွေးချယ်မှုတွေ ပြုလုပ်ရမယ်ဆိုတာပါပဲ။ တဖက်သတ်ခံစားချက်တွေကြောင့် အချစ်စစ်နဲ့ မဝေးသွားပါစေနဲ့။ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ အရင်ဆုံးချစ်ခြင်းမေတ္တာကို ဦးစားပေးပါ။