အင္တာနက္မွာအေျဖရွာမေတြ႔ႏိုင္မယ့္ လိင္ပိုင္းဆိုင္ရာ ေမးခြန္း(၅)ခု
ေဆးဖက္ဆိုင္ရာအေၾကာင္းအရာတစ္ခုနဲ႔ပတ္သက္ၿပီး သိခ်င္တာတစ္ခုခုရွိလာၿပီဆိုရင္ ဘာလုပ္ေလ့ရွိပါသလဲ။ အလြယ္ဆံုးနည္းလမ္းက အင္တာနက္မွာ ရွာေဖြတာပဲ ျဖစ္ပါလိမ့္မယ္။ လူအမ်ားစုက က်န္းမာေရးဆိုင္ရာ၊ ဒါမွမဟုတ္ ေဆးဖက္ဆိုင္ရာ အေၾကာင္းအရာတစ္ခုကို ကၽြမ္းက်င္သူဆရာ၀န္ေတြကို တိုက္႐ိုက္မေမးပဲ အင္တာနက္မွာ အေျဖရွာေလ့ရွိရတဲ့ အေၾကာင္းရင္း သံုးခုရွိပါတယ္။ ပထမတစ္ခုက လူအမ်ားစုက တစ္ခ်ိဳ႕ေမးခြန္းေတြကို ဆရာ၀န္ကိုေမးဖို႔ ရွက္ရြံ႕ၾကတာေၾကာင့္ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ဆရာ၀န္က သူတို႔သိလိုတာကို အေရးတယူျပန္ေျဖေပးမွာ မဟုတ္ဘူးလို႔ ယူဆထားတာေၾကာင့္ ျဖစ္ၿပီး တစ္ခ်ိဳ႕ေတြကေတာ့ ဆရာ၀န္နဲ႔ တကူးတကေတြ႕ဆံု ေမးျမန္းေနမယ့္အစား ကြန္ပ်ဴတာတစ္လံုးရွိရင္ ကိုယ္တိုင္ပဲ Google မွာ ရွာၾကည့္လို႔ရတာပဲလို႔ ယူဆထားတာေၾကာင့္ပဲ ျဖစ္ပါတယ္။
- ၁။ Viagra ဘယ္လိုအလုပ္လုပ္သလဲ ???
- ၂။ တက္တိုစတီ႐ုန္း ဘာလုပ္သလဲ? ေလ့က်င့္ခန္းလုပ္ျခင္းက တက္တိုစတီ႐ုန္းပမာဏကို တိုးပြားေစသလား?
- ၃။ လိင္ဆက္ဆံတဲ့အခါ ခံစားမႈေကာင္းတာ ဘာေၾကာင့္လဲ ???
- ၄။ ကာလသားေရာဂါေတြ ဘယ္လိုကူးစက္ႏိုင္သလဲ? ကူးစက္ခံရရင္ ကုသေပ်ာက္ကင္းႏိုင္သလား ???
- ၅။ လိင္ဆက္ဆံမႈက ဘာေၾကာင့္ နာက်င္ရတာလဲ ???
တကယ္ေတာ့ တတ္သိပညာရွင္ ဆရာ၀န္ေတြကို ေမးျမန္းျခင္းမျပဳပဲ အင္တာနက္မွာရွာေဖြတာဟာ ထင္တားသေလာက္ အေထာက္အကူမျဖစ္ပါဘူး။ အထူးသျဖင့္ လိင္ကိစၥေတြ၊ လိင္ကတဆင့္ကူးစက္တတ္တဲ့ ေရာဂါေတြအေၾကာင္းနဲ႔ ပတ္သက္ရင္ အင္တာနက္တခြင္မွာ ရွာေဖြမႈအမ်ားဆံုးပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အင္တာနက္မွာ ရွာေဖြမႈအမ်ားဆံုး ေမးခြန္း(၅)ခုကို ကၽြမ္းက်င္သူေတြဆီကို တိုက္႐ိုက္ေမးျမန္းအေျဖရွာေပးထားပါတယ္။
၁။ Viagra ဘယ္လိုအလုပ္လုပ္သလဲ ???
Viagra ေဆးက လိင္တံေထာင္မတ္မႈအတြက္ အေရးႀကီးဆံုးပထမအဆင့္ျဖစ္တဲ့ ေသြးေၾကာေတြ ေျပေလ်ာ့မႈကို အေထာက္အကူျဖစ္ေစပါတယ္။ ဒီျဖစ္စဥ္မွာ PDE5 လို႔အမည္ေပးထားတဲ့ အင္ဇိုင္းမ္ေတြေပါက္ဖြားေစပါတယ္။ ၄င္းကေနတဆင့္ လိင္အဂၤါအတြင္းကို ေသြးစီး၀င္မႈကို တိုးတက္ေကာင္းမြန္ေစတာျဖစ္ပါတယ္။ စိတ္ထၾကြလာလို႔ လိင္တံေထာင္မတ္လာခ်ိန္မွာ ေသြးစီး၀င္မႈတိုးလာၿပီး ျပန္စီးထြက္မႈက ေလ်ာ့နည္းသြားပါတယ္။ လိင္တံအတြင္းေသြးေတြနဲ႔ ျပည့္သြားတဲ့အတြက္ အရြယ္အစားႀကီးမားေထာင္မတ္ မာေက်ာလာတာျဖစ္ပါတယ္။ ဒါကေတာ့ Viagra ဘယ္လိုအလုပ္လုပ္သလဲဆိုတာပါပဲ။
၂။ တက္တိုစတီ႐ုန္း ဘာလုပ္သလဲ? ေလ့က်င့္ခန္းလုပ္ျခင္းက တက္တိုစတီ႐ုန္းပမာဏကို တိုးပြားေစသလား?
Testosterone ေဟာ္မုန္းဟာ အရိုးေတြဖြံ႔ၿဖိဳးသန္မာဖို႔၊ ၾကြက္သားေတြႀကီးထြားဖို႔၊ လိင္စိတ္တက္ၾကြဖို႔၊ ဦးေႏွာက္ရဲ႕ သိမွတ္ဆင္ျခင္ႏိုင္စြမ္းတိုးတက္ေကာင္းမြန္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ေလ့က်င့္ခန္းလုပ္တာက Testosterone ပမာဏကို ေခတၱခဏတိုးပြားေစပါတယ္။ ေရရွည္မဟုတ္ေပမယ့္လည္း ေလ့က်င့္ခန္းပံုမွန္လုပ္ျခင္းအားျဖင့္ အက်ိဳးေက်းဇူးကို ၾကာရွည္စြာ ခံစားရမွာျဖစ္ပါတယ္။
၃။ လိင္ဆက္ဆံတဲ့အခါ ခံစားမႈေကာင္းတာ ဘာေၾကာင့္လဲ ???
အမ်ိဳးသားနဲ႔ အမ်ိဳးသမီး လိင္အဂၤါေတြမွာ အာ႐ုံခံႏိုင္စြမ္းျမင့္မားတဲ့ အာ႐ုံေၾကာေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဒါ့ေၾကာင့္ စိတ္ပါ၀င္တက္ၾကြမႈနဲ႔ ကိစၥၿပီးမႈတို႔ကို ျဖစ္ေပၚခံစားရေစတာျဖစ္ပါတယ္။ လိင္ဆက္ဆံခ်ိန္မွာ dopamine ေဟာ္မုန္းထြက္ရွိၿပီး ကိစၥၿပီးတဲ့အခါမွာ သာယာမႈကို ခံစားရေစတာျဖစ္ပါတယ္။
၄။ ကာလသားေရာဂါေတြ ဘယ္လိုကူးစက္ႏိုင္သလဲ? ကူးစက္ခံရရင္ ကုသေပ်ာက္ကင္းႏိုင္သလား ???
Gonorrhea တို႔၊ Chlamydia တုိ႔လို ကာလသားေရာဂါေတြဟာ လိင္ကေနတဆင့္ကူးစက္တဲ့ေရာဂါေတြ ျဖစ္ၿပီး အကာအကြယ္မဲ့လိင္ဆက္ဆံမႈေၾကာင့္ ကူးစက္တာျဖစ္ပါတယ္။ လိင္ကတဆင့္ကူးစက္ေရာဂါေတြအားလံုးဟာ အမ်ိဳးသားအမ်ိဳးသမီး လိင္အဂၤါေတြထဲမွာ ေနထိုင္ၿပီး ပဋိဇီ၀ေဆး၀ါးေတြနဲ႔ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။ ဒါေပမယ့္ အခ်ိန္မွီကုသမႈမခံယူတဲ့အတြက္ ေရာဂါပိုးကူးစက္ခံရမႈ မ်ားလာရင္ေတာ့ အမ်ိဳးသားေတြမွာ ေဆး႐ုံတက္ရတဲ့အထိျဖစ္ႏိုင္သလို အမ်ိဳးသမီးေတြမွာလည္း သေႏၶမေအာင္တာမ်ိဳးေတြ ျဖစ္ေစႏုိင္ပါတယ္။
၅။ လိင္ဆက္ဆံမႈက ဘာေၾကာင့္ နာက်င္ရတာလဲ ???
အသိသာအထင္ရွားဆံုး အေၾကာင္းရင္းကေတာ့ အမ်ိဳးသားအဂၤါက အမ်ိဳးသမီးအဂၤါ၀ထက္ ႀကီးမားေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ လိင္အဂၤါလမ္းေၾကာင္းမွာ ပိုး၀င္တာနဲ႔ ေရာင္ယမ္းတာေတြေၾကာင့္လည္း နာက်ဥ္ရႏိုင္ပါတယ္။ အေရးႀကီးတာက လိင္ဆက္ဆံတိုင္းနာက်င္ၿပီး အဆင္မေျပဘူးဆိုရင္ ဆရာ၀န္ဆီသြားေရာက္ၿပီး စမ္းသပ္ကုသမႈခံယူဖို႔ပဲျဖစ္ပါတယ္။
====================================
အင်တာနက်မှာအဖြေရှာမတွေ့နိုင်မယ့် လိင်ပိုင်းဆိုင်ရာ မေးခွန်း(၅)ခု
ဆေးဖက်ဆိုင်ရာအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး သိချင်တာတစ်ခုခုရှိလာပြီဆိုရင် ဘာလုပ်လေ့ရှိပါသလဲ။ အလွယ်ဆုံးနည်းလမ်းက အင်တာနက်မှာ ရှာဖွေတာပဲ ဖြစ်ပါလိမ့်မယ်။ လူအများစုက ကျန်းမာရေးဆိုင်ရာ၊ ဒါမှမဟုတ် ဆေးဖက်ဆိုင်ရာ အကြောင်းအရာတစ်ခုကို ကျွမ်းကျင်သူဆရာဝန်တွေကို တိုက်ရိုက်မမေးပဲ အင်တာနက်မှာ အဖြေရှာလေ့ရှိရတဲ့ အကြောင်းရင်း သုံးခုရှိပါတယ်။ ပထမတစ်ခုက လူအများစုက တစ်ချို့မေးခွန်းတွေကို ဆရာဝန်ကိုမေးဖို့ ရှက်ရွံ့ကြတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဆရာဝန်က သူတို့သိလိုတာကို အရေးတယူပြန်ဖြေပေးမှာ မဟုတ်ဘူးလို့ ယူဆထားတာကြောင့် ဖြစ်ပြီး တစ်ချို့တွေကတော့ ဆရာဝန်နဲ့ တကူးတကတွေ့ဆုံ မေးမြန်းနေမယ့်အစား ကွန်ပျူတာတစ်လုံးရှိရင် ကိုယ်တိုင်ပဲ Google မှာ ရှာကြည့်လို့ရတာပဲလို့ ယူဆထားတာကြောင့်ပဲ ဖြစ်ပါတယ်။
၁။ Viagra ဘယ်လိုအလုပ်လုပ်သလဲ ???
၂။ တက်တိုစတီရုန်း ဘာလုပ်သလဲ? လေ့ကျင့်ခန်းလုပ်ခြင်းက တက်တိုစတီရုန်းပမာဏကို တိုးပွားစေသလား?
၃။ လိင်ဆက်ဆံတဲ့အခါ ခံစားမှုကောင်းတာ ဘာကြောင့်လဲ ???
၄။ ကာလသားရောဂါတွေ ဘယ်လိုကူးစက်နိုင်သလဲ? ကူးစက်ခံရရင် ကုသပျောက်ကင်းနိုင်သလား ???
၅။ လိင်ဆက်ဆံမှုက ဘာကြောင့် နာကျင်ရတာလဲ ???
Read more…
တကယ်တော့ တတ်သိပညာရှင် ဆရာဝန်တွေကို မေးမြန်းခြင်းမပြုပဲ အင်တာနက်မှာရှာဖွေတာဟာ ထင်တားသလောက် အထောက်အကူမဖြစ်ပါဘူး။ အထူးသဖြင့် လိင်ကိစ္စတွေ၊ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းနဲ့ ပတ်သက်ရင် အင်တာနက်တခွင်မှာ ရှာဖွေမှုအများဆုံးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အင်တာနက်မှာ ရှာဖွေမှုအများဆုံး မေးခွန်း(၅)ခုကို ကျွမ်းကျင်သူတွေဆီကို တိုက်ရိုက်မေးမြန်းအဖြေရှာပေးထားပါတယ်။
၁။ Viagra ဘယ်လိုအလုပ်လုပ်သလဲ ???
Viagra ဆေးက လိင်တံထောင်မတ်မှုအတွက် အရေးကြီးဆုံးပထမအဆင့်ဖြစ်တဲ့ သွေးကြောတွေ ပြေလျော့မှုကို အထောက်အကူဖြစ်စေပါတယ်။ ဒီဖြစ်စဉ်မှာ PDE5 လို့အမည်ပေးထားတဲ့ အင်ဇိုင်းမ်တွေပေါက်ဖွားစေပါတယ်။ ၎င်းကနေတဆင့် လိင်အင်္ဂါအတွင်းကို သွေးစီးဝင်မှုကို တိုးတက်ကောင်းမွန်စေတာဖြစ်ပါတယ်။ စိတ်ထကြွလာလို့ လိင်တံထောင်မတ်လာချိန်မှာ သွေးစီးဝင်မှုတိုးလာပြီး ပြန်စီးထွက်မှုက လျော့နည်းသွားပါတယ်။ လိင်တံအတွင်းသွေးတွေနဲ့ ပြည့်သွားတဲ့အတွက် အရွယ်အစားကြီးမားထောင်မတ် မာကျောလာတာဖြစ်ပါတယ်။ ဒါကတော့ Viagra ဘယ်လိုအလုပ်လုပ်သလဲဆိုတာပါပဲ။
၂။ တက်တိုစတီရုန်း ဘာလုပ်သလဲ? လေ့ကျင့်ခန်းလုပ်ခြင်းက တက်တိုစတီရုန်းပမာဏကို တိုးပွားစေသလား?
Testosterone ဟော်မုန်းဟာ အရိုးတွေဖွံ့ဖြိုးသန်မာဖို့၊ ကြွက်သားတွေကြီးထွားဖို့၊ လိင်စိတ်တက်ကြွဖို့၊ ဦးနှောက်ရဲ့ သိမှတ်ဆင်ခြင်နိုင်စွမ်းတိုးတက်ကောင်းမွန်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တာက Testosterone ပမာဏကို ခေတ္တခဏတိုးပွားစေပါတယ်။ ရေရှည်မဟုတ်ပေမယ့်လည်း လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် အကျိုးကျေးဇူးကို ကြာရှည်စွာ ခံစားရမှာဖြစ်ပါတယ်။
၃။ လိင်ဆက်ဆံတဲ့အခါ ခံစားမှုကောင်းတာ ဘာကြောင့်လဲ ???
အမျိုးသားနဲ့ အမျိုးသမီး လိင်အင်္ဂါတွေမှာ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ အာရုံကြောတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့ကြောင့် စိတ်ပါဝင်တက်ကြွမှုနဲ့ ကိစ္စပြီးမှုတို့ကို ဖြစ်ပေါ်ခံစားရစေတာဖြစ်ပါတယ်။ လိင်ဆက်ဆံချိန်မှာ dopamine ဟော်မုန်းထွက်ရှိပြီး ကိစ္စပြီးတဲ့အခါမှာ သာယာမှုကို ခံစားရစေတာဖြစ်ပါတယ်။
၄။ ကာလသားရောဂါတွေ ဘယ်လိုကူးစက်နိုင်သလဲ? ကူးစက်ခံရရင် ကုသပျောက်ကင်းနိုင်သလား ???
Gonorrhea တို့၊ Chlamydia တို့လို ကာလသားရောဂါတွေဟာ လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံမှုကြောင့် ကူးစက်တာဖြစ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေအားလုံးဟာ အမျိုးသားအမျိုးသမီး လိင်အင်္ဂါတွေထဲမှာ နေထိုင်ပြီး ပဋိဇီ၀ဆေးဝါးတွေနဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အချိန်မှီကုသမှုမခံယူတဲ့အတွက် ရောဂါပိုးကူးစက်ခံရမှု များလာရင်တော့ အမျိုးသားတွေမှာ ဆေးရုံတက်ရတဲ့အထိဖြစ်နိုင်သလို အမျိုးသမီးတွေမှာလည်း သန္ဓေမအောင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၅။ လိင်ဆက်ဆံမှုက ဘာကြောင့် နာကျင်ရတာလဲ ???
အသိသာအထင်ရှားဆုံး အကြောင်းရင်းကတော့ အမျိုးသားအင်္ဂါက အမျိုးသမီးအင်္ဂါဝထက် ကြီးမားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လိင်အင်္ဂါလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ ရောင်ယမ်းတာတွေကြောင့်လည်း နာကျဉ်ရနိုင်ပါတယ်။ အရေးကြီးတာက လိင်ဆက်ဆံတိုင်းနာကျင်ပြီး အဆင်မပြေဘူးဆိုရင် ဆရာဝန်ဆီသွားရောက်ပြီး စမ်းသပ်ကုသမှုခံယူဖို့ပဲဖြစ်ပါတယ်။