အရည္အခ်င္းရွိ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်စ္ခြင့္ရဖို႔ သိထားသင့္တဲ့အခ်က္မ်ား
ရင့္က်က္ၿပီး အရည္အခ်င္းရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်ိန္းေတြ႕ရာမွာ သင္ခန္းစာယူစရာေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။ တကယ္လို႔မ်ား ဒီလိုမိန္းကေလးမ်ိဳးကို ခ်စ္မိသြားၿပီဆိုရင္ေတာ့ သိထားသင့္တဲ့ အခ်က္ေတြရွိပါတယ္။
၁။ သူမက ေ၀့လည္ေၾကာင္ပတ္လုပ္တာမႀကိဳက္ပါဘူး။
၂။ ဖုန္းထဲကေန မက့္ေဆ့ခ်္ေတြ ပို႔ၿပီး ဆက္ဆံေရးတည္ေဆာက္ႏိုင္ဖို႔ မလုပ္ပါနဲ႔။
၃။ သင့္ရဲ႕ေျပာင္ေခ်ာ္ေခ်ာ္ပုံစံေတြနဲ႔ သူမရဲ႕စိတ္၀င္စားမႈကို ရမယ္မထင္ပါနဲ႔။
၄။ ရည္ရြယ္ခ်က္မရွိ ထင္ရာျမင္ရာ စကားေျပာထာမ်ိဳးကို မႏွစ္သက္ပါဘူး။
၅။ သူမကခ်ည္း ဆံုးျဖတ္ရတာမ်ိဳး မလုပ္ခိုင္းပါနဲ႔။
၆။ သူမကို မေလးမစားမဆက္ဆံပါနဲ႔။
၇။ ပ်က္ေခ်ာ္ေခ်ာ္ မေျပာပါနဲ႔။
၈။ အျမဲတမ္း စိတ္အားတက္ၾကြေနဖို႔ လိုပါတယ္။
၁။ သူမက ေ၀့လည္ေၾကာင္ပတ္လုပ္တာမႀကိဳက္ပါဘူး။
ဆိုလိုတာက သင့္အေနနဲ႔ သူမကိုပတ္သက္ခ်င္တယ္ဆိုရင္ တန္းတန္းမတ္မတ္ေလွ်ာက္သြားၿပီး ရင္ဆိုင္သင့္ပါတယ္။ သူမအတြက္ စိတ္ပ်က္စရာရွိေနမယ္ဆိုရင္လည္း သင့္အေနနဲ႔ သိထားရမွာျဖစ္ပါတယ္။ သူမက ျပႆနာကို ၾကာရွည္မထားပဲ ရွင္းပစ္တတ္သူျဖစ္တာေၾကာင့္ အေရးႀကီးတာကို မေျပာပဲ ေ၀့လည္ေၾကာင္ပတ္လုပ္တာကို သေဘာက်မွာမဟုတ္ပါဘူး။
၂။ ဖုန္းထဲကေန မက့္ေဆ့ခ်္ေတြ ပို႔ၿပီး ဆက္ဆံေရးတည္ေဆာက္ႏိုင္ဖို႔ မလုပ္ပါနဲ႔။
အရည္အခ်င္းရွိတဲ့အမ်ိဳးသမီးေတြဟာ ေျပာဆိုဆက္သြယ္မႈေကာင္းသူေတြျဖစ္ၿပီး စာပို႔တာေလာက္ကို စိတ္၀င္စားမွာ မဟုတ္ပါဘူး။ အဆက္အသြယ္ရွိေနခ်င္လို႔ တစ္ေန႔လံုးစာပို႔တာက အလုပ္ျဖစ္ႏိုင္ေပမယ့္ ဖုန္းေျပာတာ၊ဒါမွမဟုတ္ မ်က္ႏွာခ်င္းဆိုင္ စကားေျပာတာက သူမနဲ႔ဆက္သြယ္ဖို႔ အေကာင္းဆံုးနည္းလမ္း ျဖစ္ပါတယ္။
၃။ သင့္ရဲ႕ေျပာင္ေခ်ာ္ေခ်ာ္ပုံစံေတြနဲ႔ သူမရဲ႕စိတ္၀င္စားမႈကို ရမယ္မထင္ပါနဲ႔။
ခပ္ညံ့ညံ့အေတြးအေခၚနဲ႔ လူမႈဆက္ဆံေရးပံုစံေတြကို ပစ္ခ်ထားခဲ့လိုက္ပါ။ သူမကို မနာလိုျဖစ္ေစဖို႔ အျခားအမ်ိဳးသမီး ဓာတ္ပံုတြဲ႐ိုက္ၿပီး လူမႈကြန္ယက္မွာ တင္တာမ်ိဳးက ဘာမွအက်ိဳးရွိမွာ မဟုတ္ပါဘူး။ အရည္အခ်င္းရွိတဲ့အမ်ိဳးသမီးေတြက သူတို႔ဘာသာသူတို႔ စိတ္လံုျခံဳၿပီးသားျဖစ္သလို သူတို႔ရဲ႕အခ်ိန္ကို ဘာအတြက္၊ ဘယ္သူ႔အတြက္ သံုးမယ္ဆိုတာကို သိထားၾကတဲ့အတြက္ မနာလိုမျဖစ္တတ္ၾကပါဘူး။ သူမကို စမ္းသပ္ကစားတာေတြ ဘာေတြကို လံုး၀စိတ္မ၀င္စားပါဘူး။
၄။ ရည္ရြယ္ခ်က္မရွိ ထင္ရာျမင္ရာ စကားေျပာထာမ်ိဳးကို မႏွစ္သက္ပါဘူး။
ရင့္က်က္ၿပီး အရည္အခ်င္းရွိတဲ့ အမ်ိဳးသမီးေတြဟာ ဆင္ျခင္ဉာဏ္ရွိၿပီး ဘ၀အေၾကာင္းေတြးေခၚႏိုင္စြမ္း ရွိၾကပါတယ္။ သူတို႔က လက္ေတြ႕က်တဲ့ အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး လက္ေတြ႕က်က်ေျပာဆိုတတ္ၾကပါတယ္။
၅။ သူမကခ်ည္း ဆံုးျဖတ္ရတာမ်ိဳး မလုပ္ခိုင္းပါနဲ႔။
အရည္အခ်င္းရွိတဲ့ အမ်ိဳးသမီးေတြမွာ စိတ္ဖိစီးမႈမ်ားတဲ့ အလုပ္ေတြရွိတတ္ပါတယ္။ သူမရဲ႕တစ္ေန႔တာကိုဆံုးျဖတ္ခ်က္ေတြ ခ်ရတာ၊ အျခားသူေတြနဲ႔ ပတ္သက္ဆက္ဆံရတာေတြ ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ညေနခင္းေတြ႕ဆံုတဲ့အခါမွာ ဘယ္ဆိုင္မွာညစာသြားစားရင္ ေကာင္းမလဲဆိုၿပီး မဆံုးျဖတ္ခိုင္းပါနဲ႔ေတာ့။ သင္ကိုယ္တိုင္အစီအစဥ္ေရးဆြဲၿပီး ဆံုးျဖတ္တာမ်ိဳးကို သူမက လိုခ်င္တတ္ပါတယ္။
၆။ သူမကို မေလးမစားမဆက္ဆံပါနဲ႔။
ဘယ္အမ်ိဳးသမီးကိုမွ ေလးစားသမႈမရွိပဲ မဆက္ဆံသင့္ပါဘူး။ ဒီေန႔ေခတ္အမ်ိဳးသမီးေတြဟာ ယုံၾကည္မႈရွိၿပီးအရည္အခ်င္းျပည့္စံုၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို အထင္ေသးႏွိမ့္ခ်ၿပီး မေလးမစား ဆက္ဆံတတ္သူေတြကို အလိုမရွိတတ္ပါဘူး။
၇။ ပ်က္ေခ်ာ္ေခ်ာ္ မေျပာပါနဲ႔။
သူမပါ၀င္သည္ျဖစ္ေစ၊ မပါ၀င္ဘူးျဖစ္ေစ သင့္အေနနဲ႔ တစ္ခုခုလုပ္မယ္လို႔ ေျပာခဲ့ရင္ တာ၀န္ခံၿပီး ျဖစ္ေအာင္လုပ္ပါ။
၈။ အျမဲတမ္း စိတ္အားတက္ၾကြေနဖို႔ လိုပါတယ္။
အရည္အခ်င္းရွိတဲ့အမ်ိဳးသမီးတစ္ေယာက္မွာ ကိုယ္ပိုင္ရည္ရြယ္ခ်က္ေတြ၊ ပန္းတိုင္ေတြ၊ အနာဂတ္စိတ္ကူးေတြ အျပည့္ရွိတတ္ပါတယ္။ တကယ္လို႔ ဒီလိုအမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕ဘ၀လက္တြဲေဖာ္အျဖစ္ သင့္ကိုေရြးခ်ယ္လိုက္ၿပီး သင့္ဖက္ကလည္း သူမေလာက္နီးနီး ဘ၀ကိုမျမင္တတ္ဘူးဆိုရင္ အဆင္ေျပမွာ မဟုတ္ပါဘူး။ တကယ္လို႔ သင္ကလည္း ရည္မွန္းခ်က္ေတြ အျပည့္နဲ႔ဆိုရင္ေတာ့ တစ္သက္လံုးလက္တြဲရမယ့္ အသင္းေဖာ္တစ္ေယာက္ရတာနဲ႔ တူပါလိမ့္မယ္။
၉။ သင့္ကို အျပည့္အ၀သစၥာရွိေနမယ္ဆိုတာ သိထားပါ။
အရည္အခ်င္းရွိၿပီး ရင့္က်က္တဲ့အမ်ိဳးသမီးေတြက သစၥာတရားႀကီးမားၾကပါတယ္။ သင့္ဆီကလည္း ႐ိုးသားမႈနဲ႔ ကတိသစၥာကို ေမွ်ာ္လင့္တတ္ၾကပါတယ္။ သူတို႔ဖက္ကေတာ့ ဘ၀ရဲ႕အခ်ိဳးအေကြ႕တိုင္းမွာ သစၥာရွိရွိနဲ႔ ရပ္တည္ေပးမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလိုအမ်ိဳးသမီးမ်ိဳးထက္ ပိုၿပီးယုံၾကည္စိတ္ခ်ရသူကို ေတြ႕မွာမဟုတ္ပါဘူး။
၁၀။ အေတြ႕အၾကံဳသစ္ေတြ ရရွိဖို႔ ေမွ်ာ္လင့္ထားပါ။
သင္နဲ႔မဆံုေတြ႕ခင္ကလည္း သူမရဲ႕ကိုယ္ပိုင္ဘ၀က စိတ္အားတက္ၾကြမႈအျပည့္၊ စိတ္လႈပ္ရွားမႈအျပည့္ရွိေနတာ ျဖစ္ပါတယ္။ သူမရဲ႕ ၀ါသနာေတြ၊ စိတ္၀င္စားမႈေတြနဲ႔အတူ ထူးျခားတဲ့အေတြ႕အၾကံဳေတြလည္း ရွိႏွင့္ၿပီး ျဖစ္မွာပါ။ ဒါ့အျပင္ အနာဂတ္မွာလုပ္ခ်င္တဲ့အရာေတြကိုလည္း စာရင္းျပဳစုထားၿပီး သင္နဲ႔အတူလုပ္ခ်င္စိတ္ရွိေနပါလိမ့္မယ္။
၁၁။ ေန႔စဥ္နဲ႔အမွ် ႀကိဳေတြးထားႏိုင္ဖို႔ ျပင္ဆင္ထားပါ။
သင့္အေနနဲ႔ ပ်င္းစရာေကာင္းတာမ်ိဳး ရွိမွာမဟုတ္ပါဘူး။ သူမက အျမဲလႈပ္ရွားေနတတ္သူျဖစ္ပါတယ္။ အိပ္ယာထဲမွာ အနားယူေနရင္းနဲ႔ ေတာင္တက္ခရီးကို ခ်က္ခ်င္းျပင္ဆင္ၿပီး သြားခ်င္သြားႏိုင္ပါတယ္။
၁၂။ လွပတဲ့ဘ၀ကို အတူတကြတည္ေဆာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါ။
တစ္စုံတစ္ေယာက္ဟာ ထူးခၽြန္ထက္ျမက္ရုံသာမက စိတ္အားတက္ၾကြမႈအျပည့္နဲ႔ ရည္မွန္းခ်က္ႀကီးတယ္ဆိုရင္ ကိုယ့္ဘ၀ကို အလွပဆံုးတည္ေဆာက္ခ်င္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အရည္အခ်င္းတဲ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်စ္ခြင့္ရတဲ့အခါမွာ သင့္ရဲ႕ရည္မွန္းခ်က္၊ အိပ္မက္နဲ႔ အနာဂတ္အစီအစဥ္ေတြကို ေ၀မွ်ပံုေဖာ္ေပးမယ့္သူတစ္ေယာက္ ရွိတာနဲ႔အတူတူပါပဲ။
========================================
အရည်အချင်းရှိ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ခွင့်ရဖို့ သိထားသင့်တဲ့အချက်များ
ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချိန်းတွေ့ရာမှာ သင်ခန်းစာယူစရာတွေ အများကြီးရှိနိုင်ပါတယ်။ တကယ်လို့များ ဒီလိုမိန်းကလေးမျိုးကို ချစ်မိသွားပြီဆိုရင်တော့ သိထားသင့်တဲ့ အချက်တွေရှိပါတယ်။
၁။ သူမက ဝေ့လည်ကြောင်ပတ်လုပ်တာမကြိုက်ပါဘူး။
ဆိုလိုတာက သင့်အနေနဲ့ သူမကိုပတ်သက်ချင်တယ်ဆိုရင် တန်းတန်းမတ်မတ်လျှောက်သွားပြီး ရင်ဆိုင်သင့်ပါတယ်။ သူမအတွက် စိတ်ပျက်စရာရှိနေမယ်ဆိုရင်လည်း သင့်အနေနဲ့ သိထားရမှာဖြစ်ပါတယ်။ သူမက ပြဿနာကို ကြာရှည်မထားပဲ ရှင်းပစ်တတ်သူဖြစ်တာကြောင့် အရေးကြီးတာကို မပြောပဲ ဝေ့လည်ကြောင်ပတ်လုပ်တာကို သဘောကျမှာမဟုတ်ပါဘူး။
၂။ ဖုန်းထဲကနေ မက့်ဆေ့ခ်ျတွေ ပို့ပြီး ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ မလုပ်ပါနဲ့။
အရည်အချင်းရှိတဲ့အမျိုးသမီးတွေဟာ ပြောဆိုဆက်သွယ်မှုကောင်းသူတွေဖြစ်ပြီး စာပို့တာလောက်ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အဆက်အသွယ်ရှိနေချင်လို့ တစ်နေ့လုံးစာပို့တာက အလုပ်ဖြစ်နိုင်ပေမယ့် ဖုန်းပြောတာ၊ ဒါမှမဟုတ် မျက်နှာချင်းဆိုင် စကားပြောတာက သူမနဲ့ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
၃။ သင့်ရဲ့ပြောင်ချော်ချော်ပုံစံတွေနဲ့ သူမရဲ့စိတ်ဝင်စားမှုကို ရမယ်မထင်ပါနဲ့။
ခပ်ညံ့ညံ့အတွေးအခေါ်နဲ့ လူမှုဆက်ဆံရေးပုံစံတွေကို ပစ်ချထားခဲ့လိုက်ပါ။ သူမကို မနာလိုဖြစ်စေဖို့ အခြားအမျိုးသမီး ဓာတ်ပုံတွဲရိုက်ပြီး လူမှုကွန်ယက်မှာ တင်တာမျိုးက ဘာမှအကျိုးရှိမှာ မဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့အမျိုးသမီးတွေက သူတို့ဘာသာသူတို့ စိတ်လုံခြုံပြီးသားဖြစ်သလို သူတို့ရဲ့အချိန်ကို ဘာအတွက်၊ ဘယ်သူ့အတွက် သုံးမယ်ဆိုတာကို သိထားကြတဲ့အတွက် မနာလိုမဖြစ်တတ်ကြပါဘူး။ သူမကို စမ်းသပ်ကစားတာတွေ ဘာတွေကို လုံးဝစိတ်မဝင်စားပါဘူး။
၄။ ရည်ရွယ်ချက်မရှိ ထင်ရာမြင်ရာ စကားပြောထာမျိုးကို မနှစ်သက်ပါဘူး။
ရင့်ကျက်ပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေဟာ ဆင်ခြင်ဉာဏ်ရှိပြီး ဘဝအကြောင်းတွေးခေါ်နိုင်စွမ်း ရှိကြပါတယ်။ သူတို့က လက်တွေ့ကျတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး လက်တွေ့ကျကျပြောဆိုတတ်ကြပါတယ်။
၅။ သူမကချည်း ဆုံးဖြတ်ရတာမျိုး မလုပ်ခိုင်းပါနဲ့။
အရည်အချင်းရှိတဲ့ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုများတဲ့ အလုပ်တွေရှိတတ်ပါတယ်။ သူမရဲ့တစ်နေ့တာကို ဆုံးဖြတ်ချက်တွေ ချရတာ၊ အခြားသူတွေနဲ့ ပတ်သက်ဆက်ဆံရတာတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ညနေခင်းတွေ့ဆုံတဲ့အခါမှာ ဘယ်ဆိုင်မှာညစာသွားစားရင် ကောင်းမလဲဆိုပြီး မဆုံးဖြတ်ခိုင်းပါနဲ့တော့။ သင်ကိုယ်တိုင် အစီအစဉ်ရေးဆွဲပြီး ဆုံးဖြတ်တာမျိုးကို သူမက လိုချင်တတ်ပါတယ်။
၆။ သူမကို မလေးမစားမဆက်ဆံပါနဲ့။
ဘယ်အမျိုးသမီးကိုမှ လေးစားသမှုမရှိပဲ မဆက်ဆံသင့်ပါဘူး။ ဒီနေ့ခေတ်အမျိုးသမီးတွေဟာ ယုံကြည်မှုရှိပြီး အရည်အချင်းပြည့်စုံကြပါတယ်။ ဒါ့ကြောင့် သူတို့ကို အထင်သေးနှိမ့်ချပြီး မလေးမစား ဆက်ဆံတတ်သူတွေကို အလိုမရှိတတ်ပါဘူး။
၇။ ပျက်ချော်ချော် မပြောပါနဲ့။
သူမပါဝင်သည်ဖြစ်စေ၊ မပါဝင်ဘူးဖြစ်စေ သင့်အနေနဲ့ တစ်ခုခုလုပ်မယ်လို့ ပြောခဲ့ရင် တာဝန်ခံပြီး ဖြစ်အောင် လုပ်ပါ။
၈။ အမြဲတမ်း စိတ်အားတက်ကြွနေဖို့ လိုပါတယ်။
အရည်အချင်းရှိတဲ့အမျိုးသမီးတစ်ယောက်မှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ အနာဂတ်စိတ်ကူးတွေ အပြည့်ရှိတတ်ပါတယ်။ တကယ်လို့ ဒီလိုအမျိုးသမီးတစ်ယောက်က သူမရဲ့ဘဝလက်တွဲဖော်အဖြစ် သင့်ကိုရွေးချယ်လိုက်ပြီး သင့်ဖက်ကလည်း သူမလောက်နီးနီး ဘဝကိုမမြင်တတ်ဘူးဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်ကလည်း ရည်မှန်းချက်တွေ အပြည့်နဲ့ဆိုရင်တော့ တစ်သက်လုံးလက်တွဲရမယ့် အသင်းဖော်တစ်ယောက်ရတာနဲ့ တူပါလိမ့်မယ်။
၉။ သင့်ကို အပြည့်အဝသစ္စာရှိနေမယ်ဆိုတာ သိထားပါ။
အရည်အချင်းရှိပြီး ရင့်ကျက်တဲ့အမျိုးသမီးတွေက သစ္စာတရားကြီးမားကြပါတယ်။ သင့်ဆီကလည်း ရိုးသားမှုနဲ့ ကတိသစ္စာကို မျှော်လင့်တတ်ကြပါတယ်။ သူတို့ဖက်ကတော့ ဘဝရဲ့အချိုးအကွေ့တိုင်းမှာ သစ္စာရှိရှိနဲ့ ရပ်တည်ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအမျိုးသမီးမျိုးထက် ပိုပြီးယုံကြည်စိတ်ချရသူကို တွေ့မှာမဟုတ်ပါဘူး။
၁၀။ အတွေ့အကြုံသစ်တွေ ရရှိဖို့ မျှော်လင့်ထားပါ။
သင်နဲ့မဆုံတွေ့ခင်ကလည်း သူမရဲ့ကိုယ်ပိုင်ဘဝက စိတ်အားတက်ကြွမှုအပြည့်၊ စိတ်လှုပ်ရှားမှုအပြည့်ရှိနေတာ ဖြစ်ပါတယ်။ သူမရဲ့ ဝါသနာတွေ၊ စိတ်ဝင်စားမှုတွေနဲ့အတူ ထူးခြားတဲ့အတွေ့အကြုံတွေလည်း ရှိနှင့်ပြီး ဖြစ်မှာပါ။ ဒါ့အပြင် အနာဂတ်မှာလုပ်ချင်တဲ့အရာတွေကိုလည်း စာရင်းပြုစုထားပြီး သင်နဲ့အတူလုပ်ချင်စိတ်ရှိနေပါလိမ့်မယ်။
၁၁။ နေ့စဉ်နဲ့အမျှ ကြိုတွေးထားနိုင်ဖို့ ပြင်ဆင်ထားပါ။
သင့်အနေနဲ့ ပျင်းစရာကောင်းတာမျိုး ရှိမှာမဟုတ်ပါဘူး။ သူမက အမြဲလှုပ်ရှားနေတတ်သူဖြစ်ပါတယ်။ အိပ်ယာထဲမှာ အနားယူနေရင်းနဲ့ တောင်တက်ခရီးကို ချက်ချင်းပြင်ဆင်ပြီး သွားချင်သွားနိုင်ပါတယ်။
၁၂။ လှပတဲ့ဘဝကို အတူတကွတည်ဆောက်နိုင်ဖို့ မျှော်လင့်ထားပါ။
တစ်စုံတစ်ယောက်ဟာ ထူးချွန်ထက်မြက်ရုံသာမက စိတ်အားတက်ကြွမှုအပြည့်နဲ့ ရည်မှန်းချက်ကြီးတယ်ဆိုရင် ကိုယ့်ဘဝကို အလှပဆုံးတည်ဆောက်ချင်တတ်ကြပါတယ်။ ဒါ့ကြောင့် အရည်အချင်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ချစ်ခွင့်ရတဲ့အခါမှာ သင့်ရဲ့ရည်မှန်းချက်၊ အိပ်မက်နဲ့ အနာဂတ်အစီအစဉ်တွေကို ဝေမျှပုံဖော်ပေးမယ့်သူတစ်ယောက် ရှိတာနဲ့အတူတူပါပဲ။