==================================
သင်သိပါသလား ???
အိမ်ထောင်သည်တွေအတွက် ချစ်တင်းနှောတာနဲ့ပတ်သက်ပြီး အကောင်းဆုံးအရာတွေထဲက တစ်ခုက အဆိုးဆုံးအချက်လည်း ဖြစ်နေတယ်ဆိုတာကို။ ဒီအချက်ကတော့ သူမအကြိုက်တွေကို အားလုံးသိနေတာပဲ ဖြစ်ပါတယ်။
ဒီလို ပုံမှန်ဆက်ဆံနေကျပုံစံတွေ၊ နည်းလမ်းတွေနဲ့ ချစ်တင်းနှောနေတာက ဇနီးမောင်နှံနှစ်ဦးစလုံးအတွက် သာယာကျေနပ်မှုကို လျော့နည်းလာစေပါတယ်။ သင့်လုပ်နေကျပုံစံတွေက အလုပ်ဖြစ်တာမှန်ပေမယ့် အမြဲလိုဆိုရင်တော့ ပျင်းစရာကောင်းလာတာ အမှန်ပါပဲ။ သူမဖက်က ပျင်းလာပြီဆိုရင် သူမရဲ့စိတ်ဆန္ဒတွေကလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
အဆိုးဆုံးအပိုင်းကတော့ ဇနီးမောင်နှံတွေက အိပ်ရာထဲမှာ သူတို့ဖြစ်ချင်တာ၊ လိုချင်တာကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်းမပြောကြတာပဲ ဖြစ်ပါတယ်။ အတူနေခဲ့တာ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီးပြောရမှာ စိုးရိမ်နေတတ်ကြပါတယ်။ အထူးသဖြင့် စမ်းကြည့်ချင်တဲ့ အကွက်သစ်တွေ စသဖြင့် တစ်ခုခုကို ပြောရမှာဆို ပိုဆိုးတတ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အကြံကောင်းတစ်ခုရှိပါတယ်။
သင့်ဇနီးကို မနေ့ညက ခပ်ကြောင်ကြောင်အိပ်မက်တစ်ခု မက်ကြောင်း ပြောပြပါ။ သင်ဖြစ်ချင်တဲ့ လိင်ကိစ္စ၊ စမ်းကြည့်ချင်တဲ့အကွက်သစ်တွေကို အိပ်မက်ထဲမှာ ဘယ်လိုဘယ်ပုံ လုပ်ရကြောင်း လုပ်ဇာတ်ခင်းပြောကြည့်ပါ။
သူမအနေနဲ့ သုံးယောက်နေတာ၊ နောက်ပေါက်သုံးတာ စသဖြင့် သင့်ရဲ့စိတ်ကူးတွေကို မလိုလားတဲ့ ပုံစံတုန့်ပြန်လာရင် ရယ်မောခြင်းနဲ့ အဆုံးသတ်လိုက်ပါ။ နောက်မှ ထပ်ပြီးကြိုးစားကြည့်ပါ။
တကယ်လို သူမကလည်း စိတ်ဝင်စားလိုလားတယ်ဆိုရင်တော့ သင်ကံထူးပါပြီ။ စမ်းကြည့်ဖို့အတွက် ပြောကြည့်ပါ။ ဒီလို လိင်မှုကိစ္စနဲ့ပတ်သက်ပြီး သင့်ဖက်ကပိုပြီးပွင့်လင်းလာတာနဲ့အမျှ သူမဖက်ကလည်း ပိုပြီး စိတ်အားထက်သန်လာမှာဖြစ်ပါတယ်။