ကိုယ္ပိုင္လုပ္ငန္းရွင္မ်ားကို က်ဆံုးသြားေစႏိုင္သည့္ အေၾကာင္းရင္း(၈)ခု
ေအာင္ျမင္တဲ့ ကိုယ္ပိုင္လုပ္ငန္းရွင္ျဖစ္ခ်င္တာ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ လူအမ်ားစုက ေစ်းကြက္သစ္ထြင္ လုပ္ငန္းရွင္ ဘ၀ခရီးလမ္းကို ေလွ်ာက္လွမ္းခ်င္ၾကပါတယ္။ ဒါေပမယ့္လည္း အမ်ားစုက ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို တည္ေထာင္ရာမွာ မွားယြင္းတဲ့အေၾကာင္းရင္းေတြကို အရင္းခံၿပီးလုပ္ေဆာင္ေနၾကတာကို ေတြ႕ရပါတယ္။ ဒီလိုမွားယြင္းတဲ့ အေၾကာင္းရင္းေတြေပၚမွာ တည္ေဆာက္ထားတာျဖစ္တဲ့အတြက္ သူတို႔ရဲ႕ခရီးလမ္းက အ႐ႈံးေတြနဲ႔ပဲ ရင္ဆိုင္ရတတ္ၾကပါတယ္။ သင့္အေနနဲ႔လည္း ကိုယ္ပိုင္လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ မွားယြင္းတဲ့အေၾကာင္းရင္းေတြေပၚမွာ အေျခမတည္မိေစဖို႔ ေရွာင္ရွားသင့္တဲ့အေၾကာင္းရင္း (၈)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ သန္းၾကြယ္သူေဌးျဖစ္ဖို႔
အႀကီးအက်ယ္ခ်မ္းသာၾကြယ္၀လာျခင္းက လူအမ်ားစုကို ကိုယ္ပိုင္လုပ္ငန္းရွင္လုပ္ဖို႔ ဆြဲေဆာင္ႏိုင္ပါတယ္။ ဒါေပမယ့္ လုပ္ငန္းတစ္ခုကို စတင္ထူေထာင္ခ်ိန္မွာ ေငြေၾကးမ်ားမ်ားရဖို႔ ရည္ရြယ္ခ်က္က အဆင္ေျပမွာ မဟုတ္ပါဘူး။ သင့္ရဲ႕စားသံုးသူေတြက သင္ခ်မ္းသာၾကြယ္၀လာဖို႔ကို စိတ္မ၀င္စားၾကပါဘူး။ သူတို႔က သင့္လုပ္ငန္းက ေပးစြမ္းႏိုင္တဲ့ တန္ဖိုးကိုပဲ စိတ္၀င္စားၾကတာျဖစ္ပါတယ္။ လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ သင့္ရဲ႕ရည္မွန္းခ်က္က ေဖာက္သည္ေတြအတြက္ လိုအပ္တဲ့တန္ဖိုးေတြ ျဖည့္ဆည္းေပးႏိုင္ဖို႔ပဲ ျဖစ္သင့္ပါတယ္။ တန္ဖိုးေပၚမွာပဲ အာ႐ုံစိုက္ပါ။ ေငြေၾကးက လိုက္လာပါလိမ့္မယ္။
၂။ သြယ္၀ိုက္၀င္ေငြ ဖန္တီးဖို႔
ဟုတ္ပါတယ္။ လွည့္ၾကည့္စရာမလုိတဲ့ လုပ္ငန္းစနစ္တစ္ခုက ၀င္ေငြေတြအေျမာက္အမ်ားရွာေပးႏိုင္တာမ်ိဳးကို အားလံုးကို စိတ္ကူးတတ္ၾကပါတယ္။ တကယ္ေတာ့ ဒီကိစၥက စိတ္ကူးတစ္ခုထက္ အမ်ားႀကီးပိုပါတယ္။ အေမြရတာကလြဲရင္ ဘယ္အရာမွ သြယ္၀ိုက္၀င္ေငြဆိုတာ မရွိပါဘူး။ ၀င္ေငြအားလံုးရဲ႕ ေနာက္ကြယ္မွာ နာရီေပါင္းမ်ားစြာ၊ ေခၽြးစက္ေပါင္းမ်ားစြာ ရင္းႏွီးျမဳပ္ႏံွထားရပါတယ္။ လုပ္ငန္းရွင္သစ္တစ္ေယာက္အတြက္ဆိုရင္ ၀င္ေငြတစ္က်ပ္တစ္ျပားကအစ ခက္ခက္ခဲခဲရွာေဖြရတာကို ေတြ႕ရပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္လုပ္ငန္းအတြက္ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္ဖို႔ စိတ္ကူးမရွိဘူးဆိုရင္ေတာ့ က်႐ႈံးမွာေသခ်ာပါတယ္။
၃။ လုပ္ႏိုင္တယ္ဆိုတာကို သက္ေသျပဖို႔
အခုအခ်ိန္အထိ ဘာတစ္ခုမွ ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ေသးဘူးလို႔ ခံစားရေနႏိုင္ပါတယ္။ ဒီလိုနဲ႔ ႀကီးႀကီးမားမားေအာင္ျမင္မႈတစ္ခုကို လုပ္ႏိုင္ေၾကာင္း သက္ေသျပဖို႔ စီးပြားေရးလုပ္ငန္းတစ္ခုကို ထူေထာင္တာမ်ိဳး မလုပ္ပါနဲ႔။ တကယ္လက္ေတြ႕မွာ လုပ္ငန္းထူေထာင္႐ုံနဲ႔ သင့္စိတ္ခံစားခ်က္ကို ေပ်ာက္ကြယ္သြားေစမွာမဟုတ္သလို စိတ္မလုံျခံဳမႈကို ပိုဆိုးလာေစႏိုင္ပါတယ္။
၄။ စိတ္အားထက္သန္ရာကို လုပ္ေဆာင္ဖို႔
ကၽြန္ေတာ္တို႔ထဲက ဘယ္သူေတြမ်ား (၁၀၀)ရာခိုင္ႏႈန္း လုပ္ခ်င္တာကိုလုပ္ဖို႔အတြက္ ပံုမွန္အလုပ္ကေန ထြက္ခ်င္ပါသလဲ။ သင့္ရဲ႕စိတ္အားထက္သန္မႈကို အေျချပဳၿပီး လုပ္ငန္းလုပ္ေဆာင္ရတာ မွန္ေပမယ့္ ဘယ္လုပ္ငန္းရွင္မွာ သူတို႔လုပ္ခ်င္တာခ်ည္းပဲ လုပ္ေနလို႔မရပါဘူး။ မ်ားေသာအားျဖင့္ လုပ္ငန္းအစပိုင္းမွာ လုပ္ခ်င္တာလုပ္ရဖို႔ထက္ လုပ္ငန္းေအာင္ျမင္ဖို႔ အေရာင္းနဲ႔ ေစ်းကြက္ပိုင္းအတြက္ အခ်ိန္ပိုေပးရပါတယ္။ ဒီလိုဆိုရင္ သင့္အတြက္သိပ္အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ စိတ္အားထက္သန္ရာကိုပဲ လုပ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္တာထက္ ၀ါသနာနဲ႔ ကိုက္ညီတဲ့အလုပ္တစ္ခုကို ၀င္လုပ္တာက ပိုေကာင္းပါလိမ့္မယ္။
၅။ အျခားသူေတြအတြက္ အလုပ္မလုပ္ေပးခ်င္ေတာ့လို႔
ကိုယ္ပိုင္လုပ္ငန္းရွင္တစ္ေယာက္ျဖစ္လာၿပီဆိုရင္ ဆံုးျဖတ္ခ်က္ခ်မွတ္တဲ့အပိုင္းေတြမွာ လုပ္ပိုင္ခြင့္ရွိလာတာ မွန္ေပမယ့္ တစ္ေယာက္ေယာက္အတြက္ေတာ့ တာ၀န္ယူေပးေနရဆဲျဖစ္ပါတယ္။ တစ္ေယာက္ေယာက္လို႔ ဆိုရမွာ သင့္ရဲ႕စားသံုးသူ၊ ရင္းႏွီးျမဳပ္ႏွံသူ ဒါမွမဟုတ္ ေစ်းကြက္အေနအထား စတာေတြကို ဆိုလိုတာျဖစ္ၿပီး လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ ၀န္ထမ္းေတြေလာက္နီးနီးကို အျခားသူေတြအတြက္ လုပ္ေပးၾကရပါတယ္။ အလုပ္သမား ၀န္ထမ္းတစ္ေယာက္မဟုတ္ေပမယ့္လည္း အျခားသူေတြအတြက္ကေတာ့ လုပ္ေပးေနရဦးမွာ ျဖစ္ပါတယ္။
၆။ ေအာင္ျမင္ေက်ာ္ၾကားတဲ့ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္လို႔
ေအာင္ျမင္ေက်ာ္ၾကားမႈကို အာ႐ုံစိုက္တာက ကိုယ္ပိုင္လုပ္ငန္းရွင္ဘ၀မွာ က်ဆံုးမႈေတြနဲ႔ ရင္ဆိုင္ရမယ့္ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ နာမည္ေက်ာ္ၾကားမႈဆိုတာကလည္း ေငြေၾကးလိုပါပဲ။ အျခားသူေတြအတြက္ တန္ဖိုးမ်ားမ်ားေပးႏိုင္သူေနာက္ကို လိုက္တာျဖစ္ပါတယ္။
၇။ အေသးအမႊားအလုပ္ေတြ မလုပ္ခ်င္ေတာ့လို႔
ကိုယ္ပိုင္လုပ္ငန္းရွင္ေပါက္စတစ္ေယာက္အေနနဲ႔ အေသးအမႊားေအာက္ေျခသိမ္းအလုပ္ေတြကို ကိုယ္တိုင္လုပ္ဖို႔ လိုပါတယ္။ သင့္လုပ္ငန္းက တိုးတက္ေအာင္ျမင္လာၿပီး အျခားသူေတြကို ခိုင္းလို႔ရသည္အထိ ကိုယ္တိုင္လုပ္ရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ အလုပ္ေရြးေနလို႔ မရပါဘူး။
၈။ ကမာၻႀကီးကို ေျပာင္းလဲဖို႔
ကမာၻႀကီးကို မေျပာင္းလဲႏုိင္ခင္မွာ သင္ေပးရမယ့္ေငြေတြ ေပးႏိုင္ေအာင္ပဲ အရင္ႀကိဳးစားရဦးမွာပါ။ ဒီလို ကမာၻနဲ႔ ခ်ီတဲ့ ရည္မွန္းခ်က္ေတြနဲ႔ စတင္တဲ့လုပ္ငန္းမရွိသေလာက္ပါပဲ။ ေအာင္ျမင္တဲ့လုပ္ငန္းတိုင္းဟာ တိက်ေသခ်ာတဲ့ ေစ်းကြက္တစ္ခုအတြင္းမွာ ျပႆနာတစ္ခုတည္းကိုပဲ ေျဖရွင္းေပးႏိုင္ဖို႔ ႀကိဳးစားကပါတယ္။ ဒါ့ေၾကာင့္ သင္လုပ္ငန္းေအာင္ျမင္ခ်င္တယ္ဆိုရင္ သင္လည္း ျပႆနာတစ္ခုခုကိုပဲ အာ႐ုံစိုက္သင့္ပါတယ္။ ဒါေပမယ့္ စိတ္မပူပါနဲ႔။ သိပ္မၾကာခင္မွာ ကမာၻႀကီးကိုေျပာင္းလဲတဲ့အဆင့္ ေရာက္လာမွာျဖစ္ပါတယ္။
***************************************************
ကိုယ်ပိုင်လုပ်ငန်းရှင်များကို ကျဆုံးသွားစေနိုင်သည့် အကြောင်းရင်း(၈)ခု
အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ချင်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူအများစုက ဈေးကွက်သစ်ထွင် လုပ်ငန်းရှင် ဘဝခရီးလမ်းကို လျှောက်လှမ်းချင်ကြပါတယ်။ ဒါပေမယ့်လည်း အများစုက ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်ရာမှာ မှားယွင်းတဲ့အကြောင်းရင်းတွေကို အရင်းခံပြီးလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ဒီလိုမှားယွင်းတဲ့ အကြောင်းရင်းတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် သူတို့ရဲ့ခရီးလမ်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ရတတ်ကြပါတယ်။ သင့်အနေနဲ့လည်း ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် မှားယွင်းတဲ့အကြောင်းရင်းတွေပေါ်မှာ အခြေမတည်မိစေဖို့ ရှောင်ရှားသင့်တဲ့အကြောင်းရင်း (၈)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ သန်းကြွယ်သူဌေးဖြစ်ဖို့
အကြီးအကျယ်ချမ်းသာကြွယ်ဝလာခြင်းက လူအများစုကို ကိုယ်ပိုင်လုပ်ငန်းရှင်လုပ်ဖို့ ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းတစ်ခုကို စတင်ထူထောင်ချိန်မှာ ငွေကြေးများများရဖို့ ရည်ရွယ်ချက်က အဆင်ပြေမှာ မဟုတ်ပါဘူး။ သင့်ရဲ့စားသုံးသူတွေက သင်ချမ်းသာကြွယ်ဝလာဖို့ကို စိတ်မဝင်စားကြပါဘူး။ သူတို့က သင့်လုပ်ငန်းက ပေးစွမ်းနိုင်တဲ့ တန်ဖိုးကိုပဲ စိတ်ဝင်စားကြတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သင့်ရဲ့ရည်မှန်းချက်က ဖောက်သည်တွေအတွက် လိုအပ်တဲ့တန်ဖိုးတွေ ဖြည့်ဆည်းပေးနိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။ တန်ဖိုးပေါ်မှာပဲ အာရုံစိုက်ပါ။ ငွေကြေးက လိုက်လာပါလိမ့်မယ်။
၂။ သွယ်ဝိုက်ဝင်ငွေ ဖန်တီးဖို့
ဟုတ်ပါတယ်။ လှည့်ကြည့်စရာမလိုတဲ့ လုပ်ငန်းစနစ်တစ်ခုက ဝင်ငွေတွေအမြောက်အများရှာပေးနိုင်တာမျိုးကို အားလုံးကို စိတ်ကူးတတ်ကြပါတယ်။ တကယ်တော့ ဒီကိစ္စက စိတ်ကူးတစ်ခုထက် အများကြီးပိုပါတယ်။ အမွေရတာကလွဲရင် ဘယ်အရာမှ သွယ်ဝိုက်ဝင်ငွေဆိုတာ မရှိပါဘူး။ ဝင်ငွေအားလုံးရဲ့ နောက်ကွယ်မှာ နာရီပေါင်းများစွာ၊ ချွေးစက်ပေါင်းများစွာ ရင်းနှီးမြုပ်နှံထားရပါတယ်။ လုပ်ငန်းရှင်သစ်တစ်ယောက်အတွက်ဆိုရင် ဝင်ငွေတစ်ကျပ်တစ်ပြားကအစ ခက်ခက်ခဲခဲရှာဖွေရတာကို တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ ကျရှုံးမှာသေချာပါတယ်။
၃။ လုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့
အခုအချိန်အထိ ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်သေးဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုနဲ့ ကြီးကြီးမားမားအောင်မြင်မှုတစ်ခုကို လုပ်နိုင်ကြောင်း သက်သေပြဖို့ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်တာမျိုး မလုပ်ပါနဲ့။ တကယ်လက်တွေ့မှာ လုပ်ငန်းထူထောင်ရုံနဲ့ သင့်စိတ်ခံစားချက်ကို ပျောက်ကွယ်သွားစေမှာမဟုတ်သလို စိတ်မလုံခြုံမှုကို ပိုဆိုးလာစေနိုင်ပါတယ်။
၄။ စိတ်အားထက်သန်ရာကို လုပ်ဆောင်ဖို့
ကျွန်တော်တို့ထဲက ဘယ်သူတွေများ (၁၀၀)ရာခိုင်နှုန်း လုပ်ချင်တာကိုလုပ်ဖို့အတွက် ပုံမှန်အလုပ်ကနေ ထွက်ချင်ပါသလဲ။ သင့်ရဲ့စိတ်အားထက်သန်မှုကို အခြေပြုပြီး လုပ်ငန်းလုပ်ဆောင်ရတာ မှန်ပေမယ့် ဘယ်လုပ်ငန်းရှင်မှာ သူတို့လုပ်ချင်တာချည်းပဲ လုပ်နေလို့မရပါဘူး။ များသောအားဖြင့် လုပ်ငန်းအစပိုင်းမှာ လုပ်ချင်တာလုပ်ရဖို့ထက် လုပ်ငန်းအောင်မြင်ဖို့ အရောင်းနဲ့ ဈေးကွက်ပိုင်းအတွက် အချိန်ပိုပေးရပါတယ်။ ဒီလိုဆိုရင် သင့်အတွက်သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်အားထက်သန်ရာကိုပဲ လုပ်ချင်တယ်ဆိုရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တာထက် ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုကို ဝင်လုပ်တာက ပိုကောင်းပါလိမ့်မယ်။
၅။ အခြားသူတွေအတွက် အလုပ်မလုပ်ပေးချင်တော့လို့
ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် ဆုံးဖြတ်ချက်ချမှတ်တဲ့အပိုင်းတွေမှာ လုပ်ပိုင်ခွင့်ရှိလာတာ မှန်ပေမယ့် တစ်ယောက်ယောက်အတွက်တော့ တာဝန်ယူပေးနေရဆဲဖြစ်ပါတယ်။ တစ်ယောက်ယောက်လို့ ဆိုရမှာ သင့်ရဲ့စားသုံးသူ၊ ရင်းနှီးမြုပ်နှံသူ ဒါမှမဟုတ် ဈေးကွက်အနေအထား စတာတွေကို ဆိုလိုတာဖြစ်ပြီး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေလောက်နီးနီးကို အခြားသူတွေအတွက် လုပ်ပေးကြရပါတယ်။ အလုပ်သမား ဝန်ထမ်းတစ်ယောက်မဟုတ်ပေမယ့်လည်း အခြားသူတွေအတွက်ကတော့ လုပ်ပေးနေရဦးမှာ ဖြစ်ပါတယ်။
၆။ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်လို့
အောင်မြင်ကျော်ကြားမှုကို အာရုံစိုက်တာက ကိုယ်ပိုင်လုပ်ငန်းရှင်ဘဝမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ရမယ့် အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ နာမည်ကျော်ကြားမှုဆိုတာကလည်း ငွေကြေးလိုပါပဲ။ အခြားသူတွေအတွက် တန်ဖိုးများများပေးနိုင်သူနောက်ကို လိုက်တာဖြစ်ပါတယ်။
၇။ အသေးအမွှားအလုပ်တွေ မလုပ်ချင်တော့လို့
ကိုယ်ပိုင်လုပ်ငန်းရှင်ပေါက်စတစ်ယောက်အနေနဲ့ အသေးအမွှားအောက်ခြေသိမ်းအလုပ်တွေကို ကိုယ်တိုင်လုပ်ဖို့ လိုပါတယ်။ သင့်လုပ်ငန်းက တိုးတက်အောင်မြင်လာပြီး အခြားသူတွေကို ခိုင်းလို့ရသည်အထိ ကိုယ်တိုင်လုပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အလုပ်ရွေးနေလို့ မရပါဘူး။
၈။ ကမ္ဘာကြီးကို ပြောင်းလဲဖို့
ကမ္ဘာကြီးကို မပြောင်းလဲနိုင်ခင်မှာ သင်ပေးရမယ့်ငွေတွေ ပေးနိုင်အောင်ပဲ အရင်ကြိုးစားရဦးမှာပါ။ ဒီလို ကမ္ဘာနဲ့ ချီတဲ့ ရည်မှန်းချက်တွေနဲ့ စတင်တဲ့လုပ်ငန်းမရှိသလောက်ပါပဲ။ အောင်မြင်တဲ့လုပ်ငန်းတိုင်းဟာ တိကျသေချာတဲ့ ဈေးကွက်တစ်ခုအတွင်းမှာ ပြဿနာတစ်ခုတည်းကိုပဲ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားကပါတယ်။ ဒါ့ကြောင့် သင်လုပ်ငန်းအောင်မြင်ချင်တယ်ဆိုရင် သင်လည်း ပြဿနာတစ်ခုခုကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သိပ်မကြာခင်မှာ ကမ္ဘာကြီးကိုပြောင်းလဲတဲ့အဆင့် ရောက်လာမှာဖြစ်ပါတယ်။