မိန္းကေလးတစ္ေယာက္ကို စာပို႔ၿပီး ခ်ိန္းဆိုႏိုင္ဖို႔ နည္းလမ္း(၉)ခု
မိန္းကေလးတစ္ေယာက္ဆီကို ဖုန္းကေနတဆင့္စာပို႔ျခင္းရဲ႕ အေကာင္းဆံုးအခ်က္ကေတာ့ စိတ္ခံစားမႈေတြကို ဖံုးကြယ္ထားႏိုင္ၿပီး ေသခ်ာစဥ္းစားလုပ္ေဆာင္ႏိုင္တာပဲ ျဖစ္ပါတယ္။ မ်က္ႏွာခ်င္းဆိုင္စကားေျပာမယ္ဆိုရင္ အေျဖတစ္ခုကို ေသခ်ာျပင္ဆင္ေျဖဆိုဖို႔ အခ်ိန္အမ်ားႀကီးမရႏိုင္သလို သင့္ရဲ႕အသံေနအသံထားကလည္း ကိုယ့္ကိုယ္ကိုယုံၾကည္မႈကင္းမဲ့ေနသလို ျဖစ္ေစပါတယ္။ စာပို႔မယ္ဆိုရင္ေတာ့ ဒီအခက္အခဲေတြအားလံုးကို ေက်ာ္လႊားႏိုင္မွာပါ။ စာပို႔တဲ့ေနရာမွာ မိန္းကေလးဖက္က ျပန္စာရရွိဖို႔နဲ႔ အေျခအေနေကာင္းလို႔ အျပင္မွာေတြ႕ၾကမယ္ဆိုရင္လည္း ခ်ိန္းတဲ့ေနရာကို ေသခ်ာေပါက္ေရာက္လာေစဖို႔ နည္းလမ္းေကာင္းေလးေတြရွိပါတယ္။
၁။ သူမကို စတင္ခ်ဥ္းကပ္ခ်ိန္မွာကတည္းက စာပို႔ပါ။
စေတြ႕ၿပီးသံုးရက္ေနမွာ ျပန္ဆက္သြယ္ရမယ္ဆိုတဲ့ စည္းကမ္းကို ေမ့ထားလိုက္ပါေတာ့။ သံုးရက္ဆိုတဲ့ အခ်ိန္မွာ သင့္ကို စေတြ႕ခဲ့တဲ့ပံုရိပ္က ေမွးမွိန္ေပ်ာက္ကြယ္ေနႏိုင္ပါတယ္။ ဒါမွမဟုတ္ရင္လည္း အျခားေယာကၤ်ားေလးတစ္ေယာက္ေယာက္နဲ႔ ေနာက္ထပ္အစီအစဥ္ေတြရွိသြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အေကာင္းဆံုးနည္းလမ္းက သူမရဲ႕ဖုန္းနံပါတ္ကို သိရၿပီဆိုတာနဲ႔ စကားေျပာေနတုန္းျဖစ္ေစ၊ ထြက္လာၿပီးသိပ္မၾကာခင္ျဖစ္ေစ အခ်ိန္တိုအတြင္းမွာကို စာပို႔သင့္ပါတယ္။ ဒီလိုဆိုရင္ သင့္ရဲ႕ဖုန္းနံပါတ္ကိုလည္း သူမ သိရွိၿပီးသားျဖစ္သြားေစႏိုင္သလို ေနာက္ထပ္စာေတြ ပို႔တဲ့အခါမွာလည္း စာပို႔ရတဲ့အေၾကာင္းရင္းကို သိပ္ရွင္းျပစရာမလိုေတာ့ပါဘူး။ ေနာက္တစ္ခ်က္ စတင္ေတြ႕ဆံုၿပီးခ်ိန္မွာပဲ စာပို႔လိုက္တာက အျပန္အလွန္စာပို႔ဆက္သြယ္မႈတစ္ခုကို တည္ေဆာက္လိုက္တာလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေနာက္ေန႔ေတြမွာ သူအေနနဲ႔ စာျပန္ပို႔ႏိုင္ဖို႔ လြယ္ကူသြားေစပါတယ္။
၂။ ပုဂိၢဳဟ္ေရးဆန္ပါေစ။
ပထမဆံုးစာေတြ ေပးပို႔ခ်ိန္မွာ ေတြ႕ဆံုခ်ိန္က ေျပာဆိုေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာနဲ႔ ပတ္သက္ဆက္ႏြယ္တာပဲ ျဖစ္သင့္ပါတယ္။ သူမနဲ႔ ပတ္သက္ၿပီး သင္သိထားၿပီးသားအေၾကာင္းအရာတစ္ခုခု၊ ဒါမွမဟုတ္ ႏွစ္ေယာက္စလံုးနဲ႔ သက္ဆိုင္တဲ့အရာတစ္ခုခုအေၾကာင္း ျဖစ္သင့္ပါတယ္။ ဥပမာအေနနဲ႔ သူမမွာ အိမ္ေမြးတိရိစာၦန္တစ္ေကာင္ေမြးထားတယ္ဆိုရင္ အဲ့ဒီတိရိစာၦန္နဲ႔ပတ္သက္ၿပီး တစ္ခုခုေပးပို႔ပါ။ ေနာက္တစ္ခ်က္က စာေတြေပးပို႔ရာမွာ သူမရဲ႕နာမည္ကို ထည့္သြင္းေရးသားတာက ပိုၿပီးရင္းႏွီးခင္မင္ေစပါတယ္။
၃။ ရည္ရြယ္ခ်က္တစ္ခုနဲ႔ စာပို႔ပါ။
သင့္အေနနဲ႔ စတင္ေတြ႕ဆံုခ်ိန္က စကားေျပာျဖစ္ခဲ့ၿပီး သူမကလည္း သင့္အေၾကာင္းသိခ်င္ေနတဲ့ပံုရတယ္ဆိုရင္ ေနာက္ရက္ေတြမွာ စာပို႔ၿပီး ေတြ႕ဆံုၾကဖို႔ ခ်ိန္းဆိုႏိုင္ပါတယ္။ သင့္အေပၚမွာ သူမရဲ႕ယုံၾကည္မႈကို တည္ေဆာက္ႏိုင္ဖို႔ ရည္ရြယ္ၿပီး စာေပးပို႔ပါ။ တကယ္လို႔ သူမက သင့္အေပၚစိတ္၀င္စားပံုမေပါက္ဘူးဆိုရင္ေတာ့ သင့္ရဲ႕စာေတြက ရယ္ေမာစရာေတြနဲ႔ ဟာသေတြျဖစ္သင့္ပါတယ္။
၄။ အသာစီးရယူပါ။
စာေပးပို႔တဲ့အခါမွာ မ်က္ႏွာခ်င္းဆိုင္စကားေျပာရတာထက္ အခြင့္အေရးေတြ ပိုရတာကို ေဖာ္ျပၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိေၾကာင္း ေဖာ္ျပႏိုင္မယ့္ စာေတြေပးပို႔ပါ။ ေတြ႕ဆံုၾကဖို႔ ခ်ိန္းတဲ့အခါမွာ သူမ အားမအားကို ေမးမေနပဲ။ ေတြ႕မယ့္အခ်ိန္၊ ေနရာ စတာေတြကို တန္းေျပာသင့္ပါတယ္။ သူမဖက္က နာရီအေတာ္ၾကာလို႔မွာ အေၾကာင္းျပန္မလာဘူးဆိုရင္ ေမးခြန္းအမွတ္အသား (?) ေလးေပးပို႔ပါ။ ဒီလိုမွ အခ်ိန္အေတာ္ၾကာတဲ့အထိ စာမျပန္ေသးဘူးဆိုရင္ေတာ့ မအားဘူးဆိုရင္လည္း ျပႆနာမရွိတဲ့အေၾကာင္း အိမ္နီးခ်င္းမိတ္ေဆြနဲ႔ပဲ သြားမယ့္အေၾကာင္း ထပ္ၿပီးေပးပို႔လိုက္ပါ။ ဒီလိုဆိုရင္ သူမဆီက တနည္းနည္းနဲ႔ စာျပန္လာမွာ ေသခ်ာပါတယ္။
၅။ ျပတ္သားပါေစ။ သူမစိတ္ကူးေျပာင္းခြင့္ မေပးပါနဲ႔။
သင္နဲ႔ ေတြ႕ဆံုဖို႔ သေဘာတူၿပီးၿပီဆိုရင္ ဒီအစီအစဥ္အတိုင္းဆက္ျဖစ္မျဖစ္ကို ျပန္စစ္ေဆးၾကည့္ဖို႔ လိုပါတယ္။ တကယ္လို႔ သူမက ေသခ်ာျပတ္ျပတ္သားသားအေျဖတစ္ခုခုမေပးေသးဘူးဆိုရင္ အတည္ျပဳခ်က္ရတဲ့အထိ စာပို႔ဖို႔ လိုပါတယ္။
၆။ ခ်ိန္သားကိုက္ဖို႔ လိုပါတယ္။
ပထမဆံုးအေနနဲ႔ သင့္အေနနဲ႔ စတင္ေတြ႕ဆံုတဲ့ေန႔ရဲ႕ ညအခ်ိန္မွာပဲ စာပို႔သင့္ပါတယ္။ ေနာက္ေန႔ေတြမွာ ထပ္ၿပီး ႏွစ္ေယာက္တည္းေတြ႕ၾကဖို႔ ခ်ိန္းႏိုင္ေအာင္ ႀကိဳးစားဖို႔ လိုပါတယ္။ စာပို႔ဖို႔ကို အခ်ိန္ဆြဲေႏွာင့္ေႏွးေနတာက ပ်င္းရိၿငီးေငြ႕သြားၿပီး အျငင္းခံရႏိုင္ပါတယ္။ အစပ်ိဳးမႈတိုင္းမွာ စိတ္လႈပ္ရွားမႈရွိပါတယ္။ သင့္အေနနဲ႔ အရွိန္မေသေအာင္ လႈံ႕ေဆာ္ေပးဖို႔ပဲ လိုတာပါ။
ေနာက္တစ္ခ်က္က သူမအလုပ္မ်ားေနမယ္လို႔ ထင္ရတဲ့အခ်ိန္မွာ စာမပို႔ပါနဲ႔။ သင့္ရဲ႕စာက သူမကို အေႏွာက္အယွက္ျဖစ္ေစႏိုင္သလို ျပန္စာလည္း လာမွာမဟုတ္ပါဘူး။ တကယ္လို႔ သူမရဲ႕အစီအစဥ္ေတြကို မသိဘူးဆိုရင္ ညေနပိုင္းမွပို႔တာအေကာင္းဆံုးပါပဲ။
ေနာက္ထပ္နည္းလမ္းတစ္မ်ိဳးက သူမဆီက ဖုန္းနံပါတ္ရၿပီဆိုတာနဲ႔ ဘယ္အခ်ိန္စာပို႔ရမလဲဆိုတာကိ ေမးပါ။ သူမေျပာတဲ့အခ်ိန္အတိုင္း အတိအက်လိုက္နာၿပီး စာပို႔ပါ။ ဒီလိုဆိုရင္ သူမဖက္က စာျပန္ဖို႔လည္း တာ၀န္ရွိသလို ျဖစ္သြားေစပါတယ္။
သူမဆီကို စာေတြေပးပို႔ရမွာ ဆက္တိုက္မပို႔ပါနဲ႔။ သူမဆီကို စာကို ျပန္စာေပးပို႔ဖို႔အတြက္ အခ်ိန္တစ္ခုေစာင့္ဆိုင္းပါ။ ၿပီးရင္ သင့္ရဲ႕စာတစ္ခုနဲ႔ တစ္ခုၾကားမွာလည္း နာရီပိုင္းေလာက္ျခားၿပီးမွ ေပးပို႔ပါ။ ဒီလိုေပးပို႔ျခင္းအားျဖင့္ အျပင္မွေတြ႕ခ်င္စိတ္ပိုၿပီး မ်ားလာေစႏိုင္ပါတယ္။ သူမက အခ်ိန္အေတာ္ၾကာမွာ စာျပန္တတ္တယ္ဆိုရင္ရင္ သင္လည္း အခ်ိန္ၾကာမွ စာပို႔တာ၊ စာျပန္တာေတြ လုပ္ေဆာင္ပါ။
၇။ တိုေတာင္းၿပီး စိတ္၀င္စားစရာျဖစ္ေနပါေစ။
စကားလံုးေတြအမ်ားႀကီးနဲ႔ စာေတြက ပ်င္းစရာေကာင္းပါတယ္။ လိုရင္းအခ်က္ကိုမေပ်ာက္ေစပဲ စိတ္၀င္စားစရာျဖစ္ေအာင္ ေရးပါ။ သင္နဲ႔ ပတ္သက္ၿပီး တစ္ခုခုကို လ်ိဳ႕၀ွက္ထားတာမ်ိဳးကို မိန္းကေလးေတြက အရမ္းကို စိတ္၀င္စားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စာပို႔တဲ့ေနရာမွာ သဲလြန္စေတြေပးၿပီး တစ္ခုခုကို လ်ိဳ႕၀ွက္ထားတာမ်ိဳး ျဖစ္သင့္ပါတယ္။
၈။ အေျဖျပန္ရဖို႔ တြန္းအားေပးပါ။
သင့္ရဲ႕ခ်ိန္းဆိုမႈ စာပို႔တာကို မိန္းကေလးဖက္က အေၾကာင္းမျပန္ဘူးဆိုရင္ စာျပန္ဖို႔အတြက္ ထိေရာက္တဲ့ စကားတစ္ခုခုကို စာပို႔ေပးရမွာ ျဖစ္ပါတယ္။ ဥပမာ – မင္းအလုပ္မ်ားမွန္သိပါတယ္။ အခ်ိန္ရရင္ စာျပန္ပါ။ စသျဖင့္ ေပးပို႔ပါ။ ဒီလိုဆိုရင္ ယဥ္ေက်းရာေရာက္ၿပီး ေယာကၤ်ားပီသေစပါတယ္။
၉။ စာလံုးေပါင္းစစ္ပါ။
စာပို႔တဲ့ေနရာမွာ စာလံုးေပါင္းကလည္း အေရးႀကီးပါတယ္။ တစ္ခါတစ္ေလ စာလံုးေပါင္းအမွားေတြက တဖက္သူအတြက္ အဓိပၸါယ္တစ္မ်ိဳးသက္ေရာက္ၿပီး ႐ိုင္းရာက်ပါတယ္။ ဒါ့ေၾကာင့္ စာကို မပို႔ခင္မွာ စာလံုးေပါင္းေတြကို ေသခ်ာစစ္ေဆးပါ။ သေကၤတေတြ၊ အတိုေကာက္ေတြနဲ႔ စတစ္ကာေတြက လန္းတာမွန္ပါတယ္။ ဒါေပမယ့္ အလြန္အကၽြံသံုးရင္လည္း မေကာင္းပါဘူး။
မိန်းကလေးတစ်ယောက်ကို စာပို့ပြီး ချိန်းဆိုနိုင်ဖို့ နည်းလမ်း(၉)ခု
မိန်းကလေးတစ်ယောက်ဆီကို ဖုန်းကနေတဆင့်စာပို့ခြင်းရဲ့ အကောင်းဆုံးအချက်ကတော့ စိတ်ခံစားမှုတွေကို ဖုံးကွယ်ထားနိုင်ပြီး သေချာစဉ်းစားလုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်စကားပြောမယ်ဆိုရင် အဖြေတစ်ခုကို သေချာပြင်ဆင်ဖြေဆိုဖို့ အချိန်အများကြီးမရနိုင်သလို သင့်ရဲ့အသံနေအသံထားကလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့နေသလို ဖြစ်စေပါတယ်။ စာပို့မယ်ဆိုရင်တော့ ဒီအခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်မှာပါ။ စာပို့တဲ့နေရာမှာ မိန်းကလေးဖက်က ပြန်စာရရှိဖို့နဲ့ အခြေအနေကောင်းလို့ အပြင်မှာတွေ့ကြမယ်ဆိုရင်လည်း ချိန်းတဲ့နေရာကို သေချာပေါက်ရောက်လာစေဖို့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။
၁။ သူမကို စတင်ချဉ်းကပ်ချိန်မှာကတည်းက စာပို့ပါ။
စတွေ့ပြီးသုံးရက်နေမှာ ပြန်ဆက်သွယ်ရမယ်ဆိုတဲ့ စည်းကမ်းကို မေ့ထားလိုက်ပါတော့။ သုံးရက်ဆိုတဲ့ အချိန်မှာ သင့်ကို စတွေ့ခဲ့တဲ့ပုံရိပ်က မှေးမှိန်ပျောက်ကွယ်နေနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အခြားယောင်္ကျားလေးတစ်ယောက်ယောက်နဲ့ နောက်ထပ်အစီအစဉ်တွေရှိသွားနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးနည်းလမ်းက သူမရဲ့ဖုန်းနံပါတ်ကို သိရပြီဆိုတာနဲ့ စကားပြောနေတုန်းဖြစ်စေ၊ ထွက်လာပြီးသိပ်မကြာခင်ဖြစ်စေ အချိန်တိုအတွင်းမှာကို စာပို့သင့်ပါတယ်။ ဒီလိုဆိုရင် သင့်ရဲ့ဖုန်းနံပါတ်ကိုလည်း သူမ သိရှိပြီးသားဖြစ်သွားစေနိုင်သလို နောက်ထပ်စာတွေ ပို့တဲ့အခါမှာလည်း စာပို့ရတဲ့အကြောင်းရင်းကို သိပ်ရှင်းပြစရာမလိုတော့ပါဘူး။ နောက်တစ်ချက် စတင်တွေ့ဆုံပြီးချိန်မှာပဲ စာပို့လိုက်တာက အပြန်အလှန်စာပို့ဆက်သွယ်မှုတစ်ခုကို တည်ဆောက်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်နေ့တွေမှာ သူအနေနဲ့ စာပြန်ပို့နိုင်ဖို့ လွယ်ကူသွားစေပါတယ်။
၂။ ပုဂ္ဂိုဟ်ရေးဆန်ပါစေ။
ပထမဆုံးစာတွေ ပေးပို့ချိန်မှာ တွေ့ဆုံချိန်က ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက်ဆက်နွယ်တာပဲ ဖြစ်သင့်ပါတယ်။ သူမနဲ့ ပတ်သက်ပြီး သင်သိထားပြီးသားအကြောင်းအရာတစ်ခုခု၊ ဒါမှမဟုတ် နှစ်ယောက်စလုံးနဲ့ သက်ဆိုင်တဲ့အရာတစ်ခုခုအကြောင်း ဖြစ်သင့်ပါတယ်။ ဥပမာအနေနဲ့ သူမမှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်မွေးထားတယ်ဆိုရင် အဲ့ဒီတိရိစ္ဆာန်နဲ့ပတ်သက်ပြီး တစ်ခုခုပေးပို့ပါ။ နောက်တစ်ချက်က စာတွေပေးပို့ရာမှာ သူမရဲ့နာမည်ကို ထည့်သွင်းရေးသားတာက ပိုပြီးရင်းနှီးခင်မင်စေပါတယ်။
၃။ ရည်ရွယ်ချက်တစ်ခုနဲ့ စာပို့ပါ။
သင့်အနေနဲ့ စတင်တွေ့ဆုံချိန်က စကားပြောဖြစ်ခဲ့ပြီး သူမကလည်း သင့်အကြောင်းသိချင်နေတဲ့ပုံရတယ်ဆိုရင် နောက်ရက်တွေမှာ စာပို့ပြီး တွေ့ဆုံကြဖို့ ချိန်းဆိုနိုင်ပါတယ်။ သင့်အပေါ်မှာ သူမရဲ့ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး စာပေးပို့ပါ။ တကယ်လို့ သူမက သင့်အပေါ်စိတ်ဝင်စားပုံမပေါက်ဘူးဆိုရင်တော့ သင့်ရဲ့စာတွေက ရယ်မောစရာတွေနဲ့ ဟာသတွေဖြစ်သင့်ပါတယ်။
၄။ အသာစီးရယူပါ။
စာပေးပို့တဲ့အခါမှာ မျက်နှာချင်းဆိုင်စကားပြောရတာထက် အခွင့်အရေးတွေ ပိုရတာကို ဖော်ပြပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနိုင်မယ့် စာတွေပေးပို့ပါ။ တွေ့ဆုံကြဖို့ ချိန်းတဲ့အခါမှာ သူမ အားမအားကို မေးမနေပဲ။ တွေ့မယ့်အချိန်၊ နေရာ စတာတွေကို တန်းပြောသင့်ပါတယ်။ သူမဖက်က နာရီအတော်ကြာလို့မှာ အကြောင်းပြန်မလာဘူးဆိုရင် မေးခွန်းအမှတ်အသား (?) လေးပေးပို့ပါ။ ဒီလိုမှ အချိန်အတော်ကြာတဲ့အထိ စာမပြန်သေးဘူးဆိုရင်တော့ မအားဘူးဆိုရင်လည်း ပြဿနာမရှိတဲ့အကြောင်း အိမ်နီးချင်းမိတ်ဆွေနဲ့ပဲ သွားမယ့်အကြောင်း ထပ်ပြီးပေးပို့လိုက်ပါ။ ဒီလိုဆိုရင် သူမဆီက တနည်းနည်းနဲ့ စာပြန်လာမှာ သေချာပါတယ်။
၅။ ပြတ်သားပါစေ။ သူမစိတ်ကူးပြောင်းခွင့် မပေးပါနဲ့။
သင်နဲ့ တွေ့ဆုံဖို့ သဘောတူပြီးပြီဆိုရင် ဒီအစီအစဉ်အတိုင်းဆက်ဖြစ်မဖြစ်ကို ပြန်စစ်ဆေးကြည့်ဖို့ လိုပါတယ်။ တကယ်လို့ သူမက သေချာပြတ်ပြတ်သားသားအဖြေတစ်ခုခုမပေးသေးဘူးဆိုရင် အတည်ပြုချက်ရတဲ့အထိ စာပို့ဖို့ လိုပါတယ်။
၆။ ချိန်သားကိုက်ဖို့ လိုပါတယ်။
ပထမဆုံးအနေနဲ့ သင့်အနေနဲ့ စတင်တွေ့ဆုံတဲ့နေ့ရဲ့ ညအချိန်မှာပဲ စာပို့သင့်ပါတယ်။ နောက်နေ့တွေမှာ ထပ်ပြီး နှစ်ယောက်တည်းတွေ့ကြဖို့ ချိန်းနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ စာပို့ဖို့ကို အချိန်ဆွဲနှောင့်နှေးနေတာက ပျင်းရိငြီးငွေ့သွားပြီး အငြင်းခံရနိုင်ပါတယ်။ အစပျိုးမှုတိုင်းမှာ စိတ်လှုပ်ရှားမှုရှိပါတယ်။ သင့်အနေနဲ့ အရှိန်မသေအောင် လှုံ့ဆော်ပေးဖို့ပဲ လိုတာပါ။
နောက်တစ်ချက်က သူမအလုပ်များနေမယ်လို့ ထင်ရတဲ့အချိန်မှာ စာမပို့ပါနဲ့။ သင့်ရဲ့စာက သူမကို အနှောက်အယှက်ဖြစ်စေနိုင်သလို ပြန်စာလည်း လာမှာမဟုတ်ပါဘူး။ တကယ်လို့ သူမရဲ့အစီအစဉ်တွေကို မသိဘူးဆိုရင် ညနေပိုင်းမှပို့တာအကောင်းဆုံးပါပဲ။
နောက်ထပ်နည်းလမ်းတစ်မျိုးက သူမဆီက ဖုန်းနံပါတ်ရပြီဆိုတာနဲ့ ဘယ်အချိန်စာပို့ရမလဲဆိုတာကိ မေးပါ။ သူမပြောတဲ့အချိန်အတိုင်း အတိအကျလိုက်နာပြီး စာပို့ပါ။ ဒီလိုဆိုရင် သူမဖက်က စာပြန်ဖို့လည်း တာဝန်ရှိသလို ဖြစ်သွားစေပါတယ်။
သူမဆီကို စာတွေပေးပို့ရမှာ ဆက်တိုက်မပို့ပါနဲ့။ သူမဆီကို စာကို ပြန်စာပေးပို့ဖို့အတွက် အချိန်တစ်ခုစောင့်ဆိုင်းပါ။ ပြီးရင် သင့်ရဲ့စာတစ်ခုနဲ့ တစ်ခုကြားမှာလည်း နာရီပိုင်းလောက်ခြားပြီးမှ ပေးပို့ပါ။ ဒီလိုပေးပို့ခြင်းအားဖြင့် အပြင်မှတွေ့ချင်စိတ်ပိုပြီး များလာစေနိုင်ပါတယ်။ သူမက အချိန်အတော်ကြာမှာ စာပြန်တတ်တယ်ဆိုရင်ရင် သင်လည်း အချိန်ကြာမှ စာပို့တာ၊ စာပြန်တာတွေ လုပ်ဆောင်ပါ။
၇။ တိုတောင်းပြီး စိတ်ဝင်စားစရာဖြစ်နေပါစေ။
စကားလုံးတွေအများကြီးနဲ့ စာတွေက ပျင်းစရာကောင်းပါတယ်။ လိုရင်းအချက်ကိုမပျောက်စေပဲ စိတ်ဝင်စားစရာဖြစ်အောင် ရေးပါ။ သင်နဲ့ ပတ်သက်ပြီး တစ်ခုခုကို လျို့ဝှက်ထားတာမျိုးကို မိန်းကလေးတွေက အရမ်းကို စိတ်ဝင်စားတတ်ကြပါတယ်။ ဒါ့ကြောင့် စာပို့တဲ့နေရာမှာ သဲလွန်စတွေပေးပြီး တစ်ခုခုကို လျို့ဝှက်ထားတာမျိုး ဖြစ်သင့်ပါတယ်။
၈။ အဖြေပြန်ရဖို့ တွန်းအားပေးပါ။
သင့်ရဲ့ချိန်းဆိုမှု စာပို့တာကို မိန်းကလေးဖက်က အကြောင်းမပြန်ဘူးဆိုရင် စာပြန်ဖို့အတွက် ထိရောက်တဲ့ စကားတစ်ခုခုကို စာပို့ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ – မင်းအလုပ်များမှန်သိပါတယ်။ အချိန်ရရင် စာပြန်ပါ။ စသဖြင့် ပေးပို့ပါ။ ဒီလိုဆိုရင် ယဉ်ကျေးရာရောက်ပြီး ယောင်္ကျားပီသစေပါတယ်။
၉။ စာလုံးပေါင်းစစ်ပါ။
စာပို့တဲ့နေရာမှာ စာလုံးပေါင်းကလည်း အရေးကြီးပါတယ်။ တစ်ခါတစ်လေ စာလုံးပေါင်းအမှားတွေက တဖက်သူအတွက် အဓိပ္ပါယ်တစ်မျိုးသက်ရောက်ပြီး ရိုင်းရာကျပါတယ်။ ဒါ့ကြောင့် စာကို မပို့ခင်မှာ စာလုံးပေါင်းတွေကို သေချာစစ်ဆေးပါ။ သင်္ကေတတွေ၊ အတိုကောက်တွေနဲ့ စတစ်ကာတွေက လန်းတာမှန်ပါတယ်။ ဒါပေမယ့် အလွန်အကျွံသုံးရင်လည်း မကောင်းပါဘူး။