ဘီလ်ံနာတစ္ေယာက္ျဖစ္လာဖို႔ ဘ၀သင္ခန္းစာ

ဘီလ်ံနာတစ္ေယာက္ျဖစ္လာဖို႔ ဘ၀သင္ခန္းစာ ()ခု

ကမာၻေပၚမွာ ဘီလ်ံနာ ဦးေရ(၂၀၀၀)ေလာက္ရွိပါတယ္။ အခ်ိဳးခ်ၾကည့္မယ္ဆိုရင္ လူဦးေရ ()သန္းမွာ တစ္ေယာက္က ဘီလ်ံနာျဖစ္ပါတယ္။ ဒီျဖစ္တန္စြမ္းအတိုင္းဆိုရင္ သင့္အေနနဲ႔ ဘီလ်ံနာတစ္ဦးျဖစ္လာဖို႔ထက္ မိုးႀကိဳးပစ္ခံရဖို႔ ျဖစ္ႏိုင္ေခ်က (၂၄) ပိုၿပီး နီးစပ္ေနပါေသးတယ္။ ဒီေတာ့ သင့္အေနနဲ႔ ဘီလ်ံနာတစ္ဦး မျဖစ္ႏိုင္ဘူးလို႔ ဆိုလိုတာမဟုတ္ပါဘူး။ ဘီလ်ံနာတစ္ဦးျဖစ္ဖို႔အတြက္ ဘ၀ကို မတူကြဲျပားတဲ့ အျမင္ေတြနဲ႔ ျမင္တတ္ၿပီး ခ်ဥ္းကပ္တတ္ဖို႔ပဲလိုတာပါ။ ဒါ့ေၾကာင့္ သာမာန္ဘ၀ကေန ဘီလ်ံနာဘ၀ကို ေျပာင္းလဲလာႏိုင္ခဲ့သူေတြရဲ႕ ဘ၀ကို ေတာ္လွန္ေျပာင္းလဲနည္းေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ အလုပ္ႀကိဳးစားပါ။ ဘ၀အတြက္လည္း အခ်ိန္ေပးပါ။

ဘီလ်ံနာ Richard Branson က အေကာင္းဆံုး ဥပမာပဲျဖစ္ပါတယ္။ Richard Branson ဟာ ဘ၀ကို ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းတတ္သူတစ္ေယာက္ျဖစ္ပါတယ္။ သူက အလုပ္ကို ႀကိဳးစားသလို ဘ၀မွာ ေပ်ာ္ရႊင္ေနဖို႔ကိုလည္း ႀကိဳးစားသူတစ္ေယာက္ျဖစ္ပါတယ္။ ကမာၻအႏွံ႔ မီးပံုပ်ံစီးၿပီး ပတ္တကာေန အျမင့္ကေန ခုန္ခ်တာအထိ လုပ္ေဆာင္ခဲ့ၿပီး ဘ၀ရဲ႕အႏွစ္သာရကို နားလည္လက္ခံထားသူျဖစ္ပါတယ္။

သင္ခန္းစာ အလုပ္ႀကိဳးစားပါ။ အလုပ္ကေနနားၿပီး စိတ္ေပ်ာ္ရႊင္စရာေတြနဲ႔ အားျပန္ျဖည့္ပိုလည္း အခ်ိန္ေပးပါ။

၂။ စိတ္အားထက္သန္မႈေနာက္ကို လိုက္ပါ။

ကိုယ့္စိတ္၀င္စားတဲ့အရာနဲ႔ ပတ္သက္ၿပီး စီးပြားေရးလုပ္တတ္သူကို ေျပာပါဆိုရင္ GoPro လုပ္ငန္းပိုင္ရွင္ Nick Woodman က အေကာင္းဆံုးဥပမာျဖစ္ပါတယ္။ သူ႔ရဲ႕ GoPro အက္ရွင္ကင္မရာေတြက စြန္႔စား အားကစားသမားေတြနဲ႔ စြန္႔စားမႈရွာေဖြသူေတြအၾကားမွာ ေရပန္းစားခဲ့ၿပီး သူတို႔ရဲ႕ စိတ္အားထက္သန္မႈကို ေဖာ္ျပႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

သင္ခန္းစာ သင္ျမတ္ႏိုးတဲ့အရာတစ္ခုခုကို လုပ္ေဆာင္မယ္ဆိုရင္ သင့္ရဲ႕စိတ္အားထက္သန္မႈကို အျခားသူေတြက ေ၀မွ်ခံစားၿပီး သင့္အတြက္ ၀င္ေငြအေျမာက္အျမားရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။

၃။ ေငြေၾကးသေဘာတရား နားလည္ပါ။

အင္တာနက္ နည္းပညာေခတ္မွာ အေတာ္ဆံုး ဘ႑ာေရးဆိုင္ရာအကြက္ေရႊ႕ႏိုင္သူကေတာ့ Broadcast.com ပိုင္ရွင္ Mark Cuban ပဲျဖစ္ပါတယ္။ သူ႔ရဲ႕ Broadcast.com ကို (၁၉၉၉)ခုႏွစ္ Yahoo က ေဒၚလာ (.)ဘီလီယံနဲ႔ ၀ယ္ယူသြားခဲ့တာျဖစ္ပါတယ္။ ဒီလို ေရာင္းခ်ၿပီးတဲ့ေနာက္မွာ Cuban ဟာ သေဘာတူညီခ်က္အခ်ိဳ႕ေၾကာင့္ သူ႔ရဲ႕ရွယ္ယာေတြကို ထုတ္မေရာင္းႏိုင္တဲ့ၾကားကေန Yahoo မွာ သင့္ေတာ္တဲ့ အစုရွယ္ယာကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ေဒၚလာ သန္း(၂၀)ေလာက္အကုန္အက်ခံၿပီး လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ သူဟာ အခုခ်ိန္ထိ ရင္းႏွီးျမဳပ္ႏွံသူ ဘီလ်ံနာတစ္ဦးအျဖစ္ရပ္တည္ေနႏိုင္တာ ျဖစ္ပါတယ္။

သင္ခန္းစာ အက်ိဳးရွိႏိုင္မယ့္ စြန္႔စားမႈေတြ လုပ္ေဆာင္ပါ။ ဒါေပမယ့္ ထိခိုက္မႈအနည္းဆံုးျဖစ္ေအာင္ ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးစားပါ။

၄။ ဆက္သြယ္ေပးသူ တစ္ေယာက္ျဖစ္ပါေစ။

ေအာင္ျမင္ခ်မ္းသာသူတစ္ေယာက္ျဖစ္ဖို႔အတြက္ အေရးအႀကီးဆံုးလိုအပ္ခ်က္ေတြထဲက တစ္ခုကေတာ့ ဘယ္သူေတြကို သင္သိလဲဆိုတာပါပဲ။ လူေတြကို ဆက္သြယ္ေပးႏိုင္ၿပီး ဘီလ်ံနာျဖစ္လာခဲ့သူတစ္ေယာက္ကေတာ့ Facebook တည္ေထာင္သူ Mark Zuckerberg ပဲျဖစ္ပါတယ္။ သူက ဆက္သြယ္မႈရဲ႕ စြမ္းအားကို အသံုးခ်ၿပီး ကမာၻေပၚမွာရွိတဲ့လူေတြကို နီးကပ္ေအာင္ လုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ အခုဆိုရင္ အင္တာနဲ႔ အသံုးျပဳသူ ()ဦးမွာ ()ဦးက Facebook ကိုသံုးစြဲေနသူေတြ ျဖစ္ပါတယ္။

သင္ခန္းစာ လူမႈဆက္ဆံေရးနယ္ပယ္မွာ ၾကားခံဆက္သြယ္သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ။ တတ္ႏိုင္သမွ် ပတ္၀န္းက်င္ကလူေတြကို ဆက္သြယ္ေပးပါ။

၅။ အေျခအေနေတြကို ေျပာင္းလဲႏိုင္ပါေစ။

ဒီအခ်က္နဲ႔ ပတ္သက္လို႔ကေတာ့ Uber သယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈလုပ္ငန္းရဲ႕ CEO Travis Kalanick ကို ဥပမာေပးရမွာျဖစ္ပါတယ္။ Kalanick ဟာ လူႀကိဳက္သိပ္မမ်ားတဲ့ လုပ္ငန္းနယ္ပယ္ထဲကို ၀င္ေရာက္ၿပီး အေျခအေနအားလံုးကို ေျပာင္းလဲပစ္ကာ အသံုးျပဳသူေတြ အဆင္ေျပေခ်ာေမြ႕ေစမယ့္ စနစ္တစ္ခုကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။

သင္ခန္းစာ အားလံုးကို ေမးခြန္းထုတ္ပါ။ ေျပာင္းလဲသင့္တယ္လို႔ ယူဆတဲ့အရာကို ေျပာင္းလဲဖို႔ တိုက္ပြဲ၀င္ပါ။

၆။ ကိုယ့္စိတ္တိုင္းက် ျဖစ္ပါေစ။

ဒီအခ်က္နဲ႔ ပတ္သက္လို႔ကေတာ့ Tim Ferriss ကို မွီႏိုင္သူ မရွိေလာက္ပါဘူး။ သူ႔မွာ ကိုယ္ပိုင္အယူအဆေတြ ရွိေနၿပီး ကိုယ္ပိုင္တန္ဖိုးေတြေပၚမွာ မူတည္ၿပီးေတာ့ပဲ ဆံုးျဖတ္တတ္သူျဖစ္ပါတယ္။ သူ႕ရဲ႕စံခ်ိန္ေတြနဲ႔ ကိုက္ညီမႈမရွိရင္ ရင္းႏွီးျမဳပ္ႏွံဖို႔ စိတ္မ၀င္စားတတ္သလို သူ ဂုဏ္ယူလို႔ရမယ့္ ကုမၸဏီေတြမွာ ရင္းႏွီးျမဳပ္ႏွံသူ ျဖစ္ပါတယ္။

သင္ခန္းစာ သင္ဘယ္လိုလူမ်ိဳးျဖစ္ခ်င္လဲဆိုတာကို ဆံုးျဖတ္ပါ။ အျခားသူေတြ ဘာလိုထင္ထင္၊ ဘာေတြေျပာေျပာ၊ ျဖစ္ေအာင္လုပ္ပါ။

၇။ အရာရာကို ပိုေကာင္းလာေအာင္ လုပ္ေဆာင္ပါ။

ကမာၻေပၚမွာ ဘယ္သူကမွ Elon Musk ေလာက္ အရာရာကို ပိုေကာင္းလာေစခ်င္တဲ့ စိတ္ကူးမရွိေလာက္ပါဘူး။ Elon Musk ပိုင္ဆိုင္တဲ့ Space X, Tesla ကေန Solar City အထိ လုပ္ငန္းေတြအားလံုးနဲ႔ သူ႔ဘ၀တစ္ခုလံုးက ကမာၻေလာကႀကီးနဲ႔ လူသားေတြအတြက္ ပိုေကာင္းလာတာေတြပဲ ဖန္တီးေပးႏိုင္ေအာင္ ရည္ရြယ္ထားသူ ျဖစ္ပါတယ္။

သင္ခန္းစာ ကမာၻႀကီးနဲ႔ သင့္ပတ္၀န္းက်င္က လူေတြအတြက္ ပိုေကာင္းလာေအာင္ လုပ္ေဆာင္ပါ။ သင္မရွိေတာ့တဲ့ ေနာက္ပိုင္းမွာ ဘာေတြ က်န္ရစ္ေစခ်င္တယ္ဆိုတာအထိ စဥ္းစားလုပ္ေဆာင္ပါ။

ဘီလ်ံနာေတြဟာ သာမာန္လမ္းေၾကာင္းကို ေလွ်ာက္ေနသ၍ ဘီလ်ံနာျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ဘီလ်ံနာတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုရင္ သာမာန္ဘ၀နဲ႔ အေတြးအေခၚေတြကို ေတာ္လွန္ပုန္ကန္ၿပီး ေျပာင္းလဲပစ္ႏိုင္မယ့္ လမ္းေၾကာင္းေတြကို ရွာေဖြေဖာ္ထုတ္ႏိုင္ဖို႔ လိုပါတယ္။

———————————————————————-

ဘီလျံနာတစ်ယောက်ဖြစ်လာဖို့ ဘဝသင်ခန်းစာ (၇)ခု

ကမ္ဘာပေါ်မှာ ဘီလျံနာ ဦးရေ(၂၀၀၀)လောက်ရှိပါတယ်။ အချိုးချကြည့်မယ်ဆိုရင် လူဦးရေ (၄)သန်းမှာ တစ်ယောက်က ဘီလျံနာဖြစ်ပါတယ်။ ဒီဖြစ်တန်စွမ်းအတိုင်းဆိုရင် သင့်အနေနဲ့ ဘီလျံနာတစ်ဦးဖြစ်လာဖို့ထက် မိုးကြိုးပစ်ခံရဖို့ ဖြစ်နိုင်ချေက (၂၄)ဆ ပိုပြီး နီးစပ်နေပါသေးတယ်။ ဒီတော့ သင့်အနေနဲ့ ဘီလျံနာတစ်ဦး မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဘီလျံနာတစ်ဦးဖြစ်ဖို့အတွက် ဘဝကို မတူကွဲပြားတဲ့ အမြင်တွေနဲ့ မြင်တတ်ပြီး ချဉ်းကပ်တတ်ဖို့ပဲလိုတာပါ။ ဒါ့ကြောင့် သာမာန်ဘဝကနေ ဘီလျံနာဘဝကို ပြောင်းလဲလာနိုင်ခဲ့သူတွေရဲ့ ဘဝကို တော်လှန်ပြောင်းလဲနည်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ အလုပ်ကြိုးစားပါ။ ဘဝအတွက်လည်း အချိန်ပေးပါ။

ဘီလျံနာ Richard Branson က အကောင်းဆုံး ဥပမာပဲဖြစ်ပါတယ်။ Richard Branson ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်ကို ကြိုးစားသလို ဘဝမှာ ပျော်ရွှင်နေဖို့ကိုလည်း ကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ မီးပုံပျံစီးပြီး ပတ်တကာနေ အမြင့်ကနေ ခုန်ချတာအထိ လုပ်ဆောင်ခဲ့ပြီး ဘဝရဲ့အနှစ်သာရကို နားလည်လက်ခံထားသူဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အလုပ်ကြိုးစားပါ။ အလုပ်ကနေနားပြီး စိတ်ပျော်ရွှင်စရာတွေနဲ့ အားပြန်ဖြည့်ပိုလည်း အချိန်ပေးပါ။

၂။ စိတ်အားထက်သန်မှုနောက်ကို လိုက်ပါ။

ကိုယ့်စိတ်ဝင်စားတဲ့အရာနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တတ်သူကို ပြောပါဆိုရင် GoPro လုပ်ငန်းပိုင်ရှင် Nick Woodman က အကောင်းဆုံးဥပမာဖြစ်ပါတယ်။ သူ့ရဲ့ GoPro အက်ရှင်ကင်မရာတွေက စွန့်စား အားကစားသမားတွေနဲ့ စွန့်စားမှုရှာဖွေသူတွေအကြားမှာ ရေပန်းစားခဲ့ပြီး သူတို့ရဲ့ စိတ်အားထက်သန်မှုကို ဖော်ပြနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ သင်မြတ်နိုးတဲ့အရာတစ်ခုခုကို လုပ်ဆောင်မယ်ဆိုရင် သင့်ရဲ့စိတ်အားထက်သန်မှုကို အခြားသူတွေက ဝေမျှခံစားပြီး သင့်အတွက် ဝင်ငွေအမြောက်အမြားရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

၃။ ငွေကြေးသဘောတရား နားလည်ပါ။

အင်တာနက် နည်းပညာခေတ်မှာ အတော်ဆုံး ဘဏ္ဍာရေးဆိုင်ရာအကွက်ရွှေ့နိုင်သူကတော့ Broadcast.com ပိုင်ရှင် Mark Cuban ပဲဖြစ်ပါတယ်။ သူ့ရဲ့ Broadcast.com ကို (၁၉၉၉)ခုနှစ် Yahoo က ဒေါ်လာ (၅.၇)ဘီလီယံနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒီလို ရောင်းချပြီးတဲ့နောက်မှာ Cuban ဟာ သဘောတူညီချက်အချို့ကြောင့် သူ့ရဲ့ရှယ်ယာတွေကို ထုတ်မရောင်းနိုင်တဲ့ကြားကနေ Yahoo မှာ သင့်တော်တဲ့ အစုရှယ်ယာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဒေါ်လာ သန်း(၂၀)လောက်အကုန်အကျခံပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာ အခုချိန်ထိ ရင်းနှီးမြုပ်နှံသူ ဘီလျံနာတစ်ဦးအဖြစ်ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ အကျိုးရှိနိုင်မယ့် စွန့်စားမှုတွေ လုပ်ဆောင်ပါ။ ဒါပေမယ့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ဖို့ ကြိုးစားပါ။
၄။ ဆက်သွယ်ပေးသူ တစ်ယောက်ဖြစ်ပါစေ။

အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ဖို့အတွက် အရေးအကြီးဆုံးလိုအပ်ချက်တွေထဲက တစ်ခုကတော့ ဘယ်သူတွေကို သင်သိလဲဆိုတာပါပဲ။ လူတွေကို ဆက်သွယ်ပေးနိုင်ပြီး ဘီလျံနာဖြစ်လာခဲ့သူတစ်ယောက်ကတော့ Facebook တည်ထောင်သူ Mark Zuckerberg ပဲဖြစ်ပါတယ်။ သူက ဆက်သွယ်မှုရဲ့ စွမ်းအားကို အသုံးချပြီး ကမ္ဘာပေါ်မှာရှိတဲ့လူတွေကို နီးကပ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အင်တာနဲ့ အသုံးပြုသူ (၃)ဦးမှာ (၂)ဦးက Facebook ကိုသုံးစွဲနေသူတွေ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကြားခံဆက်သွယ်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ တတ်နိုင်သမျှ ပတ်ဝန်းကျင်ကလူတွေကို ဆက်သွယ်ပေးပါ။

၅။ အခြေအနေတွေကို ပြောင်းလဲနိုင်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Uber သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ CEO Travis Kalanick ကို ဥပမာပေးရမှာဖြစ်ပါတယ်။ Kalanick ဟာ လူကြိုက်သိပ်မများတဲ့ လုပ်ငန်းနယ်ပယ်ထဲကို ဝင်ရောက်ပြီး အခြေအနေအားလုံးကို ပြောင်းလဲပစ်ကာ အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမယ့် စနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

သင်ခန်းစာ ။ ။ အားလုံးကို မေးခွန်းထုတ်ပါ။ ပြောင်းလဲသင့်တယ်လို့ ယူဆတဲ့အရာကို ပြောင်းလဲဖို့ တိုက်ပွဲဝင်ပါ။

၆။ ကိုယ့်စိတ်တိုင်းကျ ဖြစ်ပါစေ။

ဒီအချက်နဲ့ ပတ်သက်လို့ကတော့ Tim Ferriss ကို မှီနိုင်သူ မရှိလောက်ပါဘူး။ သူ့မှာ ကိုယ်ပိုင်အယူအဆတွေ ရှိနေပြီး ကိုယ်ပိုင်တန်ဖိုးတွေပေါ်မှာ မူတည်ပြီးတော့ပဲ ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ရဲ့စံချိန်တွေနဲ့ ကိုက်ညီမှုမရှိရင် ရင်းနှီးမြုပ်နှံဖို့ စိတ်မဝင်စားတတ်သလို သူ ဂုဏ်ယူလို့ရမယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ သင်ဘယ်လိုလူမျိုးဖြစ်ချင်လဲဆိုတာကို ဆုံးဖြတ်ပါ။ အခြားသူတွေ ဘာလိုထင်ထင်၊ ဘာတွေပြောပြော၊ ဖြစ်အောင်လုပ်ပါ။

၇။ အရာရာကို ပိုကောင်းလာအောင် လုပ်ဆောင်ပါ။

ကမ္ဘာပေါ်မှာ ဘယ်သူကမှ Elon Musk လောက် အရာရာကို ပိုကောင်းလာစေချင်တဲ့ စိတ်ကူးမရှိလောက်ပါဘူး။ Elon Musk ပိုင်ဆိုင်တဲ့ Space X, Tesla ကနေ Solar City အထိ လုပ်ငန်းတွေအားလုံးနဲ့ သူ့ဘဝတစ်ခုလုံးက ကမ္ဘာလောကကြီးနဲ့ လူသားတွေအတွက် ပိုကောင်းလာတာတွေပဲ ဖန်တီးပေးနိုင်အောင် ရည်ရွယ်ထားသူ ဖြစ်ပါတယ်။

သင်ခန်းစာ ။ ။ ကမ္ဘာကြီးနဲ့ သင့်ပတ်ဝန်းကျင်က လူတွေအတွက် ပိုကောင်းလာအောင် လုပ်ဆောင်ပါ။ သင်မရှိတော့တဲ့ နောက်ပိုင်းမှာ ဘာတွေ ကျန်ရစ်စေချင်တယ်ဆိုတာအထိ စဉ်းစားလုပ်ဆောင်ပါ။

ဘီလျံနာတွေဟာ သာမာန်လမ်းကြောင်းကို လျှောက်နေသ၍ ဘီလျံနာဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အနေနဲ့ ဘီလျံနာတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သာမာန်ဘဝနဲ့ အတွေးအခေါ်တွေကို တော်လှန်ပုန်ကန်ပြီး ပြောင်းလဲပစ်နိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ လိုပါတယ်။

 

Related Posts

%%footer%%