အသက္ ၃၀ မျပည့္ခင္ မသိႏိုင္ေသးတ့ဲ အခ်က္ ၃၀

အသက္ ၃၀ မျပည့္ခင္ မသိႏိုင္ေသးတ့ဲ အခ်က္ ၃၀

၁။ လူအမ်ားစုက သင့္ကိုေအာင္ျမင္တာ ျမင္ခ်င္ၾကတာ သိလာမယ္
အသက္ ၂၀ ေက်ာ္အရြယ္မွာဆိုရင္ လူေတြက သင့္စိတ္ဆႏၵေတြကို တားျမစ္ပိတ္ပင္ၿပီး ေအာင္ျမင္မွာကို မလိုလားဘူးလို႔ ထင္ေနတတ္ပါတယ္။ သင့္အသက္ ၃၀ ျပည့္ၿပီးရင္ေတာ့ ဒီအေတြးက ဘာမွမဟုတ္တာကို သေဘာေပါက္လာပါလိမ့္မယ္။ သင္ေအာင္ျမင္တာကို ျမင္ခ်င္တ့ဲသူေတြ အမ်ားႀကီးရွိတယ္ဆိုတာကို နားဘည္သိျမင္လာပါလိမ့္မယ္။

၂။ မိတ္ေဆြေဟာင္းေတြနဲ႔ ျပန္ဆက္သြယ္ခ်င္လာမယ္
အသက္ ၃၀ ျပည့္ၿပီးတ့ဲေနာက္မွာ သင့္စိတ္ထဲက နာက်ည္းခ်က္ေတြ အၿငိဳးအေတးေတြကို ဖယ္ထုတ္လုိက္ႏိုင္ပါလိမ့္မယ္။ ဒီအခါမွာ အလွမ္းေ၀းေနတ့ဲ မိတ္ေဆြသူငယ္ခ်င္းေဟာင္းေတြနဲ႔ ျပန္ၿပီးဆက္သြယ္ ရင္ႏွီးခ်င္လာတတ္ပါတယ္။

၃။ အသံအက်ယ္ဆုံးသူက စိတ္အားအငယ္ဆုံးဆိုတာ သိလာမယ္
ကၽြန္ေတာ္တို႔ အမ်ားစုဟာ အသက္ ၂၀ ေက်ာ္အရြယ္တစ္ေလွ်ာက္လုံး ထင္ေပၚေက်ာ္ၾကားသူေတြ၊ အတန္းထဲမွာ လုပ္ငန္းခြင္ထဲမွာ အသံက်ယ္က်ယ္ေျပာႏိုင္သူေတြကို အထင္ႀကီးအားက်တတ္ၾကပါတယ္။ အသက္ ၃၀ ျပည့္ၿပီးရင္ေတာ့ တည္ၿငိမ္ေအးေဆးတ့ဲ ဘ၀ေနထိုင္မႈကို ပိုၿပီးေတာ့ သေဘာက်ဘာပါလိမ့္မယ္။

၄။ ႐ုပ္ရည္သြင္ျပင္က ထင္သေလာက္အေရးမႀကီးတာကို သိလာမယ္
ဘယ္အသက္အရြယ္မဆို လူတိုင္းက ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို စိုးရိမ္တတ္ၾကပါတယ္။ ဒါေပမယ့္ အသက္ ၂၀ ေက်ာ္အရြယ္မွာဆိုရသ္ေတာ့ ႐ုပ္ရည္သြင္ျပင္က အေရးအႀကီးဆုံးလို႔ ထင္တတ္ၾကပါတယ္။ တကယ္တမ္းလက္ေတြ႕မွာေတာ့ သင့္ရဲ႕႐ုပ္ရည္သြင္ျပင္က ဒီေလာက္အေရးမႀကီးဘူးဆိုတာ အသင္ ၃၀ ေက်ာ္ရင္ သေဘာေပါက္လာပါလိမ့္မယ္။ ႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သက္ၿပီး သင့္ရဲ႕စိုးရိမ္မႈကို သင္မေျပာရင္ ဘယ္သူမွမသိႏိုင္ပါဘူး။

၅။ ခႏၶာကိုယ္အနံ႔အသက္က အေရးႀကီးလာတယ္
႐ုပ္ရည္သြင္ျပင္က ဘယ္လိုရွိလဲဆိုတာ အေရးမႀကီးေပမယ့္ သင့္ခႏၶာကိုယ္က ဘယ္လိုအနံ႔အသက္ရွိလဲဆိုတာကေတာ့ တကယ္အေရးႀကီးတယ္ဆိုတာ သိလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ ေရေမႊးေတြ၊ ေခၽြးနံ႔ေပ်ာက္ေဆးေတြက မရွိမျဖစ္လိုအပ္လာပါလိမ့္မယ္။

၆။ မေတာင္းဆိုရင္ မရဘူးဆိုတာ သိလာမယ္
သင့္ မ႐ရွိ မပိုင္ဆိုင္ႏိုင္တာေတြက သင္ မေတာင္းဆိုတတ္လို႔ ျဖစ္ပါတယ္။ ေတာင္းဆိုမွ ရရွိဘာတာေတြက အမ်ားႀကီးရွိပါတယ္။ အလုပ္အကိုင္အခြင့္အလမ္းကေန အခ်စ္ေရးကိစၥအထိ ေတာင္းဆိုသင့္တာကို ေတာင္းဆိုတတ္မွ လက္၀ယ္ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။ အသက္ ၂၀ ေက်ာ္အရြယ္မွာ မေတာင္းဆိုခ်င္ခ့ဲတ့ဲကိစၥေတြအတြင္ အသက္ ၃၀ ေက်ာ္မွ ေနာက္တရပါလိမ့္မယ္။

၇။ အခ်ိန္အၾကာႀကီး အိပ္မေနႏိုင္ေတာ့ပါဘူး
သတိထားၾကည့္ရင္ သိပၸံနည္းက်ရွင္းျပဖို႔ မလိုေလာက္ပါဘူး။ အသက္ ၃၀ ျပည့္ၿပီးေနာက္ပိုင္းမွာ အရင္တုန္းကလို အခ်ိန္အၾကာႀကီး မအိပ္ႏိုင္ေတာ့ပါဘူး။ ဘယ္ေလာက္ပဲ အအိပ္ႀကီးသူျဖစ္ပါေစ အိပ္ခ်ိန္နည္းလာမွာ ေသခ်ာပါတယ္။

၈။ အိပ္မက္ေတြ မမက္ေတာ့ဘူး
သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြကို ေျပာတာမဟုတ္ပါဘူး။ ညအိပ္ရင္မက္တဲ့ အိပ္မက္ေတြကိုေျပာတာပါ။ အသက္ ၃၀ ျပည့္ၿပီးေနာက္ပိုင္းမွာ ညဖက္မက္တ့ဲ အိပ္မက္ေတြ နည္းလာပါလိမ့္မယ္။ မက္ခဲ့မယ္ဆိုရင္လည္း မွတ္မိဖို႔ခက္ခဲပါလိမ့္မယ္။

၉။ က်န္းမာေရးက အရမ္းအေရးပါလာမယ္
က်န္းမာေရးေကာင္းဖို႔က အေရးႀကီးတ့ဲအေျခခံအုတ္ျမစ္ျဖစ္ပါတယ္။ အသက္ ၂၀ ေက်ာ္အရြယ္မွာ က်န္းမာေရးအတြက္ အမ်ားႀကီးစိုးရိမ္စရာမလိုေပမယ့္ အသက္ ၃၀ ျပည့္ၿပီးရင္ေတာ့ အေသးအမႊားေလးကအစ အႀကီးအမားျဖစ္လာႏိုင္တာကို သတိျပဳရမွာပါ။

၁၀။ မိသားစုက သင့္ရပ္တည္မႈအတြက္ အေရးႀကီးလာမယ္
ကၽြန္ေတာ္တို႔အမ်ားစု ကိုယ့္ရဲ႕ျဖစ္တည္မႈမွာ မိသားစုရဲ႕အခန္းက႑ အမ်ားႀကီးပါ၀င္တယ္ဆိုတာကို ၀န္မခံခ်င္တတ္ၾကပါဘူး။ အသက္ ၂၀ ေက်ာ္ အရြယ္တစ္ေလွ်ာက္လုံး ဒီအခ်က္ကို ဆန္႔က်င္ခ့ဲေပမယ့္ ၃၀ ျပည့္ၿပီးတာနဲ႔ သင့္မိသားစုရဲ႕အေရးပါမႈကို နားလည္လာမွာပါ။

၁၁။ အျပင္ေလွ်ာက္လည္ဖို႔ထက္ အိမ္မွာေအးေဆးေနခ်င္လာမယ္
အိမ္မွာပဲ ေအးေအးေဆးေဆးအနားယူတာ ဘယ္လိုေနလဲ မသိဘူးဆိုရင္ အသက္ ၃၀ ေက်ာ္တစ္ေယာက္ေယာက္ကို ေမးၾကည့္ပါ။ ၂၀ ေက်ာ္အရြယ္ လူငယ္တစ္ေယာက္အတြက္ အိမ္မွာနားရတာ ေၾကာင္တယ္လို႔ ထင္ေနႏိုင္ေပမယ့္ ကိုယ့္အိမ္ကိုယ္ရာေလာက္ ေကာင္းတ့ဲေနရာ မရွိဘူးဆိုတာ ၃၀ ျပည့္ၿပီးမွ သိလာပါလိမ့္မယ္။

၁၂။ စြန္႔လႊတ္အနစ္နာခံမႈေတြက ရလဒ္ျပန္ရလာမယ္
အသက္ ၂၀ ကိုေက်ာ္လာတာနဲ႔အမွ် ေပးဆပ္စြန္႔လႊတ္မႈေတြ ပိုလုပ္လာမွာ ျဖစ္ပါတယ္။ အစပိုင္းမွာ ခက္ခဲသလိုရွိေပမယ့္ အရြယ္ရလာတာနဲ႔အမွ် ပိုလြယ္ကူလာမွာပါ။ သင္က အပင္စိုက္သူတစ္ဦးျဖစ္ခ့ဲမယ္ဆိုရင္ အသက္ ၃၀ အရြယ္ဟာ သင္စိုက္ပ်ိဳးခ့ဲတ့ဲ သီးႏွံေတြျပန္ရိတ္သိမ္းရမယ့္ အခ်ိန္လို႔ ေျပာလို႔ရပါတယ္။

၁၃။ အက်င့္ေဟာင္းေတြ ျပင္ဖို႔ခက္လာမယ္
ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ၊ အစားအလြန္အကၽြံစားတာ ဘာပဲျဖစ္ျဖစ္ တစဥ္တစိုက္လုပ္ခ့ဲတ့ဲ အက်င့္ေတြကို ျပဳျပင္ေျပာင္းလဲဖို႔ ခက္ခဲလာပါလိမ့္မယ္။ လုပ္လာတာ ၾကာတာနဲ႔အမွ် ရပ္တန္႔ဖို႔ ပိုခက္ပါတယ္။ ဒါ့ေၾကာင့္ သင့္မွာရွိတ့ဲအက်င့္ဆိုးတစ္ခုခုကို ျပဳျပင္ေျပာင္းလဲခ်င္တယ္ဆိုရင္ အသက္ ၃၀ မတိုင္ခင္ ႀကိဳးစားတာ အေကာင္းဆုံးပါပဲ။

၁၄။ အခ်ိန္ေတြအကုန္ျမန္တာ သတိထားမိလာမယ္
၂၀၀၀ ခုႏွစ္ကို ျဖတ္သန္းခ့ဲတာ ၁၀ ႏွစ္ေလာက္ပဲရွိေသးတယ္လို႔ ထင္ရေပမယ့္ တကယ္ဆိုရင္ ႏွစ္ ၂၀ နီးပါးရွိေနပါၿပီ။ အသက္ ၂၀ ေက်ာ္ ငယ္ရြယ္ခ်ိန္ကဆိုရင္ အခ်ိန္ေတြက အရမ္းၾကာၿပီး တစ္ႏွစ္တစ္ခါေမြးေန႔ေရာက္ဖို႔ ေတာ္ေတာ္ေစာင့္ရပါတယ္။ ဒါေပမယ့္ အသက္ ၃၀ ျပည့္ၿပီးရင္ေတာ့ ေမြးေန႔ ၆ လတစ္ႀကိမ္ေရာက္လာသလို ခံစားရမွာပါ။

၁၅။ မွတ္ဥာဏ္စြမ္းအားေတြ ေလ်ာ့နည္းလာမယ္
အသက္ ၂၀ ေက်ာ္အရြယ္မွာဆိုရင္ သင့္ရဲ႕မွတ္ဥာဏ္စြမ္းအားက သံမဏိေထာင္ေခ်ာက္တစ္ခုလို စြဲျမဲခိုင္မာေနမွာပါ။ အသက္ ၃၀ ေက်ာ္လာၿပီဆိုရင္ေတာ့ အေရးမႀကီးတ့ဲကိစၥေတြ အခ်ိန္အေတာ္ၾကာၾကာကိစၥေတြကို အရင္ကေလညက္ အတိအက်မွတ္မိႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

၁၆။ ကိုယ့္ျပႆနာကိုယ္တိုင္ရွင္းရတာ မ်ားလာပါလိမ့္မယ္
အသက္ ၂၀ ေက်ာ္ လူငယ္ဘ၀မွာ ျပႆနာေတြ အခက္အခဲေတြ ႀကံဳေတြ႔ခ့ဲမယ္ဆိုရင္ တြဲထူၿပီး အားေပးမယ့္သူေတြ အမ်ားႀကီးရွိခ်င္ ရွိႏိုင္ပါတယ္။ အသက္ ၃၀ ေက်ာ္ၿပီဆိုရင္ေတာ့ ကိုယ္ထူကိုယ္ထလုပ္ရတာေတြ ပိုမ်ားလာၿပီး ျပႆနာေတြ အခက္အခဲေတြကိုလည္း ကိုယ္တိုင္ပဲ ေျဖရွင္းရမွာျဖစ္ပါတယ္။

၁၇။ အလုပ္ကို ပိုတန္ဖိုးထားတတ္လာမယ္
အလုပ္ဆိုတာ ေငြေၾကးရဖို႔တစ္ခုတည္းအတြက္ မဟုတ္ဘူးဆိုတာကို နားလည္လာမွာပါ။ အလုပ္ဟူသမွ် ဂုဏ္ရွိစြဆိုတ့ဲ စကားကို ပိုနားလည္လာၿပီး အလုပ္ၿပီးေျမာက္သူတစ္ေယာက္ျဖစ္ရတာကို ဂုဏ္ယူတတ္လာမွာပါ။

၁၈။ စိတ္ခံစားမႈေတြ ပိုမ်ားလာမယ္
အသက္ ၂၀ ေက်ာ္ဘ၀မွာတုန္းကဆိုရင္ စိတ္ခံစားမႈေတြ သိပ္ျပင္းထန္ေလ့မရွိပါဘူး။ အိမ္ေျခမ့ဲသူဖုန္းစားတစ္ေယာက္ကို ေတြ႕ရင္အမွတ္မထင္ ျဖတ္ေလွ်ာက္သြားႏိုင္သလို ေၾကကြဲ၀မ္းနည္းစရာ႐ုပ္ရွင္ဇာတ္လမ္းတစ္ခုၾကည့္ၿပီးေတာ့လည္း ရယ္ေမာ္ေနႏိုင္ပါေသးတယ္။ အသက္ ၃၀ ျပည့္ၿပီးရင္ေတာ့ ဘ၀အေၾကာင္းေတြကို ပိုသိလာၿပီျဖစ္တဲ့အတြက္ စာနာသနားစိတ္နဲ႔ ခံစားမႈေတြ မ်ားလာမွာျဖစ္ပါတယ္။

၁၉။ အဆင္မေျပတာေတြနဲ႔ အဆင္ေျပလာမယ္
လူငယ္ဘ၀မွာ ဘယ္ကိစၥမဆို အဆင္ေျပေခ်ာေမြ႕ေနဖို႔ပဲ ေမွ်ာ္လင့္တတ္ၾကပါတယ္။ အဆင္မေျပမႈ အခက္အခဲတစ္ခုခုကို ေရာဂါဆိုးတစ္ခုလို ေရွာင္ဖယ္တတ္ၾကပါတယ္။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ အဆင္မေျပမႈေတြ အခက္အခဲေတြကပဲ အမွားအမွန္ကို ခြဲျခားသိေစႏိုင္ၿပီး ေျပာင္းလဲဖို႔အတြက္ အားေပးႏိျင္တာ ျဖစ္ပါတယ္။

၂၀။ သင့္အေပၚအားကိုးအားထားသူေတြ မ်ားလာမယ္
အသက္အရြယ္ရလာတာနဲ႔အမွ် သင့္ပတ္၀န္းက်င္မွာ သင့္ကိုအားကိုးအားထားသူေတြ ပိုမ်ားလာမွာ ျဖစ္ပါတယ္။ သင့္မွာ မိသားစုရွိမယ္ သားသမီးေတြရွိမယ္ဆိုရင္ ဒီအခ်က္ကပိုသိသာပါတယ္။ အသက္ ၃၀နားကပ္လာတာနဲ႔ တာ၀န္ေတြ ၀တၲရားေတြလညိး ပိုမ်ားလာမွာျဖစ္ပါတယ္။ ဒါ့အျပင္ တာ၀န္သိမဳ တာ၀န္ယူမႈဆိုတာရဲ႕အဓိပၸါယ္ကို ပိုၿပီးနားလည္လာမွာ ျဖစ္ပါတယ္။

၂၁။ ႏိုင္ငံနဲ႔ ႏိုင္င့ံေရးရာကိစၥေတြကို ပိုစိတ္၀င္စားလာမယ္
အသက္ ၃၀ ျပည့္တ့ဲအခါမွာ အရင္တုန္းကပ်င္းစရာေကာင္းတ့ဲလို႔ ထင္ခ့ဲတ့ဲ ႏိုင္ငံေရးကိစၥေတြက သင့္အတြက္ အေရးပါလာတာကို သိျမင္လာပါလိမ့္မယ္။ လူငယ္ဘ၀မွာ လူမႈဖူလုံေရးနဲ႔ပတ္သက္ၿပီး စိတ္မ၀င္စားခ့ဲေပမယ့္ အသက္အရြယ္ရလာတာနဲ႔ အေလးထားတတ္လာမွာပါ။

၂၂။ ဥာဏ္ပညာ အေမွ်ာ္အျမင္ျပည့္၀လာမယ္
အရြယ္ရလာနဲ႔အမွ် ဥာဏ္အေမွ်ာ္အျမင္ တိုးတက္လာတယ္ဆိုတာ အမွန္ပါပဲ။ ျဖတ္သန္းခဲ့ရတ့ဲ ဘ၀အေတြ႕အၾကံဳေတြအရ အေတြးအေခၚဆန္ဆန္ စကားေတြ၊ သံေ၀ဂစကားေတြ ေျပာတတ္လာၿပီး ပတ္၀န္းက်င္ကလူေတြရဲ႕ ေလးစားမႈကို ရရွိလာမွာ ျဖစ္ပါတယ္။

၂၃။ ပကာသနေတြ သိပ္မမက္ေတာ့ဘူး
လူေတြက ပကာသနေတြကို မက္ေမာတတ္တာ သဘာ၀ပါပဲ။ ၂၀ ေက်ာ္အရြယ္မွာဆိုရင္ ၀ါ၀ါျမင္တိုင္း ေရႊလို႔ထင္မွတ္သလို ပကာသနအေဆာင္အေယာင္ေတြကို အထင္ႀကီးမက္ေမာတတ္ၾကပါတယ္။ ၃၀ ျပည့္ၿပီးၿပီဆိုရင္ေတာ့ ႐ိုးရွင္းတ့ဲဘ၀က အေကာင္းဆုံးဆိုတာကို သိျမင္လက္ခံလာမွာ ျဖစ္ပါတယ္။

၂၄။ အားနည္းခ်က္ေတြကို လက္ခံႏိုင္လာမယ္
လူငယ္ဘ၀မွာေတာ့ သင့္ရဲ႕အားနည္းခ်က္ေတြက ဘယ္လိုမွလက္မခံႏိုင္စရာ ျဖစ္ပါတယ္။ သင့္ကို အားလုံးၿပီးျပည့္စုံၿပီး အားနည္းခ်က္မရွိတ့ဲသူတစ္ေယာက္အျဖစ္ပဲ လူေတြကို ျမင္ေစခ်င္ပါတယ္။ တကယ္ေတာ့ အားနည္းခ်က္ေတြမွာလည္း တန္ဖိုးရွိတာကို အသက္ ၃၀ ျပည့္တ့ဲအခါ နားလည္လာပါလိမ့္မယ္။ အားနည္းခ်က္ေတြက သင့္ကို လူသားပိုဆန္ေစႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

၂၅။ Casual Sex ကို သိပ္သေဘာမေတြ႕ေတာ့ဘူး ျဖစ္လာမယ္
အသက္ ၃၀ အရြယ္ေရာက္လာၿပီးေနာက္ပိုင္းမွာ ခ်စ္သူရည္းစားမဟုတ္ပဲ အခုမွေတြ႕တ့ဲ သူစိမ္းေတြနဲ႔ အေပ်ာ္ခ်စ္တင္းေႏွာတာမ်ိဳးကို သိပ္လိုလားေတာ့မွာ မဟုတ္ပါဘူး။ ၂၀ ေက်ာ္အရြယ္ လူငယ္ဘ၀မွာေတာ့ ဘာမွမဟုတ္ပဲ လိင္ပိုင္းဆိုင္ရာ သာယာမႈရရွိတာက ဆုလာဘ္တစ္ခုလိုပါပဲ။ အသက္ ၃၀ ျပည့္ၿပီးတာနဲ႔ ခ်စ္တင္းေႏွာတ့ဲကိစၥက ႐ုပ္ပိုသ္းဆိုင္ရာ ထိေတြ႕ခံစားမႈ သက္သက္ မဟုတ္ပဲ စိတ္ခံစားမႈေတြ ပါ၀င္မွ အဓိပၸါယ္ျပည့္စုံတာကို သေဘာေပါက္လာပါလိမ့္မယ္။

၂၆။ အျပာဇာတ္လမ္းေတြက ရယ္စရာျဖစ္လာမယ္။
လိင္မႈကိစၥမွာ ႐ုပ္ပိုင္းဆိုင္ရာထက္ စိတ္ပိုင္းဆိုင္ရာ ခံစားမႈကို ပိုအေလးထားတတ္လာၿပီဆိုရင္ အျပာ႐ုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြက ဟာသတစ္ခုလို ရယ္စရာေကာင္းလာပါလိမ့္မယ္။ အျပာဇာတ္လမ္းေတြဟာ လက္ေတြ႕ဘ၀နဲ႔ ကင္းကြားလြန္းတာေၾကာင့္ ရယ္စရာသက္သက္ျဖစ္ေနပါလိမ့္မယ္။

၂၇။ ရာသီဥတုေၾကာင့္ စိတ္ဆိုးစိတ္ညစ္တာေတြ ပိုျဖစ္လာမယ္
ဒီအခ်က္က ပိုလြန္းတယ္လို႔ ထင္ခ်င္ထင္ပါလိမ့္မယ္။ ဒါေပမယ့္ အသက္ ၃၀ နားကပ္လာတာနဲ႔ ရာသီဥတုမေကာင္းတာက သင့္ကိုပိုၿပီး စိတ္ပ်က္ေစႏိုင္တာကို သတိထားမိလာမွာပါ။ ငယ္ရြယ္စဥ္အခါတုန္းက မိုးရြာထဲထြက္ၿပီး ေျပးလႊားကစားရတာက ေပ်ာ္စရာေကာင္းေပမယ့္ အသက္ရလာတာနဲ႔အမွ် မိုးရြားေနၿပီဆိုရင္ လမ္းထိပ္က စတိုးဆိုင္ကိုေတာင္ သြားခ်င္မွာမဟုတ္ပါဘူး။

၂၈။ အေရးမပါတာေတြအတြက္ စိတ္မရွည္ခ်င္ေတာ့ဘူး။
႐ိုး႐ိုးသားသားေျပာရရင္ ၂၀ ေက်ာ္အရြယ္ လူငယ္ဘ၀က ပိုၿပီးေတာ့ ဒရာမာဆန္ပါတယ္။ ဒါေပမယ့္ ၃၀ ျပည့္ၿပီးရင္ေတာ့ ဒရာမာဆန္ဆန္ကိစၥေတြက စိတ္႐ႈပ္စရာျဖစ္လာတတ္ပါတယ္။ ဒီလို အေရးမပါတာေတြအတြက္လည္း သည္းခံႏိုင္စြမ္းနည္းလာၿပီး စိတ္တိုလာတတ္ပါတယ္။

၂၉။ အိပ္မက္ေတြက ရည္မွန္းခ်က္ေတြ ျဖစ္လာမယ္။
၂၀ ေက်ာ္အရြယ္က စိတ္ကူးအိပ္မက္ေတြက ၃၀ ေက်ာ္အရြယ္မွာ ရည္မွန္းခ်က္ပန္းတိုင္ေတြ ျဖစ္လာမွာပါ။ စိတ္ကူးအိပ္မက္ေတြက မူလပိုကီမြန္ဆိုရင္ ရည္မွန္းခ်က္ေတြကေတာ့ အဆင့္ျမင့္ေျပာင္းလဲလာတ့ဲ ပုံစံျဖစ္ပါတယ္။ စိတ္ကူးအိပ္မက္ေတြက သင္ျဖစ္ခ်င္တ့ဲအရာေတြျဖစ္ၿပီး ရည္မွန္းခ်က္ပန္းတိုင္ေတြကေတာ့ သင္ျဖစ္ေအာင္လုပ္မယ့္အရာေတြ ျဖစ္ပါတယ္။

၃၀။ မိမိကိုယ္ကိုယ္ ပိုသေဘာက်လာမယ္
အသက္ ၂၀ ေက်ာ္အရြယ္က သင္ဘယ္လိုလူမ်ိဳးလဲဆိုတာကို စူးစမ္းရွာေဖြေနတ့ဲအရြယ္ ျဖစ္ပါတယ္။ အသက္ ၃၀ ျပည့္ၿပီးတာနဲ႔ သင့္ရဲ႕ျဖစ္တည္မႈကို သင္ကိုယ္တိုင္ သေဘာက်လာမွာ ျဖစ္ပါတယ္။ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ကိုယ့္ကိုယ္ကိုယ္နားလည္ၿပီး ဘယ္သူ႔ကိုမွ ကိုယ္တိုင္ထက္ ပိုသေဘာက်တာမရွိေတာ့ပါဘူး။

ဒါေတြအားလုံးက အသက္ ၃၀ ျပည့္ၿပီးမွ သင္ သေဘာေပါက္လာမယ့္ အခ်က္ေတြပါပဲ။ အခုထဲက သိရွိထားၿပီး ႀကိဳတင္ျပင္ဆင္ထားႏိုင္ၾကပါေစ။


 

အသက် ၃၀ မပြည့်ခင် မသိနိုင်သေးတ့ဲ အချက် ၃၀

၁။ လူအများစုက သင့်ကိုအောင်မြင်တာ မြင်ချင်ကြတာ သိလာမယ်

အသက် ၂၀ ကျော်အရွယ်မှာဆိုရင် လူတွေက သင့်စိတ်ဆန္ဒတွေကို တားမြစ်ပိတ်ပင်ပြီး အောင်မြင်မှာကို မလိုလားဘူးလို့ ထင်နေတတ်ပါတယ်။ သင့်အသက် ၃၀ ပြည့်ပြီးရင်တော့ ဒီအတွေးက ဘာမှမဟုတ်တာကို သဘောပေါက်လာပါလိမ့်မယ်။ သင်အောင်မြင်တာကို မြင်ချင်တ့ဲသူတွေ အများကြီးရှိတယ်ဆိုတာကို နားဘည်သိမြင်လာပါလိမ့်မယ်။

၂။ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆက်သွယ်ချင်လာမယ်
အသက် ၃၀ ပြည့်ပြီးတ့ဲနောက်မှာ သင့်စိတ်ထဲက နာကျည်းချက်တွေ အငြိုးအတေးတွေကို ဖယ်ထုတ်လိုက်နိုင်ပါလိမ့်မယ်။ ဒီအခါမှာ အလှမ်းေ၀းနေတ့ဲ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ ပြန်ပြီးဆက်သွယ် ရင်နှီးချင်လာတတ်ပါတယ်။

၃။ အသံအကျယ်ဆုံးသူက စိတ်အားအငယ်ဆုံးဆိုတာ သိလာမယ်
ကျွန်တော်တို့ အများစုဟာ အသက် ၂၀ ကျော်အရွယ်တစ်လျှောက်လုံး ထင်ပေါ်ကျော်ကြားသူတွေ၊ အတန်းထဲမှာ လုပ်ငန်းခွင်ထဲမှာ အသံကျယ်ကျယ်ပြောနိုင်သူတွေကို အထင်ကြီးအားကျတတ်ကြပါတယ်။ အသက် ၃၀ ပြည့်ပြီးရင်တော့ တည်ငြိမ်အေးဆေးတ့ဲ ဘ၀နေထိုင်မှုကို ပိုပြီးတော့ သဘောကျဘာပါလိမ့်မယ်။

၄။ ရုပ်ရည်သွင်ပြင်က ထင်သလောက်အရေးမကြီးတာကို သိလာမယ်
ဘယ်အသက်အရွယ်မဆို လူတိုင်းက ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အသက် ၂၀ ကျော်အရွယ်မှာဆိုရသ်တော့ ရုပ်ရည်သွင်ပြင်က အရေးအကြီးဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းလက်တွေ့မှာတော့ သင့်ရဲ့ရုပ်ရည်သွင်ပြင်က ဒီလောက်အရေးမကြီးဘူးဆိုတာ အသင် ၃၀ ကျော်ရင် သဘောပေါက်လာပါလိမ့်မယ်။ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး သင့်ရဲ့စိုးရိမ်မှုကို သင်မပြောရင် ဘယ်သူမှမသိနိုင်ပါဘူး။

၅။ ခန္ဓာကိုယ်အနံ့အသက်က အရေးကြီးလာတယ်
ရုပ်ရည်သွင်ပြင်က ဘယ်လိုရှိလဲဆိုတာ အရေးမကြီးပေမယ့် သင့်ခန္ဓာကိုယ်က ဘယ်လိုအနံ့အသက်ရှိလဲဆိုတာကတော့ တကယ်အရေးကြီးတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဒါ့ကြောင့် ရေမွေှးတွေ၊ ချေွးနံ့ပျောက်ဆေးတွေက မရှိမဖြစ်လိုအပ်လာပါလိမ့်မယ်။

၆။ မတောင်းဆိုရင် မရဘူးဆိုတာ သိလာမယ်
သင့် မရရှိ မပိုင်ဆိုင်နိုင်တာတွေက သင် မတောင်းဆိုတတ်လို့ ဖြစ်ပါတယ်။ တောင်းဆိုမှ ရရှိဘာတာတွေက အများကြီးရှိပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကနေ အချစ်ရေးကိစ္စအထိ တောင်းဆိုသင့်တာကို တောင်းဆိုတတ်မှ လက်၀ယ်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက် ၂၀ ကျော်အရွယ်မှာ မတောင်းဆိုချင်ခ့ဲတ့ဲကိစ္စတွေအတွင် အသက် ၃၀ ကျော်မှ နောက်တရပါလိမ့်မယ်။

၇။ အချိန်အကြာကြီး အိပ်မနေနိုင်တော့ပါဘူး
သတိထားကြည့်ရင် သိပ္ပံနည်းကျရှင်းပြဖို့ မလိုလောက်ပါဘူး။ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းမှာ အရင်တုန်းကလို အချိန်အကြာကြီး မအိပ်နိုင်တော့ပါဘူး။ ဘယ်လောက်ပဲ အအိပ်ကြီးသူဖြစ်ပါစေ အိပ်ချိန်နည်းလာမှာ သေချာပါတယ်။

၈။ အိပ်မက်တွေ မမက်တော့ဘူး
သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို ပြောတာမဟုတ်ပါဘူး။ ညအိပ်ရင်မက်တဲ့ အိပ်မက်တွေကိုပြောတာပါ။ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းမှာ ညဖက်မက်တ့ဲ အိပ်မက်တွေ နည်းလာပါလိမ့်မယ်။ မက်ခဲ့မယ်ဆိုရင်လည်း မှတ်မိဖို့ခက်ခဲပါလိမ့်မယ်။

၉။ ကျန်းမာရေးက အရမ်းအရေးပါလာမယ်
ကျန်းမာရေးကောင်းဖို့က အရေးကြီးတ့ဲအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အသက် ၂၀ ကျော်အရွယ်မှာ ကျန်းမာရေးအတွက် အများကြီးစိုးရိမ်စရာမလိုပေမယ့် အသက် ၃၀ ပြည့်ပြီးရင်တော့ အသေးအမွှားလေးကအစ အကြီးအမားဖြစ်လာနိုင်တာကို သတိပြုရမှာပါ။

၁၀။ မိသားစုက သင့်ရပ်တည်မှုအတွက် အရေးကြီးလာမယ်
ကျွန်တော်တို့အများစု ကိုယ့်ရဲ့ဖြစ်တည်မှုမှာ မိသားစုရဲ့အခန်းကဏ္႑ အများကြီးပါ၀င်တယ်ဆိုတာကို ၀န်မခံချင်တတ်ကြပါဘူး။ အသက် ၂၀ ကျော် အရွယ်တစ်လျှောက်လုံး ဒီအချက်ကို ဆန့်ကျင်ခ့ဲပေမယ့် ၃၀ ပြည့်ပြီးတာနဲ့ သင့်မိသားစုရဲ့အရေးပါမှုကို နားလည်လာမှာပါ။

၁၁။ အပြင်လျှောက်လည်ဖို့ထက် အိမ်မှာအေးဆေးနေချင်လာမယ်
အိမ်မှာပဲ အေးအေးဆေးဆေးအနားယူတာ ဘယ်လိုနေလဲ မသိဘူးဆိုရင် အသက် ၃၀ ကျော်တစ်ယောက်ယောက်ကို မေးကြည့်ပါ။ ၂၀ ကျော်အရွယ် လူငယ်တစ်ယောက်အတွက် အိမ်မှာနားရတာ ကြောင်တယ်လို့ ထင်နေနိုင်ပေမယ့် ကိုယ့်အိမ်ကိုယ်ရာလောက် ကောင်းတ့ဲနေရာ မရှိဘူးဆိုတာ ၃၀ ပြည့်ပြီးမှ သိလာပါလိမ့်မယ်။

၁၂။ စွန့်လွှတ်အနစ်နာခံမှုတွေက ရလဒ်ပြန်ရလာမယ်
အသက် ၂၀ ကိုကျော်လာတာနဲ့အမျှ ပေးဆပ်စွန့်လွှတ်မှုတွေ ပိုလုပ်လာမှာ ဖြစ်ပါတယ်။ အစပိုင်းမှာ ခက်ခဲသလိုရှိပေမယ့် အရွယ်ရလာတာနဲ့အမျှ ပိုလွယ်ကူလာမှာပါ။ သင်က အပင်စိုက်သူတစ်ဦးဖြစ်ခ့ဲမယ်ဆိုရင် အသက် ၃၀ အရွယ်ဟာ သင်စိုက်ပျိုးခ့ဲတ့ဲ သီးနှံတွေပြန်ရိတ်သိမ်းရမယ့် အချိန်လို့ ပြောလို့ရပါတယ်။

၁၃။ အကျင့်ဟောင်းတွေ ပြင်ဖို့ခက်လာမယ်
ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားအလွန်အကျွံစားတာ ဘာပဲဖြစ်ဖြစ် တစဉ်တစိုက်လုပ်ခ့ဲတ့ဲ အကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ ခက်ခဲလာပါလိမ့်မယ်။ လုပ်လာတာ ကြာတာနဲ့အမျှ ရပ်တန့်ဖို့ ပိုခက်ပါတယ်။ ဒါ့ကြောင့် သင့်မှာရှိတ့ဲအကျင့်ဆိုးတစ်ခုခုကို ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် အသက် ၃၀ မတိုင်ခင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

၁၄။ အချိန်တွေအကုန်မြန်တာ သတိထားမိလာမယ်
၂၀၀၀ ခုနှစ်ကို ဖြတ်သန်းခ့ဲတာ ၁၀ နှစ်လောက်ပဲရှိသေးတယ်လို့ ထင်ရပေမယ့် တကယ်ဆိုရင် နှစ် ၂၀ နီးပါးရှိနေပါပြီ။ အသက် ၂၀ ကျော် ငယ်ရွယ်ချိန်ကဆိုရင် အချိန်တွေက အရမ်းကြာပြီး တစ်နှစ်တစ်ခါမွေးနေ့ရောက်ဖို့ တော်တော်စောင့်ရပါတယ်။ ဒါပေမယ့် အသက် ၃၀ ပြည့်ပြီးရင်တော့ မွေးနေ့ ၆ လတစ်ကြိမ်ရောက်လာသလို ခံစားရမှာပါ။

၁၅။ မှတ်ဉာဏ်စွမ်းအားတွေ လျော့နည်းလာမယ်
အသက် ၂၀ ကျော်အရွယ်မှာဆိုရင် သင့်ရဲ့မှတ်ဉာဏ်စွမ်းအားက သံမဏိထောင်ချောက်တစ်ခုလို စွဲမြဲခိုင်မာနေမှာပါ။ အသက် ၃၀ ကျော်လာပြီဆိုရင်တော့ အရေးမကြီးတ့ဲကိစ္စတွေ အချိန်အတော်ကြာကြာကိစ္စတွေကို အရင်ကလေညက် အတိအကျမှတ်မိနိုင်မှာ မဟုတ်တော့ပါဘူး။

၁၆။ ကိုယ့်ပြဿနာကိုယ်တိုင်ရှင်းရတာ များလာပါလိမ့်မယ်
အသက် ၂၀ ကျော် လူငယ်ဘ၀မှာ ပြဿနာတွေ အခက်အခဲတွေ ကြုံတွေ့ခ့ဲမယ်ဆိုရင် တွဲထူပြီး အားပေးမယ့်သူတွေ အများကြီးရှိချင် ရှိနိုင်ပါတယ်။ အသက် ၃၀ ကျော်ပြီဆိုရင်တော့ ကိုယ်ထူကိုယ်ထလုပ်ရတာတွေ ပိုများလာပြီး ပြဿနာတွေ အခက်အခဲတွေကိုလည်း ကိုယ်တိုင်ပဲ ဖြေရှင်းရမှာဖြစ်ပါတယ်။

၁၇။ အလုပ်ကို ပိုတန်ဖိုးထားတတ်လာမယ်
အလုပ်ဆိုတာ ငွေကြေးရဖို့တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာကို နားလည်လာမှာပါ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတ့ဲ စကားကို ပိုနားလည်လာပြီး အလုပ်ပြီးမြောက်သူတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတတ်လာမှာပါ။

၁၈။ စိတ်ခံစားမှုတွေ ပိုများလာမယ်
အသက် ၂၀ ကျော်ဘ၀မှာတုန်းကဆိုရင် စိတ်ခံစားမှုတွေ သိပ်ပြင်းထန်လေ့မရှိပါဘူး။ အိမ်ခြေမ့ဲသူဖုန်းစားတစ်ယောက်ကို တွေ့ရင်အမှတ်မထင် ဖြတ်လျှောက်သွားနိုင်သလို ကြေကွဲ၀မ်းနည်းစရာရုပ်ရှင်ဇာတ်လမ်းတစ်ခုကြည့်ပြီးတော့လည်း ရယ်မော်နေနိုင်ပါသေးတယ်။ အသက် ၃၀ ပြည့်ပြီးရင်တော့ ဘ၀အကြောင်းတွေကို ပိုသိလာပြီဖြစ်တဲ့အတွက် စာနာသနားစိတ်နဲ့ ခံစားမှုတွေ များလာမှာဖြစ်ပါတယ်။

၁၉။ အဆင်မပြေတာတွေနဲ့ အဆင်ပြေလာမယ်
လူငယ်ဘ၀မှာ ဘယ်ကိစ္စမဆို အဆင်ပြေချောမွေ့နေဖို့ပဲ မျှော်လင့်တတ်ကြပါတယ်။ အဆင်မပြေမှု အခက်အခဲတစ်ခုခုကို ရောဂါဆိုးတစ်ခုလို ရှောင်ဖယ်တတ်ကြပါတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် အဆင်မပြေမှုတွေ အခက်အခဲတွေကပဲ အမှားအမှန်ကို ခွဲခြားသိစေနိုင်ပြီး ပြောင်းလဲဖို့အတွက် အားပေးနိြင်တာ ဖြစ်ပါတယ်။

၂၀။ သင့်အပေါ်အားကိုးအားထားသူတွေ များလာမယ်
အသက်အရွယ်ရလာတာနဲ့အမျှ သင့်ပတ်၀န်းကျင်မှာ သင့်ကိုအားကိုးအားထားသူတွေ ပိုများလာမှာ ဖြစ်ပါတယ်။ သင့်မှာ မိသားစုရှိမယ် သားသမီးတွေရှိမယ်ဆိုရင် ဒီအချက်ကပိုသိသာပါတယ်။ အသက် ၃၀နားကပ်လာတာနဲ့ တာ၀န်တွေ ၀တ္တရားတွေလညိး ပိုများလာမှာဖြစ်ပါတယ်။ ဒါ့အပြင် တာ၀န်သိမု တာ၀န်ယူမှုဆိုတာရဲ့အဓိပ္ပါယ်ကို ပိုပြီးနားလည်လာမှာ ဖြစ်ပါတယ်။

၂၁။ နိုင်ငံနဲ့ နိုင်င့ံရေးရာကိစ္စတွေကို ပိုစိတ်၀င်စားလာမယ်
အသက် ၃၀ ပြည့်တ့ဲအခါမှာ အရင်တုန်းကပျင်းစရာကောင်းတ့ဲလို့ ထင်ခ့ဲတ့ဲ နိုင်ငံရေးကိစ္စတွေက သင့်အတွက် အရေးပါလာတာကို သိမြင်လာပါလိမ့်မယ်။ လူငယ်ဘ၀မှာ လူမှုဖူလုံရေးနဲ့ပတ်သက်ပြီး စိတ်မ၀င်စားခ့ဲပေမယ့် အသက်အရွယ်ရလာတာနဲ့ အလေးထားတတ်လာမှာပါ။

၂၂။ ဉာဏ်ပညာ အမျှော်အမြင်ပြည့်၀လာမယ်
အရွယ်ရလာနဲ့အမျှ ဉာဏ်အမျှော်အမြင် တိုးတက်လာတယ်ဆိုတာ အမှန်ပါပဲ။ ဖြတ်သန်းခဲ့ရတ့ဲ ဘ၀အတွေ့အကြုံတွေအရ အတွေးအခေါ်ဆန်ဆန် စကားတွေ၊ သံေ၀ဂစကားတွေ ပြောတတ်လာပြီး ပတ်၀န်းကျင်ကလူတွေရဲ့ လေးစားမှုကို ရရှိလာမှာ ဖြစ်ပါတယ်။

၂၃။ ပကာသနတွေ သိပ်မမက်တော့ဘူး
လူတွေက ပကာသနတွေကို မက်မောတတ်တာ သဘာ၀ပါပဲ။ ၂၀ ကျော်အရွယ်မှာဆိုရင် ဝါဝါမြင်တိုင်း ရွေှလို့ထင်မှတ်သလို ပကာသနအဆောင်အယောင်တွေကို အထင်ကြီးမက်မောတတ်ကြပါတယ်။ ၃၀ ပြည့်ပြီးပြီဆိုရင်တော့ ရိုးရှင်းတ့ဲဘ၀က အကောင်းဆုံးဆိုတာကို သိမြင်လက်ခံလာမှာ ဖြစ်ပါတယ်။

၂၄။ အားနည်းချက်တွေကို လက်ခံနိုင်လာမယ်
လူငယ်ဘ၀မှာတော့ သင့်ရဲ့အားနည်းချက်တွေက ဘယ်လိုမှလက်မခံနိုင်စရာ ဖြစ်ပါတယ်။ သင့်ကို အားလုံးပြီးပြည့်စုံပြီး အားနည်းချက်မရှိတ့ဲသူတစ်ယောက်အဖြစ်ပဲ လူတွေကို မြင်စေချင်ပါတယ်။ တကယ်တော့ အားနည်းချက်တွေမှာလည်း တန်ဖိုးရှိတာကို အသက် ၃၀ ပြည့်တ့ဲအခါ နားလည်လာပါလိမ့်မယ်။ အားနည်းချက်တွေက သင့်ကို လူသားပိုဆန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

၂၅။ Casual Sex ကို သိပ်သဘောမတွေ့တော့ဘူး ဖြစ်လာမယ်
အသက် ၃၀ အရွယ်ရောက်လာပြီးနောက်ပိုင်းမှာ ချစ်သူရည်းစားမဟုတ်ပဲ အခုမှတွေ့တ့ဲ သူစိမ်းတွေနဲ့ အပျော်ချစ်တင်းနှောတာမျိုးကို သိပ်လိုလားတော့မှာ မဟုတ်ပါဘူး။ ၂၀ ကျော်အရွယ် လူငယ်ဘ၀မှာတော့ ဘာမှမဟုတ်ပဲ လိင်ပိုင်းဆိုင်ရာ သာယာမှုရရှိတာက ဆုလာဘ်တစ်ခုလိုပါပဲ။ အသက် ၃၀ ပြည့်ပြီးတာနဲ့ ချစ်တင်းနှောတ့ဲကိစ္စက ရုပ်ပိုသ်းဆိုင်ရာ ထိတွေ့ခံစားမှု သက်သက် မဟုတ်ပဲ စိတ်ခံစားမှုတွေ ပါ၀င်မှ အဓိပ္ပါယ်ပြည့်စုံတာကို သဘောပေါက်လာပါလိမ့်မယ်။

၂၆။ အပြာဇာတ်လမ်းတွေက ရယ်စရာဖြစ်လာမယ်။
လိင်မှုကိစ္စမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုအလေးထားတတ်လာပြီဆိုရင် အပြာရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေက ဟာသတစ်ခုလို ရယ်စရာကောင်းလာပါလိမ့်မယ်။ အပြာဇာတ်လမ်းတွေဟာ လက်တွေ့ဘ၀နဲ့ ကင်းကွားလွန်းတာကြောင့် ရယ်စရာသက်သက်ဖြစ်နေပါလိမ့်မယ်။

၂၇။ ရာသီဥတုကြောင့် စိတ်ဆိုးစိတ်ညစ်တာတွေ ပိုဖြစ်လာမယ်
ဒီအချက်က ပိုလွန်းတယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် အသက် ၃၀ နားကပ်လာတာနဲ့ ရာသီဥတုမကောင်းတာက သင့်ကိုပိုပြီး စိတ်ပျက်စေနိုင်တာကို သတိထားမိလာမှာပါ။ ငယ်ရွယ်စဉ်အခါတုန်းက မိုးရွာထဲထွက်ပြီး ပြေးလွှားကစားရတာက ပျော်စရာကောင်းပေမယ့် အသက်ရလာတာနဲ့အမျှ မိုးရွားနေပြီဆိုရင် လမ်းထိပ်က စတိုးဆိုင်ကိုတောင် သွားချင်မှာမဟုတ်ပါဘူး။

၂၈။ အရေးမပါတာတွေအတွက် စိတ်မရှည်ချင်တော့ဘူး။
ရိုးရိုးသားသားပြောရရင် ၂၀ ကျော်အရွယ် လူငယ်ဘ၀က ပိုပြီးတော့ ဒရာမာဆန်ပါတယ်။ ဒါပေမယ့် ၃၀ ပြည့်ပြီးရင်တော့ ဒရာမာဆန်ဆန်ကိစ္စတွေက စိတ်ရှုပ်စရာဖြစ်လာတတ်ပါတယ်။ ဒီလို အရေးမပါတာတွေအတွက်လည်း သည်းခံနိုင်စွမ်းနည်းလာပြီး စိတ်တိုလာတတ်ပါတယ်။

၂၉။ အိပ်မက်တွေက ရည်မှန်းချက်တွေ ဖြစ်လာမယ်။
၂၀ ကျော်အရွယ်က စိတ်ကူးအိပ်မက်တွေက ၃၀ ကျော်အရွယ်မှာ ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်လာမှာပါ။ စိတ်ကူးအိပ်မက်တွေက မူလပိုကီမွန်ဆိုရင် ရည်မှန်းချက်တွေကတော့ အဆင့်မြင့်ပြောင်းလဲလာတ့ဲ ပုံစံဖြစ်ပါတယ်။ စိတ်ကူးအိပ်မက်တွေက သင်ဖြစ်ချင်တ့ဲအရာတွေဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်တွေကတော့ သင်ဖြစ်အောင်လုပ်မယ့်အရာတွေ ဖြစ်ပါတယ်။

၃၀။ မိမိကိုယ်ကိုယ် ပိုသဘောကျလာမယ်
အသက် ၂၀ ကျော်အရွယ်က သင်ဘယ်လိုလူမျိုးလဲဆိုတာကို စူးစမ်းရှာဖွေနေတ့ဲအရွယ် ဖြစ်ပါတယ်။ အသက် ၃၀ ပြည့်ပြီးတာနဲ့ သင့်ရဲ့ဖြစ်တည်မှုကို သင်ကိုယ်တိုင် သဘောကျလာမှာ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ်နားလည်ပြီး ဘယ်သူ့ကိုမှ ကိုယ်တိုင်ထက် ပိုသဘောကျတာမရှိတော့ပါဘူး။

ဒါတွေအားလုံးက အသက် ၃၀ ပြည့်ပြီးမှ သင် သဘောပေါက်လာမယ့် အချက်တွေပါပဲ။ အခုထဲက သိရှိထားပြီး ကြိုတင်ပြင်ဆင်ထားနိုင်ကြပါစေ။

Related Posts

%%footer%%