မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျာလေးတိုင်း အားကျရစေမည့် Gentleman Magazine
အိပ်ရာထက်က ညည်းရှိုက်သံတို့ရဲ့ အကြောင်းရင်း
ချစ်တင်းနှောကြတဲ့အခါမှာ ညည်းသံရှိုက်သံတွေ ကျယ်ကျယ်ထွက်ပေါ်လာတာက ပိုကောင်းတဲ့ သာယာမှုကို ရရှိတာကြောင့်လို့ ယုံကြည်ထားတတ်ကြပါတယ်။ အများစုက ဒီအချက်ကို မှန်တယ်လို့ လက်ခံထားကြပေမယ့် နားလည်မှုလွဲနေတာတွေ အများကြီးရှိပါတယ်။
ဟုတ်ပါတယ်။ ချစ်တင်းနှောနေတဲ့အချိန်မှ သင့်ချစ်သူမိန်းကလေးက သင့်နာမည်ကို ခေါ်မယ်၊ ကျယ်လောင်စွာ ညည်းမယ်ဆိုရင် သင့်ရဲ့စွမ်းဆောင်ရည်ကောင်းတာကြောင့်လို့ ထင်မှတ်စရာပါပဲ။ ဒါပေမယ့် ဒီလိုအသံတွေထွက်လာရတဲ့ အကြောင်းရင်းအစစ်အမှန်က သင်ထင်ထားတာနဲ့ လုံး၀ဆန့်ကျင်ဖက်ဆိုရင် ယုံနိုင်ပါ့မလား။
ဒီလို ချစ်တင်းနှောချိန်မှာ ကျယ်လောင်စွာအသံပြုတာနဲ့့ပတ်သက်ပြီး အသက် ၁၈ နှစ်နဲ့ ၄၈ နှစ်ကြား အမျိုးသမီးဦးရေ ၇၀ ကျော်ကို မေးခွန်းတွေမေးမြန်းပြီး လေ့လာမှုတစ်ခု ပြုလုပ်ထားတာ ရှိပါတယ်။ ဒီလေ့လာမှုအရ အမျိုးသမီးအများစုဟာ ချစ်တင်းနှောချိန်မှာ အသံတွေထွက်ကြပေမယ့် ကိစ္စပြီးလို့ ထွက်တာတော့မဟုတ်ပါဘူး။ လေ့လာမှုမှာ ပါ၀င်ခဲ့တဲ့အမျိုးသမီးတွေရဲ့ ၆၆ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ယောင်္ကျားလေးအဖော်ကို ခံစားမှုအထွဋ်အထိပ် မြန်မြန်ရောက်အောင် အသံပြုပေးကြတာဖြစ်ပြီး ၈၇ ရာခိုင်နှုန်းကတော့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ဖို့အတွက် အသံပြုတာဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်
ထင်မှတ်မထားတဲ့ ရလဒ်ပဲ မဟုတ်ပါလား
ဒီလေ့လာမှုအရ ချစ်တင်းနှောချိန်မှာ အမျိုးသမီးတွေအသံပြုကြတာဟာ သင့်ကို ကိစ္စမြန်မြန်ပြီးစေဖို့ပဲလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ၀န်ခံလိုက်ပါ။ တကယ်လည်း အလုပ်ဖြစ်တာကို အားလုံးသိကြမှာပါ။
အမျိုးသမီးအများစုဟာ ချစ်တင်းမနှောခင် ကနဦးအစပျိုးချိန်မှာကတည်းက ကိစ္စပြီးနိုင်ကြပြီး ယောင်္ကျားလေး ကိစ္စမပြီးခင်နဲ့ ပြီးနေချိန်မှာ အသံမျိုးစုံထွက်ပြတတ်ကြပါတယ်။ ဒီလိုအသံပြုကြတာဟာ ချစ်တင်းနှောနေချိန် ပင်ပန်းမှု၊ ငြီးငွေ့မှုနဲ့ အဆင်မပြေမှုကို သက်သာအောင်လို့ လုပ်တာဖြစ်တယ်လို့လည်း အမျိုးသမီးတွေက ဖြေကြားထားပါတယ်
ဟုတ်ပါတယ်။ ချစ်တင်းနှောတဲ့နေရာများ အမျိုးသားဖက်က မလုပ်တတ်မကိုင်တတ်လို့ သူမအတွက် စိတ်တိုင်းမကျ၊ အဆင်မပြေဖြစ်နေရရင် ကိစ္စမြန်မြန်ပြီးသွားအောင်လို့ အသံတွေပြု၊ အရမ်းကောင်းနေသလို ဟန်တွေဆောင်တတ်ကြပါတယ်။ မြန်မြန်ပြီး အေးရော ဆိုသလိုပါပဲ။
ဒါပေမယ့်လည်း သင်တို့ကို ပိုစိတ်ကြွလာစေအောင်ပဲဖြစ်ဖြစ်၊ မြန်မြန်ကိစ္စပြီးသွားအောင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တကယ်ပဲ သဘောကျလို့ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် မိန်းကလေးတွေရဲ့ ညည်းရှိုက်သံတွေက လက်မခံနိုင်စရာတော့ မဟုတ်ပါဘူး။ ဒီတော့ စိတ်ထဲမထားပဲ လုပ်စရာရှိတာသာ လုပ်ကြပါဗျာ။
မိန်းကလေးတိုင်းတောင့်တပြီး ယောကျၤာလေးတိုင်း အားကျရစေမည့် Gentleman Magazine