အမ်ိဳးသားတိုင္းအတြက္ ဘ၀အခက္အခဲေတြ ရင္ဆိုင္ႏိုင္ဖို႔ နည္းလမ္း ၅ ခု
Zawgyi
ေယာကၤ်ားေလးေတြအေၾကာင္း ေျပာတဲ့အခါမွာ ေယာကၤ်ားပီသမႈအတြက္ အားလံုးေသာအမ်ိဳးသားေကာင္းေတြ လုိက္နာရမယ့္ ထံုးစံစည္းမ်ဥ္းေတြကို ေျပာေလ့ရွိၾကပါတယ္။ ဘာမဆို ကိုယ္တိုင္ကိုယ္က်လုပ္တတ္ဖို႔၊ အသံုးအေဆာင္ပစၥည္းေတြကို သံုးတတ္ဖို႔၊ ရန္ပြဲေတြမွာ အႏိုင္ရဖို႔ စသျဖင့္ အာဂေယာကၤ်ားတစ္ေယာက္အျဖစ္ စာရင္းသြင္းခံရဖို႔ ဘာမွန္းမသိလိုက္နာေနရတဲ့ စည္းမ်ဥ္းေတြျဖစ္ပါတယ္။
ဒီလိုေယာကၤ်ားပီသမႈနဲ႔ ပတ္သက္ၿပီး သိပ္မေျပာျဖစ္ၾကတာက ကိုယ္ပိုင္ျပႆနာေတြကို ဘယ္လိုကိုင္တြယ္ ေျဖရွင္းမလဲ ဆိုတာပါပဲ။ ေယာကၤ်ားေလးအမ်ားစု ရင္ဆိုင္ၾကံဳေတြ႕ေနၾကရတဲ့ ျပႆနာက ကိုယ့္ကိုယ္ကိုယ္ ဂ႐ုမစိုက္တတ္တာပဲ ျဖစ္ပါတယ္။ ေယာကၤ်ားေလးေတြထဲမွာ ကိုယ့္စိတ္ခံစားခ်က္ကို ဦးစားေပးတဲ့သူက အရမ္းကို ရွားပါတယ္။ မ်ားေသာအားျဖင့္ အျခားသူေတြ(အထူးသျဖင့္ အမ်ိဳးသမီးေတြ) ေပၚမွာ မူတည္ေနတတ္ပါတယ္။ ပိုဆိုးတာက ေယာကၤ်ားေလးေတြမွာ စိတ္ခံစားမႈပိုင္းဆိုင္ရာ လိုအပ္ခ်က္တစ္စံုတစ္ရာ ရွိခဲ့ရင္ေတာင္ ၀န္ခံဖြင့္ဟဖို႔ ခက္ေနတတ္တာပါပဲ။ ဒီလို စိတ္အားငယ္မႈမ်ိဳးကို ၀န္ခံတာက ေယာကၤ်ားမပီသတာ အျဖစ္ သတ္မွတ္ခံရတတ္ပါတယ္။
သင့္ဘ၀မွာ ဘယ္ေနရာေရာက္ေရာက္၊ ဘယ္သူပဲျဖစ္ျဖစ္ တစ္ခါတစ္ေလမွာ တစ္ေလာကလံုးက သင့္ခံစားခ်က္ကို အေရးလုပ္မွာ မဟုတ္ပါဘူး။ သင့္အေနနဲ႔ စြန္႔ပစ္ခံရတာ၊ အလုပ္ျပဳတ္တာ၊ စိတ္႐ႈပ္စရာေကာင္းတဲ့ အခ်စ္ေရးကိစၥေၾကာင့္ နံရံနဲ႔ေခါင္းေျပးေစာင့္ခ်င္စိတ္ေပါက္ေနတာက စၿပီး ဘ၀ကို စိတ္ကုန္လြန္းလို႔ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခ်င္စိတ္ေပါက္လာတဲ့အထိ သင္က ေယာကၤ်ားတစ္ေယာက္ျဖစ္တဲ့အတြက္ မွ်ေ၀ခံစားေပးခ်င္တဲ့သူက မရွိသေလာက္ ရွားပါလိမ့္မယ္။ ဒီလို ခက္ခဲၾကမ္းတမ္းတဲ့ အခိုက္အတန္႔ေတြကို ေက်ာ္ျဖတ္ဖို႔က ငါေယာကၤ်ားပဲ မငိုနဲ႔ ဆိုၿပီး အံ့ၾကိတ္သည္းခံေနရမွာ မဟုတ္ပါဘူး။ အရက္ေတြေသာက္၊ အေပ်ာ္အပါးေတြလုိက္စားၿပီး ေနရမွာလည္း မဟုတ္ပါဘူး။ ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတဲ့ နည္းလမ္း (၅)ခု ရွိပါတယ္။
၁။ အကူအညီေတာင္းပါ။
ေယာကၤ်ားေလးေတြ အားလံုးအတြက္ အေရးအႀကီးဆံုးပထမဆံုး အခ်က္က လုိအပ္လာရင္ အကူအညီေတာင္းတတ္ဖို႔ပဲ ျဖစ္ပါတယ္။ ေယာကၤ်ားေလးအမ်ားစုက အျခားသူဆီက အကူအညီေတာင္းတာဟာ ေယာကၤ်ားမပီသတဲ့ကိစၥအျဖစ္ သေဘာထားတတ္ၾကပါတယ္။ တကယ္လည္း ေလာကႀကီးထဲမွာ ေယာကၤ်ားေကာင္းဆိုတာ အားလံုးကို ရင္ဆိုင္ေျဖရွင္း အႏိုင္ယူတတ္ၾကသူေတြအျဖစ္ လက္ခံထားၾကပါတယ္။ အျခားသူကို အကူအညီေတာင္းသူေတြဟာ အဆင့္နိမ့္အမ်ိဳးသားေတြအျဖစ္ သတ္မွတ္ၾကပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ အကူအညီေတာင္းတာဟာ လိုအပ္တဲ့အရာတစ္ခု ျဖစ္ပါတယ္။ သင္မစြမ္းေဆာင္ႏိုင္တဲ့ အရာတစ္ခုကို ၀န္ခံရဲတာကလည္း အားသာခ်က္ပါပဲ။ သင့္ကိုယ္သင္ နားလည္သေဘာေပါက္တာက အားနည္းခ်က္ကို ဖုံးကြယ္ၿပီး ေယာကၤ်ားပီသသလိုနဲ႔ တစ္ေယာက္တည္း ဒုကၡႀကိတ္ခံေနတာထက္ အမ်ားႀကီး ပိုေကာင္းပါတယ္။ တစ္ခါတစ္ေလမွာ တစ္ေယာက္တည္း ေျဖရွင္းလို႔မရတဲ့ အေၾကာင္းကိစၥေတြ အမ်ားႀကီးရွိပါတယ္။ ဒီလိုအခါမ်ိဳးမွာ လိုအပ္တဲ့အကူအညီကို ေတာင္းခံတတ္ဖို႔ လိုပါတယ္။
၂။ စိတ္ဓာတ္ကို လႈံ႕ေဆာ္ႏိုင္သည့္အရာမ်ားကို ရွာေဖြပါ
ဘ၀ဆိုတာ အျမဲတမ္း တသမတ္တည္းျဖစ္မေနတတ္ပါဘူး။ ေကာင္းတစ္ခါ ဆိုးတလွည့္ျဖစ္တဲ့အတြက္ေၾကာင့္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဒီလို အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာ စိတ္ဓာတ္ေတြ က်ဆင္းၿပီး ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေတာ့သလို ျဖစ္သြားတတ္ပါတယ္။ ဒီလိုအခါမ်ိဳးမွာ ေလာကႀကီးရဲ႕ အလွတရားနဲ႔ ေပ်ာ္ရႊင္မႈကို ေဖာ္ျပေပးႏိုင္မယ့္၊ သင့္စိတ္ကို လန္းဆန္းတက္ၾကြေစႏိုင္မယ့္ အရာေတြ လိုအပ္ပါတယ္။ ေရပူစိမ္တာ၊ အႏွိပ္ခံတာ၊ အစားေကာင္းစားတာ စသျဖင့္ ဘာပဲျဖစ္ျဖစ္ သင့္ရဲ႕ စိတ္ခံစားမႈနဲ႔ နာမ္ပိုင္းဆိုင္ရာ အေျခအေနေကာင္းမြန္ေစတဲ့ အရာေတြကို လုပ္ေဆာင္သင့္ပါတယ္။ ေယာကၤ်ားေလးေတြဟာ စိတ္ခံစားမႈပိုင္းထက္ ႐ုပ္ပိုင္းဆိုင္ရာလုိအပ္ခ်က္ေတြကို ဦးစားေပးတတ္ၾကတယ္ ဆိုေပမယ့္ စိတ္ဓာတ္ကိုလည္း အဟာရျဖည့္ေပးဖို႔ လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဘာလုပ္တာပဲျဖစ္ျဖစ္ အိပ္ရာထဲမွာ စိတ္ဓာတ္က်ၿပီး လွဲေနတာက ထၿပီးလုပ္ျဖစ္မယ့္ အရာေတြကို လုပ္ေဆာင္ပါ။ ဒီလိုနည္းလမ္းေတြနဲ႔ စိတ္လႈပ္ရွားရတာတစ္ခုကို ရွာေဖြၿပီး ေပ်ာ္ရႊင္ေအာင္ ႀကိဳးစားပါ။
၃။ က်န္းမာေရးေကာင္းေအာင္ ဂ႐ုစိုက္ပါ
သင့္ရဲ႕ စိတ္ဓာတ္ကို ခြန္အားျဖည့္ေပးဖို႔ အေရးႀကီးသလိုပဲ ခႏၶာကိုယ္ကိုလည္း ဂ႐ုစုိက္ဖို႔ လိုပါတယ္။ သင့္ရဲ႕ ခႏၶာကိုယ္ထဲကို ထည့္သြင္းစားေသာက္တဲ့ စားေသာက္ဖြယ္ရာေတြက သင့္စိတ္ခံစားခ်က္နဲ႔ တိုက္႐ိုက္ ပတ္သက္ဆက္ႏြယ္ေနပါတယ္။ အလြယ္တကူ၀ယ္စားလို႔ရတဲ့ အျပင္စာေတြမွာ သၾကားဓာတ္၊ အငံဓာတ္နဲ႔ အဆီဓာတ္ေတြ မ်ားတာေၾကာင့္ မူးယစ္ေဆးလိုပဲ စြဲလမ္းတတ္ပါတယ္။ ဒီလိုအစားအစာေတြ စားသံုးပါမ်ားရင္ ေလးလံထိုင္းမႈိင္းတာ၊ အလုပ္လုပ္ခ်င္စိတ္ေလ်ာ့နည္းတာေတြ ျဖစ္တတ္ၿပီး စိတ္ခံစားမႈေရာ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ က်န္းမာေရးနဲ႔ညီညႊတ္ၿပီး သန္႔ရွင္းလတ္ဆတ္တဲ့ အစားအစာေတြ စားသံုးေပးဖို႔ လိုအပ္ပါတယ္။ အသားဓာတ္မ်ားတဲ့ အသားငါးေတြ၊ ဟင္းသီးဟင္းရြက္ေတြကို သံုးေဆာင္ေပးျခင္းအားျဖင့္ ကိုယ္ေရာစိတ္ပါ က်န္းမာလန္းဆန္း ေပ်ာ္ရႊင္ေစမွာ ျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးပါဘူး ေရမ်ားမ်ားေသာက္ဖို႔လည္း လိုပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းအားျဖင့္ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္႐ုံသာမကပဲ စိတ္ေရာကိုယ္ပါ လန္းဆန္းတက္ၾကြေစႏိုင္ပါတယ္။ ေနာက္တစ္ခုက ရွိပါေသးတယ္။ ကိုယ္လက္လႈပ္ရွားမႈ လုပ္ေဆာင္ပါ။ လူသားေတြရဲ႕ ခႏၶာကိုယ္ဟာ လႈပ္ရွားဖို႔အတြက္ ဒီဇိုင္းလုပ္ထားတာပါ။ ထိုင္ၿပီး ၿငိမ္ေနဖို႔မဟုတ္ပါဘူး။ ကိုယ္လက္လႈပ္ရွားပါဆိုတဲ့ေနရာမွာ ေငြကုန္ေၾကးက်မ်ားတဲ့ Gym သြားကစားတာ၊ မာရသြန္၀င္ေျပးတာေတြ မလုပ္ခ်င္လည္းရပါတယ္။ တစ္ေန႔တာမွာ အတိုင္းအတာတစ္ခုအထိ လႈပ္လႈပ္ရွားရွား လုပ္ရမယ့္ လမ္းေလွ်ာက္တာ၊ ေဘာလံုးကစားတာ ဒါမွမဟုတ္ ေယာဂေလ့က်င့္တာတို႔ေလာက္ လုပ္ေပးရင္ လံုေလာက္ပါၿပီ။
၄။ မွန္ကန္တဲ့ အေပါင္းအသင္းေတြကို ရွာေဖြပါ
ေယာကၤ်ားေလးေတြအတြက္ မိမိကိုယ္ကို ဂ႐ုစိုက္နည္းလမ္းေတြထဲမွာ ေနာက္ထပ္အေရးႀကီးတာတစ္ခုက စိတ္တူကိုယ္တူအေပါင္းအသင္းေတြ ရွိဖို႔ပဲျဖစ္ပါတယ္။ လူသားေတြဟာ လူမႈေရးနဲ႔မကင္းႏိုင္တဲ့အတြက္ သင့္ကို အားေပးေထာက္ပံ့ေပးႏိုင္မယ့္သူေတြ သင့္အနားမွာရွိေနဖို႔ လိုအပ္ပါတယ္။ အေပါင္းအသင္းရွာေဖြရာမွာ အေရးႀကီးတာတစ္ခုက မွန္ကန္တဲ့လူေတြကို ေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပံုလိုပါပဲ သင္ေရြးခ်ယ္ထားတဲ့ အေပါင္းအသင္းေတြရဲ႕ စ႐ိုက္လကၡဏာေတြက သင့္ဆီကို ကူးစက္လာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကို လမ္းေၾကာင္းလြဲေစမယ့္၊ စိတ္ဓာတ္က်ေစႏိုင္တဲ့ အေပါင္းအသင္းေတြကို ေရွာင္ၾကင္ၿပီး သင့္ရဲ႕ျဖစ္ႏိုင္ေခ်အလားအလာကို အေကာင္းဆံုးျမွင့္တင္ အားေပးႏုိင္မယ့္သူေတြကိုပဲ အာ႐ုံစိုက္ပါ။
၅။ အနားယူပါ
တိုးတက္မႈကို ရွာေဖြရာမွာပဲျဖစ္ျဖစ္၊ ရည္မွန္းခ်က္တစ္ခုကို အေကာင္အထည္ေဖာ္ရာမွာပဲ ျဖစ္ျဖစ္ တစ္ခါတစ္ေလမွာ ေခတၱခဏအနားယူေပးဖို႔ လိုအပ္ပါတယ္။ ကၽြန္ေတာ္တို႔ အားလံုးဟာ စိတ္ကူးအိပ္မက္ေတြကို မရပ္မနားတန္းအေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားဖို႔ ဘယ္ေတာ့မွာ လက္ေလွ်ာ့အရႈံးမေပးဖို႔ သင္ၾကားခံခဲ့ရပါတယ္။ ဒီသေဘာတရားေတြက စိတ္ဓာတ္တက္ၾကြေစမယ့္ မိန္႔ခြန္းေတြမွာေတာ့ အသံုး၀င္ပါတယ္။ တကယ္တမ္းလက္ေတြ႕မွာကေတာ့ ၿငီးေငြ႕စရာေကာင္းၿပီး နာက်င္ခံစားရပါတယ္။ တစ္ခါတစ္ေလမွာ လုပ္ေနတာေတြ ခဏေလာက္ရပ္တန္႔ၿပီး အနားယူမယ္ဆိုရင္ ႏိုင္ငံေတာ္သစၥာေဖာက္မႈေလာက္နီးနီး အျပစ္တင္တတ္ၾကပါတယ္။ ဒီကိစၥကို ဗီဒီယိုဂိမ္းကစားတာနဲ႔ ဥပမာထားၾကည့္ရေအာင္။ သင့္အေနနဲ႔ ဂိမ္းတစ္ခုကစားရင္း တစ္ေနရာတည္းမွာပဲ ထပ္ကာတလဲလဲ ေသေနမယ္။ ျပန္ကစားတယ္၊ ျပန္ေသတယ္၊ စိတ္မရွည္ေတာ့ပဲ ထပ္ကစားတယ္ ထပ္ေသတယ္။ ဒီလို ဘာျဖစ္မယ္ဆိုတာ သိသိႀကီးနဲ႔ ျပန္ျပန္ကစားေနရတာ၊ ဒါလည္း မေအာင္ျမင္ႏိုင္ေသးတာက ဘယ္ေလာက္ထိ စိတ္ပ်က္စရာေကာင္းလည္း ဂိမ္းကစားတဲ့သူတိုင္း သိပါလိမ့္မယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ကိစၥတစ္ခုကို မေအာင္ျမင္မခ်င္း လုပ္ေဆာင္တာက ေပ်ာ္စရာေကာင္းမယ္ထင္ပါလား။ မဟုတ္ပါဘူး တကယ္ကို စိတ္ဖိစီးမႈပါပဲ။ ဒီလိုအခ်ိန္မွာ ဂိမ္းခလုတ္ကို ခဏခ်ထားလိုက္ပါ။ ဟိုနားဒီနား လမ္းေလးအနည္းငယ္ေလွ်ာက္လိုက္ပါ။ ခဏေလာက္ ဂိမ္းအေၾကာင္းေမ့ထားၿပီး အနားယူလိုက္ပါ။ ၿပီးမွ ဒီအခန္းကို ျပန္ကစားမယ္ဆိုရင္ ခုနကလို အရမ္းစိတ္ဖိစီးမႈမရွိေတာ့ပဲ အျမင္သစ္နဲ႔ ျပႆနာကို ေျဖရွင္းႏိုင္မွာပါ။ ဘ၀မွာၾကံဳေတြ႕ရတဲ့ ျပႆနာေတြကလည္း ဒီလိုပါပဲ။ သင့္အေနနဲ႔ ရင္ဆိုင္ေျဖရွင္းဖို႔ ပင္ပန္းလာတဲ့အခါမွာ ေခတၱခဏအနားယူၿပီး အားျဖည့္လိုက္ပါ။ ဘ၀ရဲ႕အျခားေသာအစိတ္အပိုင္းေတြကို အာ႐ုံလႊဲလိုက္ပါ။ မူလျပႆနာကို ျပန္ေျဖရွင္းတဲ့အခါ အေတြးသစ္အျမင္သစ္ေတြနဲ႔ ထင္ထားခဲ့သေလာက္ မခက္ခဲေတာ့တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။
မိန္းကေလးတိုင္း ေတာင့္တၿပီး
ေယာက်ၤားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine
++++++++++++++++++++++++++++++++++
အမျိုးသားတိုင်းအတွက် ဘ၀အခက်အခဲတွေ ရင်ဆိုင်နိုင်ဖို့ နည်းလမ်း ၅ ခု
Unicode
ယောင်္ကျားလေးတွေအကြောင်း ပြောတဲ့အခါမှာ ယောင်္ကျားပီသမှုအတွက် အားလုံးသောအမျိုးသားကောင်းတွေ လိုက်နာရမယ့် ထုံးစံစည်းမျဉ်းတွေကို ပြောလေ့ရှိကြပါတယ်။ ဘာမဆို ကိုယ်တိုင်ကိုယ်ကျလုပ်တတ်ဖို့၊ အသုံးအဆောင်ပစ္စည်းတွေကို သုံးတတ်ဖို့၊ ရန်ပွဲတွေမှာ အနိုင်ရဖို့ စသဖြင့် အာဂယောင်္ကျားတစ်ယောက်အဖြစ် စာရင်းသွင်းခံရဖို့ ဘာမှန်းမသိလိုက်နာနေရတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။
ဒီလိုယောင်္ကျားပီသမှုနဲ့ ပတ်သက်ပြီး သိပ်မပြောဖြစ်ကြတာက ကိုယ်ပိုင်ပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာပါပဲ။ ယောင်္ကျားလေးအများစု ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြဿနာက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တတ်တာပဲ ဖြစ်ပါတယ်။ ယောင်္ကျားလေးတွေထဲမှာ ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးတဲ့သူက အရမ်းကို ရှားပါတယ်။ များသောအားဖြင့် အခြားသူတွေ(အထူးသဖြင့် အမျိုးသမီးတွေ) ပေါ်မှာ မူတည်နေတတ်ပါတယ်။ ပိုဆိုးတာက ယောင်္ကျားလေးတွေမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ လိုအပ်ချက်တစ်စုံတစ်ရာ ရှိခဲ့ရင်တောင် ၀န်ခံဖွင့်ဟဖို့ ခက်နေတတ်တာပါပဲ။ ဒီလို စိတ်အားငယ်မှုမျိုးကို ၀န်ခံတာက ယောင်္ကျားမပီသတာ အဖြစ် သတ်မှတ်ခံရတတ်ပါတယ်။
သင့်ဘ၀မှာ ဘယ်နေရာရောက်ရောက်၊ ဘယ်သူပဲဖြစ်ဖြစ် တစ်ခါတစ်လေမှာ တစ်လောကလုံးက သင့်ခံစားချက်ကို အရေးလုပ်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ စွန့်ပစ်ခံရတာ၊ အလုပ်ပြုတ်တာ၊ စိတ်ရှုပ်စရာကောင်းတဲ့ အချစ်ရေးကိစ္စကြောင့် နံရံနဲ့ခေါင်းပြေးစောင့်ချင်စိတ်ပေါက်နေတာက စပြီး ဘ၀ကို စိတ်ကုန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်စိတ်ပေါက်လာတဲ့အထိ သင်က ယောင်္ကျားတစ်ယောက်ဖြစ်တဲ့အတွက် မျှေ၀ခံစားပေးချင်တဲ့သူက မရှိသလောက် ရှားပါလိမ့်မယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ဖို့က ငါယောင်္ကျားပဲ မငိုနဲ့ ဆိုပြီး အံ့ကြိတ်သည်းခံနေရမှာ မဟုတ်ပါဘူး။ အရက်တွေသောက်၊ အပျော်အပါးတွေလိုက်စားပြီး နေရမှာလည်း မဟုတ်ပါဘူး။ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ နည်းလမ်း (၅)ခု ရှိပါတယ်။
၁။ အကူအညီတောင်းပါ။
ယောင်္ကျားလေးတွေ အားလုံးအတွက် အရေးအကြီးဆုံးပထမဆုံး အချက်က လိုအပ်လာရင် အကူအညီတောင်းတတ်ဖို့ပဲ ဖြစ်ပါတယ်။ ယောင်္ကျားလေးအများစုက အခြားသူဆီက အကူအညီတောင်းတာဟာ ယောင်္ကျားမပီသတဲ့ကိစ္စအဖြစ် သဘောထားတတ်ကြပါတယ်။ တကယ်လည်း လောကကြီးထဲမှာ ယောင်္ကျားကောင်းဆိုတာ အားလုံးကို ရင်ဆိုင်ဖြေရှင်း အနိုင်ယူတတ်ကြသူတွေအဖြစ် လက်ခံထားကြပါတယ်။ အခြားသူကို အကူအညီတောင်းသူတွေဟာ အဆင့်နိမ့်အမျိုးသားတွေအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အကူအညီတောင်းတာဟာ လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ သင်မစွမ်းဆောင်နိုင်တဲ့ အရာတစ်ခုကို ၀န်ခံရဲတာကလည်း အားသာချက်ပါပဲ။ သင့်ကိုယ်သင် နားလည်သဘောပေါက်တာက အားနည်းချက်ကို ဖုံးကွယ်ပြီး ယောင်္ကျားပီသသလိုနဲ့ တစ်ယောက်တည်း ဒုက္ခကြိတ်ခံနေတာထက် အများကြီး ပိုကောင်းပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ အကြောင်းကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုအခါမျိုးမှာ လိုအပ်တဲ့အကူအညီကို တောင်းခံတတ်ဖို့ လိုပါတယ်။
၂။ စိတ်ဓာတ်ကို လှုံ့ဆော်နိုင်သည့်အရာများကို ရှာဖွေပါ
ဘ၀ဆိုတာ အမြဲတမ်း တသမတ်တည်းဖြစ်မနေတတ်ပါဘူး။ ကောင်းတစ်ခါ ဆိုးတလှည့်ဖြစ်တဲ့အတွက်ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဓာတ်တွေ ကျဆင်းပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့သလို ဖြစ်သွားတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လောကကြီးရဲ့ အလှတရားနဲ့ ပျော်ရွှင်မှုကို ဖော်ပြပေးနိုင်မယ့်၊ သင့်စိတ်ကို လန်းဆန်းတက်ကြွစေနိုင်မယ့် အရာတွေ လိုအပ်ပါတယ်။ ရေပူစိမ်တာ၊ အနှိပ်ခံတာ၊ အစားကောင်းစားတာ စသဖြင့် ဘာပဲဖြစ်ဖြစ် သင့်ရဲ့ စိတ်ခံစားမှုနဲ့ နာမ်ပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်စေတဲ့ အရာတွေကို လုပ်ဆောင်သင့်ပါတယ်။ ယောင်္ကျားလေးတွေဟာ စိတ်ခံစားမှုပိုင်းထက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဦးစားပေးတတ်ကြတယ် ဆိုပေမယ့် စိတ်ဓာတ်ကိုလည်း အဟာရဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘာလုပ်တာပဲဖြစ်ဖြစ် အိပ်ရာထဲမှာ စိတ်ဓာတ်ကျပြီး လှဲနေတာက ထပြီးလုပ်ဖြစ်မယ့် အရာတွေကို လုပ်ဆောင်ပါ။ ဒီလိုနည်းလမ်းတွေနဲ့ စိတ်လှုပ်ရှားရတာတစ်ခုကို ရှာဖွေပြီး ပျော်ရွှင်အောင် ကြိုးစားပါ။
၃။ ကျန်းမာရေးကောင်းအောင် ဂရုစိုက်ပါ
သင့်ရဲ့ စိတ်ဓာတ်ကို ခွန်အားဖြည့်ပေးဖို့ အရေးကြီးသလိုပဲ ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းစားသောက်တဲ့ စားသောက်ဖွယ်ရာတွေက သင့်စိတ်ခံစားချက်နဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်နေပါတယ်။ အလွယ်တကူ၀ယ်စားလို့ရတဲ့ အပြင်စာတွေမှာ သကြားဓာတ်၊ အငံဓာတ်နဲ့ အဆီဓာတ်တွေ များတာကြောင့် မူးယစ်ဆေးလိုပဲ စွဲလမ်းတတ်ပါတယ်။ ဒီလိုအစားအစာတွေ စားသုံးပါများရင် လေးလံထိုင်းမှိုင်းတာ၊ အလုပ်လုပ်ချင်စိတ်လျော့နည်းတာတွေ ဖြစ်တတ်ပြီး စိတ်ခံစားမှုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီညွှတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။ အသားဓာတ်များတဲ့ အသားငါးတွေ၊ ဟင်းသီးဟင်းရွက်တွေကို သုံးဆောင်ပေးခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်း ပျော်ရွှင်စေမှာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး ရေများများသောက်ဖို့လည်း လိုပါတယ်။ ရေများများသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ရုံသာမကပဲ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ နောက်တစ်ခုက ရှိပါသေးတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားဖို့အတွက် ဒီဇိုင်းလုပ်ထားတာပါ။ ထိုင်ပြီး ငြိမ်နေဖို့မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားပါဆိုတဲ့နေရာမှာ ငွေကုန်ကြေးကျများတဲ့ Gym သွားကစားတာ၊ မာရသွန်၀င်ပြေးတာတွေ မလုပ်ချင်လည်းရပါတယ်။ တစ်နေ့တာမှာ အတိုင်းအတာတစ်ခုအထိ လှုပ်လှုပ်ရှားရှား လုပ်ရမယ့် လမ်းလျှောက်တာ၊ ဘောလုံးကစားတာ ဒါမှမဟုတ် ယောဂလေ့ကျင့်တာတို့လောက် လုပ်ပေးရင် လုံလောက်ပါပြီ။
၄။ မှန်ကန်တဲ့ အပေါင်းအသင်းတွေကို ရှာဖွေပါ
ယောင်္ကျားလေးတွေအတွက် မိမိကိုယ်ကို ဂရုစိုက်နည်းလမ်းတွေထဲမှာ နောက်ထပ်အရေးကြီးတာတစ်ခုက စိတ်တူကိုယ်တူအပေါင်းအသင်းတွေ ရှိဖို့ပဲဖြစ်ပါတယ်။ လူသားတွေဟာ လူမှုရေးနဲ့မကင်းနိုင်တဲ့အတွက် သင့်ကို အားပေးထောက်ပံ့ပေးနိုင်မယ့်သူတွေ သင့်အနားမှာရှိနေဖို့ လိုအပ်ပါတယ်။ အပေါင်းအသင်းရှာဖွေရာမှာ အရေးကြီးတာတစ်ခုက မှန်ကန်တဲ့လူတွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံလိုပါပဲ သင်ရွေးချယ်ထားတဲ့ အပေါင်းအသင်းတွေရဲ့ စရိုက်လက္ခဏာတွေက သင့်ဆီကို ကူးစက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကို လမ်းကြောင်းလွဲစေမယ့်၊ စိတ်ဓာတ်ကျစေနိုင်တဲ့ အပေါင်းအသင်းတွေကို ရှောင်ကြင်ပြီး သင့်ရဲ့ဖြစ်နိုင်ချေအလားအလာကို အကောင်းဆုံးမြှင့်တင် အားပေးနိုင်မယ့်သူတွေကိုပဲ အာရုံစိုက်ပါ။
၅။ အနားယူပါ
တိုးတက်မှုကို ရှာဖွေရာမှာပဲဖြစ်ဖြစ်၊ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ရာမှာပဲ ဖြစ်ဖြစ် တစ်ခါတစ်လေမှာ ခေတ္တခဏအနားယူပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ စိတ်ကူးအိပ်မက်တွေကို မရပ်မနားတန်းအကောင်အထည်ဖော်ဖို့ ကြိုးစားဖို့ ဘယ်တော့မှာ လက်လျှော့အရှုံးမပေးဖို့ သင်ကြားခံခဲ့ရပါတယ်။ ဒီသဘောတရားတွေက စိတ်ဓာတ်တက်ကြွစေမယ့် မိန့်ခွန်းတွေမှာတော့ အသုံး၀င်ပါတယ်။ တကယ်တမ်းလက်တွေ့မှာကတော့ ငြီးငွေ့စရာကောင်းပြီး နာကျင်ခံစားရပါတယ်။ တစ်ခါတစ်လေမှာ လုပ်နေတာတွေ ခဏလောက်ရပ်တန့်ပြီး အနားယူမယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုလောက်နီးနီး အပြစ်တင်တတ်ကြပါတယ်။ ဒီကိစ္စကို ဗီဒီယိုဂိမ်းကစားတာနဲ့ ဥပမာထားကြည့်ရအောင်။ သင့်အနေနဲ့ ဂိမ်းတစ်ခုကစားရင်း တစ်နေရာတည်းမှာပဲ ထပ်ကာတလဲလဲ သေနေမယ်။ ပြန်ကစားတယ်၊ ပြန်သေတယ်၊ စိတ်မရှည်တော့ပဲ ထပ်ကစားတယ် ထပ်သေတယ်။ ဒီလို ဘာဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ပြန်ပြန်ကစားနေရတာ၊ ဒါလည်း မအောင်မြင်နိုင်သေးတာက ဘယ်လောက်ထိ စိတ်ပျက်စရာကောင်းလည်း ဂိမ်းကစားတဲ့သူတိုင်း သိပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ကိစ္စတစ်ခုကို မအောင်မြင်မချင်း လုပ်ဆောင်တာက ပျော်စရာကောင်းမယ်ထင်ပါလား။ မဟုတ်ပါဘူး တကယ်ကို စိတ်ဖိစီးမှုပါပဲ။ ဒီလိုအချိန်မှာ ဂိမ်းခလုတ်ကို ခဏချထားလိုက်ပါ။ ဟိုနားဒီနား လမ်းလေးအနည်းငယ်လျှောက်လိုက်ပါ။ ခဏလောက် ဂိမ်းအကြောင်းမေ့ထားပြီး အနားယူလိုက်ပါ။ ပြီးမှ ဒီအခန်းကို ပြန်ကစားမယ်ဆိုရင် ခုနကလို အရမ်းစိတ်ဖိစီးမှုမရှိတော့ပဲ အမြင်သစ်နဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။ ဘ၀မှာကြုံတွေ့ရတဲ့ ပြဿနာတွေကလည်း ဒီလိုပါပဲ။ သင့်အနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ပင်ပန်းလာတဲ့အခါမှာ ခေတ္တခဏအနားယူပြီး အားဖြည့်လိုက်ပါ။ ဘ၀ရဲ့အခြားသောအစိတ်အပိုင်းတွေကို အာရုံလွှဲလိုက်ပါ။ မူလပြဿနာကို ပြန်ဖြေရှင်းတဲ့အခါ အတွေးသစ်အမြင်သစ်တွေနဲ့ ထင်ထားခဲ့သလောက် မခက်ခဲတော့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
မိန်းကလေးတိုင်း တောင့်တပြီး
ယောကျၤားလေးတိုင်း အားကျရစေမည့်
Gentleman Magazine