ပ်ိဳတိုင္းႀကိဳက္တ့ဲ ႏွင္းဆီခိုင္ အမွန္တရားတစ္ခု

ပ်ိဳတိုင္းႀကိဳက္တ့ဲ ႏွင္းဆီခိုင္ အမွန္တရားတစ္ခု (Zawgyi)

ဒီကိစၥနဲ႔ပတ္သက္ၿပီး အယူအဆလြဲမွားတတ္ၾကပါတယ္။ ေယာကၤ်ားေလးအမ်ားစုက ခ်စ္သူရည္းစားရၿပီဆိုရင္ သူတို႔ေပ်ာ္ရႊင္ၾကရလိမ့္မယ္လို႔ ထင္မွတ္ၾကပါတယ္။ ေျပာရမွာစိတ္မေကာင္းေပမယ့္ ဒီလိုျဖစ္လာမွာ လုံး၀မဟုတ္ပါဘူး။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္ကို တစ္ေယာက္ေယာက္က ရွင္းျပခဲ့မယ္ဆိုရင္ ကၽြန္ေတာ့္ရဲ႕ ခ်စ္မႈေရးရာကိစၥေတြဟာလည္း စိတ္ပ်က္စရာေတြ ျဖစ္ခဲ့မွာ မဟုတ္ပါဘူး။ ဒီလိုေျပာေနလို႔ သင္နားလည္ႏိုင္မွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္ေျပာတဲ့ကိစၥကို ရွင္းရွင္းလင္းလင္း သက္ေသျပႏိုင္ဖို႔အတြက္ ေမးခြန္းတစ္ခု ေမးခ်င္ပါတယ္။

သင္ဖက္က သေဘာက်ၿပီး ဖူးစာဆံုဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဆင္မေျပတာမ်ိဳး ျဖစ္ဖူးပါသလား ??

ကၽြန္ေတာ္ကေတာ့ အမ်ားႀကီးၾကံဳဖူးပါတယ္။ ၿပီးေတာ့ ဘာေၾကာင့္လဲဆိုတာတာ အေျဖမရွာႏိုင္ခဲ့ပါဘူး။ အေျပာင္းအလဲမ်ားျဖစ္မလားလို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ဒီလိုမ်ိဳးေတြခ်ည္းပဲ ေတြ႕ခဲ့ရပါတယ္။ ဒီေတာ့ ကၽြန္ေတာ္ အခ်ိန္ယူၿပီး စဥ္းစားၾကည့္ခဲ့မိတယ္။

ကၽြန္ေတာ္ဘာကို ေတြ႕ရွိခဲ့လဲဆိုတာကို ေ၀မွ်ေပးပါမယ္။ မိန္းကေလးတစ္ေယာက္က သင့္ကို ပထမဆံုးအႀကိမ္ေတြ႕ဆံုတဲ့အခါမွာ သင္နဲ႔အတူ ဘယ္လိုဘ၀မ်ိဳးကို သူမ ရရွိႏိုင္မလဲဆိုတာ မသိလိုက္မသိဘာသာ အကဲျဖတ္ေလ့ရွိပါတယ္။ သင္နဲ႔အတူရွိတဲ့အခါမွာ သူမအတြက္ စိတ္လႈပ္ရွားစရာေတြ ျဖစ္မလား ဒါမွမဟုတ္ ပူေဆြးေသာကျဖစ္စရာေတြမ်ား ၾကံဳရမလား ေတြးပါလိမ့္မယ္။

ဒီအခ်က္က လက္ခံႏိုင္ဖို႔ ခက္တာ အမွန္ပါပဲ။ ဒါ့ေၾကာင့္ ခ်စ္သူရည္းစားရျခင္းရဲ႕ အက်ည္းတန္တဲ့အမွန္တရား တစ္ခုကို ကၽြန္ေတာ္ေျပာျပရပါလိမ့္မယ္။

အရင္တုန္းကဆိုရင္ ကၽြန္ေတာ္နဲ႔ပတ္သက္ၿပီး သိပ္ထူးထူးျခားျခားမရွိခဲ့ပါဘူး။ ၀ါသနာရယ္လို႔လည္း သိပ္မရွိသလို ခင္မင္စရာ မိတ္ေဆြအေပါင္းအသင္းရယ္လို႔လည္း သိပ္မမ်ားလွပါဘူး။ ကၽြန္ေတာ္အေနနဲ႔ သေဘာက်တဲ့ မိန္းကေလးတစ္ေယာက္ကို ေတြ႕ၿပီဆိုရင္ စြဲလန္းမိတာေတာ့ အမွန္ပါပဲ။ ဒီအခ်ိန္မ်ိဳးမွာ သူတို႔ ကၽြန္ေတာ့္ကို ျပန္ႀကိဳက္မႀကိဳက္ဆိုတာကိုပဲ အေျခခံေတြးမိပါတယ္။ ေနာက္ဆံုးအေျဖက အျငင္းခံရတာပါပဲ။

အခု ျပန္ေတြးၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္ကို ျငင္းလိုက္တဲ့မိန္းကေလးေတြကိုလည္း အျပစ္မတင္ခ်င္ေတာ့ပါဘူး။ ဟုတ္ပါတယ္။ ဘယ္သူကမ်ား ဒီလိုပ်င္းစရာေကာင္းတဲ့လူမ်ိဳးနဲ႔ တြဲခ်င္ပါ့မလဲ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္ ခ်စ္သူရည္းစားရဖို႔ႀကိဳးစားေနတာကို ေခတၱရပ္နားလိုက္ၿပီး ကိုယ့္ကိုယ္ကိုယ္ အာ႐ုံစိုက္ခဲ့ပါတယ္။ Gym သြားကစားတယ္။ စိတ္၀င္စားစရာေကာင္းတဲ့ စာအုပ္ေတြဖတ္တယ္။ ၀ါသနာအသစ္ေတြ ေလ့က်င့္ပ်ိဳးေထာင္တယ္။ အခ်ိန္အတိုင္းအတာတစ္ခု ေရာက္လာတဲ့အခါမွာ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ပိုသေဘာက်လာခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ႕ အယူအဆေတြကို ပိုတန္ဖိုးထားတတ္လာသလို စိတ္၀င္စားေပ်ာ္ရႊင္ရတာေတြကိုလည္း ပိုလုပ္ျဖစ္လာတယ္။

ဒီအခ်ိန္မွာ ထူးဆန္းတာေတြျဖစ္လာခဲ့ပါတယ္။ မိန္းကေလးေတြက ကၽြန္ေတာ့္ကို ပိုၿပီးစိတ္၀င္စားလာၾကတယ္ေလ။

ဒီလိုေျပာတာက ရယ္စရာေကာင္းတယ္လို႔ ထင္တယ္မဟုတ္လား ??

တကယ္ေတာ့ သင့္အေနနဲ႔ ေယာကၤ်ားေကာင္းတစ္ေယာက္ပီသလာေလေလ၊ စစ္မွန္ျပည့္စံုတဲ့ အခ်စ္ေရးရာေတြကို ၾကံဳေတြ႕ရႏိုင္ေခ်မ်ားေလပါပဲ။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ ျပည့္၀လာေအာင္ ျပင္ဆင္ပါ။ ပ်ိဳတိုင္းၾကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္လာဖို႔က မေ၀းပါဘူး။

မိန္းကေလးတိုင္း ေတာင့္တၿပီး

ေယာကၤ်ားေလးတိုင္း အားက်ေစမည့္
Gentleman Magazine

++++++++++++++++++++++++++++++++++

ပျိုတိုင်းကြိုက်တ့ဲ နှင်းဆီခိုင် အမှန်တရားတစ်ခု (Unicode)

ဒီကိစ္စနဲ့ပတ်သက်ပြီး အယူအဆလွဲမှားတတ်ကြပါတယ်။ ယောင်္ကျားလေးအများစုက ချစ်သူရည်းစားရပြီဆိုရင် သူတို့ပျော်ရွှင်ကြရလိမ့်မယ်လို့ ထင်မှတ်ကြပါတယ်။ ပြောရမှာစိတ်မကောင်းပေမယ့် ဒီလိုဖြစ်လာမှာ လုံး၀မဟုတ်ပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တစ်ယောက်ယောက်က ရှင်းပြခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ ချစ်မှုရေးရာကိစ္စတွေဟာလည်း စိတ်ပျက်စရာတွေ ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ ဒီလိုပြောနေလို့ သင်နားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောတဲ့ကိစ္စကို ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ဖို့အတွက် မေးခွန်းတစ်ခု မေးချင်ပါတယ်။

သင်ဖက်က သဘောကျပြီး ဖူးစာဆုံဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေတာမျိုး ဖြစ်ဖူးပါသလား ??

ကျွန်တော်ကတော့ အများကြီးကြုံဖူးပါတယ်။ ပြီးတော့ ဘာကြောင့်လဲဆိုတာတာ အဖြေမရှာနိုင်ခဲ့ပါဘူး။ အပြောင်းအလဲများဖြစ်မလားလို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဒီလိုမျိုးတွေချည်းပဲ တွေ့ခဲ့ရပါတယ်။ ဒီတော့ ကျွန်တော် အချိန်ယူပြီး စဉ်းစားကြည့်ခဲ့မိတယ်။

ကျွန်တော်ဘာကို တွေ့ရှိခဲ့လဲဆိုတာကို ေ၀မျှပေးပါမယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ပထမဆုံးအကြိမ်တွေ့ဆုံတဲ့အခါမှာ သင်နဲ့အတူ ဘယ်လိုဘ၀မျိုးကို သူမ ရရှိနိုင်မလဲဆိုတာ မသိလိုက်မသိဘာသာ အကဲဖြတ်လေ့ရှိပါတယ်။ သင်နဲ့အတူရှိတဲ့အခါမှာ သူမအတွက် စိတ်လှုပ်ရှားစရာတွေ ဖြစ်မလား ဒါမှမဟုတ် ပူဆွေးသောကဖြစ်စရာတွေများ ကြုံရမလား တွေးပါလိမ့်မယ်။

ဒီအချက်က လက်ခံနိုင်ဖို့ ခက်တာ အမှန်ပါပဲ။ ဒါ့ကြောင့် ချစ်သူရည်းစားရခြင်းရဲ့ အကျည်းတန်တဲ့အမှန်တရား တစ်ခုကို ကျွန်တော်ပြောပြရပါလိမ့်မယ်။

အရင်တုန်းကဆိုရင် ကျွန်တော်နဲ့ပတ်သက်ပြီး သိပ်ထူးထူးခြားခြားမရှိခဲ့ပါဘူး။ ဝါသနာရယ်လို့လည်း သိပ်မရှိသလို ခင်မင်စရာ မိတ်ဆွေအပေါင်းအသင်းရယ်လို့လည်း သိပ်မများလှပါဘူး။ ကျွန်တော်အနေနဲ့ သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ပြီဆိုရင် စွဲလန်းမိတာတော့ အမှန်ပါပဲ။ ဒီအချိန်မျိုးမှာ သူတို့ ကျွန်တော့်ကို ပြန်ကြိုက်မကြိုက်ဆိုတာကိုပဲ အခြေခံတွေးမိပါတယ်။ နောက်ဆုံးအဖြေက အငြင်းခံရတာပါပဲ။

အခု ပြန်တွေးကြည့်မယ်ဆိုရင် ကျွန်တော်ကို ငြင်းလိုက်တဲ့မိန်းကလေးတွေကိုလည်း အပြစ်မတင်ချင်တော့ပါဘူး။ ဟုတ်ပါတယ်။ ဘယ်သူကများ ဒီလိုပျင်းစရာကောင်းတဲ့လူမျိုးနဲ့ တွဲချင်ပါ့မလဲ။ ဒါ့ကြောင့် ကျွန်တော် ချစ်သူရည်းစားရဖို့ကြိုးစားနေတာကို ခေတ္တရပ်နားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ခဲ့ပါတယ်။ Gym သွားကစားတယ်။ စိတ်၀င်စားစရာကောင်းတဲ့ စာအုပ်တွေဖတ်တယ်။ ဝါသနာအသစ်တွေ လေ့ကျင့်ပျိုးထောင်တယ်။ အချိန်အတိုင်းအတာတစ်ခု ရောက်လာတဲ့အခါမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပိုသဘောကျလာခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အယူအဆတွေကို ပိုတန်ဖိုးထားတတ်လာသလို စိတ်၀င်စားပျော်ရွှင်ရတာတွေကိုလည်း ပိုလုပ်ဖြစ်လာတယ်။

ဒီအချိန်မှာ ထူးဆန်းတာတွေဖြစ်လာခဲ့ပါတယ်။ မိန်းကလေးတွေက ကျွန်တော့်ကို ပိုပြီးစိတ်၀င်စားလာကြတယ်လေ။

ဒီလိုပြောတာက ရယ်စရာကောင်းတယ်လို့ ထင်တယ်မဟုတ်လား ??

တကယ်တော့ သင့်အနေနဲ့ ယောင်္ကျားကောင်းတစ်ယောက်ပီသလာလေလေ၊ စစ်မှန်ပြည့်စုံတဲ့ အချစ်ရေးရာတွေကို ကြုံတွေ့ရနိုင်ချေများလေပါပဲ။ ဒါ့ကြောင့် သင့်ကိုယ်သင် ပြည့်၀လာအောင် ပြင်ဆင်ပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာဖို့က မေ၀းပါဘူး။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်
Gentleman Magazine

Related Posts

%%footer%%