တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြ ႏွစ္ဆတိုးလုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္း ၅ ခု

သင့္ရဲ႕တစ္ေန႔တာပါ လုပ္ေဆာင္ရမယ့္ကိစၥေတြမ်ားၿပီး အခ်ိန္ေပးလုပ္ေနေပမယ့္ မၿပီးမစီးႏိုင္ျဖစ္ေနလို႔ စိတ္ညစ္ေနပါသလား။ ဒါဆိုရငါေတာ့ အခ်ိန္လည္းအမ်ားႀကီးေပးစရာမလို၊ ပင္ပင္ပန္းပန္းလည္း လုပ္စရာမလိုပဲနဲ႔ လုပ္စရာေတြကို ႏွစ္ဆတိုးအၿပီးသတ္ႏိုင္မယ့္ နည္းလမ္း ၅ ခုကို ေ၀မွ်ေပးခ်င္ပါတယ္။
၁။ အစီအစဥ္တက်ျဖစ္ပါေစ

ေနာက္တစ္ေန႔မွာ လုပ္ရမယ့္ကိစၥေတြကို ဒီေန႔ညကတည္းက ႀကိဳတင္ျပင္ဆင္ထားပါ။ မနက္ျဖန္လုပ္စရာေတြကို တန္းစီၿပီးခ်ေရးထားပါ။ ဒီလိုခ်ေရးၿပီး အေရးတႀကီး ဦးစားေပးလုပ္ရမယ့္ကိစၥေတြက စၿပီး အားလုံးကိုအစီအစဥ္တက် စီစဥ္ထားပါ။ ခက္ခဲၿပီး စိတ္႐ႈပ္စရာကိစၥေတြကို အရင္ဆုံးလုပ္ေဆာင္ပါ။ ဒါဆိုရင္ က်န္တာေတြကို အလြယ္တကူအာ႐ံုစိုက္ လုပ္ႏိုင္ပါလိမ့္မယ္။ 
၂။ မျဖစ္မေနလုပ္ဖို႔ သံႏၷဌာန္ခ်ထားပါ

လုပ္ေဆာင္စရာကိစၥေတြကို ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ လုပ္ျဖစ္ေအာင္လုပ္ဖို႔ သံႏၷဌာန္ခ် ဆုံးျဖတ္ထားဖို႔ အေရးႀကီးပါတယ္။ သင့္စိတ္ထဲမွာ ဆုံးျဖတ္ထားၿပီးသားဆိုရင္ အခက္အခဲေတြ႕လာတ့ဲအခါ ဘယ္လိုေျဖရွင္းရမလဲဆိုတာကို အရင္ဆံုးေတြးမိမွာပါ။ မဆုံးျဖတ္ထားဘူးဆိုရင္ေတာ့ ဘယ္လိုေရွာင္ထြက္ရမလဲဆိုတာကိုပဲ စဥ္းစားမိမွာ ျဖစ္ပါတယ္။ မျဖစ္မေနလုပ္မယ္ဆိုတ့ဲ ဆုံးျဖတ္ခ်က္က အရာအားလုံးကို ၿပီးေျမာက္ေအာင္ျမင္ေစႏိုင္ပါတယ္။
၃။ ႐ိုးသားေျဖာင့္မတ္ပါ။

႐ိုးသားေျဖာင့္မတ္မႈဟာ သင္ကိုယ္တိုင္နဲ႔ သင့္ဘ၀ရဲ႕အစိတ္အပိုင္းတစ္ခု ျဖစ္မယ္ဆိုရင္ မွန္တာေတြကိုပဲ လုပ္ပါလိမ့္မယ္။ မွန္တာေတြကိုပဲ လုပ္ေနမယ္ဆိုရင္ အျပစ္ရွိသလိုခံစားခ်က္မ်ိဳး ရွိလာမွာမဟုတ္ပါဘူး။ ႐ိုးသားေျဖာင့္မတ္မႈေၾကာင့္ ဘာကိုမွဖုန္းကြယ္ထားစရာမလိုတ့ဲအတြက္ ဘာကိုမွလည္းေၾကာက္စရာရွိမွာ မဟုတ္ပါဘူး။ အျပစ္ရွိသလိုခံစားခ်က္နဲ႔ ေၾကာက္ရြံ႕မႈမရွိေတာ့တ့ဲအခါမွာ လုပ္စရာရွိတာေတြကို ပိုၿပီးေတာ့လြတ္လြတ္လပ္လပ္ လုပ္ေဆာင္ႏိုင္လာမွာ ျဖစ္ပါတယ္။ 
၄။ အေကာင္းျမင္တတ္ပါေစ

အေကာင္းျမင္တတ္တ့ဲစိတ္က လူတိုင္းမွာ မရွိႏိုင္ပါဘူး။ ၁၈၀၀ ခုႏွစ္ေက်ာ္ေလာက္က အဘိဓာန္ေတြမွာဆိုရင္ အဆိုးျမင္သမားဆိုတ့ဲ စကားလုံးေတာင္ မပါပါဘူး။ အေကာင္းျမင္သမားဆိုတ့ဲ စကားလုံးပဲ ပါ၀င္ပါတယ္။ စိတ္မပူပါနဲ႔။ သင္က ေမြးကတည္းက အဆိုးျမင္စိတ္ရွိသူျဖစ္ခ့ဲရင္ေတာင္မွ ေျပာင္းလဲလို႔ရပါတယ္။ သင့္စိတ္ထဲက အေတြးေတြကိုေျပာင္းလဲလိုက္႐ံုနဲ႔ အေကာင္းျမင္သမားတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။ အေကာင္းျမင္စိတ္ရွိလာၿပီဆိုရင္ ဘာကိုပဲလုပ္လုပ္ အဆင္ေျပေျပာ ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ႏိုင္လာမွာ ျဖစ္ပါတယ္။ သင့္အေနနဲ႔ စိတ္အားထက္သန္မႈ၊ စိတ္တက္ၾကြမႈ အျပည့္ရွိေနမွာျဖစ္ၿပီး လုပ္စရာေတြကို တစ္ခုၿပီးတစ္ခု အျမန္ဆုံးလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ 
၅။ အလာပ သာလာပေျပာတာေတြကို ေလွ်ာ့ပါ။

ဘာမွအေရးမႀကီးတ့ဲ အလာပသလာပစကားေတြ ေျပာတ့ဲအခ်ိန္ေတြက အလုပ္ၿပီးေျမာက္မႈကို အဟန္႔အတားျဖစ္ေစႏိုင္ပါတယ္။ ဒီအခ်က္နဲ႔ပတ္သက္ၿပီး စဥ္းစားၾကည့္မယ္ဆိုရင္ နားေထာင္သူရွိလို႔ ေျပာတ့ဲသူရွိတာ ျဖစ္ပါတယ္။ တကယ္လို႔ သင္ကသာ အေရးမႀကီးတ့ဲစကားေျပာဆိုမႈေတြမွာ ၀င္မပါဘူး နားမေထာင္ဘူးဆိုရင္ သင့္ရဲ႕အခ်ိန္ေတြကို ပိုၿပီးေတာ့အက်ိဳးရွိရွိ အသုံးခ်ႏိုင္မွာျဖစ္ပါတယ္။ အခ်ိန္ေတြကို အက်ိဳးရွိရွိသုံးႏိုင္ေလ အလုပ္ေတြ မ်ားမ်ားၿပီးေလပါပဲ။
တစ်နေ့တာလုပ်ငန်းဆောင်တာတွေ နှစ်ဆတိုးလုပ်ဆောင်နိုင်ဖို့ နည်းလမ်း ၅ ခု
သင့်ရဲ့တစ်နေ့တာပါ လုပ်ဆောင်ရမယ့်ကိစ္စတွေများပြီး အချိန်ပေးလုပ်နေပေမယ့် မပြီးမစီးနိုင်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရငါတော့ အချိန်လည်းအများကြီးပေးစရာမလို၊ ပင်ပင်ပန်းပန်းလည်း လုပ်စရာမလိုပဲနဲ့ လုပ်စရာတွေကို နှစ်ဆတိုးအပြီးသတ်နိုင်မယ့် နည်းလမ်း ၅ ခုကို ဝေမျှပေးချင်ပါတယ်။
၁။ အစီအစဉ်တကျဖြစ်ပါစေ

နောက်တစ်နေ့မှာ လုပ်ရမယ့်ကိစ္စတွေကို ဒီနေ့ညကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ မနက်ဖြန်လုပ်စရာတွေကို တန်းစီပြီးချရေးထားပါ။ ဒီလိုချရေးပြီး အရေးတကြီး ဦးစားပေးလုပ်ရမယ့်ကိစ္စတွေက စပြီး အားလုံးကိုအစီအစဉ်တကျ စီစဉ်ထားပါ။ ခက်ခဲပြီး စိတ်ရှုပ်စရာကိစ္စတွေကို အရင်ဆုံးလုပ်ဆောင်ပါ။ ဒါဆိုရင် ကျန်တာတွေကို အလွယ်တကူအာရုံစိုက် လုပ်နိုင်ပါလိမ့်မယ်။ 
၂။ မဖြစ်မနေလုပ်ဖို့ သံန္နဌာန်ချထားပါ

လုပ်ဆောင်စရာကိစ္စတွေကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်လုပ်ဖို့ သံန္နဌာန်ချ ဆုံးဖြတ်ထားဖို့ အရေးကြီးပါတယ်။ သင့်စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသားဆိုရင် အခက်အခဲတွေ့လာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို အရင်ဆုံးတွေးမိမှာပါ။ မဆုံးဖြတ်ထားဘူးဆိုရင်တော့ ဘယ်လိုရှောင်ထွက်ရမလဲဆိုတာကိုပဲ စဉ်းစားမိမှာ ဖြစ်ပါတယ်။ မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အရာအားလုံးကို ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။
၃။ ရိုးသားဖြောင့်မတ်ပါ။

ရိုးသားဖြောင့်မတ်မှုဟာ သင်ကိုယ်တိုင်နဲ့ သင့်ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်မယ်ဆိုရင် မှန်တာတွေကိုပဲ လုပ်ပါလိမ့်မယ်။ မှန်တာတွေကိုပဲ လုပ်နေမယ်ဆိုရင် အပြစ်ရှိသလိုခံစားချက်မျိုး ရှိလာမှာမဟုတ်ပါဘူး။ ရိုးသားဖြောင့်မတ်မှုကြောင့် ဘာကိုမှဖုန်းကွယ်ထားစရာမလိုတဲ့အတွက် ဘာကိုမှလည်းကြောက်စရာရှိမှာ မဟုတ်ပါဘူး။ အပြစ်ရှိသလိုခံစားချက်နဲ့ ကြောက်ရွံ့မှုမရှိတော့တဲ့အခါမှာ လုပ်စရာရှိတာတွေကို ပိုပြီးတော့လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ 
၄။ အကောင်းမြင်တတ်ပါစေ

အကောင်းမြင်တတ်တဲ့စိတ်က လူတိုင်းမှာ မရှိနိုင်ပါဘူး။ ၁၈၀၀ ခုနှစ်ကျော်လောက်က အဘိဓာန်တွေမှာဆိုရင် အဆိုးမြင်သမားဆိုတဲ့ စကားလုံးတောင် မပါပါဘူး။ အကောင်းမြင်သမားဆိုတဲ့ စကားလုံးပဲ ပါ၀င်ပါတယ်။ စိတ်မပူပါနဲ့။ သင်က မွေးကတည်းက အဆိုးမြင်စိတ်ရှိသူဖြစ်ခဲ့ရင်တောင်မှ ပြောင်းလဲလို့ရပါတယ်။ သင့်စိတ်ထဲက အတွေးတွေကိုပြောင်းလဲလိုက်ရုံနဲ့ အကောင်းမြင်သမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိလာပြီဆိုရင် ဘာကိုပဲလုပ်လုပ် အဆင်ပြေပြော ချောချောမွေ့မွေ့လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိတ်အားထက်သန်မှု၊ စိတ်တက်ကြွမှု အပြည့်ရှိနေမှာဖြစ်ပြီး လုပ်စရာတွေကို တစ်ခုပြီးတစ်ခု အမြန်ဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ 
၅။ အလာပ သာလာပပြောတာတွေကို လျှော့ပါ။

ဘာမှအရေးမကြီးတဲ့ အလာပသလာပစကားတွေ ပြောတဲ့အချိန်တွေက အလုပ်ပြီးမြောက်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး စဉ်းစားကြည့်မယ်ဆိုရင် နားထောင်သူရှိလို့ ပြောတဲ့သူရှိတာ ဖြစ်ပါတယ်။ တကယ်လို့ သင်ကသာ အရေးမကြီးတဲ့စကားပြောဆိုမှုတွေမှာ ၀င်မပါဘူး နားမထောင်ဘူးဆိုရင် သင့်ရဲ့အချိန်တွေကို ပိုပြီးတော့အကျိုးရှိရှိ အသုံးချနိုင်မှာဖြစ်ပါတယ်။ အချိန်တွေကို အကျိုးရှိရှိသုံးနိုင်လေ အလုပ်တွေ များများပြီးလေပါပဲ။

Related Posts

%%footer%%