ပံုမွန္အရက္ေသာက္သံုးျခင္းက အသက္ပိုရွည္ေစႏိုင္ေၾကာင္း ေတြ႕ရွိ

ေလ့လာမႈအသစ္ေတြအရ အရက္ပံုမွန္ေသာက္သံုးတဲ့သူေတြဟာ လံုး၀မေသာက္တဲ့သူေတြထက္ အခ်ိန္မတိုင္ခင္ ေသဆံုးႏိုင္ေခ်နည္းတယ္လို႔ ဆိုပါတယ္။ ဟုတ္ပါတယ္။ ကမာၻေက်ာ္ TIME မဂၢဇင္းက လုပ္ေဆာင္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရ အရက္ကို ပံုမွန္ေလး အသင့္အတင့္ေသာက္သံုးတဲ့ သူေတြဟာ လံုး၀မေသာက္တဲ့လူေတြထက္ အသက္ပိုရွည္တယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။
အံ့အားသင့္သြားပါသလား။ ဒီေလ့လာမႈမွာ အသက္ ၅၅ ႏွစ္ကေန ၆၅ ႏွစ္ၾကား လူေပါင္း ၁၈၀၀ ေက်ာ္ကို ႏွစ္ေပါင္း ၂၀ ၾကာေအာင္ ေစာင့္ၾကည့္ေလ့လာခဲ့တာျဖစ္ၿပီး လူမႈစီးပြားအေျခအေနကေန ခႏၶာကိုယ္လႈပ္ရွားမႈ ပမာဏအထိ အားလံုးကို ေလ့လာခဲ့တာျဖစ္ပါတယ္။ ဒီလိုေလ့လာရာမွာ တစ္ေန႔ကို ႏွစ္ခြက္သံုးခြက္ေလာက္ပဲ ေသာက္သံုးသူေတြမွာ ေသဆံုးမႈအနည္းဆံုးျဖစ္ၿပီး လံုး၀မေသာက္သံုးသူေတြက ေသဆံုးမႈပိုမ်ားတာကို ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။
ေလ့လာမႈမွာ ပါ၀င္ခဲ့သူေတြထဲက အရက္ပံုမွန္ေသာက္သံုးသူေတြရဲ႕ ၄၁ ရာခိုင္ႏႈန္းသာလည္း အခ်ိန္မတိုင္ခင္ ေသဆံုးၿပီး အရက္လံုး၀မေသာက္သူေတြထဲကေတာ့ ၆၉ ရာခိုင္ႏႈန္းအထိ ေသဆံုးခဲ့တယ္လို႔ ဆိုပါတယ္။
ဒီေတြ႕ရွိခ်က္နဲ႔ပတ္သက္ၿပီး ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ အရက္ပံုမွန္ေသာက္သံုးတာဟာ လူမႈဆက္ဆံေရးကို ပိုမိုတိုးတက္ေကာင္းမြန္ေစၿပီး စိတ္ေရာကိုယ္ပါ က်န္းမာေစဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ လူမႈ၀န္းက်င္ေကာင္းကို ဖန္တီးေပးႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အရက္လံုး၀မေသာက္သံုးတဲ့သူေတြဟာ စိတ္ဖိစီးမႈနဲ႔ စိတ္က်ေ၀ဒနာပိုခံစားရတာကို ေတြ႕ရပါတယ္။ ပံုမွန္ေသာက္သံုးသူေတြမွာ ႏွလံုးက်န္းမာေရး ေကာင္းမြန္ၿပီး ေသြးလည္ပတ္မႈမွန္ကန္ေစတဲ့ အက်ိဳးေက်းဇူးေတြ ရရွိတယ္လို႔ ဆိုပါတယ္။
ပုံမှန်အရက်သောက်သုံးခြင်းက အသက်ပိုရှည်စေနိုင်ကြောင်း တွေ့ရှိ
လေ့လာမှုအသစ်တွေအရ အရက်ပုံမှန်သောက်သုံးတဲ့သူတွေဟာ လုံးဝမသောက်တဲ့သူတွေထက် အချိန်မတိုင်ခင် သေဆုံးနိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ကမ္ဘာကျော် TIME မဂ္ဂဇင်းက လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အရက်ကို ပုံမှန်လေး အသင့်အတင့်သောက်သုံးတဲ့ သူတွေဟာ လုံးဝမသောက်တဲ့လူတွေထက် အသက်ပိုရှည်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
အံ့အားသင့်သွားပါသလား။ ဒီလေ့လာမှုမှာ အသက် ၅၅ နှစ်ကနေ ၆၅ နှစ်ကြား လူပေါင်း ၁၈၀၀ ကျော်ကို နှစ်ပေါင်း ၂၀ ကြာအောင် စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး လူမှုစီးပွားအခြေအနေကနေ ခန္ဓာကိုယ်လှုပ်ရှားမှု ပမာဏအထိ အားလုံးကို လေ့လာခဲ့တာဖြစ်ပါတယ်။ ဒီလိုလေ့လာရာမှာ တစ်နေ့ကို နှစ်ခွက်သုံးခွက်လောက်ပဲ သောက်သုံးသူတွေမှာ သေဆုံးမှုအနည်းဆုံးဖြစ်ပြီး လုံးဝမသောက်သုံးသူတွေက သေဆုံးမှုပိုများတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
လေ့လာမှုမှာ ပါ၀င်ခဲ့သူတွေထဲက အရက်ပုံမှန်သောက်သုံးသူတွေရဲ့ ၄၁ ရာခိုင်နှုန်းသာလည်း အချိန်မတိုင်ခင် သေဆုံးပြီး အရက်လုံးဝမသောက်သူတွေထဲကတော့ ၆၉ ရာခိုင်နှုန်းအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတာကတော့ အရက်ပုံမှန်သောက်သုံးတာဟာ လူမှုဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လူမှုဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အရက်လုံးဝမသောက်သုံးတဲ့သူတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျဝေဒနာပိုခံစားရတာကို တွေ့ရပါတယ်။ ပုံမှန်သောက်သုံးသူတွေမှာ နှလုံးကျန်းမာရေး ကောင်းမွန်ပြီး သွေးလည်ပတ်မှုမှန်ကန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်လို့ ဆိုပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%