၂၁ ရာစုအေစာပိုင္းက လူငယ္ေတြကို ကိုယ္က်ိဳးၾကည့္ တကိုယ္ေကာင္းဆန္တဲ့ မ်ိဳးဆက္အျဖစ္နဲ႔ အမ်ားစုက သတ္မွတ္ထားတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီလို အသက္အရြယ္ ဒါမွမဟုတ္ အျခားအေၾကာင္းရင္းတစ္ခု ေပၚမွာ မူတည္ၿပီး အုပ္စုတစ္ခုလံုးကိုသိမ္းၿပီး တံဆိပ္ကပ္တာက အဓိပၸါယ္မရွိလွပါဘူး။ မွန္တယ္ဆိုရင္ေတာင္မွ မျဖစ္သင့္တဲ့ကိစၥပါ။

တကယ္တမ္းလက္ေတြ႕မွာက မိမိကိုယ္ကို ပဓာနထားျခင္းက ဘ၀အတြက္ ခြန္အားျဖည့္ေပးႏိုင္တဲ့ လႈံ႕ေဆာ္မႈတစ္ခု ျဖစ္ႏိုင္ပါတယ္။

သင့္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ထူးျခားတယ္လို႔ ယုံၾကည္ၿပီး အေရးပါအရာေရာက္သူ တစ္ေယာက္အျဖစ္ သက္ေသျပႏိုင္ဖို႔လည္း ႀကိဳးစားမယ္ဆိုရင္ သင္ ေအာင္ျမင္ဖို႔အခြင့္အလမ္း ပိုမ်ားမွာ ျဖစ္ပါတယ္။ ဒါဟာ ကိုယ့္စိတ္ဆႏၵကို အမွန္တကယ္ျဖစ္လာေအာင္ ျဖည့္ဆည္းေပးႏိုင္မယ့္ ေဟာကိန္းတစ္ခုျဖစ္ေနမွာပါ။

Apple ကုမၸဏီရဲ႕ တည္ေထာင္သူေဟာင္း စတိဗ္ေဂ်ာ့ဘ္ လူငယ္ဘ၀တုန္းကဆိုရင္ သူဟာ ေမြးစားခံထားရတာ ျဖစ္ေၾကာင္း အသိမိန္းကေလးတစ္ေယာက္ကို ေျပာျပခဲ့ပါတယ္။ ဒီလို သူမ်ားေမြးစားခံရတာဟာ မိဘအရင္းေတြက စြန္႔ပစ္လိုက္တာေၾကာင့္လို႔ မိန္းကေလးက ျပန္ေျပာတဲ့အခါမွာ စတိဗ္ေဂ်ာ့ဘ္ ဟာ အိမ္ထဲ၀င္ေျပးၿပီး ငိုေနခဲ့ရပါတယ္။ ဒီအခ်ိန္မွာ သူ႕ရဲ႕ ေမြးစားမိခင္က သူတို႔အေနနဲ႔ စတိဗ္ဟာ ထူးျခားတယ္ထင္လို႔ ေရြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း ႏွစ္သိမ့္ေပးခဲ့ပါတယ္။ ဒီအခ်ိန္ကစၿပီး စတိဗ္ေဂ်ာ့ဘ္ဟာ သူ႕ကိုယ္သူ ထူးျခားသူတစ္ေယာက္အျဖစ္ သိမွတ္ယုံၾကည္ထားခဲ့တာ ျဖစ္ပါတယ္

သို႔ေပမယ့္လည္း စိတ္ဆႏၵေတြ အမွန္တကယ္ျဖစ္လာဖို႔ လမ္းေၾကာင္းဟာ ထင္ထားတာထက္ ပိုၿပီးေ၀့၀ိုက္ေနတတ္ပါတယ္။ ေမြးစားခံခဲ့ရတဲ့ စတိဗ္ေဂ်ာ့ဘ္ အေနနဲ႔ သူ႔မိဘအရင္းေတြက သူ႔ကိုစြန္႔ပစ္ခဲ့တာနဲ႔ ပတ္သက္ၿပီး စိတ္ထဲမွာရွိေနတဲ့အတြက္ သူဟာ သာမန္မဟုတ္တဲ့သူ ထူးျခားတဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း သက္ေသျပႏိုင္ဖို႔ အျမဲႀကိဳးစားခဲ့ပါတယ္ ဒီလိုနဲ႔ပဲ သူ႕ရဲ႕စိတ္ဆႏၵေတြ ျပည့္၀လာခဲ့တာ ျဖစ္ၿပီး အမွန္တကယ္ကို ထူးျခားသူတစ္ေယာက္အျဖစ္ တကမာၻလံုးကပါ အသိအမွတ္ျပဳခံခဲ့ရတာ ျဖစ္ပါတယ္။

ဒီလိုျဖစ္စဥ္မ်ိဳးေတြဟာ အျမင့္မားဆံုးေအာင္ျမင္သူေတြမွာ မ်ားေသာအားျဖင့္ေတြ႕ရတတ္ပါတယ္။ ဒီေတာ့ အဓိကဆိုလိုရင္းက ဘာပါလဲ။ သင့္ကိုယ္သင္ ထူးျခားတယ္လို႔ ယုံၾကည္တာက အစေကာင္းပါပဲ။ ဒါေပမယ့္ အစပ်ိဳးတယ္ဆို႐ုံပဲ ရွိပါေသးတယ္။ စိတ္ဓာတ္ခြန္အားရွိၿပီး တက္ၾကြေန႐ုံနဲ႔ ဘာမွျဖစ္မလာႏိုင္ပါဘူး။ သင့္ရဲ႕ ဆႏၵေတြျပည့္၀လာၿပီး ရည္မွန္းထားသမွ် ျဖစ္လာေစဖို႔ လိုအပ္ခ်က္ေတြ အမ်ားႀကီး ရွိပါေသးတယ္။

ပင္ကိုယ္ထူးခၽြန္တဲ့ ပါရမီရွိရမယ္
ထက္ျမက္တာ၊ အရည္အခ်င္းရွိတာ၊ တက္ၾကြတာ၊ အေသးစိတ္လုပ္တတ္တာ စတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြ ရွိေနဖို႔ထက္ ေမြးရာပါ ပင္ကိုယ္ပါရမီတစ္ခု ရွိေနဖို႔နဲ႔ အဲ့ဒီပါရမီကို ပိုထူးျခားေကာင္းမြန္ေအာင္ လုပ္ႏိုင္ဖို႔ လိုပါတယ္။ ပင္ကိုယ္ပါရမီ မပါတဲ့အရာတစ္ခုနဲ႔လည္း ဘ၀ေအာင္ျမင္မႈကို တည္ေဆာက္ႏိုင္ပါတယ္။ ဒါေပမယ့္ သင္လုပ္ေနတာေတြအတြက္ ေပ်ာ္ရႊင္မႈရႏိုင္မလားဆိုတာကေတာ့ မေသခ်ာပါဘူး။

အျပဳသေဘာေဆာင္ၿပီး အျမဲေတြးေနလို႔ မရဘူး
ဒီအခ်က္နဲ႔ပတ္သက္ၿပီး လူအမ်ားစုက ႐ႈပ္ေထြးသြားတတ္ၾကပါတယ္။ ကေလးဘ၀က စိတ္ဒဏ္ရာေတြက သင့္ကိုယ္သင္ ထူးထူးျခားျခားေအာင္ျမင္မႈေတြ ရယူႏိုင္ေၾကာင္း သက္ေသျပႏိုင္ဖို႔အတြက္ မီးေမႊးေပးတာ ျဖစ္ပါတယ္။ အရြယ္ေရာက္ခ်ိန္မွာ အားလံုးကို အျပဳသေဘာေဆာင္ၿပီးပဲ ေတြးေနမယ္ဆိုရင္ သင့္စိတ္ထဲမွာ မွားယြင္းတဲ့အသိေတြကိုပဲ ဖန္တီးေနမိမွာပါ။ ဒီလို ဘာျဖစ္ျဖစ္ေကာင္းပါတယ္ဆိုတဲ့ အျပဳသေဘာေဆာင္ ေတြးတာက စိတ္သက္သာရာရတာက လြဲၿပီး လက္ေတြ႕မွာ အေထာက္အကူမျဖစ္ပါဘူး။

တကယ္ျဖစ္ခ်င္ တကယ္လုပ္ရမယ္
သင့္ကိုယ္သင့္ ေဒၚနယ္ထရမ့္ပ္ ဒါမွမဟုတ္ မာ့ခ္ ကူးဘန္းတို႔လို ေအာင္ျမင္ခ်မ္းသာသူတစ္ေယာက္ျဖစ္ရမယ့္ လို႔ ေတြးထားခ်င္ ေတြးထားလို႔ရပါတယ္။ ဒါေပမယ့္ ဘာမွမလုပ္ပဲ ထိုင္ေနၿပီး စိတ္ကူးထားတာေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနမယ္ဆိုရင္ေတာ့ ေလထဲတိုက္ေဆာက္ေနတာပါပဲ။ ဒါ့ေၾကာင့္ တကယ္ျဖစ္ခ်င္ရင္ တကယ္လုပ္ဖို႔ လိုပါတယ္။
သင့္ေတာ္တဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်တတ္ရမယ္
သင့္အေနနဲ႔ စိတ္အားတက္ၾကြမႈလည္း ရွိ၊ ပင္ကိုယ္ပါရမီလည္းရွိၿပီး အလုပ္လည္း ႀကိဳးစားတယ္ ဆိုရင္ေတာင္မွ သင့္ဘ၀လမ္းေၾကာင္းတစ္ေလွ်ာက္မွာ ေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိေနဦးမွာပါ။ ဆံုးျဖတ္ခ်က္ တစ္ခုခ်င္းစီတိုင္းဟာ အေရးပါအရာေရာက္ၿပီး ရလဒ္အဆိုးအေကာင္းေတြကို ကြဲျပားေစမွာ ျဖစ္ပါတယ္။ ေအာင္ျမင္မႈဆိုတာက သင့္ဘ၀တစ္ေလွ်ာက္ မွန္ကန္သင့္ေတာ္တဲ့ ဆံုးျဖတ္ခ်က္ေတြေပၚမွာ မူတည္ပါတယ္။

ဇြဲလံု႔လရွိေနရမယ္
ဒီအခ်က္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ စဥ္ဆက္မျပတ္လႈံ႕ေဆာ္ေနႏိုင္ဖို႔ ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳး ေျပာရရင္ သင္ေအာင္ျမင္ၿပီးရင္ ေအာင္ျမင္ေနခ်င္စိတ္ ဘယ္ေတာ့မွ ေအာင္ျမင္မႈကို မတင္းတိမ္ႏိုင္တဲ့ စိတ္ရွိေနရာမွာ ျဖစ္ပါတယ္။ ဒီအရာက သင္ရဲ႕အျမင္နဲ႔ သင့္ဘ၀အေပၚ သက္ေရာက္မႈေပၚမွာ မူတည္ၿပီး လက္ေဆာင္တစ္ခု ျဖစ္ႏိုင္သလို က်ိန္စာတစ္ခုလည္း ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ေကာင္းတာတစ္ခုကေတာ့ ဇြဲလံု႔လရွိၿပီး မဆုတ္မနစ္လုပ္ေဆာင္တတ္တာက အခက္အခဲနဲ႔ရင္ဆိုင္ရတဲ့အခ်ိန္တိုင္းမွာ အေထာက္အပံ့ေကာင္း ျဖစ္ေစႏိုင္ပါတယ္။

သင့္ကိုသင္ ထူးျခားတယ္လို႔ ယုံၾကည္မိတဲ့အရာက ဘာပဲျဖစ္ေနပါေစ သင့္အတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြကို ရယူႏိုင္ေစဖို႔ စိတ္ဓာတ္လႈံ႕ေဆာ္မႈျဖစ္ေစႏိုင္ပါတယ္။ ဒီလို မယုံၾကည္ထားဘူး ဆိုရင္ေတာ့ သင္ရည္မွန္းထားတာေတြကို အမွန္တကယ္ျဖစ္လာေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ တြန္းအားရွိမွာ မဟုတ္ပါဘူး ဒီလိုနဲ႔ သာမန္ထက္ မထူးျခားတဲ့ ေနရာမွာပဲ ရပ္တည္ေနရမွာပါ။

အောင်မြင်မှုအတွက် လိုအပ်ချက်တစ်ခု

၂၁ ရာစုအစောပိုင်းက လူငယ်တွေကို ကိုယ်ကျိုးကြည့် တကိုယ်ကောင်းဆန်တဲ့ မျိုးဆက်အဖြစ်နဲ့ အများစုက သတ်မှတ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို အသက်အရွယ် ဒါမှမဟုတ် အခြားအကြောင်းရင်းတစ်ခု ပေါ်မှာ မူတည်ပြီး အုပ်စုတစ်ခုလုံးကိုသိမ်းပြီး တံဆိပ်ကပ်တာက အဓိပ္ပါယ်မရှိလှပါဘူး။ မှန်တယ်ဆိုရင်တောင်မှ မဖြစ်သင့်တဲ့ကိစ္စပါ။

တကယ်တမ်းလက်တွေ့မှာက မိမိကိုယ်ကို ပဓာနထားခြင်းက ဘဝအတွက် ခွန်အားဖြည့်ပေးနိုင်တဲ့ လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ်လို့ ယုံကြည်ပြီး အရေးပါအရာရောက်သူ တစ်ယောက်အဖြစ် သက်သေပြနိုင်ဖို့လည်း ကြိုးစားမယ်ဆိုရင် သင် အောင်မြင်ဖို့အခွင့်အလမ်း ပိုများမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ဆန္ဒကို အမှန်တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးနိုင်မယ့် ဟောကိန်းတစ်ခုဖြစ်နေမှာပါ။

Apple ကုမ္ပဏီရဲ့ တည်ထောင်သူဟောင်း စတိဗ်ဂျော့ဘ် လူငယ်ဘဝတုန်းကဆိုရင် သူဟာ မွေးစားခံထားရတာ ဖြစ်ကြောင်း အသိမိန်းကလေးတစ်ယောက်ကို ပြောပြခဲ့ပါတယ်။ ဒီလို သူများမွေးစားခံရတာဟာ မိဘအရင်းတွေက စွန့်ပစ်လိုက်တာကြောင့်လို့ မိန်းကလေးက ပြန်ပြောတဲ့အခါမှာ စတိဗ်ဂျော့ဘ် ဟာ အိမ်ထဲဝင်ပြေးပြီး ငိုနေခဲ့ရပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ မွေးစားမိခင်က သူတို့အနေနဲ့ စတိဗ်ဟာ ထူးခြားတယ်ထင်လို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒီအချိန်ကစပြီး စတိဗ်ဂျော့ဘ်ဟာ သူ့ကိုယ်သူ ထူးခြားသူတစ်ယောက်အဖြစ် သိမှတ်ယုံကြည်ထားခဲ့တာ ဖြစ်ပါတယ်

သို့ပေမယ့်လည်း စိတ်ဆန္ဒတွေ အမှန်တကယ်ဖြစ်လာဖို့ လမ်းကြောင်းဟာ ထင်ထားတာထက် ပိုပြီးဝေ့ဝိုက်နေတတ်ပါတယ်။ မွေးစားခံခဲ့ရတဲ့ စတိဗ်ဂျော့ဘ် အနေနဲ့ သူ့မိဘအရင်းတွေက သူ့ကိုစွန့်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာရှိနေတဲ့အတွက် သူဟာ သာမန်မဟုတ်တဲ့သူ ထူးခြားတဲ့သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အမြဲကြိုးစားခဲ့ပါတယ် ဒီလိုနဲ့ပဲ သူ့ရဲ့စိတ်ဆန္ဒတွေ ပြည့်ဝလာခဲ့တာ ဖြစ်ပြီး အမှန်တကယ်ကို ထူးခြားသူတစ်ယောက်အဖြစ် တကမ္ဘာလုံးကပါ အသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်မျိုးတွေဟာ အမြင့်မားဆုံးအောင်မြင်သူတွေမှာ များသောအားဖြင့်တွေ့ရတတ်ပါတယ်။ ဒီတော့ အဓိကဆိုလိုရင်းက ဘာပါလဲ။ သင့်ကိုယ်သင် ထူးခြားတယ်လို့ ယုံကြည်တာက အစကောင်းပါပဲ။ ဒါပေမယ့် အစပျိုးတယ်ဆိုရုံပဲ ရှိပါသေးတယ်။ စိတ်ဓာတ်ခွန်အားရှိပြီး တက်ကြွနေရုံနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူး။ သင့်ရဲ့ ဆန္ဒတွေပြည့်ဝလာပြီး ရည်မှန်းထားသမျှ ဖြစ်လာစေဖို့ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။

ပင်ကိုယ်ထူးချွန်တဲ့ ပါရမီရှိရမယ်
ထက်မြက်တာ၊ အရည်အချင်းရှိတာ၊ တက်ကြွတာ၊ အသေးစိတ်လုပ်တတ်တာ စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေဖို့ထက် မွေးရာပါ ပင်ကိုယ်ပါရမီတစ်ခု ရှိနေဖို့နဲ့ အဲ့ဒီပါရမီကို ပိုထူးခြားကောင်းမွန်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ ပင်ကိုယ်ပါရမီ မပါတဲ့အရာတစ်ခုနဲ့လည်း ဘဝအောင်မြင်မှုကို တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် သင်လုပ်နေတာတွေအတွက် ပျော်ရွှင်မှုရနိုင်မလားဆိုတာကတော့ မသေချာပါဘူး။

အပြုသဘောဆောင်ပြီး အမြဲတွေးနေလို့ မရဘူး
ဒီအချက်နဲ့ပတ်သက်ပြီး လူအများစုက ရှုပ်ထွေးသွားတတ်ကြပါတယ်။ ကလေးဘဝက စိတ်ဒဏ်ရာတွေက သင့်ကိုယ်သင် ထူးထူးခြားခြားအောင်မြင်မှုတွေ ရယူနိုင်ကြောင်း သက်သေပြနိုင်ဖို့အတွက် မီးမွှေးပေးတာ ဖြစ်ပါတယ်။ အရွယ်ရောက်ချိန်မှာ အားလုံးကို အပြုသဘောဆောင်ပြီးပဲ တွေးနေမယ်ဆိုရင် သင့်စိတ်ထဲမှာ မှားယွင်းတဲ့အသိတွေကိုပဲ ဖန်တီးနေမိမှာပါ။ ဒီလို ဘာဖြစ်ဖြစ်ကောင်းပါတယ်ဆိုတဲ့ အပြုသဘောဆောင် တွေးတာက စိတ်သက်သာရာရတာက လွဲပြီး လက်တွေ့မှာ အထောက်အကူမဖြစ်ပါဘူး။

တကယ်ဖြစ်ချင် တကယ်လုပ်ရမယ်
သင့်ကိုယ်သင့် ဒေါ်နယ်ထရမ့်ပ် ဒါမှမဟုတ် မာ့ခ် ကူးဘန်းတို့လို အောင်မြင်ချမ်းသာသူတစ်ယောက်ဖြစ်ရမယ့် လို့ တွေးထားချင် တွေးထားလို့ရပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ပဲ ထိုင်နေပြီး စိတ်ကူးထားတာတွေ ဖြစ်လာဖို့ မျှော်လင့်နေမယ်ဆိုရင်တော့ လေထဲတိုက်ဆောက်နေတာပါပဲ။ ဒါ့ကြောင့် တကယ်ဖြစ်ချင်ရင် တကယ်လုပ်ဖို့ လိုပါတယ်။
သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ရမယ်
သင့်အနေနဲ့ စိတ်အားတက်ကြွမှုလည်း ရှိ၊ ပင်ကိုယ်ပါရမီလည်းရှိပြီး အလုပ်လည်း ကြိုးစားတယ် ဆိုရင်တောင်မှ သင့်ဘဝလမ်းကြောင်းတစ်လျှောက်မှာ ရွေးချယ်စရာတွေ အများကြီးရှိနေဦးမှာပါ။ ဆုံးဖြတ်ချက် တစ်ခုချင်းစီတိုင်းဟာ အရေးပါအရာရောက်ပြီး ရလဒ်အဆိုးအကောင်းတွေကို ကွဲပြားစေမှာ ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာက သင့်ဘဝတစ်လျှောက် မှန်ကန်သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်ပါတယ်။

ဇွဲလုံ့လရှိနေရမယ်
ဒီအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ်လှုံ့ဆော်နေနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်မျိုး ပြောရရင် သင်အောင်မြင်ပြီးရင် အောင်မြင်နေချင်စိတ် ဘယ်တော့မှ အောင်မြင်မှုကို မတင်းတိမ်နိုင်တဲ့ စိတ်ရှိနေရာမှာ ဖြစ်ပါတယ်။ ဒီအရာက သင်ရဲ့အမြင်နဲ့ သင့်ဘဝအပေါ် သက်ရောက်မှုပေါ်မှာ မူတည်ပြီး လက်ဆောင်တစ်ခု ဖြစ်နိုင်သလို ကျိန်စာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကောင်းတာတစ်ခုကတော့ ဇွဲလုံ့လရှိပြီး မဆုတ်မနစ်လုပ်ဆောင်တတ်တာက အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အချိန်တိုင်းမှာ အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါတယ်။

သင့်ကိုသင် ထူးခြားတယ်လို့ ယုံကြည်မိတဲ့အရာက ဘာပဲဖြစ်နေပါစေ သင့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်စေဖို့ စိတ်ဓာတ်လှုံ့ဆော်မှုဖြစ်စေနိုင်ပါတယ်။ ဒီလို မယုံကြည်ထားဘူး ဆိုရင်တော့ သင်ရည်မှန်းထားတာတွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့ တွန်းအားရှိမှာ မဟုတ်ပါဘူး ဒီလိုနဲ့ သာမန်ထက် မထူးခြားတဲ့ နေရာမှာပဲ ရပ်တည်နေရမှာပါ။

Written by Admin

Entrepreneur