Comfort Zone က ႐ုန္းထြက္ႏိုင္ဖို႔ လိုအပ္ခ်က္ (၁၀)ခု

သင့္အေနနဲ႔ ဘ၀မွာ ထူးထူးျခားျခား ေအာင္ျမင္မႈေတြ ရရွိလိုပါသလား။ ဘ၀မွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ေနသားတက်ျဖစ္ေနတဲ့ အေျခအေန (Comfort Zone) အျပင္ဖက္ကို ထြက္ၾကည့္ႏိုင္ဖို႔ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္တို႔အေနနဲ႔ စိတ္ဖိစီးစရာ၊ အခက္အခဲတစ္စံုတစ္ရာေလာက္မွ မေတြ႕ရဘူးဆိုရင္ အေကာင္းဆံုးစြမ္းေဆာင္ရည္ကို ထုတ္သံုးဖို႔ ခက္ေနတတ္တာေၾကာင့္ ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ အရာရာ ေနသားတက်အဆင္ေျပေနတဲ့ အေျခအေနမဟုတ္ပဲ အခက္အခဲေတြနဲ႔ ရင္ဆိုင္လာရတဲ့အခါမွာ ကိုယ္ကိုယ္တိုင္ေတာင္ သတိမထားမိတဲ့ အျမင့္ဆံုးစြမ္းေဆာင္ရည္ေတြ ထြက္ေပၚလာတတ္ပါတယ္။

စြမ္းေဆာင္ရည္ျမင့္မားမႈနဲ႔ အခက္အခဲဟာ တိုက္႐ိုက္ပတ္သက္ဆက္ႏြယ္ေနပါတယ္။ ဒါ့ေၾကာင့္ အရာရာအဆင္ေျပေနတဲ့ အေျခအေနကထြက္ၿပီး အခက္အခဲေတြနဲ႔ ရင္ဆိုင္တာဟာ သင့္ကို ပိုၿပီးထူးျခားလာၿပီး အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြ ရရွိလာေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဒီလိုျဖစ္ဖို႔အတြက္ ဧ၀ရတ္ေတာင္သြားတက္တာလိုမ်ိဳး အရမ္းခက္ခဲတာေတြ လုပ္စရာမလိုပါဘူး။ ေန႔စဥ္ဘ၀ လႈပ္ရွားမႈေတြမွာ အေျပာင္းအလဲေလးလုပ္႐ုံနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ ကဲ… ဒါဆိုရင္ Comfort Zone ကေန ႐ုန္းထြက္ၿပီး စိန္ေခၚမႈေတြကို ရင္ဆိုင္ၾကည့္ၾကရေအာင္။

၁။ အိပ္ရာ ေစာေစာထပါ။
ပံုမွန္အိပ္ရာထခ်ိန္ထက္ ေစာၿပီး ႏိုးထတာကလည္း သင့္ရဲ႕ Comfort zone ကေန ထြက္တဲ့နည္းလမ္းတစ္ခုပါပဲ။ အလုပ္သြားဖို႔ ျပင္ဆင္ခ်ိန္မတိုင္ခင္ အိပ္ရာထတာထက္ ပိုၿပီးေစာေစာထမယ္ဆိုရင္ အေျပးအလႊားလုပ္ေနစရာမလိုပဲ စိတ္ေအးလက္ေအးနဲ႔ သင့္ရဲ႕အေတြးေတြကို စုစည္းၿပီး တစ္ေန႔တာအတြက္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္မႈေတြ လုပ္ေဆာင္ဖို႔ အခြင့္အလမ္းရလာပါလိမ့္မယ္။ ဒါ့အျပင္ မနက္စာေကာင္းေကာင္းစားေသာက္ၿပီး ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းေတြ လုပ္ႏိုင္တာေၾကာင့္ က်န္းမာေရးကိုလည္း အေထာက္အကူျဖစ္ေစမွာပါ။

၂။ မျဖစ္ႏိုင္တဲ့ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုကို ေအာင္ျမင္ေအာင္လုပ္ေဆာင္ပါ။
သင္မစြမ္းေဆာင္ႏိုင္ေလာက္ဘူးလို႔ ယူဆထားတဲ့အရာတစ္ခုကို ၿပီးေျမာက္ေအာင္ျမင္သည္အထိ လုပ္ေဆာင္ႏိုင္တာေလာက္ ေပ်ာ္စရာေကာင္းတဲ့ ကိစၥရွိမွာမဟုတ္ပါဘူး။ ဒီလိုအေရးကိစၥေတြအားလံုးက သင့္ရဲ႕ Comfort Zone အျပင္ဖက္မွာရွိေနၿပီး မလုပ္ႏိုင္ဘူးလို႔ ထင္ေနတာျဖစ္ပါတယ္။ မာရသြန္အေျပးၿပိဳင္ပြဲ ၀င္ၿပိဳင္တာ၊ ေဟာေျပာမႈတစ္ခုလုပ္ေဆာင္တာ စသျဖင့္ အရင္မလုပ္ဖူးတဲ့ ကိစၥတစ္ခုခုကို လုပ္ၾကည့္ပါ။ ဒီလိုလုပ္ၾကည့္လို႔ ၿပီးေျမာက္ေအာင္ျမင္ၿပီဆိုတာနဲ႔ သင့္ကိုယ္သင္ ဂုဏ္ယူလို႔ဆံုးမွာ မဟုတ္ပါဘူး။

၃။ တရား႐ႈမွတ္ပါ။
အလုပ္အရမ္းမ်ားေနတဲ့အခါမ်ိဳးမွာ သင္လုပ္ေနတဲ့အရာက ဘာလဲ၊ ဘာေၾကာင့္လုပ္ေနတာလဲဆိုတာကို ေအးေဆးစဥ္းစားသံုးသပ္ဖို႔ အခ်ိန္မေပးႏိုင္ပဲ Comfort Zone ထဲမွာပဲ ပိတ္မိေနတတ္ပါတယ္။ ဒီျဖစ္စဥ္ကို ေဖာက္ထြက္ဖို႔အတြက္ တရား႐ႈမွတ္ျခင္းက အေကာင္းဆံုးနည္းလမ္းျဖစ္သလို သင့္ရဲ႕ဦးေႏွာက္အတြက္လည္း ေကာင္းက်ိဳးေတြ ရရွိေစပါတယ္။ တရားထိုင္ျခင္းဟာ သင့္ဦးေႏွာက္အတြင္းမွာ အေရးႀကီးတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစပီး မိမိကိုယ္ကို သိမွတ္ဆင္ျခင္ႏိုင္ျခင္း၊ အာ႐ုံစူးစိုက္ႏိုင္ျခင္း၊ ျပႆနာေျဖရွင္းျခင္း၊ လိုက္ေလ်ာညီေထြလုပ္ေဆာင္ႏိုင္ျခင္းတို႔ကို ေရရွည္တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။

၄။ တစ္ႀကိမ္မွာ တစ္ခုတည္းသာ အာ႐ုံစိုက္ပါ။
အေရးကိစၥတစ္ခုတည္းေပၚမွာ အာ႐ုံစိုက္ျခင္းက စြန္႔စားမႈတစ္ခုပါပဲ။ ဘယ္လိုစြန္႔စားမႈလဲဆိုရင္ သင္အျပည့္အ၀ အာ႐ုံစိုက္လုပ္ေဆာင္တာက အေၾကာင္းတစ္ခုခုေၾကာင့္ ဆံုး႐ႈံးသြားရင္ အက်ိဳးရလဒ္တစ္ခုမွ က်န္မေနခဲ့မယ့္ စြန္႔စားမႈျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အေရးကိစၥတစ္ခုတည္းကို အာ႐ုံစိုက္တာက သိပ္ေတာ့အဆင္မေျပလွပါဘူး။ ဒါေပမယ့္ ဆန္႔က်င္ဖက္သေဘာတရာတစ္ခုျဖစ္တဲ့ တစ္ခ်ိန္တည္းမွာ အလုပ္ေတြကို တစ္ၿပိဳင္နက္လုပ္ေဆာင္တာကလည္း အလုပ္ၿပီးေျမာက္မႈရဲ႕ အဟန္႔အတားျဖစ္ေနျပန္ပါတယ္။ တကယ့္ေတာ့ တစ္ခ်ိန္တည္းအလုပ္ေတြ တၿပိဳင္နက္လုပ္ျခင္းက တစ္ခုတည္းကို အာ႐ုံစိုက္လုပ္ေဆာင္ျခင္းေလာက္ အလုပ္ၿပီးေျမာက္မႈမရွိတာကို ေတြ႕ရပါတယ္။ သင့္အေနနဲ႔ ကိစၥႏွစ္ခုကို တစ္ၿပိဳင္နက္လုပ္ေဆာင္ခ်ိန္မွာ သင့္ရဲ႕ဦးေႏွာက္က ႏွစ္ခုစလံုးကို ေအာင္ေအာင္ျမင္ျမင္လုပ္ေဆာင္ႏိုင္စြမ္း ကင္းမဲ့ေနပါတယ္။ ဒါ့ေၾကာင့္ မ်က္စိထဲေပၚလာသမွ် ဆြဲေဆာင္ႏိုင္တဲ့အရာေတြေနာက္ကို လုပ္မေနပဲ အမွန္တကယ္ဖြံ႕ၿဖိဳးတိုးတက္မႈရရွိႏိုင္မယ့္ အခြင့္အလမ္းတစ္ခုတည္းကို အာ႐ုံစိုက္လုပ္ေဆာင္ႏိုင္ဖို႔ လိုပါတယ္။

၅။ ေစတနာ့၀န္ထမ္းလုပ္ေဆာင္ပါ။
လူတိုင္းက စစ္မွန္တဲ့ ေစတနာနဲ႔ ပရဟိတအလုပ္ေတြကို လုပ္ေဆာင္မယ္ဆိုရင္ အေကာင္းဆံုးပါပဲ။ ဒါေပမယ့္ လူတိုင္းမွာ အေရးတႀကီးဦးစားေပးရမယ့္ ကိစၥေတြ၊ အခ်ိန္ေတြရွိတတ္ၾကပါတယ္။ အထူးသျဖင့္ ရက္သတၱပတ္လံုး အလုပ္ေတြလုပ္ခဲ့ၿပီးေနာက္မွာ လုပ္ခ်င္တာေလးေတြကို အရင္လုပ္ဖို႔ ဆံုးျဖတ္ထားတတ္ၾကၿပီး ပရဟိတ ေစတနာ၀န္ထမ္းအလုပ္ကိုေတာ့ ေနာက္ကို ေရႊ႕ထားတတ္ၾကပါတယ္။ တကယ္ေတာ့ ပရဟိတလုပ္ငန္းေတြဟာ သင့္ရဲ႕ခံစားခ်က္ေတြကို ေကာင္းမြန္ေစၿပီး လူမႈဆက္ဆံေရးကြန္ယက္ကိုလည္း ျဖန္႔က်က္ႏိုင္ပါတယ္။

၆။ အမ်ားေရွ႕စကားေျပာႏိုင္ေအာင္ ေလ့က်င့္ပါ။
လူေတာ္ေတာ္မ်ားမ်ားက ပရိသတ္ေရွ႕မွာ စကားထြက္ေျပာဖို႔ကို ေသဖို႔ထက္ ေၾကာက္တတ္ၾကပါတယ္။ ဟုတ္ပါတယ္။ ပရိသတ္ေရွ႕မွာ စကားေျပာႏိုင္ဖို႔ဆိုတာ စိန္ေခၚမႈတစ္ခုပါပဲ။ ဒါေပမယ့္ ဒီစိန္ေခၚမႈက ရင္ဆိုင္ဖို႔ ထိုက္တန္ပါတယ္။ သင့္အေနနဲ႔ စားပြဲ၀ိုင္းတစ္ခုမွာ လူငါးေယာက္ေရွ႕ေျပာရတာပဲျဖစ္ျဖစ္၊ လူငါးေထာင္ေလာက္ေရွ႕မွာ ထြက္ေျပာရတာပဲျဖစ္ျဖစ္ ပရိသတ္ေရွ႕မွာ စကားထြက္ေျပာႏိုင္တာက သင့္ကို ေအာင္ျမင္ေစဖို႔ အေထာက္အကူျပဳေပးမွာ ေသခ်ာပါတယ္။

၇။ လူစိမ္းတစ္ေယာက္ကို စကားေျပာပါ။
သင္က အရမ္းကို ပြင့္လင္းေဖာ္ေရြတတ္သူတစ္ေယာက္ ဒါမွမဟုတ္ ႏိုင္ငံေရးသမားတစ္ေယာက္ မဟုတ္ဘူးဆိုရင္ သိကၽြမ္းၿပီးသားမဟုတ္တဲ့ လူစိမ္းတစ္ေယာက္ကို စကားေျပာဖို႔က သိပ္အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ႀကိဳးစားၾကည့္ပါ။ လူမႈဆက္ဆံေရးက သင့္ရဲ႕ စိတ္ခံစားခ်က္ကို ပိုေကာင္းလာေစၿပီး အသိုင္းအ၀ိုင္းလည္း ပိုက်ယ္လာေစႏိုင္ပါတယ္။ ဒါ့အျပင္ စိတ္ကူးအၾကံဥာဏ္သစ္ေတြ ရရွိႏိုင္ၿပီး မိမိကိုယ္ကိုယ္ ယုံၾကည္မႈလည္း တိုးပြားလာႏိုင္ပါတယ္။

၈။ စကားမကၽြံေအာင္ ထိန္းတတ္ပါေစ။
တစ္ေယာက္ေယာက္ကို စိတ္ထဲရွိတဲ့အတိုင္း ေျပာခ်ပစ္လိုက္ရတာက ရင္ထဲမွာ ေပါ့သြားၿပီး ေက်နပ္မႈရေစႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလိုေက်နပ္မႈက ခဏတာပါပဲ။ ေနာက္တစ္ရက္၊ ေနာက္တစ္ပတ္၊ ေနာက္တစ္ႏွစ္မွာ ဘာေတြဆက္ျဖစ္ႏိုင္ပါသလဲ ေတြးၾကည့္ပါ။ ကိုယ္မွန္ကန္ေၾကာင္းကို သက္ေသျပခ်င္တာက လူေတြရဲ႕ သဘာ၀ပါ။ တကယ္ေတာ့ စိတ္မထိန္းႏိုင္ပဲ ေျပာခ်င္ရာေျပာတာဟာ လူမႈဆက္ဆံေရးကို ဆိုးဆိုးရြားရြား ထိခိုက္ေစႏိုင္ပါတယ္။ စိတ္ကို ထိန္းခ်ဳပ္ၿပီး ေျပာသင့္မေျပာသင့္ကို ပညာသားပါပါ ဆံုးျဖတ္ႏိုင္တာက အေကာင္းဆံုးပါပဲ။ ဒါ့ေၾကာင့္ အခ်ိန္အမ်ားစုမွာ သင့္ပါးစပ္နဲ႔ လွ်ာကို အလိုမလိုက္မိေအာင္ ႀကိဳးစားပါ။

၉။ ျငင္းဆိုတတ္ပါေစ။
ပညာရွင္ေတြရဲ႕ ေလ့လာမႈအရ ျငင္းဆိုဖို႔ အားနာတတ္ေလေလ၊ စိတ္ဖိစီးမႈပိုမ်ားေလပဲ ျဖစ္ပါတယ္။ အျငင္းစကားေျပာဖို႔က လူအမ်ားစုအတြက္ အဓိကစိန္ေခၚမႈတစ္ခု ျဖစ္ေနတတ္ပါတယ္။ တကယ္ေတာ့ အျငင္းစကားဟာ ေျပာလိုက္ဖို႔ အားမနာသင့္တဲ့ စကားျဖစ္ပါတယ္။ ျငင္းရမယ့္အခ်ိန္မွာ အားမနာတမ္းျငင္းတတ္ဖို႔ လိုပါတယ္။ ျငင္းရမယ့္ကိစၥေတြကို ျငင္းတတ္လာၿပီဆိုရင္ သင့္အေနနဲ႔ မလိုလားအပ္တဲ့ အေရးကိစၥေတြကေန လြတ္ကင္းၿပီး ဘ၀အတြက္အေရးႀကီးတဲ့ေနရာေတြမွာ အသံုးခ်ဖို႔ အခ်ိန္နဲ႔ ခြန္အာပိုမိုရရွိလာမွာ ျဖစ္ပါတယ္။

၁၀။ အခ်ိန္ေရႊ႕ဆုိင္းျခင္းကို ရပ္လိုက္ပါ။
အေျပာင္းအလဲဆိုတာ ခက္ခဲပါတယ္။ ဒီလိုပါပဲ။ မိမိကိုယ္ကို တိုးတက္ေျပာင္းလဲဖို႔ကလည္း ခက္ခဲပါတယ္။ သင္လိုခ်င္တာကို ရဖို႔ကလည္း မလြယ္ပါဘူး။ ဒါေပမယ့္ တကယ္လုပ္ရင္ေတာ့ မျဖစ္တာမရွိပါဘူး။ ခက္ခဲတဲ့ ကိစၥေတြၾကံဳလာတဲ့အခါမွာ ေနာက္ရက္မွလုပ္ဖို႔ အခ်ိန္ေရႊ႕ဆိုင္းတတ္ၾကပါတယ္။ ဒါေပမယ့္ ျပႆနာက ေနာက္ရက္မွာလည္း မလုပ္ျဖစ္ေတာ့တာပါပဲ။ မနက္ျဖန္လုပ္မယ္ဆိုတာက ဆင္ေျခတစ္ခုပဲျဖစ္ပါတယ္။

သင့္ရဲ႕ Comfort zone ထဲမွာ ေနတာဟာ အလံုးစံုရပ္တန္႔ေနတာပဲျဖစ္ပါတယ္။ ကမာေကာင္ေလးေတြဟာ ခုိးလိုးခုလုျဖစ္ေစတဲ့ အမႈန္အမႊားေလးေတြေၾကာင့္ ပုလဲေတြကို ဖန္တီးတတ္ၾကသလိုပါပဲ။ အားလံုးအဆင္ေျပေနရင္ ဘယ္သူကမွ ထူးထူးျခားျခားေအာင္ျမင္မႈေတြကို လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အားလံုးအဆင္ေျပေနတယ္လို႔ ထင္ရတဲ့ Comfort Zone ထဲက ထြက္ၿပီး သင့္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ၾကပါေစ။

Comfort Zone က ရုန်းထွက်နိုင်ဖို့ လိုအပ်ချက် (၁၀)ခု

သင့်အနေနဲ့ ဘဝမှာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရရှိလိုပါသလား။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် နေသားတကျဖြစ်နေတဲ့ အခြေအနေ (Comfort Zone) အပြင်ဖက်ကို ထွက်ကြည့်နိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အနေနဲ့ စိတ်ဖိစီးစရာ၊ အခက်အခဲတစ်စုံတစ်ရာလောက်မှ မတွေ့ရဘူးဆိုရင် အကောင်းဆုံးစွမ်းဆောင်ရည်ကို ထုတ်သုံးဖို့ ခက်နေတတ်တာကြောင့် ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အရာရာ နေသားတကျအဆင်ပြေနေတဲ့ အခြေအနေမဟုတ်ပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိတဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေ ထွက်ပေါ်လာတတ်ပါတယ်။

စွမ်းဆောင်ရည်မြင့်မားမှုနဲ့ အခက်အခဲဟာ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် အရာရာအဆင်ပြေနေတဲ့ အခြေအနေကထွက်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်တာဟာ သင့်ကို ပိုပြီးထူးခြားလာပြီး အကောင်းဆုံးစွမ်းဆောင်ရည်တွေ ရရှိလာအောင် လုပ်ပေးနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ဧဝရတ်တောင်သွားတက်တာလိုမျိုး အရမ်းခက်ခဲတာတွေ လုပ်စရာမလိုပါဘူး။ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေမှာ အပြောင်းအလဲလေးလုပ်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ကဲ… ဒါဆိုရင် Comfort Zone ကနေ ရုန်းထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြည့်ကြရအောင်။

၁။ အိပ်ရာ စောစောထပါ။
ပုံမှန်အိပ်ရာထချိန်ထက် စောပြီး နိုးထတာကလည်း သင့်ရဲ့ Comfort zone ကနေ ထွက်တဲ့နည်းလမ်းတစ်ခုပါပဲ။ အလုပ်သွားဖို့ ပြင်ဆင်ချိန်မတိုင်ခင် အိပ်ရာထတာထက် ပိုပြီးစောစောထမယ်ဆိုရင် အပြေးအလွှားလုပ်နေစရာမလိုပဲ စိတ်အေးလက်အေးနဲ့ သင့်ရဲ့အတွေးတွေကို စုစည်းပြီး တစ်နေ့တာအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ အခွင့်အလမ်းရလာပါလိမ့်မယ်။ ဒါ့အပြင် မနက်စာကောင်းကောင်းစားသောက်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်နိုင်တာကြောင့် ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေမှာပါ။

၂။ မဖြစ်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အောင်မြင်အောင်လုပ်ဆောင်ပါ။
သင်မစွမ်းဆောင်နိုင်လောက်ဘူးလို့ ယူဆထားတဲ့အရာတစ်ခုကို ပြီးမြောက်အောင်မြင်သည်အထိ လုပ်ဆောင်နိုင်တာလောက် ပျော်စရာကောင်းတဲ့ ကိစ္စရှိမှာမဟုတ်ပါဘူး။ ဒီလိုအရေးကိစ္စတွေအားလုံးက သင့်ရဲ့ Comfort Zone အပြင်ဖက်မှာရှိနေပြီး မလုပ်နိုင်ဘူးလို့ ထင်နေတာဖြစ်ပါတယ်။ မာရသွန်အပြေးပြိုင်ပွဲ ၀င်ပြိုင်တာ၊ ဟောပြောမှုတစ်ခုလုပ်ဆောင်တာ စသဖြင့် အရင်မလုပ်ဖူးတဲ့ ကိစ္စတစ်ခုခုကို လုပ်ကြည့်ပါ။ ဒီလိုလုပ်ကြည့်လို့ ပြီးမြောက်အောင်မြင်ပြီဆိုတာနဲ့ သင့်ကိုယ်သင် ဂုဏ်ယူလို့ဆုံးမှာ မဟုတ်ပါဘူး။

၃။ တရားရှုမှတ်ပါ။
အလုပ်အရမ်းများနေတဲ့အခါမျိုးမှာ သင်လုပ်နေတဲ့အရာက ဘာလဲ၊ ဘာကြောင့်လုပ်နေတာလဲဆိုတာကို အေးဆေးစဉ်းစားသုံးသပ်ဖို့ အချိန်မပေးနိုင်ပဲ Comfort Zone ထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။ ဒီဖြစ်စဉ်ကို ဖောက်ထွက်ဖို့အတွက် တရားရှုမှတ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်သလို သင့်ရဲ့ဦးနှောက်အတွက်လည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။ တရားထိုင်ခြင်းဟာ သင့်ဦးနှောက်အတွင်းမှာ အရေးကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပီး မိမိကိုယ်ကို သိမှတ်ဆင်ခြင်နိုင်ခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ လိုက်လျောညီထွေလုပ်ဆောင်နိုင်ခြင်းတို့ကို ရေရှည်တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

၄။ တစ်ကြိမ်မှာ တစ်ခုတည်းသာ အာရုံစိုက်ပါ။
အရေးကိစ္စတစ်ခုတည်းပေါ်မှာ အာရုံစိုက်ခြင်းက စွန့်စားမှုတစ်ခုပါပဲ။ ဘယ်လိုစွန့်စားမှုလဲဆိုရင် သင်အပြည့်အဝ အာရုံစိုက်လုပ်ဆောင်တာက အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးသွားရင် အကျိုးရလဒ်တစ်ခုမှ ကျန်မနေခဲ့မယ့် စွန့်စားမှုဖြစ်ပါတယ်။ ဒါ့ကြောင့် အရေးကိစ္စတစ်ခုတည်းကို အာရုံစိုက်တာက သိပ်တော့အဆင်မပြေလှပါဘူး။ ဒါပေမယ့် ဆန့်ကျင်ဖက်သဘောတရာတစ်ခုဖြစ်တဲ့ တစ်ချိန်တည်းမှာ အလုပ်တွေကို တစ်ပြိုင်နက်လုပ်ဆောင်တာကလည်း အလုပ်ပြီးမြောက်မှုရဲ့ အဟန့်အတားဖြစ်နေပြန်ပါတယ်။ တကယ့်တော့ တစ်ချိန်တည်းအလုပ်တွေ တပြိုင်နက်လုပ်ခြင်းက တစ်ခုတည်းကို အာရုံစိုက်လုပ်ဆောင်ခြင်းလောက် အလုပ်ပြီးမြောက်မှုမရှိတာကို တွေ့ရပါတယ်။ သင့်အနေနဲ့ ကိစ္စနှစ်ခုကို တစ်ပြိုင်နက်လုပ်ဆောင်ချိန်မှာ သင့်ရဲ့ဦးနှောက်က နှစ်ခုစလုံးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်စွမ်း ကင်းမဲ့နေပါတယ်။ ဒါ့ကြောင့် မျက်စိထဲပေါ်လာသမျှ ဆွဲဆောင်နိုင်တဲ့အရာတွေနောက်ကို လုပ်မနေပဲ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မယ့် အခွင့်အလမ်းတစ်ခုတည်းကို အာရုံစိုက်လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

၅။ စေတနာ့ဝန်ထမ်းလုပ်ဆောင်ပါ။
လူတိုင်းက စစ်မှန်တဲ့ စေတနာနဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် လူတိုင်းမှာ အရေးတကြီးဦးစားပေးရမယ့် ကိစ္စတွေ၊ အချိန်တွေရှိတတ်ကြပါတယ်။ အထူးသဖြင့် ရက်သတ္တပတ်လုံး အလုပ်တွေလုပ်ခဲ့ပြီးနောက်မှာ လုပ်ချင်တာလေးတွေကို အရင်လုပ်ဖို့ ဆုံးဖြတ်ထားတတ်ကြပြီး ပရဟိတ စေတနာဝန်ထမ်းအလုပ်ကိုတော့ နောက်ကို ရွှေ့ထားတတ်ကြပါတယ်။ တကယ်တော့ ပရဟိတလုပ်ငန်းတွေဟာ သင့်ရဲ့ခံစားချက်တွေကို ကောင်းမွန်စေပြီး လူမှုဆက်ဆံရေးကွန်ယက်ကိုလည်း ဖြန့်ကျက်နိုင်ပါတယ်။

၆။ အများရှေ့စကားပြောနိုင်အောင် လေ့ကျင့်ပါ။
လူတော်တော်များများက ပရိသတ်ရှေ့မှာ စကားထွက်ပြောဖို့ကို သေဖို့ထက် ကြောက်တတ်ကြပါတယ်။ ဟုတ်ပါတယ်။ ပရိသတ်ရှေ့မှာ စကားပြောနိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမယ့် ဒီစိန်ခေါ်မှုက ရင်ဆိုင်ဖို့ ထိုက်တန်ပါတယ်။ သင့်အနေနဲ့ စားပွဲဝိုင်းတစ်ခုမှာ လူငါးယောက်ရှေ့ပြောရတာပဲဖြစ်ဖြစ်၊ လူငါးထောင်လောက်ရှေ့မှာ ထွက်ပြောရတာပဲဖြစ်ဖြစ် ပရိသတ်ရှေ့မှာ စကားထွက်ပြောနိုင်တာက သင့်ကို အောင်မြင်စေဖို့ အထောက်အကူပြုပေးမှာ သေချာပါတယ်။

၇။ လူစိမ်းတစ်ယောက်ကို စကားပြောပါ။
သင်က အရမ်းကို ပွင့်လင်းဖော်ရွေတတ်သူတစ်ယောက် ဒါမှမဟုတ် နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူးဆိုရင် သိကျွမ်းပြီးသားမဟုတ်တဲ့ လူစိမ်းတစ်ယောက်ကို စကားပြောဖို့က သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုးစားကြည့်ပါ။ လူမှုဆက်ဆံရေးက သင့်ရဲ့ စိတ်ခံစားချက်ကို ပိုကောင်းလာစေပြီး အသိုင်းအဝိုင်းလည်း ပိုကျယ်လာစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကူးအကြံဉာဏ်သစ်တွေ ရရှိနိုင်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးပွားလာနိုင်ပါတယ်။

၈။ စကားမကျွံအောင် ထိန်းတတ်ပါစေ။
တစ်ယောက်ယောက်ကို စိတ်ထဲရှိတဲ့အတိုင်း ပြောချပစ်လိုက်ရတာက ရင်ထဲမှာ ပေါ့သွားပြီး ကျေနပ်မှုရစေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကျေနပ်မှုက ခဏတာပါပဲ။ နောက်တစ်ရက်၊ နောက်တစ်ပတ်၊ နောက်တစ်နှစ်မှာ ဘာတွေဆက်ဖြစ်နိုင်ပါသလဲ တွေးကြည့်ပါ။ ကိုယ်မှန်ကန်ကြောင်းကို သက်သေပြချင်တာက လူတွေရဲ့ သဘာဝပါ။ တကယ်တော့ စိတ်မထိန်းနိုင်ပဲ ပြောချင်ရာပြောတာဟာ လူမှုဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ကို ထိန်းချုပ်ပြီး ပြောသင့်မပြောသင့်ကို ပညာသားပါပါ ဆုံးဖြတ်နိုင်တာက အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် အချိန်အများစုမှာ သင့်ပါးစပ်နဲ့ လျှာကို အလိုမလိုက်မိအောင် ကြိုးစားပါ။

၉။ ငြင်းဆိုတတ်ပါစေ။
ပညာရှင်တွေရဲ့ လေ့လာမှုအရ ငြင်းဆိုဖို့ အားနာတတ်လေလေ၊ စိတ်ဖိစီးမှုပိုများလေပဲ ဖြစ်ပါတယ်။ အငြင်းစကားပြောဖို့က လူအများစုအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်နေတတ်ပါတယ်။ တကယ်တော့ အငြင်းစကားဟာ ပြောလိုက်ဖို့ အားမနာသင့်တဲ့ စကားဖြစ်ပါတယ်။ ငြင်းရမယ့်အချိန်မှာ အားမနာတမ်းငြင်းတတ်ဖို့ လိုပါတယ်။ ငြင်းရမယ့်ကိစ္စတွေကို ငြင်းတတ်လာပြီဆိုရင် သင့်အနေနဲ့ မလိုလားအပ်တဲ့ အရေးကိစ္စတွေကနေ လွတ်ကင်းပြီး ဘဝအတွက်အရေးကြီးတဲ့နေရာတွေမှာ အသုံးချဖို့ အချိန်နဲ့ ခွန်အာပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

၁၀။ အချိန်ရွှေ့ဆိုင်းခြင်းကို ရပ်လိုက်ပါ။
အပြောင်းအလဲဆိုတာ ခက်ခဲပါတယ်။ ဒီလိုပါပဲ။ မိမိကိုယ်ကို တိုးတက်ပြောင်းလဲဖို့ကလည်း ခက်ခဲပါတယ်။ သင်လိုချင်တာကို ရဖို့ကလည်း မလွယ်ပါဘူး။ ဒါပေမယ့် တကယ်လုပ်ရင်တော့ မဖြစ်တာမရှိပါဘူး။ ခက်ခဲတဲ့ ကိစ္စတွေကြုံလာတဲ့အခါမှာ နောက်ရက်မှလုပ်ဖို့ အချိန်ရွှေ့ဆိုင်းတတ်ကြပါတယ်။ ဒါပေမယ့် ပြဿနာက နောက်ရက်မှာလည်း မလုပ်ဖြစ်တော့တာပါပဲ။ မနက်ဖြန်လုပ်မယ်ဆိုတာက ဆင်ခြေတစ်ခုပဲဖြစ်ပါတယ်။

သင့်ရဲ့ Comfort zone ထဲမှာ နေတာဟာ အလုံးစုံရပ်တန့်နေတာပဲဖြစ်ပါတယ်။ ကမာကောင်လေးတွေဟာ ခိုးလိုးခုလုဖြစ်စေတဲ့ အမှုန်အမွှားလေးတွေကြောင့် ပုလဲတွေကို ဖန်တီးတတ်ကြသလိုပါပဲ။ အားလုံးအဆင်ပြေနေရင် ဘယ်သူကမှ ထူးထူးခြားခြားအောင်မြင်မှုတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အားလုံးအဆင်ပြေနေတယ်လို့ ထင်ရတဲ့ Comfort Zone ထဲက ထွက်ပြီး သင့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပါစေ။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%