အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေစဖုိ႔ နည္းလမ္း (၇)ခု

ေစ်းကြက္သစ္ထြင္ စြန္႔ဦးလုပ္ငန္းရွင္တစ္ေယာက္ အေနနဲ႔ စီးပြားေရး ေအာင္ျမင္မႈ အိပ္မက္ေတြအမွန္တကယ္ျဖစ္လာေစ ဂ႐ုစိုက္လုပ္ေဆာင္သင့္တ့ဲ နည္းလမ္း (၇)ခုရွိပါတယ္။

၁။ လူမႈဆက္ဆံေရးရဲ႕ အေရးပါမႈကို အေလးထားပါ။
ဒီအခ်က္ေတာ့ အရမ္းကိုအေျခခံက်တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ သင့္စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ ပံ့ပိုးကူညီေပးႏိုင္သူေတြနဲ႔ မ်ားမ်ားေတြ႕ဆုံရေလေလ သင့္အိပ္မက္ အမွန္တကယ္ျဖစ္လာဖို႔ နီးစပ္ေလပါပဲ။ ေတြ႕႐ံုနဲ႔ေတာ့လည္း မၿပီးေသးပါဘူး။ သင့္ရဲ႕စိတ္ကူးအိပ္မက္ကို ေျပာျပတတ္ဖို႔ လိုပါေသးတယ္။ တစ္ခါတစ္ေလမွာ သင့္ကို ပံ့ပိုးကူညီမႈ မေပးႏိုင္သူေတြနဲ႔လည္း အမ်ားႀကီးေတြ႔ရႏိုင္တ့ဲအတြက္ လူမွန္ေတြနဲ႔ေတြ႔သည္အထိ စိတ္ရွည္ဖို႔လည္း လိုပါတယ္။

၂။ အိပ္မက္ကို မဆုတ္မနစ္အေကာင္အထည္ေဖာ္ပါ။
သင္ေရာက္ခ်င္တ့ဲ ပန္းတိုင္ေရာက္ဖို႔ ခရီးလမ္းက မွန္းဆမရႏိုင္ေအာင္ ေ၀းလြန္းတယ္လို႔ ထင္ေကာင္းထင္ေနပါလိမ့္မယ္။ ဒီအေတြးမ်ိဳးေၾကာင့္ သင့္ရဲ႕ စိတ္ကူးအစီအစဥ္ေတြကို ပ်က္ယြင္းမသြားပါေစနဲ႔။ ဘာပဲျဖစ္ျဖစ္လက္မေလွ်ာ့ အ႐ံႈးမေပးပဲ ဆက္ႀကိဳးစားဖို႔ မျပင္ဆင္ထားဘူးဆိုရင္ က်ဆုံးမွာေသခ်ာပါတယ္။ သင့္စိတ္ကူးကို ကူညီအေကာင္အထည္ေဖာ္ေပးႏိုင္သူေတြနဲ႔ ေတြ႔ဆုံဖို႔ဆိုတာကလည္း လြယ္ကူတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္မပ်က္ပါနဲ႔။ မဆုတ္မနစ္ႀကိဳးစားမယ္ဆိုရင္ အခြင့္အလမ္းကို ေတြ႔လာမွာ ေသခ်ာပါတယ္။

၃။ အာ႐ံုစူးစုိက္မႈ ရွိပါေစ။
သင့္ေအာင္ျမင္မႈကို အဟန္႔အတားျဖစ္ေစႏိုင္တ့ဲအရာေတြထဲမွာ သင့္ဖုန္းက noti ေတြလည္း အပါအ၀င္ျဖစ္ပါတယ္။ သင့္ကို အခ်က္ျပသတိေပးဖုိ႔ ႀကိဳးစားေနတ့ဲ app တိုင္းက သင့္ရဲ႕စိတ္အာ႐ံုကိုဆြဲေဆာင္ေနပါတယ္။ ဒါေတြကို အေလးထားေနမယ္ဆိုရင္ ေဆာ့ဖ္၀ဲလ္ကုမၸဏီေတြကို လုပ္ေကၽြးေနတာနဲ႔ အတူတူပါပဲ။ သင့္ဖုန္းကို ခပ္ေ၀းေ၀းမွာ ပစ္ထားလိုက္ပါ။ သင့္စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔အတြက္ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေလးေလးနင္နက္ စဥ္းစားေတြးေခၚဖို႔ လိုအပ္ပါတယ္။ သင့္အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ သင္လုပ္ေဆာင္သမွ်အရာအားလံုးဟာ အေၾကာင္းကိစၥတစ္ခုတည္းေပၚမွာ အာ႐ုံစိုက္ထားႏိုင္ဖို႔ လိုပါတယ္။

၄။ အက်ိဳးမဲ့အလဟႆျဖစ္စရာမ်ားကို ရွင္းထုတ္ပါ။
သင့္အတြက္ အမွန္တကယ္အသံုးမ၀င္တဲ့အရာေတြက သင့္ပတ္၀န္းက်င္မွာ ရွိေနပါတယ္။ ဥပမာ သင့္ဖုန္းရဲ႕ Contact List ထဲမွာ ဆက္သြယ္လာလို႔ ဘာအက်ိဳးေက်းဇူးမွ မရႏိုင္တဲ့ လူေတြရွိေနပါတယ္။ အက်ိဳးမရွိတဲ့အရာေတြကို ဖယ္ထုတ္ထားႏိုင္မွသာ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ရာမွာ မလိုလားအပ္ပဲ အဟန္႔အထားျဖစ္ေစႏိုင္မယ့္ အရာေတြကို ရွင္းထုတ္လိုက္ဖို႔ လိုပါတယ္။

၅။ စိတ္လႈပ္ရွားတက္ၾကြမႈရွိပါေစ။
သင့္စိတ္ကူးအိပ္မက္နဲ႔ ပတ္သက္ၿပီး မွန္ကန္တဲ့အရာေတြအားလံုးကို စိတ္လႈပ္ရွားတက္ၾကြမႈရွိေနဖို႔ လိုပါတယ္။ ဒီလိုစိတ္လႈပ္ရွားတက္ၾကြမႈကပဲ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြ အေကာင္အထည္ေဖာ္ေဆာင္ဖို႔ တြန္းအားျဖစ္ေစမွာပါ။

၆။ မလုပ္ဖူးတာေတြ လုပ္ၾကည့္ပါ။
သင့္ရဲ႕ ပံုမွန္လည္ပတ္ေနတဲ့ ေန႔စဥ္ဘ၀ထဲကေန ထြက္ၾကည့္ပါ။ သင့္အတြက္ လက္ရွိအခ်ိန္မွာ အဆင္ေျပေနတဲ့ Comfort Zone က သင့္ရဲ႕ေအာင္ျမင္မႈကို ဟန္႔တားထားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မလုပ္ဖူးေသးတဲ့ အားကစားနည္းေတြ၊ မသြားဖူးေသးတဲ့ ခရီးေတြ စသျဖင့္ကို ကစားၾကည့္၊ သြားၾကည့္ဖို႔ လိုပါတယ္။

၇။ ဘယ္ကိစၥမဆို ျဖစ္ႏိုင္ေခ်ေတြ ႀကိဳသိဖို႔ ေမွ်ာ္လင့္မထားပါနဲ႔။
လူေတြက ဘယ္ကိစၥမဆို ႀကိဳၿပီးသိထားခ်င္တတ္ၾကပါတယ္။ တကယ္ဆိုရင္ သင့္ဘ၀မွာ သင္ကိုယ္တိုင္ေတာင္ ေမွ်ာ္လင့္မထားပဲ၊ ထင္မထားပဲ ဘာေၾကာင့္ ဘယ္လိုျဖစ္လာမွန္းမသိ ျဖစ္လာတာေတြ အမ်ားႀကီးပါပဲ။ ဒါ့ေၾကာင့္ ဘာကိုမွ ႀကိဳမေတြး ႀကိဳမသိခ်င္ပါနဲ႔။ ဘယ္လိုပဲ ျဖစ္လာပါေစ၊ သင္ရရွိလာတဲ့ အေတြ႕အၾကံဳေတြကတဆင့္ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြကို ဆက္ၿပီးအေကာင္အထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။

အိပ်မက်တွေ အမှန်တကယ်ဖြစ်လာစေဖို့ နည်းလမ်း (၇)ခု

စျေးကွက်သစ်ထွင် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက် အနေနဲ့ စီးပွားရေး အောင်မြင်မှု အိပ်မက်တွေအမှန်တကယ်ဖြစ်လာစေ ဂရုစိုက်လုပ်ဆောင်သင့်တဲ့ နည်းလမ်း (၇)ခုရှိပါတယ်။

၁။ လူမှုဆက်ဆံရေးရဲ့ အရေးပါမှုကို အလေးထားပါ။
ဒီအချက်တော့ အရမ်းကိုအခြေခံကျတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ များများတွေ့ဆုံရလေလေ သင့်အိပ်မက် အမှန်တကယ်ဖြစ်လာဖို့ နီးစပ်လေပါပဲ။ တွေ့ရုံနဲ့တော့လည်း မပြီးသေးပါဘူး။ သင့်ရဲ့စိတ်ကူးအိပ်မက်ကို ပြောပြတတ်ဖို့ လိုပါသေးတယ်။ တစ်ခါတစ်လေမှာ သင့်ကို ပံ့ပိုးကူညီမှု မပေးနိုင်သူတွေနဲ့လည်း အများကြီးတွေ့ရနိုင်တဲ့အတွက် လူမှန်တွေနဲ့တွေ့သည်အထိ စိတ်ရှည်ဖို့လည်း လိုပါတယ်။

၂။ အိပ်မက်ကို မဆုတ်မနစ်အကောင်အထည်ဖော်ပါ။
သင်ရောက်ချင်တဲ့ ပန်းတိုင်ရောက်ဖို့ ခရီးလမ်းက မှန်းဆမရနိုင်အောင် ဝေးလွန်းတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒီအတွေးမျိုးကြောင့် သင့်ရဲ့ စိတ်ကူးအစီအစဉ်တွေကို ပျက်ယွင်းမသွားပါစေနဲ့။ ဘာပဲဖြစ်ဖြစ်လက်မလျှော့ အရှုံးမပေးပဲ ဆက်ကြိုးစားဖို့ မပြင်ဆင်ထားဘူးဆိုရင် ကျဆုံးမှာသေချာပါတယ်။ သင့်စိတ်ကူးကို ကူညီအကောင်အထည်ဖော်ပေးနိုင်သူတွေနဲ့ တွေ့ဆုံဖို့ဆိုတာကလည်း လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ မဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အခွင့်အလမ်းကို တွေ့လာမှာ သေချာပါတယ်။

၃။ အာရုံစူးစိုက်မှု ရှိပါစေ။
သင့်အောင်မြင်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့အရာတွေထဲမှာ သင့်ဖုန်းက noti တွေလည်း အပါအဝင်ဖြစ်ပါတယ်။ သင့်ကို အချက်ပြသတိပေးဖို့ ကြိုးစားနေတဲ့ app တိုင်းက သင့်ရဲ့စိတ်အာရုံကိုဆွဲဆောင်နေပါတယ်။ ဒါတွေကို အလေးထားနေမယ်ဆိုရင် ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေကို လုပ်ကျွေးနေတာနဲ့ အတူတူပါပဲ။ သင့်ဖုန်းကို ခပ်ဝေးဝေးမှာ ပစ်ထားလိုက်ပါ။ သင့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လေးလေးနင်နက် စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ သင့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သင်လုပ်ဆောင်သမျှအရာအားလုံးဟာ အကြောင်းကိစ္စတစ်ခုတည်းပေါ်မှာ အာရုံစိုက်ထားနိုင်ဖို့ လိုပါတယ်။

၄။ အကျိုးမဲ့အလဟဿဖြစ်စရာများကို ရှင်းထုတ်ပါ။
သင့်အတွက် အမှန်တကယ်အသုံးမဝင်တဲ့အရာတွေက သင့်ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဥပမာ သင့်ဖုန်းရဲ့ Contact List ထဲမှာ ဆက်သွယ်လာလို့ ဘာအကျိုးကျေးဇူးမှ မရနိုင်တဲ့ လူတွေရှိနေပါတယ်။ အကျိုးမရှိတဲ့အရာတွေကို ဖယ်ထုတ်ထားနိုင်မှသာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မလိုလားအပ်ပဲ အဟန့်အထားဖြစ်စေနိုင်မယ့် အရာတွေကို ရှင်းထုတ်လိုက်ဖို့ လိုပါတယ်။

၅။ စိတ်လှုပ်ရှားတက်ကြွမှုရှိပါစေ။
သင့်စိတ်ကူးအိပ်မက်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့အရာတွေအားလုံးကို စိတ်လှုပ်ရှားတက်ကြွမှုရှိနေဖို့ လိုပါတယ်။ ဒီလိုစိတ်လှုပ်ရှားတက်ကြွမှုကပဲ သင့်ရဲ့စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဆောင်ဖို့ တွန်းအားဖြစ်စေမှာပါ။

၆။ မလုပ်ဖူးတာတွေ လုပ်ကြည့်ပါ။
သင့်ရဲ့ ပုံမှန်လည်ပတ်နေတဲ့ နေ့စဉ်ဘဝထဲကနေ ထွက်ကြည့်ပါ။ သင့်အတွက် လက်ရှိအချိန်မှာ အဆင်ပြေနေတဲ့ Comfort Zone က သင့်ရဲ့အောင်မြင်မှုကို ဟန့်တားထားနိုင်ပါတယ်။ ဒါ့ကြောင့် မလုပ်ဖူးသေးတဲ့ အားကစားနည်းတွေ၊ မသွားဖူးသေးတဲ့ ခရီးတွေ စသဖြင့်ကို ကစားကြည့်၊ သွားကြည့်ဖို့ လိုပါတယ်။

၇။ ဘယ်ကိစ္စမဆို ဖြစ်နိုင်ချေတွေ ကြိုသိဖို့ မျှော်လင့်မထားပါနဲ့။
လူတွေက ဘယ်ကိစ္စမဆို ကြိုပြီးသိထားချင်တတ်ကြပါတယ်။ တကယ်ဆိုရင် သင့်ဘဝမှာ သင်ကိုယ်တိုင်တောင် မျှော်လင့်မထားပဲ၊ ထင်မထားပဲ ဘာကြောင့် ဘယ်လိုဖြစ်လာမှန်းမသိ ဖြစ်လာတာတွေ အများကြီးပါပဲ။ ဒါ့ကြောင့် ဘာကိုမှ ကြိုမတွေး ကြိုမသိချင်ပါနဲ့။ ဘယ်လိုပဲ ဖြစ်လာပါစေ၊ သင်ရရှိလာတဲ့ အတွေ့အကြုံတွေကတဆင့် သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို ဆက်ပြီးအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

Related Posts

%%footer%%