စီးပြားေရးလုပ္တဲ့အခါ ေရွာင္ၾကဥ္သင့္တဲ့ လူ(၇)မ်ိဳး

စီးပြားေရးလုပ္ငန္းတစ္ခု တည္ေထာင္တာဟာ စိန္ေခၚမႈအမ်ားဆံုး အလုပ္တစ္ခု ျဖစ္ပါတယ္။ အခက္ခဲဆံုးအပိုင္းကေတာ့ သင့္အေနနဲ႔ ပိုက္ဆံအမ်ားႀကီးမရွာႏိုင္ခ်ိန္မွာ ဘာေၾကာင့္ အလုပ္ေတြႀကိဳးႀကိဳးစားစားလုပ္ေနရလဲဆိုတာကို နားမလည္တဲ့ လူေတြနဲ႔ ဆက္ဆံရတာပဲျဖစ္ပါတယ္။ ဒီလိုလူေတြက သူတို႔နဲ႔အခ်ိန္မျဖဳန္းပဲ ဘာေၾကာင့္ အလုပ္ပဲအာ႐ုံစိုက္ေနတာလဲဆိုတာကို နားမလည္ႏိုင္ၾကပါဘူး။ သူတို႔က သင့္ရဲ႕စိတ္အားတက္ၾကြမႈကို ခ်ိဳးႏွိမ္လိုက္ႏိုင္ပါတယ္။ သင့္ရဲ႕စိတ္ကူးက အလုပ္မျဖစ္ႏိုင္ဘူးလို႔ ေျပာၾကမွာျဖစ္သလို သင့္ရဲ႕ႀကိဳးစားအားထုတ္မႈကိုေတာင္ အေႏွာက္အယွက္ေပးႏိုင္ပါေသးတယ္။ ဒီလိုလူမ်ိဳးေတြကို ရွင္းျပဖို႔ ႀကိဳးစားလည္း ထူးလာမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ စီးပြားေရးလုပ္ငန္းတစ္ခု တည္ေထာင္ေတာ့မယ္ဆိုရင္ ဒီလိုလူေတြကို လံုး၀ေရွာင္ၾကဥ္ထားတာ အေကာင္းဆံုးျဖစ္ပါတယ္။ သူတို႔ကို ေရွာင္ၾကဥ္ျခင္းအားျဖင့္ ထူးျခားထက္ျမက္တဲ့လုပ္ေဆာင္ခ်က္ေတြကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ လုပ္ငန္းတစ္ခု စတင္ထူေထာင္ေတာ့မယ္ဆိုရင္ ေရွာင္ၾကဥ္သင့္တဲ့ လူ(၇)မ်ိဳးကို သိထားသင့္ပါတယ္။

၁။ ေရြးခ်ယ္စရာတစ္ခုပဲ ရွိတယ္လို႔ ေျပာတတ္သူေတြ
သင့္မွာ ဘယ္ေသာအခါမွ ေရြးခ်ယ္စရာတစ္ခုပဲ ရွိတာမဟုတ္ပါဘူး။ တကယ္လို႔ တစ္ေယာက္ေယာက္က သူတို႔ကို ေရြးခ်ယ္မလား ဒါမွမဟုတ္ သင့္ရဲ႕လုပ္ငန္းကို ေရြးခ်ယ္မလားလို႔ အက်ပ္ကိုင္လာရင္ စဥ္းစားဖို႔ လိုလာပါၿပီ။ တကယ္ေတာ့ ဒါမွမဟုတ္ ဆိုတဲ့ စကားလံုးက အေရးႀကီးပါတယ္။ သိထားရမွာက သင့္မွာအျမဲတမ္း ေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိတယ္ဆိုတာပါပဲ။ ဒါ့ေၾကာင့္ ေနာက္တစ္ခု တစ္ေယာက္ေယာက္က သင့္ကို ေမးခြန္းထုတ္လာရင္ ႏွစ္ခုစလံုးယူမယ္လို႔ ေျဖႏိုင္ေအာင္ ႀကိဳးစားပါ။ ဒါမွမဟုတ္ရင္လည္း ဒီလိုလူမ်ိဳးကို ေရွာင္ၾကဥ္ၿပီး အလုပ္ကိုအာ႐ုံစိုက္ပါ။

၂။ သင္ေအာင္ျမင္ဖို႔ သူတို႔ရွိမွျဖစ္မယ္လို႔ ေျပာတတ္သူေတြ
သင့္ေအာင္ျမင္မႈအတြက္ အျခားသူေတြကို မလိုအပ္ပါဘူး။ သင့္ပတ္၀န္းက်င္မွာ ေအာင္ျမင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ လူမွန္ေတြနဲ႔ ဆက္သြယ္ေပါင္းသင္းၿပီး ၀န္းရံထားႏိုင္ဖို႔ပဲ လိုပါတယ္။ ေအာင္ျမင္ဖို႔အတြက္ တစ္ေယာက္ေယာက္အေပၚမွာ မူတည္ေနတယ္လို႔ ေတြးတာ အမွန္မဟုတ္ပါဘူး။ ဒီလို အေတြးမ်ိဳးက အျခားသူေတြအတြက္ပဲ အက်ိဳးရွိေစႏိုင္မွာပါ။ ဒါ့ေၾကာင့္ တစ္ေယာက္ေယာက္က သင့္အေနနဲ႔ သူတို႔မပါပဲ ကိုယ္တိုင္ကိုယ္က် ဘာမွလုပ္ႏိုင္ဘူးလို႔ ေျပာလာမယ္ဆိုရင္ သတိထားဖို႔ လိုပါၿပီ။ သူတို႔မပါရလို႔ မကူညီဘူးဆိုရင္လည္း သူတို႔ကို ေမ့လိုက္ဖို႔ပဲ ရွိပါတယ္။ သင့္ကို ေထာက္ပံ့ကူညီေပးႏိုင္မယ္ အျခားသူတစ္ေယာက္ကို ရွာလိုက္ပါ။

၃။ သင့္တာ၀န္က သူတို႔ကို ဂ႐ုစိုက္ဖို႔ပဲလို႔ ထင္ရေအာင္ႀကိဳးစားေနသူေတြ
အျခားသူေတြရဲ႕ ေပ်ာ္ရႊင္မႈအတြက္ သင့္မွာတာ၀န္မရွိပါဘူး။ တကယ္လို႔ အရြယ္ေရာက္ၿပီးသား အမ်ိဳးသမီး၊ အမ်ိဳးသားေတြက သူတို႔လုပ္ခ်င္တာေတြလုပ္ဖို႔အတြက္ သင့္အခ်ိန္မေပးႏိုင္လို႔ အျပစ္တင္မယ္ဆိုရင္ သင့္ကို ထိန္းခ်ဳပ္ခ်င္ေနတာပဲ ျဖစ္ပါတယ္။ ဒီလိုလူေတြစကားကို နားေယာင္မယ္ဆိုရင္ သူတို႔ေပ်ာ္ရႊင္မႈအတြက္ သင့္ရဲ႕ေပ်ာ္ရႊင္မႈကို စြန္႔လႊတ္ရမယ္လို႔ ယုံၾကည္လာပါလိမ့္မယ္။ ဒီလိုနဲ႔ အျခားသူေတြရဲ႕ ေအာင္ျမင္မႈအတြက္ သင့္ရဲ႕ေအာင္ျမင္မႈကိုပါ စြန္႔လႊတ္လိုက္ရပါလိမ့္မယ္။ တကယ့္ျပႆနာက တစ္ခ်ိဳ႕လူေတြက သင့္ကို မေပ်ာ္ရႊင္ေစခ်င္သလို သူတို႔ကိုယ္တိုင္လည္း ေအာင္ျမင္မႈကို မလိုခ်င္တာျဖစ္ပါတယ္။ ဒီလိုလူေတြအတြက္ သင့္မွာ ဘာတာ၀န္မွ မရွိပါဘူး။

၄။ အတိတ္ကအမွားေတြနဲ႔ လက္ရွိလြဲေခ်ာ္မႈေတြအေၾကာင္းပဲ သတိေပးေနသူေတြ
သင့္ဘ၀မွာ အျပဳသေဘာေဆာင္တဲ့ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနခ်ိန္မွာ အတိတ္က အမွားေတြအေၾကာင္းပဲ ေထာက္ျပေ၀ဖန္ေနတဲ့သူေတြေလာက္ စိတ္ပ်က္စရာေကာင္းတာ မရွိပါဘူး။ လူတိုင္း မွားတတ္ၾကပါတယ္။ လူတိုင္း က်႐ႈံးဖူးၾကပါတယ္။ အတိတ္ကအေၾကာင္းအရာေတြကို သင္ခန္းစာယူ ေမ့ပစ္ၿပီး ေရွ႕ဆက္ႏိုင္ဖို႔ပဲ လိုပါတယ္။ သင့္ကိုယ္သင္ ခြင့္မလႊတ္ႏိုင္ဘူးဆိုရင္ အျခားသူေတြက သင့္ရဲ႕အမွားကို အသံုးခ်ၿပီး ဆန္႔က်င္ပါလိမ့္မယ္။ သင့္အတိတ္ကို အေၾကာင္းျပဳၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ သင့္အေနနဲ႔ အမွားေတြ အမ်ားႀကီးလုပ္ခဲ့ဖူးတာမို႔လို ေနာက္တစ္ခါ ထပ္ၿပီး မစြန္႔စားသင့္ေၾကာင္း အယုံသြင္းပါလိမ့္မယ္။ ဒီလူေတြကို နားေထာင္ရမယ့္အစား အတိတ္ကေန သင္ခန္းစာယူပါ။

၅။ သင့္ေအာင္ျမင္မႈကို အထင္ေသးသူေတြ
သင့္သိကၽြမ္းတဲ့ တစ္စံုတစ္ေယာက္က ေအာင္ျမင္မႈတစ္ခုခုရရွိခဲ့မယ္ဆိုရင္ မနာလိုအားက်စိတ္ေလး အနည္းငယ္ေတာ့ ျဖစ္မိတတ္ပါတယ္။ သူ႔ရဲ႕ေအာင္ျမင္မႈနဲ႔ သင့္အေျခအေနကို ခ်က္ခ်င္းႏႈိင္းယွဥ္တတ္ပါတယ္။ ရင့္က်က္တဲ့လူတစ္ေယာက္အတြက္ အျခားသူေတြရဲ႕ေအာင္ျမင္မႈကို ျမင္ေတြ႕ရတဲ့အခါမွာ စိတ္လႈပ္ရွားမႈျဖစ္ေပၚၿပီး “ငါလည္း ႀကိဳးစားရင္ေအာင္ျမင္ႏိုင္တာပဲ”လို႔ ေတြးတတ္ၾကပါတယ္။ မရင့္က်က္သူေတြကေတာ့ “ကံေကာင္းလို႔ပါ”လို႔ ေတြးၿပီး အျခားသူရဲ႕ေအာင္ျမင္မႈကို မထိုက္တန္ဘူးလို႔ ယူဆတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဒီလိုလူေတြကို ေရွာင္ၾကဥ္ၿပီး သင့္ေအာင္ျမင္မႈကို လက္ခံႏိုင္သလို ပိုၿပီးေတာ့ေအာင္ျမင္ေအာင္ ပံ့ပိုးေပးႏိုင္သူေတြကို လက္တြဲရမွာျဖစ္ပါတယ္။ သင္ကိုယ္တိုင္အေနနဲ႔လည္း သင့္လုပ္ငန္းမွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ အျခားသူေတြရဲ႕ ေအာင္ျမင္မႈကို ေလးစားလက္ခံတတ္ရမွာ ျဖစ္ပါတယ္။

၆။ သင့္ကိုယ္သင္ အဆိုးျမင္ေအာင္ လုပ္တတ္သူေတြ
လူတိုင္းမွာ သူတို႔ရဲ႕အဆိုးဆံုးအခ်က္ေတြကို ဖြင့္ခ်ျပတတ္သူေတြ ရွိပါတယ္။ ဒီလိုလူမ်ိဳးေတြက သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို ဖ်က္ဆီးေနသူေတြျဖစ္ပါတယ္။ သင့္အေနနဲ႔ ဒီလိုလူမ်ိဳးေတြကို အနားမွာ မထားသင့္ပါဘူး။ သင့္ကိုယ္သင္ ဘယ္လိုလူမ်ိဳးလဲဆိုတာ ေသခ်ာသိပါေစ၊ သင့္ရဲ႕ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ သင္ကိုယ္တိုင္ပဲလုပ္ႏိုင္မွာကို သိပါေစ။ သင့္ကိုယ္သင္အေကာင္းဆံုးျမင္ထားၿပီး လုပ္ငန္းတစ္ခုကို စတင္လုပ္ေဆာင္ပါ။ သင့္ရဲ႕အေကာင္းဆံုးအရည္အေသြးေတြကို ေဖာ္ထုတ္ေပးႏိုင္သူေတြကိုပဲ သင့္ပတ္၀န္းက်င္မွာ ရွိေနပါေစ။

၇။ သင္ကိုယ္တိုင္ (သင့္ရဲ႕ အေတြးနဲ႔အက်င့္ေတြ)
သင့္ရဲ႕အႀကီးက်ယ္ဆံုးေသာ ေအာင္ျမင္မႈကို ဟန္႔တားႏိုင္ဆံုးေသာ ပုဂိၢဳဟ္ကေတာ့ သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။ သင္ကိုယ္တိုင္သာ သင့္အတြက္ အဆိုး၀ါးဆံုးရန္သူ ဒါမွမဟုတ္ အေကာင္းဆံုး မိတ္ေဆြျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕စီးပြားေရးဆိုင္ရာ ရည္မွန္းခ်က္ပန္းတိုင္ေတြ အေကာင္အထည္မေဖာ္ႏိုင္ေအာင္ အဟန္႔အတားျဖစ္ေစတဲ့ အက်င့္ေတြနဲ႔ အေတြးေတြကို ျပန္ဆန္းစစ္ၿပီး ရွင္းထုတ္ပစ္ဖို႔ လိုပါတယ္။ လူအမ်ားစုက လက္ရွိတည္ၿငိမ္မႈပ်က္ျပားသြားမွာ စိုးရိမ္ၾကတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ ျပန္တားဆီးေနတတ္ၾကပါတယ္။ ဒီလိုမျဖစ္ေအာင္လို႔ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ သင့္လုပ္ငန္းေအာင္ျမင္မႈက သင့္ေပၚမွာပဲ မူတည္ေနတာျဖစ္ပါတယ္။

စီးပွားရေးလုပ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ လူ(၇)မျိုး

စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်တာဟာ စိန်ခေါ်မှုအများဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ အခက်ခဲဆုံးအပိုင်းကတော့ သင့်အနေနဲ့ ပိုက်ဆံအများကြီးမရှာနိုင်ချိန်မှာ ဘာကြောင့် အလုပ်တွေကြိုးကြိုးစားစားလုပ်နေရလဲဆိုတာကို နားမလည်တဲ့ လူတွေနဲ့ ဆက်ဆံရတာပဲဖြစ်ပါတယ်။ ဒီလိုလူတွေက သူတို့နဲ့အချိန်မဖြုန်းပဲ ဘာကြောင့် အလုပ်ပဲအာရုံစိုက်နေတာလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။ သူတို့က သင့်ရဲ့စိတ်အားတက်ကြွမှုကို ချိုးနှိမ်လိုက်နိုင်ပါတယ်။ သင့်ရဲ့စိတ်ကူးက အလုပ်မဖြစ်နိုင်ဘူးလို့ ပြောကြမှာဖြစ်သလို သင့်ရဲ့ကြိုးစားအားထုတ်မှုကိုတောင် အနှောက်အယှက်ပေးနိုင်ပါသေးတယ်။ ဒီလိုလူမျိုးတွေကို ရှင်းပြဖို့ ကြိုးစားလည်း ထူးလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်တော့မယ်ဆိုရင် ဒီလိုလူတွေကို လုံးဝရှောင်ကြဉ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ကို ရှောင်ကြဉ်ခြင်းအားဖြင့် ထူးခြားထက်မြက်တဲ့လုပ်ဆောင်ချက်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ လုပ်ငန်းတစ်ခု စတင်ထူထောင်တော့မယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ လူ(၇)မျိုးကို သိထားသင့်ပါတယ်။

၁။ ရွေးချယ်စရာတစ်ခုပဲ ရှိတယ်လို့ ပြောတတ်သူတွေ
သင့်မှာ ဘယ်သောအခါမှ ရွေးချယ်စရာတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က သူတို့ကို ရွေးချယ်မလား ဒါမှမဟုတ် သင့်ရဲ့လုပ်ငန်းကို ရွေးချယ်မလားလို့ အကျပ်ကိုင်လာရင် စဉ်းစားဖို့ လိုလာပါပြီ။ တကယ်တော့ ဒါမှမဟုတ် ဆိုတဲ့ စကားလုံးက အရေးကြီးပါတယ်။ သိထားရမှာက သင့်မှာအမြဲတမ်း ရွေးချယ်စရာတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် နောက်တစ်ခု တစ်ယောက်ယောက်က သင့်ကို မေးခွန်းထုတ်လာရင် နှစ်ခုစလုံးယူမယ်လို့ ဖြေနိုင်အောင် ကြိုးစားပါ။ ဒါမှမဟုတ်ရင်လည်း ဒီလိုလူမျိုးကို ရှောင်ကြဉ်ပြီး အလုပ်ကိုအာရုံစိုက်ပါ။

၂။ သင်အောင်မြင်ဖို့ သူတို့ရှိမှဖြစ်မယ်လို့ ပြောတတ်သူတွေ
သင့်အောင်မြင်မှုအတွက် အခြားသူတွေကို မလိုအပ်ပါဘူး။ သင့်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့အတွက် အထောက်အကူဖြစ်စေမယ့် လူမှန်တွေနဲ့ ဆက်သွယ်ပေါင်းသင်းပြီး ၀န်းရံထားနိုင်ဖို့ပဲ လိုပါတယ်။ အောင်မြင်ဖို့အတွက် တစ်ယောက်ယောက်အပေါ်မှာ မူတည်နေတယ်လို့ တွေးတာ အမှန်မဟုတ်ပါဘူး။ ဒီလို အတွေးမျိုးက အခြားသူတွေအတွက်ပဲ အကျိုးရှိစေနိုင်မှာပါ။ ဒါ့ကြောင့် တစ်ယောက်ယောက်က သင့်အနေနဲ့ သူတို့မပါပဲ ကိုယ်တိုင်ကိုယ်ကျ ဘာမှလုပ်နိုင်ဘူးလို့ ပြောလာမယ်ဆိုရင် သတိထားဖို့ လိုပါပြီ။ သူတို့မပါရလို့ မကူညီဘူးဆိုရင်လည်း သူတို့ကို မေ့လိုက်ဖို့ပဲ ရှိပါတယ်။ သင့်ကို ထောက်ပံ့ကူညီပေးနိုင်မယ် အခြားသူတစ်ယောက်ကို ရှာလိုက်ပါ။

၃။ သင့်တာဝန်က သူတို့ကို ဂရုစိုက်ဖို့ပဲလို့ ထင်ရအောင်ကြိုးစားနေသူတွေ
အခြားသူတွေရဲ့ ပျော်ရွှင်မှုအတွက် သင့်မှာတာဝန်မရှိပါဘူး။ တကယ်လို့ အရွယ်ရောက်ပြီးသား အမျိုးသမီး၊ အမျိုးသားတွေက သူတို့လုပ်ချင်တာတွေလုပ်ဖို့အတွက် သင့်အချိန်မပေးနိုင်လို့ အပြစ်တင်မယ်ဆိုရင် သင့်ကို ထိန်းချုပ်ချင်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုလူတွေစကားကို နားယောင်မယ်ဆိုရင် သူတို့ပျော်ရွှင်မှုအတွက် သင့်ရဲ့ပျော်ရွှင်မှုကို စွန့်လွှတ်ရမယ်လို့ ယုံကြည်လာပါလိမ့်မယ်။ ဒီလိုနဲ့ အခြားသူတွေရဲ့ အောင်မြင်မှုအတွက် သင့်ရဲ့အောင်မြင်မှုကိုပါ စွန့်လွှတ်လိုက်ရပါလိမ့်မယ်။ တကယ့်ပြဿနာက တစ်ချို့လူတွေက သင့်ကို မပျော်ရွှင်စေချင်သလို သူတို့ကိုယ်တိုင်လည်း အောင်မြင်မှုကို မလိုချင်တာဖြစ်ပါတယ်။ ဒီလိုလူတွေအတွက် သင့်မှာ ဘာတာဝန်မှ မရှိပါဘူး။

၄။ အတိတ်ကအမှားတွေနဲ့ လက်ရှိလွဲချော်မှုတွေအကြောင်းပဲ သတိပေးနေသူတွေ
သင့်ဘဝမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်နေချိန်မှာ အတိတ်က အမှားတွေအကြောင်းပဲ ထောက်ပြဝေဖန်နေတဲ့သူတွေလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ လူတိုင်း မှားတတ်ကြပါတယ်။ လူတိုင်း ကျရှုံးဖူးကြပါတယ်။ အတိတ်ကအကြောင်းအရာတွေကို သင်ခန်းစာယူ မေ့ပစ်ပြီး ရှေ့ဆက်နိုင်ဖို့ပဲ လိုပါတယ်။ သင့်ကိုယ်သင် ခွင့်မလွှတ်နိုင်ဘူးဆိုရင် အခြားသူတွေက သင့်ရဲ့အမှားကို အသုံးချပြီး ဆန့်ကျင်ပါလိမ့်မယ်။ သင့်အတိတ်ကို အကြောင်းပြုပြီး ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ သင့်အနေနဲ့ အမှားတွေ အများကြီးလုပ်ခဲ့ဖူးတာမို့လို နောက်တစ်ခါ ထပ်ပြီး မစွန့်စားသင့်ကြောင်း အယုံသွင်းပါလိမ့်မယ်။ ဒီလူတွေကို နားထောင်ရမယ့်အစား အတိတ်ကနေ သင်ခန်းစာယူပါ။

၅။ သင့်အောင်မြင်မှုကို အထင်သေးသူတွေ
သင့်သိကျွမ်းတဲ့ တစ်စုံတစ်ယောက်က အောင်မြင်မှုတစ်ခုခုရရှိခဲ့မယ်ဆိုရင် မနာလိုအားကျစိတ်လေး အနည်းငယ်တော့ ဖြစ်မိတတ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုနဲ့ သင့်အခြေအနေကို ချက်ချင်းနှိုင်းယှဉ်တတ်ပါတယ်။ ရင့်ကျက်တဲ့လူတစ်ယောက်အတွက် အခြားသူတွေရဲ့အောင်မြင်မှုကို မြင်တွေ့ရတဲ့အခါမှာ စိတ်လှုပ်ရှားမှုဖြစ်ပေါ်ပြီး “ငါလည်း ကြိုးစားရင်အောင်မြင်နိုင်တာပဲ”လို့ တွေးတတ်ကြပါတယ်။ မရင့်ကျက်သူတွေကတော့ “ကံကောင်းလို့ပါ”လို့ တွေးပြီး အခြားသူရဲ့အောင်မြင်မှုကို မထိုက်တန်ဘူးလို့ ယူဆတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလိုလူတွေကို ရှောင်ကြဉ်ပြီး သင့်အောင်မြင်မှုကို လက်ခံနိုင်သလို ပိုပြီးတော့အောင်မြင်အောင် ပံ့ပိုးပေးနိုင်သူတွေကို လက်တွဲရမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်အနေနဲ့လည်း သင့်လုပ်ငန်းမှာ အောင်မြင်ချင်တယ်ဆိုရင် အခြားသူတွေရဲ့ အောင်မြင်မှုကို လေးစားလက်ခံတတ်ရမှာ ဖြစ်ပါတယ်။

၆။ သင့်ကိုယ်သင် အဆိုးမြင်အောင် လုပ်တတ်သူတွေ
လူတိုင်းမှာ သူတို့ရဲ့အဆိုးဆုံးအချက်တွေကို ဖွင့်ချပြတတ်သူတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖျက်ဆီးနေသူတွေဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီလိုလူမျိုးတွေကို အနားမှာ မထားသင့်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိပါစေ၊ သင့်ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ သင်ကိုယ်တိုင်ပဲလုပ်နိုင်မှာကို သိပါစေ။ သင့်ကိုယ်သင်အကောင်းဆုံးမြင်ထားပြီး လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ပါ။ သင့်ရဲ့အကောင်းဆုံးအရည်အသွေးတွေကို ဖော်ထုတ်ပေးနိုင်သူတွေကိုပဲ သင့်ပတ်ဝန်းကျင်မှာ ရှိနေပါစေ။

၇။ သင်ကိုယ်တိုင် (သင့်ရဲ့ အတွေးနဲ့အကျင့်တွေ)
သင့်ရဲ့အကြီးကျယ်ဆုံးသော အောင်မြင်မှုကို ဟန့်တားနိုင်ဆုံးသော ပုဂ္ဂိုဟ်ကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်သာ သင့်အတွက် အဆိုးဝါးဆုံးရန်သူ ဒါမှမဟုတ် အကောင်းဆုံး မိတ်ဆွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စီးပွားရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တွေ အကောင်အထည်မဖော်နိုင်အောင် အဟန့်အတားဖြစ်စေတဲ့ အကျင့်တွေနဲ့ အတွေးတွေကို ပြန်ဆန်းစစ်ပြီး ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ လူအများစုက လက်ရှိတည်ငြိမ်မှုပျက်ပြားသွားမှာ စိုးရိမ်ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြန်တားဆီးနေတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင်လို့ ဂရုစိုက်ဖို့ လိုပါတယ်။ သင့်လုပ်ငန်းအောင်မြင်မှုက သင့်ပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

Related Posts

%%footer%%