Facebook လူမႈကြန္ယက္ကို 2004 ခုႏွစ္မွာ စတင္ထူေထာင္ခဲ့ပါတယ္။ ထိုအခ်ိန္ကစလို႔ Facebook ဟာ အသံုးျပဳသူဦးေရ တျဖည္းျဖည္းတိုးပြားလာၿပီး စီးပြားေရး၊ ႏိုင္ငံေရး၊ အႏုပညာ၊ သတင္းအခ်က္အလက္ စတဲ့ နယ္ပယ္ေပါင္းစံု စံုစည္းရာေနရာျဖစ္လာခဲ့ပါၿပီ။ အသံုးျပဳသူေပါင္း ဘီလီယံခ်ီရွိေပမယ့္ အသံုးျပဳရတဲ့အေၾကာင္းရင္းကေတာ့ တစ္ဦးနဲ႔တစ္ဦး မတူညီၾကပါဘူး။ ဘယ္လိုရည္ရြယ္ခ်က္နဲ႔ပဲ Facebook ကို အသံုးျပဳျပဳ၊ Facebook အသံုးျပဳရာမွာ မလုပ္သင့္တဲ့အရာေတြ ရွိပါတယ္။
၁။ ႏိုင္ငံေရးအျမင္ေတြကို စဥ္ဆက္မျပတ္တင္ျခင္း။
သင့္အေနနဲ႔ Donald Trump ကို သေဘာမက်သလို Hillary Clinton ကိုလည္း ယံုၾကည္ခ်င္မွယုံၾကည္ႏိုင္ပါတယ္။ ဒီလိုႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ သေဘာထားအျမင္ေတြဟာ သင့္ရဲ႕ကိုယ္ပိုင္အျမင္ေတြပဲျဖစ္ပါတယ္။ ဒီလိုႏိုင္ငံေရးသေဘာထားအျမင္ေတြကို Facebook ေပၚကို အျမဲတမ္းတင္ေနတာက လမ္းေထာင့္မွာရပ္ၿပီး သင့္ရဲ႕အေတြးေတြကို ေလွ်ာက္ေအာ္ေျပာေနတာနဲ႔ တူပါတယ္။
၂။ သင့္ကေလးရဲ႕ ဓာတ္ပံုေတြ ေျမာက္မ်ားစြာ တင္ျခင္း။
သင့္ရဲ႕ကေလးဟာ ကမာၻေပၚမွာ တစ္ဦးတည္းေသာ ခ်စ္စရာအေကာင္းဆံုးကေလးမဟုတ္သလို သင့္ကေလးလုပ္သမွ်ကိစၥတိုင္းဟာလည္း အျမဲတမ္းမွတ္တမ္းတင္ေနရေလာက္ေအာင္ အေရးႀကီးတာမ်ိဳးေတြ မဟုတ္ပါဘူး။ (သင့္ကေလးက ကားတစ္စီးကို မႏိုင္တယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့)။ Facebook မွာ သင့္လိုမ်ိဳး ကေလးခ်စ္တတ္သူေတြ အုပ္စုဖြဲ႕ၿပီး ဓာတ္ပံုေတြ ေ၀မွ်ႏိုင္မယ့္ Group ေတြ ဖြဲ႕လို႔ရပါတယ္။ ဒီလို Group ေတြမွာပဲ ကေလးပံုေတြကို စိတ္ႀကိဳက္တင္ပါ။ ေနာက္တစ္ခ်က္က သင့္ကေလးပံုကို အျမဲတမ္း Facebook ေပၚတင္ေနမယ္ဆိုရင္ ကေလးရဲ႕ပုဂၢိလိက လုံျခံဳမႈကို ေရရွည္မွာထိခိုက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္ Facebook Friends ေတြရဲ႕ Newsfeed မွာ ကေလးပံုေတြနဲ႔ ႐ႈပ္ယွက္ခတ္သြားေအာင္ မလုပ္ပါနဲ႔။
၃။ မၾကာခဏ Post တင္ျခင္း။
တစ္ခ်ိဳ႕အရာေတြက ေ၀မွ်ဖို႔ မလိုအပ္ပါဘူး။ ဒီလိုေ၀မွ်ဖို႔ မလိုတာေတြထဲမွာ သင့္ေခါင္းထဲေပၚလာတဲ့ အေတြးေတြ၊ သင္ၾကည့္ခဲ့တဲ့ ႐ုပ္ရွင္၊ ႏိုင္ငံေရးသမားတစ္ေယာက္ေျပာတဲ့ ခပ္ေပါေပါစကားတစ္ခြန္း၊ သင့္ေဆြမ်ိဳးသားခ်င္းတစ္ေယာက္ေယာက္ရဲ႕ နာေရး၊ တစ္စံုတစ္ေယာက္ရဲ႕ အျပဳအမႈနဲ႔ပတ္သက္တဲ့ သင့္ရဲ႕ မေက်နပ္ခ်က္ အစရွိသျဖင့္ ပါ၀င္ပါလိမ့္မယ္။
၄။ အသိအကၽြမ္းေတြ မ်ားလြန္းျခင္း။
Facebook ဟာ သင့္ဘ၀ထဲမွာေတြ႕ၾကံဳခဲ့ဖူးတဲ့ လူေတြနဲ႔ ဆက္သြယ္ေပးတဲ့ေနရာမွာ အထိေရာက္ဆံုးအရာတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ေလမ်ား သူတို႔ထဲက တစ္ခ်ိဳ႕ေတြက သာမန္ေတြ႕ၾကံဳသိကၽြမ္းခဲ့တာမ်ိဳးေလာက္ပဲ ျဖစ္ၿပီး ဘာမွအေရးပါအရာေရာက္တဲ့ လူမ်ိဳးေတြမဟုတ္ပါဘူး။ ဥပမာ ဘားတစ္ခုမွာ ၾကံဳလို႔အတူေသာက္ခဲ့ၿပီး မနက္က်ေတာ့ ေသခ်ာမမွတ္မိေတာ့တဲ့ လူမ်ိဳးေတြျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလူမ်ိဳးက ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္မွာမွ သင္ပါ၀င္ပတ္သက္တဲ့ Facebook Post တစ္ခုခုကေန ေတြ႕ရွိၿပီး သင့္ဘ၀ထဲကို ျပန္၀င္လာႏိုင္ပါတယ္။ ဒီအခါမွာ မေမွ်ာ္လင့္ထားတဲ့ စိတ္႐ႈပ္ေထြးမႈေတြ ၾကံဳလာရတတ္ပါတယ္။
၅။ ရည္းစားေဟာင္း Post မွန္သမွ်အကုန္ Like ေပးျခင္း
သင့္အေနနဲ႔ Facebook ေပၚမွာ ဘယ္သူေတြနဲ႔ပဲ Friends ျဖစ္ျဖစ္ အေရးမႀကီးပါဘူး။ သင့္ဘ၀အတြက္ အေရးႀကီးတဲ့ တစ္စံုတစ္ေယာက္နဲ႔လည္း ခိုင္မာတဲ့ ဆက္ဆံေရးတစ္ခု တည္ေဆာက္ထားၿပီး ျဖစ္ရင္ျဖစ္မွာပါ။ ဒါေပမယ့္ ညဖက္ေရာက္လာလို႔ Facebook သံုးတဲ့အခ်ိန္မွာ ရည္းစားေဟာင္း တင္ထားသမွ် post အကုန္လုံးမွာ Like ေတြေလွ်ာက္ေပးေနတာကေတာ့ မျဖစ္သင့္ပါဘူး။ ဒီလိုလုပ္တာဟာ သူတို႔အေၾကာင္း ေတြးေနေသးတယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။
၆။ ႏွစ္ကိုယ္ၾကားေျပာရမည့္ အေၾကာင္းအရာမ်ားကို အမ်ားသိတင္ျခင္း။
အခုေခတ္အခ်စ္ဇာတ္လမ္းေတြက ပြင့္လင္းျမင္သာလာၾကတယ္လို႔ ဆိုႏိုင္ပါတယ္။ ဟုတ္ပါတယ္။ တကယ္ခိုင္မာတဲ့ ဆက္ဆံေရးေတြမွာ ဘာမွဖုန္းကြယ္ထားစရာ မလုိပါဘူး။ ဒါေပမယ့္ ႏွစ္ကိုယ္ၾကားကိစၥေတြကေတာ့ ႏွစ္ကိုယ္ၾကားပဲ ရွိသင့္ပါတယ္။ သင္အလယ္တန္းေက်ာင္းသားဘ၀ေလာက္တုန္းက တစ္ေယာက္ေယာက္ကို သေဘာက်ခဲ့မယ္ဆိုရင္ စာေရးၿပီး အတန္းေရွ႕ေက်ာက္သင္ပုန္းမွာ ကပ္ထားမွာပါလား။ ဆရာမ ဒါမွမဟုတ္ အျခားတစ္ေယာက္ေယာက္ မျမင္ခင္မွာ ကပ္တိုးေလးသြားေပးမဟုတ္ဘူးလား။ နည္းပညာက ဒီကိစၥကို လြယ္ကူ႐ိုးရွင္းေအာင္ လုပ္ေပးပါတယ္။ Facebook ရဲ႕ Messenger ကေန ႏွစ္ကိုယ္ၾကားစကားေတြ ေျပာလို႔ရပါတယ္။ ဒါ့ေၾကာင့္ လူသိရွင္ၾကားတင္ေနစရာ မလိုပါဘူး။
၇။ သင့္ရဲ႕ ပိရမစ္ေစ်းကြက္လုပ္ငန္းအတြက္ အသံုးျပဳျခင္း
အဖြဲ႕၀င္ရွာေစ်းေရာင္းရတဲ့ ပိရမစ္ေစ်းကြက္လုပ္ငန္းအတြက္ Facebook ကို လံုး၀အသံုးမျပဳသင့္ပါဘူး။ တကယ္လို႔ သင္ကိုယ္တိုင္ယုံၾကည္တဲ့ ထုတ္ကုန္တစ္ခုခုကို ေရာင္းခ်င္တယ္ဆိုရင္ domain တစ္ခု၀ယ္ၿပီး website တစ္ခုဖန္တီးေရာင္းခ်ပါ။ Facebook ေပၚက သင့္ရဲ႕မိတ္ေဆြေတြကို သင့္ထုတ္ကုန္အေၾကာင္းေတြ ေလွ်ာက္ေျပာၿပီး စိတ္ပ်က္သြားေအာင္ မလုပ္မိပါေစနဲ႔။
၈။ သင့္ကစားေနက် Game လိုက္ကစားဖို႔ Invite လုပ္ျခင္း
႐ိုး႐ိုးရွင္းရွင္းေလးပါပဲ။ သင့္ကစားေနတဲ့ Game ကို လိုက္ကစားတဲ့သူ ရွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ဘယ္ေလာက္ပဲ Invite ေတြ ပို႔ပို႔ သူတို႔စိတ္ေျပာင္းလာမွာ မဟုတ္ပါဘူး။
၉။ မၾကြားတတ္သလို ဟန္ေဆာင္ျခင္း
သင့္သြားေရာက္ခဲ့တဲ့ ခရီးတစ္ခုအေၾကာင္း၊ သင့္စားသံုးခဲ့တဲ့ အလန္းစား စားစရာတစ္ခုခုအေၾကာင္း၊ သင္သြားၾကည့္ေနတဲ့ ရႈိးပြဲတစ္ခုအေၾကာင္း စသျဖင့္ ဘာအေၾကာင္းပဲတင္တင္ Like ေတြ Comment ေတြ လုိခ်င္တတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ Like ေတြ Comment ေတြက သင့္ရဲ႕ မိမိကိုယ္ကို အထင္ႀကီးေစျခင္းနဲ႔ အတၱကို တိုးျမွင့္ေပးႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀မွာ ဘယ္ေလာက္ေကာင္းတာေတြ ၾကံဳေတြ႕ေနရတယ္ဆိုတာကို ေ၀မွ်ကို ရွက္မေနပါနဲ႔။
Facebook အသုံးပြုရာတွင် ရှောင်ကျဉ်ရမည့် အရာ(၉)ခု
Facebook လူမှုကွန်ယက်ကို 2004 ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ ထိုအချိန်ကစလို့ Facebook ဟာ အသုံးပြုသူဦးရေ တဖြည်းဖြည်းတိုးပွားလာပြီး စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ၊ သတင်းအချက်အလက် စတဲ့ နယ်ပယ်ပေါင်းစုံ စုံစည်းရာနေရာဖြစ်လာခဲ့ပါပြီ။ အသုံးပြုသူပေါင်း ဘီလီယံချီရှိပေမယ့် အသုံးပြုရတဲ့အကြောင်းရင်းကတော့ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ Facebook ကို အသုံးပြုပြု၊ Facebook အသုံးပြုရာမှာ မလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။
၁။ နိုင်ငံရေးအမြင်တွေကို စဉ်ဆက်မပြတ်တင်ခြင်း။
သင့်အနေနဲ့ Donald Trump ကို သဘောမကျသလို Hillary Clinton ကိုလည်း ယုံကြည်ချင်မှယုံကြည်နိုင်ပါတယ်။ ဒီလိုနိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေဟာ သင့်ရဲ့ကိုယ်ပိုင်အမြင်တွေပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးသဘောထားအမြင်တွေကို Facebook ပေါ်ကို အမြဲတမ်းတင်နေတာက လမ်းထောင့်မှာရပ်ပြီး သင့်ရဲ့အတွေးတွေကို လျှောက်အော်ပြောနေတာနဲ့ တူပါတယ်။
၂။ သင့်ကလေးရဲ့ ဓာတ်ပုံတွေ မြောက်များစွာ တင်ခြင်း။
သင့်ရဲ့ကလေးဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ချစ်စရာအကောင်းဆုံးကလေးမဟုတ်သလို သင့်ကလေးလုပ်သမျှကိစ္စတိုင်းဟာလည်း အမြဲတမ်းမှတ်တမ်းတင်နေရလောက်အောင် အရေးကြီးတာမျိုးတွေ မဟုတ်ပါဘူး။ (သင့်ကလေးက ကားတစ်စီးကို မနိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့)။ Facebook မှာ သင့်လိုမျိုး ကလေးချစ်တတ်သူတွေ အုပ်စုဖွဲ့ပြီး ဓာတ်ပုံတွေ ဝေမျှနိုင်မယ့် Group တွေ ဖွဲ့လို့ရပါတယ်။ ဒီလို Group တွေမှာပဲ ကလေးပုံတွေကို စိတ်ကြိုက်တင်ပါ။ နောက်တစ်ချက်က သင့်ကလေးပုံကို အမြဲတမ်း Facebook ပေါ်တင်နေမယ်ဆိုရင် ကလေးရဲ့ပုဂ္ဂိလိက လုံခြုံမှုကို ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင့် Facebook Friends တွေရဲ့ Newsfeed မှာ ကလေးပုံတွေနဲ့ ရှုပ်ယှက်ခတ်သွားအောင် မလုပ်ပါနဲ့။
၃။ မကြာခဏ Post တင်ခြင်း။
တစ်ချို့အရာတွေက ဝေမျှဖို့ မလိုအပ်ပါဘူး။ ဒီလိုဝေမျှဖို့ မလိုတာတွေထဲမှာ သင့်ခေါင်းထဲပေါ်လာတဲ့ အတွေးတွေ၊ သင်ကြည့်ခဲ့တဲ့ ရုပ်ရှင်၊ နိုင်ငံရေးသမားတစ်ယောက်ပြောတဲ့ ခပ်ပေါပေါစကားတစ်ခွန်း၊ သင့်ဆွေမျိုးသားချင်းတစ်ယောက်ယောက်ရဲ့ နာရေး၊ တစ်စုံတစ်ယောက်ရဲ့ အပြုအမှုနဲ့ပတ်သက်တဲ့ သင့်ရဲ့ မကျေနပ်ချက် အစရှိသဖြင့် ပါ၀င်ပါလိမ့်မယ်။
၄။ အသိအကျွမ်းတွေ များလွန်းခြင်း။
Facebook ဟာ သင့်ဘဝထဲမှာတွေ့ကြံုခဲ့ဖူးတဲ့ လူတွေနဲ့ ဆက်သွယ်ပေးတဲ့နေရာမှာ အထိရောက်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေများ သူတို့ထဲက တစ်ချို့တွေက သာမန်တွေ့ကြံုသိကျွမ်းခဲ့တာမျိုးလောက်ပဲ ဖြစ်ပြီး ဘာမှအရေးပါအရာရောက်တဲ့ လူမျိုးတွေမဟုတ်ပါဘူး။ ဥပမာ ဘားတစ်ခုမှာ ကြံုလို့အတူသောက်ခဲ့ပြီး မနက်ကျတော့ သေချာမမှတ်မိတော့တဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူမျိုးက နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာမှ သင်ပါ၀င်ပတ်သက်တဲ့ Facebook Post တစ်ခုခုကနေ တွေ့ရှိပြီး သင့်ဘဝထဲကို ပြန်ဝင်လာနိုင်ပါတယ်။ ဒီအခါမှာ မမျှော်လင့်ထားတဲ့ စိတ်ရှုပ်ထွေးမှုတွေ ကြံုလာရတတ်ပါတယ်။
၅။ ရည်းစားဟောင်း Post မှန်သမျှအကုန် Like ပေးခြင်း
သင့်အနေနဲ့ Facebook ပေါ်မှာ ဘယ်သူတွေနဲ့ပဲ Friends ဖြစ်ဖြစ် အရေးမကြီးပါဘူး။ သင့်ဘဝအတွက် အရေးကြီးတဲ့ တစ်စုံတစ်ယောက်နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး ဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမယ့် ညဖက်ရောက်လာလို့ Facebook သုံးတဲ့အချိန်မှာ ရည်းစားဟောင်း တင်ထားသမျှ post အကုန်လုံးမှာ Like တွေလျှောက်ပေးနေတာကတော့ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်တာဟာ သူတို့အကြောင်း တွေးနေသေးတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
၆။ နှစ်ကိုယ်ကြားပြောရမည့် အကြောင်းအရာများကို အများသိတင်ခြင်း။
အခုခေတ်အချစ်ဇာတ်လမ်းတွေက ပွင့်လင်းမြင်သာလာကြတယ်လို့ ဆိုနိုင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်ခိုင်မာတဲ့ ဆက်ဆံရေးတွေမှာ ဘာမှဖုန်းကွယ်ထားစရာ မလိုပါဘူး။ ဒါပေမယ့် နှစ်ကိုယ်ကြားကိစ္စတွေကတော့ နှစ်ကိုယ်ကြားပဲ ရှိသင့်ပါတယ်။ သင်အလယ်တန်းကျောင်းသားဘဝလောက်တုန်းက တစ်ယောက်ယောက်ကို သဘောကျခဲ့မယ်ဆိုရင် စာရေးပြီး အတန်းရှေ့ကျောက်သင်ပုန်းမှာ ကပ်ထားမှာပါလား။ ဆရာမ ဒါမှမဟုတ် အခြားတစ်ယောက်ယောက် မမြင်ခင်မှာ ကပ်တိုးလေးသွားပေးမဟုတ်ဘူးလား။ နည်းပညာက ဒီကိစ္စကို လွယ်ကူရိုးရှင်းအောင် လုပ်ပေးပါတယ်။ Facebook ရဲ့ Messenger ကနေ နှစ်ကိုယ်ကြားစကားတွေ ပြောလို့ရပါတယ်။ ဒါ့ကြောင့် လူသိရှင်ကြားတင်နေစရာ မလိုပါဘူး။
၇။ သင့်ရဲ့ ပိရမစ်စျေးကွက်လုပ်ငန်းအတွက် အသုံးပြုခြင်း
အဖွဲ့ဝင်ရှာစျေးရောင်းရတဲ့ ပိရမစ်စျေးကွက်လုပ်ငန်းအတွက် Facebook ကို လုံးဝအသုံးမပြုသင့်ပါဘူး။ တကယ်လို့ သင်ကိုယ်တိုင်ယုံကြည်တဲ့ ထုတ်ကုန်တစ်ခုခုကို ရောင်းချင်တယ်ဆိုရင် domain တစ်ခုဝယ်ပြီး website တစ်ခုဖန်တီးရောင်းချပါ။ Facebook ပေါ်က သင့်ရဲ့မိတ်ဆွေတွေကို သင့်ထုတ်ကုန်အကြောင်းတွေ လျှောက်ပြောပြီး စိတ်ပျက်သွားအောင် မလုပ်မိပါစေနဲ့။
၈။ သင့်ကစားနေကျ Game လိုက်ကစားဖို့ Invite လုပ်ခြင်း
ရိုးရိုးရှင်းရှင်းလေးပါပဲ။ သင့်ကစားနေတဲ့ Game ကို လိုက်ကစားတဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်လောက်ပဲ Invite တွေ ပို့ပို့ သူတို့စိတ်ပြောင်းလာမှာ မဟုတ်ပါဘူး။
၉။ မကြွားတတ်သလို ဟန်ဆောင်ခြင်း
သင့်သွားရောက်ခဲ့တဲ့ ခရီးတစ်ခုအကြောင်း၊ သင့်စားသုံးခဲ့တဲ့ အလန်းစား စားစရာတစ်ခုခုအကြောင်း၊ သင်သွားကြည့်နေတဲ့ ရှိုးပွဲတစ်ခုအကြောင်း စသဖြင့် ဘာအကြောင်းပဲတင်တင် Like တွေ Comment တွေ လိုချင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ Like တွေ Comment တွေက သင့်ရဲ့ မိမိကိုယ်ကို အထင်ကြီးစေခြင်းနဲ့ အတ္တကို တိုးမြှင့်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာ ဘယ်လောက်ကောင်းတာတွေ ကြံုတွေ့နေရတယ်ဆိုတာကို ဝေမျှကို ရှက်မနေပါနဲ့။