သင့္ကို ေအာင္ျမင္ေစဖို႔ လႈံ႕ေဆာ္မႈက ဘာလဲ။ လူတိုင္းက က်႐ႈံးမႈကို သေဘာမက်ပါဘူး။ လူတိုင္း အႏိုင္လိုခ်င္ၾကပါတယ္။ သင့္အေနနဲ႔ လစ္လ်ဴ႐ႈ ခံရမယ္။ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈေတြ အလကားျဖစ္သြားမယ္။ သင္ကိုယ္တိုင္လည္း ဘာလုပ္ရမွန္းမသိေတာ့ဘူးဆိုရင္ သင့္ေရြးခ်ယ္မႈက အဆံုးအျဖတ္ေပးႏိုင္မယ့္ အခိုက္အတန္႔ျဖစ္လာပါလိမ့္မယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင့္ရဲ႕ထုတ္ကုန္က ေရာင္းမထြက္ခဲ့ရင္ ဒါမွမဟုတ္ ရင္းႏွီးျမဳပ္ႏွံသူေတြ၊ မိတ္ဖက္လုပ္ငန္းေတြက စိတ္မ၀င္စားတာဆိုရင္ ဘာဆက္လုပ္ၾကမလဲ။ သင့္အေနနဲ႔ ေရြးခ်ယ္ရေတာ့မွာပါ။ ဒီလို ျငင္းပယ္ခံရတာက သင့္ကိုၿပိဳလဲသြားေစမွာလား ဒါမွမဟုတ္ ဒီအ႐ႈံးကေန စိတ္ဓာတ္ခြန္အားရယူၿပီး ေအာင္ျမင္သည္အထိ ႀကိဳးစာမွာလား။ တစ္ခုခုကိုေတာ့ ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။

သင္ က်႐ႈံးခဲ့ရေပမယ့္ ကိုယ့္ကိုယ္ကိုယ္ အားေပးၿပီး ဆက္လုပ္မယ္ဆိုရင္ သင္ဟာ တကယ့္ကၽြမ္းက်င္ပညာရွင္ ျဖစ္လာတာပါပဲ။ စြန္႔ဦးလုပ္ငန္းရွင္တိုင္းဟာ ဒီလိုအခိုက္အတန္႔ကို ျဖတ္ေက်ာ္ရပါတယ္။ ျငင္းပယ္ခံရမႈဟာ လက္ေလွ်ာ့အ႐ႈံးေပးလိုက္ရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ဒီအခိုက္အတန္႔ကပဲ သင့္ကိုယ္သင္ တကယ့္ကၽြမ္းက်င္ပညာရွင္လား အေပ်ာ္တမ္းသမားလားဆိုတာကို ကြဲျပားျခားနားသြားေစမွာပါ။

သင္ထုတ္လုပ္ေရာင္းခ်တဲ့ ထုတ္ကုန္တစ္ခု ဒါမွမဟုတ္ ၀န္ေဆာင္မႈတစ္ခုကို ၀ယ္ယူသံုးစြဲမယ့္သူ မရွိဘူးဆိုရင္ သင့္အေနနဲ႔ ဆက္ၿပီးေစာင့္ၾကည့္မလား၊ လက္ေလွ်ာ့အ႐ႈံးေပးလိုက္မလား၊ ဒါမွမဟုတ္ ေမးခြန္းေတြ စ ေမးမလား ေရြးခ်ယ္ဆံုျဖတ္ရေတာ့မွာပါ။ သင့္ရဲ႕ ေစ်းႏႈန္းက အဆင္မေျပေနတာလား၊ ထုတ္ပိုးမႈပံုစံက ထုတ္ကုန္အရည္အေသြးကို ေဖာ္ျပႏိုင္စြမ္း မရွိတာလား စတဲ့ သင့္ေတာ္မယ့္ေမးခြန္းေတြနဲ႔ အျခားဘာျပႆနာရွိလဲဆိုတာကို လက္လီသမားေတြ၊ ၀ယ္ယူသံုးစြဲမယ့္သူေတြကို ေမးျမန္းရမွာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ထင္ျမင္သံုးသပ္ခ်က္ေတြက တကယ့္ကိုအေရးႀကီးပါတယ္။ ဒါကို ရေအာင္ယူႏိုင္ရပါမယ္။ ဒါမွသာ ဘယ္လိုေျပာင္းလဲမႈေတြ လုပ္ဖို႔လုိအပ္ေနတယ္ဆိုတာကို သိႏိုင္မွာပါ။

သင့္အေနနဲ႔ အခြင့္အေရးရခဲ့ေပမယ့္ ရင္းႏွီးျမဳပ္ႏွံသူေတြ ဒါမွမဟုတ္ တြဲဖက္လုပ္ငန္းရွင္ေတြကို မဆြဲေဆာင္ႏိုင္ဘူးဆိုရင္လည္း ဘာေၾကာင့္လဲဆိုတာကို အေျဖရွာရမွာပါ။ သင္ ဘာေတြမွားသြားလဲ။ သင္ မေအာင္ျမင္ရတဲ့ေနာက္ကြယ္မွာ အေၾကာင္းရင္းတစ္ခုရွိေနမွာ ေသခ်ာပါတယ္။ သင့္ရဲ႕ တင္ျပမႈက ၾကာလြန္းသြားတာလား၊ သင့္စိတ္ကူးကို တင္ျပပံုမမွန္လို႔လား၊ ဒါမွမဟုတ္ မွန္ကန္တဲ့ ရင္းႏွီးျမဳပ္ႏွံသူကို မေတြ႕လို႔လား စတာေတြကို ထိုင္ၿပီး သံုးသပ္ရမွာပါ။ ၿပီးမွ လိုအပ္တဲ့ ေဆာင္ရြက္ခ်က္ကို လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။

အျငင္းခံရမႈေၾကာင့္ လက္ေလွ်ာ့အ႐ႈံးမေပးဘူးဆိုရင္ သင္က ကၽြမ္းက်င္ပညာရွင္တစ္ေယာက္ျဖစ္လာပါၿပီ။ ဒီအခ်က္က တကယ္ကို ႐ိုးရွင္းပါတယ္။ အျငင္းခံရတာကို လက္ခံပါ။ သင့္ကိုယ္သင္ေရာ အျခားလူေတြကိုပါ ဘာေၾကာင့္ ဘယ္လိုျဖစ္ရတာလဲဆိုတဲ့ ေမးခြန္းေတြ အမ်ားႀကီးေမးပါ။ စဥ္းစားပါ။ ၿပီးရင္ လမ္းေၾကာင္းသစ္ ခ်မွတ္ပါ။ ဒီေလာက္ဆို ရပါၿပီ။ လုပ္ႏိုင္မွာပါ။

ေအာင္ျမင္သူတိုင္းေလာက္နီးပါဟာ ဆိုးဆိုးရြားရြား႐ႈံးနိမ့္မႈေတြ ၾကံဳခဲ့ဖူးၿပီး ဒီအ႐ႈံးကိုပဲ ဆုတံဆိပ္တစ္ခုအျဖစ္ လက္ခံႏိုင္သူေတြ ျဖစ္ပါတယ္။ က်႐ႈံးမႈနဲ႔ ေအာင္ျမင္မႈဟာ ဒြန္တြဲေနတတ္ပါတယ္။ တဖက္သတ္ေအာင္ျမင္တဲ့ ဇာတ္လမ္းေတြ မရွိပါဘူး

ဒီေတာ့ အျငင္းခံရတာက သင့္ကိုက်႐ႈံးေစရမွာလား စိတ္ဓာတ္ခြန္အားရေစမွာလား သင္ကိုယ္တိုင္ပဲ ဆံုးျဖတ္လိုက္ပါ။

ကျွမ်းကျင်ပညာရှင်လား ? အပျော်တမ်းသမားလား ?

သင့်ကို အောင်မြင်စေဖို့ လှုံ့ဆော်မှုက ဘာလဲ။ လူတိုင်းက ကျရှုံးမှုကို သဘောမကျပါဘူး။ လူတိုင်း အနိုင်လိုချင်ကြပါတယ်။ သင့်အနေနဲ့ လစ်လျူရှု ခံရမယ်။ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်သွားမယ်။ သင်ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိတော့ဘူးဆိုရင် သင့်ရွေးချယ်မှုက အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်ဖြစ်လာပါလိမ့်မယ်။

အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့ထုတ်ကုန်က ရောင်းမထွက်ခဲ့ရင် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံသူတွေ၊ မိတ်ဖက်လုပ်ငန်းတွေက စိတ်မဝင်စားတာဆိုရင် ဘာဆက်လုပ်ကြမလဲ။ သင့်အနေနဲ့ ရွေးချယ်ရတော့မှာပါ။ ဒီလို ငြင်းပယ်ခံရတာက သင့်ကိုပြိုလဲသွားစေမှာလား ဒါမှမဟုတ် ဒီအရှုံးကနေ စိတ်ဓာတ်ခွန်အားရယူပြီး အောင်မြင်သည်အထိ ကြိုးစာမှာလား။ တစ်ခုခုကိုတော့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

သင် ကျရှုံးခဲ့ရပေမယ့် ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ဆက်လုပ်မယ်ဆိုရင် သင်ဟာ တကယ့်ကျွမ်းကျင်ပညာရှင် ဖြစ်လာတာပါပဲ။ စွန့်ဦးလုပ်ငန်းရှင်တိုင်းဟာ ဒီလိုအခိုက်အတန့်ကို ဖြတ်ကျော်ရပါတယ်။ ငြင်းပယ်ခံရမှုဟာ လက်လျှော့အရှုံးပေးလိုက်ရမယ့် အချိန်မဟုတ်ပါဘူး။ ဒီအခိုက်အတန့်ကပဲ သင့်ကိုယ်သင် တကယ့်ကျွမ်းကျင်ပညာရှင်လား အပျော်တမ်းသမားလားဆိုတာကို ကွဲပြားခြားနားသွားစေမှာပါ။

သင်ထုတ်လုပ်ရောင်းချတဲ့ ထုတ်ကုန်တစ်ခု ဒါမှမဟုတ် ၀န်ဆောင်မှုတစ်ခုကို ၀ယ်ယူသုံးစွဲမယ့်သူ မရှိဘူးဆိုရင် သင့်အနေနဲ့ ဆက်ပြီးစောင့်ကြည့်မလား၊ လက်လျှော့အရှုံးပေးလိုက်မလား၊ ဒါမှမဟုတ် မေးခွန်းတွေ စ မေးမလား ရွေးချယ်ဆုံဖြတ်ရတော့မှာပါ။ သင့်ရဲ့ စျေးနှုန်းက အဆင်မပြေနေတာလား၊ ထုတ်ပိုးမှုပုံစံက ထုတ်ကုန်အရည်အသွေးကို ဖော်ပြနိုင်စွမ်း မရှိတာလား စတဲ့ သင့်တော်မယ့်မေးခွန်းတွေနဲ့ အခြားဘာပြဿနာရှိလဲဆိုတာကို လက်လီသမားတွေ၊ ၀ယ်ယူသုံးစွဲမယ့်သူတွေကို မေးမြန်းရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ထင်မြင်သုံးသပ်ချက်တွေက တကယ့်ကိုအရေးကြီးပါတယ်။ ဒါကို ရအောင်ယူနိုင်ရပါမယ်။ ဒါမှသာ ဘယ်လိုပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေတယ်ဆိုတာကို သိနိုင်မှာပါ။

သင့်အနေနဲ့ အခွင့်အရေးရခဲ့ပေမယ့် ရင်းနှီးမြုပ်နှံသူတွေ ဒါမှမဟုတ် တွဲဖက်လုပ်ငန်းရှင်တွေကို မဆွဲဆောင်နိုင်ဘူးဆိုရင်လည်း ဘာကြောင့်လဲဆိုတာကို အဖြေရှာရမှာပါ။ သင် ဘာတွေမှားသွားလဲ။ သင် မအောင်မြင်ရတဲ့နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုရှိနေမှာ သေချာပါတယ်။ သင့်ရဲ့ တင်ပြမှုက ကြာလွန်းသွားတာလား၊ သင့်စိတ်ကူးကို တင်ပြပုံမမှန်လို့လား၊ ဒါမှမဟုတ် မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံသူကို မတွေ့လို့လား စတာတွေကို ထိုင်ပြီး သုံးသပ်ရမှာပါ။ ပြီးမှ လိုအပ်တဲ့ ဆောင်ရွက်ချက်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အငြင်းခံရမှုကြောင့် လက်လျှော့အရှုံးမပေးဘူးဆိုရင် သင်က ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာပါပြီ။ ဒီအချက်က တကယ်ကို ရိုးရှင်းပါတယ်။ အငြင်းခံရတာကို လက်ခံပါ။ သင့်ကိုယ်သင်ရော အခြားလူတွေကိုပါ ဘာကြောင့် ဘယ်လိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ အများကြီးမေးပါ။ စဉ်းစားပါ။ ပြီးရင် လမ်းကြောင်းသစ် ချမှတ်ပါ။ ဒီလောက်ဆို ရပါပြီ။ လုပ်နိုင်မှာပါ။

အောင်မြင်သူတိုင်းလောက်နီးပါဟာ ဆိုးဆိုးရွားရွားရှုံးနိမ့်မှုတွေ ကြုံခဲ့ဖူးပြီး ဒီအရှုံးကိုပဲ ဆုတံဆိပ်တစ်ခုအဖြစ် လက်ခံနိုင်သူတွေ ဖြစ်ပါတယ်။ ကျရှုံးမှုနဲ့ အောင်မြင်မှုဟာ ဒွန်တွဲနေတတ်ပါတယ်။ တဖက်သတ်အောင်မြင်တဲ့ ဇာတ်လမ်းတွေ မရှိပါဘူး

ဒီတော့ အငြင်းခံရတာက သင့်ကိုကျရှုံးစေရမှာလား စိတ်ဓာတ်ခွန်အားရစေမှာလား သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ။

Written by Admin

Entrepreneur