Facebook ေပၚမွာ ခ်က္ခ်င္း Unfriend အလုပ္ခံရေစႏိုင္သည့္ Post မ်ား

Facebook ေပၚမွာ ခ်က္ခ်င္း Unfriend အလုပ္ခံရေစႏိုင္သည့္ Post မ်ား

+++++++++++++++++++++++++++++++++

နည္းပညာေတြတိုးတက္ထြန္းကားလာတ့ဲ ယေန႔ေခတ္မွာ Facebook, Twitter, Instagram စတ့ဲ ဆိုရွယ္မီဒီယာေတြကလည္း ကၽြန္ေတာ္တို႔ ေန႔စဥ္ဘ၀ရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္လာပါတယ္။ ဒီထဲကမွ ျမန္မာႏိုင္ငံမွာဆိုရင္ အျခားဆိုရွယ္မီဒီယာေတြထက္ Facebook ကို သုံးစြဲသူေတြက အမ်ားစုျဖစ္ပါတယ္။ Facebook ေပၚမွာ ပုံေတြ စာေတြစတ့ဲ post ေတြတင္တာကလည္း ခက္ခဲတ့ဲအလုပ္တစ္ခု မဟုတ္သလို ဘာေတြတင္သင့္တယ္ ဘာေတြကိုေတာ့ မတင္သင့္ဘူး စတ့ဲ တိက်ေသခ်ာတ့ဲ စည္းမ်ဥ္းစည္းကမ္းေတြလည္း ရွိမေနပါဘူး။ ဒီေတာ့ Facebook အသုံးျပဳသူေတြအေနနဲ႔ မိမိစိတ္တိုင္းက် တင္ခ်င္သလိုတင္ႏိုင္တ့ဲ အခြင့္အေရးရွိေနပါတယ္။

တကယ္တမ္းစဥ္းစားၾကည့္မယ္ဆိုရင္ Facebook အသုံးျပဳရျခင္းရဲ႕ အဓိကရည္ရြယ္ခ်က္က မိတ္ေဆြေဟာင္း မိတ္ေဆြသစ္ေတြနဲ႔ အျမဲမျပတ္အဆက္အသြယ္ရွိေနဖို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ Facebook ကို အသုံးျပဳရင္း၊ post ေတြတင္ေနရင္းကပဲ online ေပၚက မိတ္ေဆြသူငယ္ခ်င္းေတြသာမက အျပင္ေလာကက တကယ္သူငယ္ခ်င္းအစစ္ေတြကပါ သင့္ကို စိတ္ပ်က္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။

ေလ့လာမႈေတြအရ Facebook ေပၚမွာ လူေတြတစ္ေယညက္နဲ႔တစ္ေယာက္ Unfriend လုပ္ရတ့ဲ အဓိကအေၾကာင္းရင္း (၃)ခု ရွိပါတယ္။
၁။ ႏိုင္ငံေရး၊ ဘာသာေရးနဲ႔ ပတ္သက္ၿပီး အစြန္းေရာက္လြန္းတ့ဲ post ေတြ တင္ျခင္း၊ share ျခင္း
၂။ လူမ်ိဳးေရးခြဲျခားမႈ၊ လိင္မႈကိစၥေတြနဲ႔ ပတ္သက္ၿပီး မၾကား၀့ံမနာသာ အမ်ားနဲ႔ဆီေလ်ာ္မႈမရွိတ့ဲ post ေတြျခင္း၊ share ျခင္း
၃။ အႏွစ္သာရမရွိေသာ post မ်ားတင္ျခင္း၊ share ျခင္း စတ့ဲ အေၾကာင္းရင္းေတြပဲ ျဖစ္ပါတယ္။

ဒီအေၾကာင္းရင္း သုံးခုမွာ ပထမႏွစ္ခုက သိပ္အမ်ားႀကီးစဥ္းစားစရာမလိုပဲ သိသာထင္ရွားပါတယ္။ ဒါေပမယ့္ နံပါတ္ ၃ အေၾကာင္းရင္းကေတာ့ နည္းနည္း႐ႈပ္ေထြးၿပီး ေမးစရာရွိပါတယ္။ ဘယ္လိုအေၾကာင္းအရာမ်ိဳးကို အႏွစ္သာရမရွိဘူးလို႔ ဆိုလိုတာပါလဲ???

ဘယ္လိုအေၾကာင္းအရာက အႏွစ္သာရျပည့္၀ၿပီး ဘယ္အေၾကာင္းအရာက အႏွစ္သာရမရွိတ့ဲ တစ္ရာဖိုးသုံးပုဒ္တန္ အေပါစားျဖစ္မလဲဆိုတာကို ဘယ္သူကမွေသခ်ာမသိႏိုင္ပါဘူး။ ဘာလို႔လဲဆိုရင္ post တစ္ခုဟာ တစ္ခ်ိဳ႕လူေတြအတြက္ အသစ္ျဖစ္ေနေပမယိ့ တစ္ခ်ိဳ႕ေတြအတြက္ေတာ့ ဖန္တစ္ရာေတ အပ္ေၾကာင္းထပ္ ၾကားဖူးေနတ့ဲ ျငီးေငြ႔စရာ ျဖစ္ေနတတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒီေနရာမွာ သင့္ account ထဲက မိတ္ေဆြသူငယ္ခ်င္းေတြ အားလုံး စိတ္တိုင္းက် ေက်နပ္ေအာင္ လုပ္ႏိုင္ပါ့မလား။

တကယ္ေတာ့ အားလုံးကို စိတ္ေက်နပ္ေစမယ့္အရာျဖစ္ဖို႔ ႀကိဳးစားေနရတာကိုက ျပႆနာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Facebook ေပၚက သူငယ္ခ်င္းမိတ္ေဆြထဲမွာ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြျဖစ္ေနတ့ဲအတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ Facebook ေပၚမွာ post တစ္ခုတင္လိုက္တာနဲ႔ ေစာင့္ၾကည့္ေနတ့ဲ မိတ္ေဆြသူငယ္ခ်င္းေတြက ထင္မွတ္မထားႏိုင္ေလာက္ေအာင္ အမ်ိဳးအစုကြဲျပားေနေလ့ရွိပါတယ္။ ဒီအတိုင္းအျပင္ေလာကမွာ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ေတြ႔ဆုံရတာနဲ႔ မတူပါဘူး။ အျပင္ေလာကမွာ သူငယ္ခ်င္းမိတ္ေဆြေတြ ေတြ႔ဆုံၾကတ့ဲအခါမွာ လူနည္းစုျဖစ္ၿပီး စိတ္၀င္စားမႈ၊ ၀ါသနာစတ့ဲ ခံစားမႈခ်င္းတူရာလူေတြ စုၾကတာျဖစ္တ့ဲအတြက္ အျငင္းပြားစရာ၊ အျမင္ကတ္စရာျဖစ္ႏိုင္ေခ် နည္းပါတယ္။ အြန္လိုင္းေပၚက မိတ္ေဆြသူငယ္ခ်င္းေတြထဲမွာေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ရည္းစားေဟာင္းေတြ၊ ႀကိတ္ေၾကြေနရသူေတြ၊ သာမန္အသိမိတ္ေဆြနဲ႔ အရင္းႏွီးဆုံး သူငယ္ခ်င္းေတြ၊ မိဘဘိုးဘြားနဲ႔ ေဆြမ်ိဳးသားခ်င္းေတြေတာင္ ပါေနႏိုင္ပါေသးတယ္။ ဒီလိုကြဲျပားျခားနားေနတ့ဲ အုပ္စုတစ္ခုခ်င္းဆီမွာလည္း သင့္ရဲ႕အျပဳအမူ၊ သင္ေရးသားေ၀မွ်တ့ဲအေၾကာင္းအရာ၊ တင္လိုက္တ့ဲ post ေတြနဲ႔ပတ္သက္ၿပီး မတူကြဲျပားတ့ဲ ေမွ်ာ္လင့္ခ်က္ေတြရွိေနပါတယ္။ ဒါ့ေၾကာင့္ သင္တင္လိုက္တ့ဲ post တစ္ခုကို အားလုံးကလက္ခံႏိုင္ဖို႔ထက္ အုပ္စုတစ္ခုမဟုတ္ တစ္ခု ဒါမွမဟုတ္ တစ္ဦးတစ္ေယာက္အတြက္ စိတ္ပ်က္စရာ အျမင္ကတ္စရာျဖစ္သြားႏိုင္ေခ်က ပိုမ်ားပါတယ္။

ဒါ့ေၾကာင့္ Facebook ေပၚမွာ post ေတြ status ေတြတင္တ့ဲအခါ လူအျမင္ကတ္စရာမ်ားၿပီး ခ်က္ခ်င္း Unfriend အလုပ္ခံရေစႏိုင္တ့ဲ post အမ်ိဳးအစား (၃)ခုကို မတင္မိေအာင္ သတိျပဳေရွာင္ရွားႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဘာကိုဆိုလိုမွန္းမသိ မေရရာသည့္ Status မ်ား
ဒီ Status ေတြကေတာ့ မ်ားေသာအားျဖင့္ ခပ္တိုတိုျဖစ္တတ္ၿပီး အေသးစိတ္အခ်က္အလက္မ်ား မပါ၀င္ေသာ္လည္း သဲလြန္စလိုလို၊ စကားအစလိုလို အေၾကာင္းအရာေတြ ျဖစ္တတ္ပါတယ္။ ဥပမာ ေျပာရရင္ “ဒီေန႔ကေတာ့ အေပ်ာ္ဆံုးေန႔ပဲ”၊ “တကယ္ကို စိတ္ပ်က္မိပါတယ္”၊ “ဘယ္လိုမွ မတတ္ႏိုင္ေတာ့ဘူး”၊ “ကၽြန္ေတာ္/ကၽြန္မအတြက္ ဆုေတာင္းေပးၾကပါ” စတဲ့ Status ေတြျဖစ္ပါတယ္။ ဒီလို Status ေတြရဲ႕ လိုရင္းကေတာ့ ဖတ္မိသူကို သဲလြန္စခ်ေပးၿပီး “ဘာျဖစ္တာလဲ၊ ဘာကိစၥရွိလို႔လဲ”စတဲ့ ေမးခြန္းေတြ ေမးလာေစခ်င္တာ ျဖစ္ပါတယ္။ ဒီလို Status မ်ိဳးက တကယ္ကို စိတ္ပ်က္စရာပါပဲ။ ပုံမွန္အလုပ္အကိုင္ရွိၿပီး သူမ်ားကိစၥ စိတ္မ၀င္စားသူတိုင္းက ဒီလို သဲလြန္စေပးတဲ့ Status ေတြကို လိုက္ၿပီး ဘာျဖစ္တာလဲ၊ ဘာလုပ္ေပးရမလဲ လိုက္စပ္စုေနမွာ မဟုတ္ပါဘူး။

၂။ ဟန္လုပ္ၾကြားလံုးထုတ္သည့္ Status မ်ား
“i Phone 7 နဲ႔ Samsung Galaxy S 8 ဘယ္ဟာပိုေကာင္းလဲ ေျပာၾကပါဦး။ ေရြးရခက္ေနလို႔” ဆိုတဲ့ Status မ်ိဳးကို စဥ္းစားၾကည့္ပါ။ တကယ္ေရြးရခက္ေနတာမ်ိဳးမဟုတ္တာ ေသခ်ာပါတယ္။
ေနာက္တစ္မ်ိဳးအေနနဲ႔ “ေကာ္ဖီဆိုင္မွာ မထင္မွတ္ပဲေတြ႕လို႔ စကားေျပာေနတာ အေတာ္ၾကာသြားတယ္။ အလုပ္ေနာက္က်ေနၿပီ”
ဒီလို Status မ်ိဳးေတြက ဖတ္မိသူရဲ႕ attention ကို ရယူခ်င္တာ ျဖစ္ပါတယ္။ Status တင္တဲ့သူအေနနဲ႔ သူ႔ၾကံဳေတြ႕ရတဲ့ကိစၥကို အမွတ္မထင္ျဖစ္ရပ္လိုလို တင္ထားေပမယ့္ Log in ၀င္ရမယ္၊ ဓာတ္ပံု႐ိုက္ရမယ္၊ location check in ၀င္တာေတြ စသျဖင့္ အမ်ားႀကီးျပင္ဆင္ဖို႔ လိုပါတယ္။ ဟန္လုပ္ ၾကြားလုံုးထုတ္တာက ကိုယ့္ကိုယ္ကိုယ္ႏွိမ္ခ်သလိုနဲ႔ တဖက္လူေတြထက္ သာေၾကာင္း ေဖာ္ျပခ်င္တာပဲ ျဖစ္ပါတယ္။

၃။ Unfriend လုပ္မယ့္ သတိေပးခ်က္ Status မ်ား
Facebook ေပၚမွာ အသိမိတ္ေဆြတစ္ေယာက္ေယာက္ကို အေၾကာင္းတစ္ခုခုေၾကာင့္ Unfriend လုပ္ခ်င္တယ္ဆိုရင္ လုပ္သာလုပ္လိုက္ပါ။ ဘာ သတိေပးတဲ့ Status မွ တင္စရာမလိုပါဘူး။ တကယ္လက္ေတြ႕ေလာကမွာ မိတ္ေဆြအေပါင္းအသင္းအျဖစ္က ျပတ္ဆဲတဲ့အခါမွာ ဘာေၾကညာခ်က္မွ ထုတ္မေနပဲ ဒီအတိုင္းၿပီးသြားတတ္ၾကတာ ျဖစ္ပါတယ္။ Facebook လိုမ်ိဳး ဆိုရွယ္မီဒီယာေတြမွာ Unfriend လုပ္တာကလည္း ဒီအတိုင္းပဲျဖစ္သင့္ပါတယ္။ တစ္ခါတည္း Unfriend မလုပ္ပဲ ခ်ိန္းေျခာက္မႈေတြ လုပ္ေနတာက အမူအက်င့္မရွိပဲ ႐ိုင္းစိုင္းရာ ေရာက္ပါတယ္။

မိန္းကေလးတိုင္းေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine

—————-+————+————+————–

Facebook ပေါ်မှာ ချက်ချင်း Unfriend အလုပ်ခံရစေနိုင်သည့် Post များ

++++++++++++++++++++++++++++++++++

နည်းပညာတွေတိုးတက်ထွန်းကားလာတ့ဲ ယနေ့ခေတ်မှာ Facebook, Twitter, Instagram စတ့ဲ ဆိုရှယ်မီဒီယာတွေကလည်း ကျွန်တော်တို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒီထဲကမှ မြန်မာနိုင်ငံမှာဆိုရင် အခြားဆိုရှယ်မီဒီယာတွေထက် Facebook ကို သုံးစွဲသူတွေက အများစုဖြစ်ပါတယ်။ Facebook ပေါ်မှာ ပုံတွေ စာတွေစတ့ဲ post တွေတင်တာကလည်း ခက်ခဲတ့ဲအလုပ်တစ်ခု မဟုတ်သလို ဘာတွေတင်သင့်တယ် ဘာတွေကိုတော့ မတင်သင့်ဘူး စတ့ဲ တိကျသေချာတ့ဲ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိမနေပါဘူး။ ဒီတော့ Facebook အသုံးပြုသူတွေအနေနဲ့ မိမိစိတ်တိုင်းကျ တင်ချင်သလိုတင်နိုင်တ့ဲ အခွင့်အရေးရှိနေပါတယ်။

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် Facebook အသုံးပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်က မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေနဲ့ အမြဲမပြတ်အဆက်အသွယ်ရှိနေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် Facebook ကို အသုံးပြုရင်း၊ post တွေတင်နေရင်းကပဲ online ပေါ်က မိတ်ဆွေသူငယ်ချင်းတွေသာမက အပြင်လောကက တကယ်သူငယ်ချင်းအစစ်တွေကပါ သင့်ကို စိတ်ပျက်သွားတာမျိုးဖြစ်တတ်ပါတယ်။

လေ့လာမှုတွေအရ Facebook ပေါ်မှာ လူတွေတစ်ယေညက်နဲ့တစ်ယောက် Unfriend လုပ်ရတ့ဲ အဓိကအကြောင်းရင်း (၃)ခု ရှိပါတယ်။
၁။ နိုင်ငံရေး၊ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းရောက်လွန်းတ့ဲ post တွေ တင်ခြင်း၊ share ခြင်း
၂။ လူမျိုးရေးခွဲခြားမှု၊ လိင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး မကြား၀့ံမနာသာ အများနဲ့ဆီလျော်မှုမရှိတ့ဲ post တွေခြင်း၊ share ခြင်း
၃။ အနှစ်သာရမရှိသော post များတင်ခြင်း၊ share ခြင်း စတ့ဲ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းရင်း သုံးခုမှာ ပထမနှစ်ခုက သိပ်အများကြီးစဉ်းစားစရာမလိုပဲ သိသာထင်ရှားပါတယ်။ ဒါပေမယ့် နံပါတ် ၃ အကြောင်းရင်းကတော့ နည်းနည်းရှုပ်ထွေးပြီး မေးစရာရှိပါတယ်။ ဘယ်လိုအကြောင်းအရာမျိုးကို အနှစ်သာရမရှိဘူးလို့ ဆိုလိုတာပါလဲ???

ဘယ်လိုအကြောင်းအရာက အနှစ်သာရပြည့်၀ပြီး ဘယ်အကြောင်းအရာက အနှစ်သာရမရှိတ့ဲ တစ်ရာဖိုးသုံးပုဒ်တန် အပေါစားဖြစ်မလဲဆိုတာကို ဘယ်သူကမှသေချာမသိနိုင်ပါဘူး။ ဘာလို့လဲဆိုရင် post တစ်ခုဟာ တစ်ချို့လူတွေအတွက် အသစ်ဖြစ်နေပေမယိ့ တစ်ချို့တွေအတွက်တော့ ဖန်တစ်ရာတေ အပ်ကြောင်းထပ် ကြားဖူးနေတ့ဲ ငြီးငွေ့စရာ ဖြစ်နေတတ်တာကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာ သင့် account ထဲက မိတ်ဆွေသူငယ်ချင်းတွေ အားလုံး စိတ်တိုင်းကျ ကျေနပ်အောင် လုပ်နိုင်ပါ့မလား။

တကယ်တော့ အားလုံးကို စိတ်ကျေနပ်စေမယ့်အရာဖြစ်ဖို့ ကြိုးစားနေရတာကိုက ပြဿနာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Facebook ပေါ်က သူငယ်ချင်းမိတ်ဆွေထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေဖြစ်နေတ့ဲအတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Facebook ပေါ်မှာ post တစ်ခုတင်လိုက်တာနဲ့ စောင့်ကြည့်နေတ့ဲ မိတ်ဆွေသူငယ်ချင်းတွေက ထင်မှတ်မထားနိုင်လောက်အောင် အမျိုးအစုကွဲပြားနေလေ့ရှိပါတယ်။ ဒီအတိုင်းအပြင်လောကမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံရတာနဲ့ မတူပါဘူး။ အပြင်လောကမှာ သူငယ်ချင်းမိတ်ဆွေတွေ တွေ့ဆုံကြတ့ဲအခါမှာ လူနည်းစုဖြစ်ပြီး စိတ်၀င်စားမှု၊ ဝါသနာစတ့ဲ ခံစားမှုချင်းတူရာလူတွေ စုကြတာဖြစ်တ့ဲအတွက် အငြင်းပွားစရာ၊ အမြင်ကတ်စရာဖြစ်နိုင်ချေ နည်းပါတယ်။ အွန်လိုင်းပေါ်က မိတ်ဆွေသူငယ်ချင်းတွေထဲမှာတော့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရည်းစားဟောင်းတွေ၊ ကြိတ်ကြွေနေရသူတွေ၊ သာမန်အသိမိတ်ဆွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ၊ မိဘဘိုးဘွားနဲ့ ဆွေမျိုးသားချင်းတွေတောင် ပါနေနိုင်ပါသေးတယ်။ ဒီလိုကွဲပြားခြားနားနေတ့ဲ အုပ်စုတစ်ခုချင်းဆီမှာလည်း သင့်ရဲ့အပြုအမူ၊ သင်ရေးသားေ၀မျှတ့ဲအကြောင်းအရာ၊ တင်လိုက်တ့ဲ post တွေနဲ့ပတ်သက်ပြီး မတူကွဲပြားတ့ဲ မျှော်လင့်ချက်တွေရှိနေပါတယ်။ ဒါ့ကြောင့် သင်တင်လိုက်တ့ဲ post တစ်ခုကို အားလုံးကလက်ခံနိုင်ဖို့ထက် အုပ်စုတစ်ခုမဟုတ် တစ်ခု ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် စိတ်ပျက်စရာ အမြင်ကတ်စရာဖြစ်သွားနိုင်ချေက ပိုများပါတယ်။

ဒါ့ကြောင့် Facebook ပေါ်မှာ post တွေ status တွေတင်တ့ဲအခါ လူအမြင်ကတ်စရာများပြီး ချက်ချင်း Unfriend အလုပ်ခံရစေနိုင်တ့ဲ post အမျိုးအစား (၃)ခုကို မတင်မိအောင် သတိပြုရှောင်ရှားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘာကိုဆိုလိုမှန်းမသိ မရေရာသည့် Status များ
ဒီ Status တွေကတော့ များသောအားဖြင့် ခပ်တိုတိုဖြစ်တတ်ပြီး အသေးစိတ်အချက်အလက်များ မပါ၀င်သော်လည်း သဲလွန်စလိုလို၊ စကားအစလိုလို အကြောင်းအရာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ပြောရရင် “ဒီနေ့ကတော့ အပျော်ဆုံးနေ့ပဲ”၊ “တကယ်ကို စိတ်ပျက်မိပါတယ်”၊ “ဘယ်လိုမှ မတတ်နိုင်တော့ဘူး”၊ “ကျွန်တော်/ကျွန်မအတွက် ဆုတောင်းပေးကြပါ” စတဲ့ Status တွေဖြစ်ပါတယ်။ ဒီလို Status တွေရဲ့ လိုရင်းကတော့ ဖတ်မိသူကို သဲလွန်စချပေးပြီး “ဘာဖြစ်တာလဲ၊ ဘာကိစ္စရှိလို့လဲ”စတဲ့ မေးခွန်းတွေ မေးလာစေချင်တာ ဖြစ်ပါတယ်။ ဒီလို Status မျိုးက တကယ်ကို စိတ်ပျက်စရာပါပဲ။ ပုံမှန်အလုပ်အကိုင်ရှိပြီး သူများကိစ္စ စိတ်မ၀င်စားသူတိုင်းက ဒီလို သဲလွန်စပေးတဲ့ Status တွေကို လိုက်ပြီး ဘာဖြစ်တာလဲ၊ ဘာလုပ်ပေးရမလဲ လိုက်စပ်စုနေမှာ မဟုတ်ပါဘူး။

၂။ ဟန်လုပ်ကြွားလုံးထုတ်သည့် Status များ
“i Phone 7 နဲ့ Samsung Galaxy S 8 ဘယ်ဟာပိုကောင်းလဲ ပြောကြပါဦး။ ရွေးရခက်နေလို့” ဆိုတဲ့ Status မျိုးကို စဉ်းစားကြည့်ပါ။ တကယ်ရွေးရခက်နေတာမျိုးမဟုတ်တာ သေချာပါတယ်။
နောက်တစ်မျိုးအနေနဲ့ “ကော်ဖီဆိုင်မှာ မထင်မှတ်ပဲတွေ့လို့ စကားပြောနေတာ အတော်ကြာသွားတယ်။ အလုပ်နောက်ကျနေပြီ”
ဒီလို Status မျိုးတွေက ဖတ်မိသူရဲ့ attention ကို ရယူချင်တာ ဖြစ်ပါတယ်။ Status တင်တဲ့သူအနေနဲ့ သူ့ကြုံတွေ့ရတဲ့ကိစ္စကို အမှတ်မထင်ဖြစ်ရပ်လိုလို တင်ထားပေမယ့် Log in ၀င်ရမယ်၊ ဓာတ်ပုံရိုက်ရမယ်၊ location check in ၀င်တာတွေ စသဖြင့် အများကြီးပြင်ဆင်ဖို့ လိုပါတယ်။ ဟန်လုပ် ကြွားလုံးထုတ်တာက ကိုယ့်ကိုယ်ကိုယ်နှိမ်ချသလိုနဲ့ တဖက်လူတွေထက် သာကြောင်း ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။

၃။ Unfriend လုပ်မယ့် သတိပေးချက် Status များ
Facebook ပေါ်မှာ အသိမိတ်ဆွေတစ်ယောက်ယောက်ကို အကြောင်းတစ်ခုခုကြောင့် Unfriend လုပ်ချင်တယ်ဆိုရင် လုပ်သာလုပ်လိုက်ပါ။ ဘာ သတိပေးတဲ့ Status မှ တင်စရာမလိုပါဘူး။ တကယ်လက်တွေ့လောကမှာ မိတ်ဆွေအပေါင်းအသင်းအဖြစ်က ပြတ်ဆဲတဲ့အခါမှာ ဘာကြေညာချက်မှ ထုတ်မနေပဲ ဒီအတိုင်းပြီးသွားတတ်ကြတာ ဖြစ်ပါတယ်။ Facebook လိုမျိုး ဆိုရှယ်မီဒီယာတွေမှာ Unfriend လုပ်တာကလည်း ဒီအတိုင်းပဲဖြစ်သင့်ပါတယ်။ တစ်ခါတည်း Unfriend မလုပ်ပဲ ချိန်းခြောက်မှုတွေ လုပ်နေတာက အမူအကျင့်မရှိပဲ ရိုင်းစိုင်းရာ ရောက်ပါတယ်။

မိန်းကလေးတိုင်းတောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%