စိတ္ကူးအိပ္မက္ေတြ ျဖစ္ေျမာက္ေအာင္ျမင္ေစႏိုင္မည့္ အဆင့္(၇)ခု
(Zawgyi)
ေအာင္ျမင္ျဖစ္ထြန္းမႈေတြကို အဆင့္ငယ္ေလးေတြအျဖစ္ ခြဲျခမ္းစိတ္ျဖာႏိုင္ပါသလား ???
ဒီအခ်က္က ရွင္းလင္းလြယ္ကူတာ မဟုတ္ေပမယ့္ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈကို ရရွိခဲ့သူတိုင္းက တူညီတဲ့ျဖစ္စဥ္ေတြကို ျဖတ္သန္းခဲ့ရတာခ်ည္းပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔လည္း စိတ္ကူးအိပ္မက္ေတြ အထေျမာက္ေအာင္ျမင္ခ်င္တယ္ဆိုရင္ အခုေဖာ္ျပမယ့္ အဆင့္ေတြအတိုင္း ႀကိဳးစားလုပ္ေဆာင္ၿပီး ေအာင္ျမင္မႈလမ္းကို ေလွ်ာက္လွမ္းလိုက္ပါ။
အဆင့္ (၁) – စိတ္ကူးယဥ္ပါ
အရာအားလံုးက စိတ္ကူးထဲ၊ ႏွလံုးသားထဲမွာ အရင္ဆံုးအစျပဳတာျဖစ္ပါတယ္။ ႀကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈတိုင္းဟာ လူတစ္ေယာက္ရဲ႕ စိတ္ထဲကေန စတင္ခဲ့တာပါ။ သူတို႔ေတြက စိတ္ကူးယဥ္ၾကတယ္။ တကယ္ျဖစ္လာႏိုင္တယ္လို႔လည္း ယုံၾကည္ၾကပါတယ္။ အခ်ိန္နည္းနည္းေလာက္ယူၿပီး ကိုယ့္ကိုယ္ကိုယ္ “တကယ္လို႔မ်ား ဘာျဖစ္ရင္”ဆိုတာျပန္ေမးၾကည့္ပါ။ အႀကီးႀကီးေတြးပါ။ အဆိုးျမင္စိတ္နဲ႔ အေတြးအေခၚေတြေၾကာင့္ စိတ္ပ်က္အားေလ်ာ့မခံပါနဲ႔။ သင္ကိုယ္တိုင္၊ သင့္မိသားစုနဲ႔ အျခားသူေတြအတြက္ ျဖစ္ခ်င္သမွ် အားလံုးကို စိတ္ကူးယဥ္လိုက္ပါ။
အဆင့္ (၂) – ယုံၾကည္လုိက္ပါ
ဟုတ္ပါတယ္။ သင့္ရဲ႕စိတ္ကူးက အႀကီးႀကီးျဖစ္ေနဖို႔ လိုပါတယ္။ သင့္စိတ္ကူးက သင္စြမ္းေဆာင္ႏိုင္တာထက္ အမ်ားႀကီးေက်ာ္လြန္ေနတာမ်ိဳး ျဖစ္ခ်င္ျဖစ္ေနမွာပါ။ ဒါေပမယ့္ ယုံၾကည္ႏိုင္တာမ်ိဳးေတာ့ ျဖစ္ရပါမယ္။ တခ်ိဳ႕အရာေတြ ျဖစ္လာခဲ့မယ္ဆိုရင္၊ အျခားသူေတြ ကူညီခဲ့မယ္ဆိုရင္၊ သင္အျပင္းအထန္ႀကိဳးစားမယ္ဆိုရင္ ဘယ္ေလာက္ႀကီးက်ယ္ခမ္းနားတဲ့ စိတ္ကူးျဖစ္ေနပါေစ၊ အေကာင္အထည္ေဖာ္ႏိုင္တာမ်ိဳး ျဖစ္ေနရပါမယ္။ ဥပမာေျပာရရင္ အဆင့္ျမင့္ပညာေတြ မသင္ၾကားဖူးတဲ့လူတစ္ေယာက္က တစ္ႏွစ္ကို ေဒၚလာသန္းငါးဆယ္ေလာက္ လည္ပတ္ေနတဲ့လုပ္ငန္းတစ္ခုကို တည္ေထာင္ႏိုင္ဖို႔ စိတ္ကူးတယ္ဆိုရင္ ႀကီးမားေပးမယ့္ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ဒါေပမယ့္ အသက္(၉၀)အရြယ္ အဆစ္အျမစ္ေရာင္ေရာဂါသည္ အမ်ိဳးသမီးတစ္ေယာက္က တစ္ေန႔မွာ သံုးနာရီၾကာ မာရသြန္ေျပးပြဲ ၀င္ေျပးဖို႔ စိတ္ကူးတယ္ဆိုရင္ ႀကီးမားေပမယ့္ ျဖစ္ႏိုင္ေခ်မရွိပါဘူး။
အဆင့္ (၃) – ျမင္ေအာင္ၾကည့္ပါ
ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈကို ရရွိသူတိုင္းမွာ အေလ့အက်င့္တစ္ခု ရွိပါတယ္။ သူတို႔က ေအာင္ျမင္မႈကို ျမင္ေအာင္ၾကည့္တတ္ၾကပါတယ္။ သူတို႔ဟာ ဂိုေထာင္႐ုံးခန္းထဲက ေခါက္ကုလားထုိင္ေလးမွာ ထိုင္ေနရင္းကပဲ သူတို႔ကိုယ္သူတို႔ ေဒၚလာ(၂၅)သန္းတန္ ႐ုံးခ်ဳပ္ႀကီးရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္႐ုံးခန္းထဲမွာ ထိုင္ၿပီးအလုပ္လုပ္ေနတယ္လို႔ ျမင္တတ္ၾကပါတယ္။ ဒီလိုနဲ႔ စိတ္ကူးအိပ္မက္ေတြကို ပံုေဖာ္ထားၾကည့္ဖို႔ လိုပါတယ္။
အဆင့္ (၄) – ေျပာျပပါ
စိတ္ကူးအိပ္မက္ေတြအမ်ားစု လက္ေတြ႕မွာျဖစ္မလာတဲ့ အေၾကာင္းရင္းတစ္ခုက ကိုယ္ပိုင္စိတ္ကူးအိပ္မက္ေတြကို ကိုယ္တစ္ေယာက္တည္းအတြက္ပဲ သိမ္းထားလို႔ ျဖစ္ပါတယ္။ ဒီလိုဆိုရင္ ဒီစိတ္ကူးက တစ္ေယာက္တည္းမက္ေနတဲ့ တိုးတိတ္အိပ္မက္တစ္ခုလိုပါပဲ။ တကယ္လို႔ သင့္ရဲ႕စိတ္ကူးအိပ္မက္ေတြ အမွန္တကယ္ထေျမာက္ေအာင္ျမင္ခ်င္တယ္ဆိုရင္ လူေတြကို ေျပာျပဖို႔ လိုပါတယ္။ အေၾကာင္းရင္းကေတာ့ သင့္အိပ္မက္ကို လူေတြကို ေျပာျပေနတာနဲ႔အမွ် ပိုၿပီးေတာ့ ယုံၾကည္မႈရွိလာေလပဲ ျဖစ္တာေၾကာင့္ပါ။ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ ျဖစ္ေအာင္လုပ္ဖို႔ ပိုလိုအပ္လာတာေၾကာင့္ပဲ ျဖစ္ပါတယ္။ လူေတြကို ေျပာထားၿပီးမွ ျဖစ္ေအာင္မလုပ္ရင္ အေလွာင္ခံရႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။
အဆင့္ (၅) – အစီအစဥ္ခ်ပါ
စိတ္ကူးအိပ္မက္တိုင္းကို အစီအစဥ္တစ္ခုရွိေနရမွာ ျဖစ္ပါတယ္။ သင့္စိတ္ကူးအိပ္မက္ကို စိတ္ကူးယဥ္ေန႐ုံ၊ ယုံၾကည္ေန႐ုံ၊ ျမင္ေအာင္ၾကည့္႐ုံ၊ ေျပာျပေန႐ုံနဲ႔ တကယ္ျဖစ္လာမွာ မဟုတ္ပါဘူး။ သင့္အေနနဲ႔ အခ်ိန္ယူၿပီး အိပ္မက္ကိုအေကာင္အထည္ေဖာ္ဖို႔ အစီအစဥ္ကို ေရးဆြဲဖို႔ လိုပါတယ္။ တတ္ႏိုင္သမွ်အားလံုးကို အေသးစိတ္စဥ္းစားေရးဆြဲပါ။ အစီအစဥ္တစ္ခုလံုးကို လုပ္ေဆာင္ႏိုင္တဲ့အပိုင္းေသးေလးေတြျဖစ္ေအာင္ ခြဲျခမ္းစိတ္ျဖာပါ။ သင့္စိတ္ကူးအစီအစဥ္တစ္ခုခ်င္းစီကို အၿပီးသတ္လုပ္ေဆာင္ရမယ့္ အခ်ိန္ကာလတစ္ခု သတ္မွတ္ပါ။
အဆင့္ (၆) – လုပ္ေဆာင္ပါ
တကယ္မလုပ္ရင္ ဘယ္အရာမွ တကယ္ျဖစ္လာမွာမဟုတ္ပါဘူး။ ေျပာရမွာ စိတ္မေကာင္းေပမယ့္ စိတ္ကူးအိပ္မက္ေတြ အထေျမာက္ေအာင္ျမင္သူေတြတိုင္းက အလုပ္ႀကိဳးစားၾကသူေတြျဖစ္ပါတယ္။ တစ္ေလာကလံုးက တီဗီေရွ႕မွာထိုင္ၿပီး အစီအစဥ္ေတြ၊ ဇာတ္လမ္းတြဲေတြၾကည့္ေနခ်ိန္မွာ ေအာင္ျမင္သူေတြကေတာ့ သူတို႔ရဲ႕စိတ္ကူးေတြ အေကာင္အထည္ေပၚလာဖို႔ ရည္မွန္းခ်က္နဲ႔ အလုပ္လုပ္ေနၾကပါတယ္။ ညီမွ်ျခင္းတစ္ခုအေနနဲ႔ဆိုရင္ [ေရတိုအလုပ္ x အခ်ိန္ = ေရရွည္ေအာင္ျမင္မႈ] ျဖစ္ပါတယ္။ အခုလုပ္ေနတဲ့အလုပ္ေလးေတြက အခ်ိန္ၾကာလာတာနဲ႔အမွ် ေရရွည္မွာ ႀကီးမားတဲ့ေအာင္ျမင္မႈကို ျဖစ္ထြန္းေစမယ္ဆိုတဲ့ သေဘာပါပဲ။ တစ္ေန႔ကို တစ္လံပဲ ေရြ႕ႏိုင္ေစဦး။ ရည္မွန္ခ်က္ပန္းတိုင္ကို ေနာက္ဆံုးေရာက္မွာ ေသခ်ာပါတယ္။
အဆင့္ (၇) – ခံစားပါ
သင့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိၿပီး စိတ္ကူးအိပ္မက္အတိုင္း ေနႏိုင္ၿပီဆိုရင္ ေသခ်ာ ခံစားေပ်ာ္ရႊင္ႏိုင္ဖို႔လည္း လိုပါတယ္။ ေအာင္ျမင္မႈဆီသို႔ ေလွ်ာက္လမ္းတဲ့လမ္းတစ္ေလွ်ာက္မွာလည္း ေပ်ာ္ရႊင္ေက်နပ္ေနဖို႔လိုသလို တစ္ခုေအာင္ျမင္တိုင္းလည္း ကိုယ့္ကိုယ္ကိုယ္တစ္ခုခု ျပန္ခ်ီးျမွင့္ပါ။ ရည္မွန္းထားတဲ့ စိတ္ကူးအိပ္မက္ကို ပိုင္ဆိုင္ႏိုင္ၿပီဆိုရင္ ဆုအႀကီးစားတစ္ခု ျပန္ခ်ီးျမွင့္ပါ။ ေက်းဇူးသိတတ္ၿပီး ရက္ေရာမႈလည္း ရွိပါေစ။ သင့္အိပ္မက္ေၾကာင့္ အျခားသူေတြ ေကာင္းက်ိဳးရေစဖို႔ လုပ္ေဆာင္ပါ။
ဒါေတြ အားလံုးၿပီးသြားရင္ အဆင့္(၁)ကို ျပန္သြားပါ။
ဒီတစ္ခါ ပိုႀကီးမားတဲ့ စိတ္ကူးအိပ္မက္ကို စိတ္ကူးယဥ္လိုက္ပါ။
မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ရေစမည့္
Gentleman Magazine
+++++++++++++++++++++++++++++++++
စိတ်ကူးအိပ်မက်တွေ ဖြစ်မြောက်အောင်မြင်စေနိုင်မည့် အဆင့်(၇)ခု
(Unicode)
အောင်မြင်ဖြစ်ထွန်းမှုတွေကို အဆင့်ငယ်လေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာနိုင်ပါသလား ???
ဒီအချက်က ရှင်းလင်းလွယ်ကူတာ မဟုတ်ပေမယ့် ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကို ရရှိခဲ့သူတိုင်းက တူညီတဲ့ဖြစ်စဉ်တွေကို ဖြတ်သန်းခဲ့ရတာချည်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း စိတ်ကူးအိပ်မက်တွေ အထမြောက်အောင်မြင်ချင်တယ်ဆိုရင် အခုဖော်ပြမယ့် အဆင့်တွေအတိုင်း ကြိုးစားလုပ်ဆောင်ပြီး အောင်မြင်မှုလမ်းကို လျှောက်လှမ်းလိုက်ပါ။
အဆင့် (၁) – စိတ်ကူးယဉ်ပါ
အရာအားလုံးက စိတ်ကူးထဲ၊ နှလုံးသားထဲမှာ အရင်ဆုံးအစပြုတာဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတိုင်းဟာ လူတစ်ယောက်ရဲ့ စိတ်ထဲကနေ စတင်ခဲ့တာပါ။ သူတို့တွေက စိတ်ကူးယဉ်ကြတယ်။ တကယ်ဖြစ်လာနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ အချိန်နည်းနည်းလောက်ယူပြီး ကိုယ့်ကိုယ်ကိုယ် “တကယ်လို့များ ဘာဖြစ်ရင်”ဆိုတာပြန်မေးကြည့်ပါ။ အကြီးကြီးတွေးပါ။ အဆိုးမြင်စိတ်နဲ့ အတွေးအခေါ်တွေကြောင့် စိတ်ပျက်အားလျော့မခံပါနဲ့။ သင်ကိုယ်တိုင်၊ သင့်မိသားစုနဲ့ အခြားသူတွေအတွက် ဖြစ်ချင်သမျှ အားလုံးကို စိတ်ကူးယဉ်လိုက်ပါ။
အဆင့် (၂) – ယုံကြည်လိုက်ပါ
ဟုတ်ပါတယ်။ သင့်ရဲ့စိတ်ကူးက အကြီးကြီးဖြစ်နေဖို့ လိုပါတယ်။ သင့်စိတ်ကူးက သင်စွမ်းဆောင်နိုင်တာထက် အများကြီးကျော်လွန်နေတာမျိုး ဖြစ်ချင်ဖြစ်နေမှာပါ။ ဒါပေမယ့် ယုံကြည်နိုင်တာမျိုးတော့ ဖြစ်ရပါမယ်။ တချို့အရာတွေ ဖြစ်လာခဲ့မယ်ဆိုရင်၊ အခြားသူတွေ ကူညီခဲ့မယ်ဆိုရင်၊ သင်အပြင်းအထန်ကြိုးစားမယ်ဆိုရင် ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးဖြစ်နေပါစေ၊ အကောင်အထည်ဖော်နိုင်တာမျိုး ဖြစ်နေရပါမယ်။ ဥပမာပြောရရင် အဆင့်မြင့်ပညာတွေ မသင်ကြားဖူးတဲ့လူတစ်ယောက်က တစ်နှစ်ကို ဒေါ်လာသန်းငါးဆယ်လောက် လည်ပတ်နေတဲ့လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ဖို့ စိတ်ကူးတယ်ဆိုရင် ကြီးမားပေးမယ့် ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် အသက်(၉၀)အရွယ် အဆစ်အမြစ်ရောင်ရောဂါသည် အမျိုးသမီးတစ်ယောက်က တစ်နေ့မှာ သုံးနာရီကြာ မာရသွန်ပြေးပွဲ ၀င်ပြေးဖို့ စိတ်ကူးတယ်ဆိုရင် ကြီးမားပေမယ့် ဖြစ်နိုင်ချေမရှိပါဘူး။
အဆင့် (၃) – မြင်အောင်ကြည့်ပါ
ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုကို ရရှိသူတိုင်းမှာ အလေ့အကျင့်တစ်ခု ရှိပါတယ်။ သူတို့က အောင်မြင်မှုကို မြင်အောင်ကြည့်တတ်ကြပါတယ်။ သူတို့ဟာ ဂိုထောင်ရုံးခန်းထဲက ခေါက်ကုလားထိုင်လေးမှာ ထိုင်နေရင်းကပဲ သူတို့ကိုယ်သူတို့ ဒေါ်လာ(၂၅)သန်းတန် ရုံးချုပ်ကြီးရဲ့ အမှုဆောင်အရာရှိချုပ်ရုံးခန်းထဲမှာ ထိုင်ပြီးအလုပ်လုပ်နေတယ်လို့ မြင်တတ်ကြပါတယ်။ ဒီလိုနဲ့ စိတ်ကူးအိပ်မက်တွေကို ပုံဖော်ထားကြည့်ဖို့ လိုပါတယ်။
အဆင့် (၄) – ပြောပြပါ
စိတ်ကူးအိပ်မက်တွေအများစု လက်တွေ့မှာဖြစ်မလာတဲ့ အကြောင်းရင်းတစ်ခုက ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေကို ကိုယ်တစ်ယောက်တည်းအတွက်ပဲ သိမ်းထားလို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီစိတ်ကူးက တစ်ယောက်တည်းမက်နေတဲ့ တိုးတိတ်အိပ်မက်တစ်ခုလိုပါပဲ။ တကယ်လို့ သင့်ရဲ့စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ထမြောက်အောင်မြင်ချင်တယ်ဆိုရင် လူတွေကို ပြောပြဖို့ လိုပါတယ်။ အကြောင်းရင်းကတော့ သင့်အိပ်မက်ကို လူတွေကို ပြောပြနေတာနဲ့အမျှ ပိုပြီးတော့ ယုံကြည်မှုရှိလာလေပဲ ဖြစ်တာကြောင့်ပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ဖြစ်အောင်လုပ်ဖို့ ပိုလိုအပ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ လူတွေကို ပြောထားပြီးမှ ဖြစ်အောင်မလုပ်ရင် အလှောင်ခံရနိုင်တာကြောင့် ဖြစ်ပါတယ်။
အဆင့် (၅) – အစီအစဉ်ချပါ
စိတ်ကူးအိပ်မက်တိုင်းကို အစီအစဉ်တစ်ခုရှိနေရမှာ ဖြစ်ပါတယ်။ သင့်စိတ်ကူးအိပ်မက်ကို စိတ်ကူးယဉ်နေရုံ၊ ယုံကြည်နေရုံ၊ မြင်အောင်ကြည့်ရုံ၊ ပြောပြနေရုံနဲ့ တကယ်ဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ အချိန်ယူပြီး အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အစီအစဉ်ကို ရေးဆွဲဖို့ လိုပါတယ်။ တတ်နိုင်သမျှအားလုံးကို အသေးစိတ်စဉ်းစားရေးဆွဲပါ။ အစီအစဉ်တစ်ခုလုံးကို လုပ်ဆောင်နိုင်တဲ့အပိုင်းသေးလေးတွေဖြစ်အောင် ခွဲခြမ်းစိတ်ဖြာပါ။ သင့်စိတ်ကူးအစီအစဉ်တစ်ခုချင်းစီကို အပြီးသတ်လုပ်ဆောင်ရမယ့် အချိန်ကာလတစ်ခု သတ်မှတ်ပါ။
အဆင့် (၆) – လုပ်ဆောင်ပါ
တကယ်မလုပ်ရင် ဘယ်အရာမှ တကယ်ဖြစ်လာမှာမဟုတ်ပါဘူး။ ပြောရမှာ စိတ်မကောင်းပေမယ့် စိတ်ကူးအိပ်မက်တွေ အထမြောက်အောင်မြင်သူတွေတိုင်းက အလုပ်ကြိုးစားကြသူတွေဖြစ်ပါတယ်။ တစ်လောကလုံးက တီဗီရှေ့မှာထိုင်ပြီး အစီအစဉ်တွေ၊ ဇာတ်လမ်းတွဲတွေကြည့်နေချိန်မှာ အောင်မြင်သူတွေကတော့ သူတို့ရဲ့စိတ်ကူးတွေ အကောင်အထည်ပေါ်လာဖို့ ရည်မှန်းချက်နဲ့ အလုပ်လုပ်နေကြပါတယ်။ ညီမျှခြင်းတစ်ခုအနေနဲ့ဆိုရင် [ရေတိုအလုပ် x အချိန် = ရေရှည်အောင်မြင်မှု] ဖြစ်ပါတယ်။ အခုလုပ်နေတဲ့အလုပ်လေးတွေက အချိန်ကြာလာတာနဲ့အမျှ ရေရှည်မှာ ကြီးမားတဲ့အောင်မြင်မှုကို ဖြစ်ထွန်းစေမယ်ဆိုတဲ့ သဘောပါပဲ။ တစ်နေ့ကို တစ်လံပဲ ရွေ့နိုင်စေဦး။ ရည်မှန်ချက်ပန်းတိုင်ကို နောက်ဆုံးရောက်မှာ သေချာပါတယ်။
အဆင့် (၇) – ခံစားပါ
သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိပြီး စိတ်ကူးအိပ်မက်အတိုင်း နေနိုင်ပြီဆိုရင် သေချာ ခံစားပျော်ရွှင်နိုင်ဖို့လည်း လိုပါတယ်။ အောင်မြင်မှုဆီသို့ လျှောက်လမ်းတဲ့လမ်းတစ်လျှောက်မှာလည်း ပျော်ရွှင်ကျေနပ်နေဖို့လိုသလို တစ်ခုအောင်မြင်တိုင်းလည်း ကိုယ့်ကိုယ်ကိုယ်တစ်ခုခု ပြန်ချီးမြှင့်ပါ။ ရည်မှန်းထားတဲ့ စိတ်ကူးအိပ်မက်ကို ပိုင်ဆိုင်နိုင်ပြီဆိုရင် ဆုအကြီးစားတစ်ခု ပြန်ချီးမြှင့်ပါ။ ကျေးဇူးသိတတ်ပြီး ရက်ရောမှုလည်း ရှိပါစေ။ သင့်အိပ်မက်ကြောင့် အခြားသူတွေ ကောင်းကျိုးရစေဖို့ လုပ်ဆောင်ပါ။
ဒါတွေ အားလုံးပြီးသွားရင် အဆင့်(၁)ကို ပြန်သွားပါ။
ဒီတစ်ခါ ပိုကြီးမားတဲ့ စိတ်ကူးအိပ်မက်ကို စိတ်ကူးယဉ်လိုက်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျရစေမည့်
Gentleman Magazine