ေအာင္ျမင္ခ်င္တယ္ဆိုရင္ လုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္(၂၁)ခု

ေအာင္ျမင္ခ်င္တယ္ဆိုရင္ လုပ္ေဆာင္သင့္တဲ့ အေလ့အက်င့္(၂၁)ခု

[showhide type=”links” more_text=”Unicode” less_text=”Hide Unicode “]

အောင်မြင်ချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့ အလေ့အကျင့်(၂၁)ခု

အောင်မြင်သူတိုင်းမှာ သာမန်လူတွေနဲ့ မတူညီတဲ့ အလေ့အကျင့်တွေရှိပါတယ်။ ဒီအလေ့အကျင့်တွေနဲ့ နေ့စဉ်ရှင်သန်နေထိုင်နေတာကြောင့်ပဲ အောင်မြင်လာတာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့လည်း အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုကို ရယူနိုင်ဖို့အတွက် အောင်မြင်သူတွေရဲ့ အလေ့အကျင့်တွေရှိသင့်ပါတယ်။ ဒီအတွက် အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာမှုကို ဆောင်ကျဉ်းပေးနိုင်မယ့် အလေ့အကျင့်(၂၁)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ နေ့စဉ်အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပါ။

အလေ့အကျင့်ကောင်းတွေဟာ ချမ်းသာကြွယ်ဝလာစေဖို့ အခြေခံကျပါတယ်။ အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေကြားထဲက အဓိက ကွဲပြားခြားနားချက်က နေ့စဉ်အလေ့အကျင့်ကောင်းတွေ ရှိတာနဲ့ မရှိတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပြီး အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပါ။

သင့်ရဲ့အကျင့်ဆိုးတွေအားလုံးကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ အကျင့်ဆိုးတစ်ခုခြင်းစီရဲ့ ဘေးမှာ ဘယ်လိုပြုပြင်မယ်ဆိုတာကို ချရေးပါ။ ပြီးရင် အချိန်တစ်လလောက်ပဲ ဂရုစိုက်ပြီး ပြုပြင်ပါ။ အများကြီး တိုးတက်ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။

၂။ ရည်မှန်းချက်ပန်းတိုင်တွေ ပုံမှန်ချမှတ်ပါ။

အောင်မြင်သူတိုင်းဟာ ရည်မှန်းချက်နဲ့ ရှင်သန်နေကြတာဖြစ်ပါတယ်။ သူတို့အတွက် ရည်မှန်းချက်တစ်ခုမဟုတ် တစ်ခုရှိနေတတ်ပါတယ်။ သူတို့အားလုံးက နောက်တစ်နေ့စာအတွက်ကို ဒီနေ့ညကတည်းက အလုပ်စာရင်းရေးဆွဲစီစဉ်ပြီးသား ဖြစ်ပါတယ်။ သူတို့က ရည်မှန်းချက် ချမှတ်ထားရုံတင်မဟုတ်ပါဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းတွေကိုပါ စဉ်းစားပြီး တာဝန်ယူလုပ်ဆောင်လေ့ရှိပါတယ်။

၃။ နေ့စဉ် ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ လုပ်ဆောင်ပါ။

အောင်မြင်သူတိုင်းဟာ နေ့စဉ်နဲ့အမျှ တိုးတက်လာဖို့ ကြိုးစားနေတတ်ကြပါတယ်။ နေ့တိုင်း စာဖတ်လေ့ရှိပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် လိုအပ်တဲ့ပညာရပ်တွေကို လိုက်စားလေ့ရှိပါတယ်။ သူတို့ရည်မှန်းချက်ကို အထောက်အကူမပြုတဲ့ အလုပ်တွေအတွက် အချိန်ဖြုန်းလေ့မရှိပါဘူး။ သင့်ရဲ့အသိပညာဗဟုသုတတွေ တိုးတက်လာစေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အသိပညာတွေ တိုးပွာလာတာနဲ့ အခွင့်အလမ်းတွေလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

၄။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံရှိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် နေ့တိုင်းရေချိုးသလိုပဲ နေ့တိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။

၅။ လူမှုဆက်ဆံရေးတည်ဆောက်ဖို့ အချိန်ပေးပါ။

အောင်မြင်သူတိုင်းဟာ မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေး၊ မိသားစုဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ဖို့ အချိန်ပေးတတ်ကြပါတယ်။ လူမှုဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်ဖို့ကို အချိန်တိုင်း လုပ်ဆောင်နေတတ်ကြပါတယ်။ လူမှုဆက်ဆံရေးကောင်းဖို့အတွက် အရင်ဆုံး လူတွေရဲ့အမည်တွေကို မှတ်မိနေအောင် လေ့ကျင့်ပါ။

၆။ ဟန်ချက်ညီအောင် လုပ်ဆောင်ပါ။

ဘာပဲလုပ်လုပ် ဟန်ချက်ညီနေဖို့လိုပါတယ်။ အလုပ်၊ အစား၊ လေ့ကျင့်ခန်း၊ ယမကာမှီဝဲတာ၊ တီဗီကြည့်တာ၊ အင်တာနက်အသုံးပြုတာက အစ ဘာကိုပဲလုပ်လုပ် အစွဲအလမ်းမကြီးပဲ ပုံမှန်လောက်သာ လုပ်ဆောင်တတ်ဖို့ လိုပါတယ်။

၇။ လုပ်စရာရှိတာကို ပြီးအောင်လုပ်ပါ။

ဒီနေ့လုပ်လို့ရတဲ့ကိစ္စကို မနက်ဖြန်ကို မရွှေ့ပါနဲ့။ ပြီးအောင်လုပ်ဆောင်ပါ။ အောင်မြင်သူတိုင်းက အချိန်ရွှေ့ဆိုင်းလေ့မရှိပါဘူး။ အရေးကြီးတာမှန်သမျှကို ရတဲ့အချိန်မှာ ပြီးအောင်လုပ်ဆောင်တတ်ကြပါတယ်။

၈။ အပြုသဘောဆောင်တဲ့ အမြင်ရှိပါစေ။

လက်ရှိအောင်မြင်နေတဲ့သူတွေထဲက သင်သိတဲ့ပုဂ္ဂိုဟ်တစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ် ဘယ်ဟာပိုများပါသလဲ။ အောင်မြင်သူအများစုဟာ အကောင်းမြင်စိတ်ရှိပြီး၊ စိတ်အားထက်သန်သူတွေဖြစ်ကြပါတယ်။ နေ့စဉ်နဲ့အမျှ လူတိုင်းဟာ သတင်းဆိုးတွေ၊ အဖျက်သတင်းတွေနဲ့ ကြုံတွေ့သိရှိနေကြရတဲ့အတွက် အဆိုးမြင်စိတ်တွေ များလာတတ်ပါတယ်။ အောင်မြင်သူတွေကတော့ သူတို့စိတ်မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကိုပဲ ကိန်းအောင်နေစေပါတယ်။

၉။ ပုံမှန် ပိုက်ဆံ စုပါ။

အောင်မြင်သူတိုင်းဟာ အသားတင်ဝင်ငွေထဲက (၁၀)ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိကို စုဆောင်းကြ၊ ရင်းနှီးမြုပ်နှံကြပါတယ်။ ဒီလောက်အထိ မစုနိုင်ရင်လည်း တတ်နိုင်သလောက်ပမာဏကို ပုံမှန်စုဆောင်းထား သင့်ပါတယ်။

၁၀။ ကန့်သတ်ချုပ်ချယ်သည့် အတွေးများကို ဖျောက်ဖျက်ပါ။

အောင်မြင်သူတွေဟာ သူတို့ရဲ့အတွေးနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ မကောင်းတဲ့ အတွေးတွေ ဝင်လာပြီဆိုတာနဲ့ စိုးရိမ်ခံစားနေလေ့မရှိပဲ ရှင်းထုတ်ပစ်လေ့ရှိပါတယ်။ သူတို့ရဲ့ အတွေးတိုင်းက အပြုသဘောဆောင်လေ့ရှိပါတယ်။ ဒါ့အပြင် အောင်မြင်သူတိုင်းဟာ နေ့စဉ်နဲ့အမျှ တိုးတက်မှုရှိဖို့ ကြိုးစားနေတတ်တာကြောင့် သူတို့ရဲ့အတွေးမှန်သမျှကို အပြုသဘောဆောင်တဲ့အကြောင်းအရာတွေ လွှမ်းမိုးနေလေ့ရှိပြီး မကောင်းတဲ့ခံစားမှုတွေအတွက် အချိန်မပေးနိုင်ကြပါဘူး။

၁၁။ အတိုင်းအတာအတွင်းမှာ ရှင်သန်ပါ။

လူချမ်းသာတွေက လိုတာထက်ပိုပြီး အလွန်အကျွံသုံးစွဲလေ့မရှိပါဘူး။ ငွေကြေးအတွက် ရုန်းကန်နေကြရသူတွေပဲ ကိုယ်ရှာနိုင်တာထက် ပိုပြီး သုံးနေလေ့ရှိပါတယ်။

၁၂။ နေ့တိုင်း စာဖတ်ပါ။

အောင်မြင်သူအများစုဟာ တစ်နေ့မှာ မိနစ်(၃၀)နဲ့အထက် စာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့ အသိပညာဗဟုသုတတွေကို တိုးတက်လာစေနိုင်သလို ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးတက်လာစေနိုင်ပါတယ်။

၁၃။ တီဗီကြည့်ချိန်ကို ကန့်သတ်ပါ။

အောင်မြင်သူတိုင်းဟာ တီဗီကလာတဲ့ ရုပ်သံအစီအစဉ်တွေကို အကန့်အသတ်နဲ့ပဲ ကြည့်တတ်တယ်ဆိုတာကို သင်သိပါသလား။ သူတို့ဟာ တစ်နေ့ကို အများဆုံး(၁)နာရီလောက်ပဲ တီဗီကြည့်လေ့ရှိပါတယ်။ တီဗီရှေ့မှာ ထိုက်ကြည့်ရင် ကုန်ဆုံးသွားတဲ့အချိန်တွေကို အကျိုးရှိတာတစ်ခုခုအတွက် အသုံးချနိုင်တယ်ဆိုတာကို သတိချပ်ပါ။

၁၄။ လိုတာထက် ပိုလုပ်ပါ။

အောင်မြင်သူတွေဟာ သတ်မှတ်ထားတဲ့ တာဝန်ထက်ပိုပြီး လုပ်ဆောင်တတ်ကြပါတယ်။ သူတို့အတွက် သတ်မှတ်ထားတဲ့ အလုပ်မဟုတ်ရင်တောင်မှ ဝင်လုပ်ပေးတတ်ကြပါတယ်။ သင်က လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ဖောက်သည်တွေအတွက် ဘာတွေကိုအပိုဆောင်းလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပါ။

၁၅။ နည်းနည်းပဲပြောပြီး များများ နားထောင်ပါ။

နားထောင်တတ်ရင် ပညာရပါတယ်။ လူတွေမှာ နားနှစ်ဖက်နဲ့ ပါးစပ်တစ်ပေါက်သာ ပါတဲ့အတွက် များများနားထောင်ပြီး နည်းနည်းပဲ ပြောရမှာဖြစ်ပါတယ်။ တဖက်သူရဲ့အပြောကို သေချာဂရုစိုက်နားထောင်ပေးတတ်မယ်ဆိုရင် အကျိုးကျေးဇူးအများကြီးရရှိမှာဖြစ်ပါတယ်။

၁၆။ အရှုံးမပေးပါနဲ့။

အခက်အခဲတွေ ကြုံလာချိန်မှာ အလွယ်တကူအရှုံးမပေးလိုက်ပါနဲ့။ အောင်မြင်သူတွေက အခက်အခဲကြုံလာရင် ဇွဲသတ္တိရှိရှိ ကြံ့ကြံ့ခံပြီး တစ်နည်းမဟုတ် တစ်နည်းနဲ့ ကျော်ဖြတ်ကြပါတယ်။

၁၇။ စိတ်တူကိုယ်တူတွေနဲ့ ပေါင်းပါ။

သင်ပေါင်းသင်းတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ကြည့်ပြီး သင် ဘယ်လိုလူမျိုးလဲဆိုတာ ပြောလို့ရပါတယ်။ လူတွေဟာ သူတို့ပတ်ဝန်းကျင်မှာ ဝန်းရံထားတဲ့ အသိုင်းအဝိုင်းရဲ့ အောင်မြင်မှုလောက်ပဲ အောင်မြင်ကြတာဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းတွေက သင့်ရဲ့ရည်ရွယ်ချက်တွေကို ပြီးမြောက်အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သိမ်းငှက်လို ကောင်းကင်မှာ ပျံဝဲနေချင်ရင် ဘဲတွေနဲ့ ရေကူးနေလို့ မဖြစ်ပါဘူး။

၁၈။ အတိုင်ပင်ခံဆရာသမားတစ်ယောက်ရှာပါ။

အတွေ့အကြုံပိုရှိပြီး လမ်းညွှန်ပေးနိုင်တဲ့ ဆရာသမားတွေက သင့်ရဲ့ရည်မှန်းချက်တွေ မြန်မြန်အကောင်အထည်ပေါ်လာဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကနေတဆင့် သင်ပြပေးမှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်လေ့လာသင်ယူရမယ့်အချိန်ကို ထက်ဝက်လောက်အထိ လျှော့ချပေးနိုင်ပါတယ်။

၁၉။ သင့်ရဲ့ အကြောင်းရင်းကို သိထားပါ။

သင်လုပ်နေတဲ့အရာကို ဘာကြောင့်လုပ်နေတာလဲဆိုတဲ့ ရည်ရွယ်ချက် အကြောင်းရင်းခံကို သိဖို့ လိုပါတယ်။ ဒီလို သိထားမှသာ လိုချင်တာကို ရအောင်ယူဖို့၊ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ တွန်းအားရှိမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်တဲ့အခါမှာ ဒါမှမဟုတ် ဘ၀အောင်မြင်ရေးအတွက် ရည်ရွယ်ချက်ရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။ သင် ဘာကြောင့် အောင်မြင်ချင်တာလဲ၊ သင်ဘာကြောင့် ချမ်းသာချင်တာလဲ ခိုင်လုံတဲ့အကြောင်းရင်း ရှိဖို့ လိုပါတယ်။

၂၀။ စိုးရိမ်စိတ်ကို ရှေ့တန်းမတင်ပါနဲ့။

လူတိုင်းမှာ စိုးရိမ်စိတ်ရှိကြပါတယ်။ အောင်မြင်သူတွေကတော့ သူတို့ရဲ့ စိုးရိမ်စိတ်က သူတို့ကို ထိန်းချုပ်ခံလေ့ မရှိပါဘူး။ စိုးရိမ်စိတ်ဟာ အပြောင်းအလဲလုပ်ချင်စိတ်ကို ဟန့်တားပြီး တိုးတက်မှုကို ရပ်တန့်စေပါတယ်။ သင် ဘာကို စိုးရိမ်နေလဲဆိုတာ သိအောင်လုပ်ပြီး ကျော်လွန်နိုင်အောင် ကြိုးစားပါ။

၂၁။ အရည်အချင်းတွေ မြှင့်တင်ပါ။

အမြဲတမ်းရှေ့ရောက်နေချင်တယ်ဆိုရင် လုပ်စရာတစ်ခုပဲရှိပါတယ်။ နောက်တစ်နေ့မှာ ဒီနေ့ထက် ပိုပြီး တိုးတက်လာဖို့ပဲဖြစ်ပါတယ်။ နောက်လာမယ့် ရက်(၃၀)အတွင်းမှာ အကြောင်းအရာတစ်ခုတည်းကိုပဲ အာရုံစိုက် လေ့လာလုပ်ဆောင်ခြင်းဖြင့် သင်ရဲ့အရည်အချင်းတွေကို မြှင့်တင်နိုင်ပါတယ်။

[/showhide]

ေအာင္ျမင္သူတိုင္းမွာ သာမန္လူေတြနဲ႔ မတူညီတဲ့ အေလ့အက်င့္ေတြရွိပါတယ္။ ဒီအေလ့အက်င့္ေတြနဲ႔ ေန႔စဥ္ရွင္သန္ေနထိုင္ေနတာေၾကာင့္ပဲ ေအာင္ျမင္လာတာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔လည္း ေအာင္ျမင္မႈနဲ႔ ေငြေၾကးခ်မ္းသာမႈကို ရယူႏိုင္ဖို႔အတြက္ ေအာင္ျမင္သူေတြရဲ႕ အေလ့အက်င့္ေတြရွိသင့္ပါတယ္။ ဒီအတြက္ ေအာင္ျမင္မႈနဲ႔ ေငြေၾကးခ်မ္းသာမႈကို ေဆာင္က်ဥ္းေပးႏိုင္မယ့္ အေလ့အက်င့္(၂၁)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေန႔စဥ္အေလ့အက်င့္ေကာင္းေတြ ပ်ိဳးေထာင္ပါ။

အေလ့အက်င့္ေကာင္းေတြဟာ ခ်မ္းသာၾကြယ္၀လာေစဖို႔ အေျခခံက်ပါတယ္။ ေအာင္ျမင္သူေတြနဲ႔ မေအာင္ျမင္သူေတြၾကားထဲက အဓိက ကြဲျပားျခားနားခ်က္က ေန႔စဥ္အေလ့အက်င့္ေကာင္းေတြ ရွိတာနဲ႔ မရွိတာပဲ ျဖစ္ပါတယ္။ ဒ့ါေၾကာင့္ အက်င့္ဆိုးေတြကို ေဖ်ာက္ဖ်က္ၿပီး အေလ့အက်င့္ေကာင္းေတြကို ပ်ိဳးေထာင္ပါ။

သင့္ရဲ႕အက်င့္ဆိုးေတြအားလံုးကို စာရြက္တစ္ရြက္ေပၚမွာ ခ်ေရးလိုက္ပါ။ အက်င့္ဆိုးတစ္ခုျခင္းစီရဲ႕ ေဘးမွာ ဘယ္လိုျပဳျပင္မယ္ဆိုတာကို ခ်ေရးပါ။ ၿပီးရင္ အခ်ိန္တစ္လေလာက္ပဲ ဂ႐ုစိုက္ၿပီး ျပဳျပင္ပါ။ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတာကို ေတြ႕ရပါလိမ့္မယ္။

၂။ ရည္မွန္းခ်က္ပန္းတိုင္ေတြ ပံုမွန္ခ်မွတ္ပါ။

ေအာင္ျမင္သူတိုင္းဟာ ရည္မွန္းခ်က္နဲ႔ ရွင္သန္ေနၾကတာျဖစ္ပါတယ္။ သူတို႔အတြက္ ရည္မွန္းခ်က္တစ္ခုမဟုတ္ တစ္ခုရွိေနတတ္ပါတယ္။ သူတို႔အားလံုးက ေနာက္တစ္ေန႔စာအတြက္ကို ဒီေန႔ညကတည္းက အလုပ္စာရင္းေရးဆြဲစီစဥ္ၿပီးသား ျဖစ္ပါတယ္။ သူတို႔က ရည္မွန္းခ်က္ ခ်မွတ္ထား႐ုံတင္မဟုတ္ပါဘူး။ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ နည္းလမ္းေတြကိုပါ စဥ္းစားၿပီး တာ၀န္ယူလုပ္ေဆာင္ေလ့ရွိပါတယ္။

၃။ ေန႔စဥ္ ကိုယ္ရည္ကိုယ္ေသြးတိုးတက္ဖို႔ လုပ္ေဆာင္ပါ။

ေအာင္ျမင္သူတိုင္းဟာ ေန႔စဥ္နဲ႔အမွ် တိုးတက္လာဖို႔ ႀကိဳးစားေနတတ္ၾကပါတယ္။ ေန႔တိုင္း စာဖတ္ေလ့ရွိၿပီး သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အလိုက္ လိုအပ္တဲ့ပညာရပ္ေတြကို လိုက္စားေလ့ရွိပါတယ္။ သူတို႔ရည္မွန္းခ်က္ကို အေထာက္အကူမျပဳတဲ့ အလုပ္ေတြအတြက္ အခ်ိန္ျဖဳန္းေလ့မရွိပါဘူး။ သင့္ရဲ႕အသိပညာဗဟုသုတေတြ တိုးတက္လာေစမယ့္ နည္းလမ္းေတြကို ရွာေဖြပါ။ အသိပညာေတြ တိုးပြာလာတာနဲ႔ အခြင့္အလမ္းေတြလည္း ေပၚေပါက္လာမွာျဖစ္ပါတယ္။

၄။ က်န္းမာေရးကို ဂ႐ုစိုက္ပါ။

က်န္းမာေရးနဲ႔ ညီညြတ္တဲ့ စားေသာက္ေနထိုင္မႈပံုစံရွိဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ေန႔တိုင္းေရခ်ိဳးသလိုပဲ ေန႔တိုင္း ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ဖို႔ လိုပါတယ္။

၅။ လူမႈဆက္ဆံေရးတည္ေဆာက္ဖို႔ အခ်ိန္ေပးပါ။

ေအာင္ျမင္သူတိုင္းဟာ မိတ္ေဆြအေပါင္းအသင္းဆက္ဆံေရး၊ မိသားစုဆက္ဆံေ၇းကို ခိုင္မာေအာင္ တည္ေဆာက္ဖို႔ အခ်ိန္ေပးတတ္ၾကပါတယ္။ လူမႈဆက္ဆံေရးကြန္ယက္ကို ခ်ဲ႕ထြင္ဖို႔ကို အခ်ိန္တိုင္း လုပ္ေဆာင္ေနတတ္ၾကပါတယ္။ လူမႈဆက္ဆံေရးေကာင္းဖို႔အတြက္ အရင္ဆံုး လူေတြရဲ႕အမည္ေတြကို မွတ္မိေနေအာင္ ေလ့က်င့္ပါ။

၆။ ဟန္ခ်က္ညီေအာင္ လုပ္ေဆာင္ပါ။

ဘာပဲလုပ္လုပ္ ဟန္ခ်က္ညီေနဖို႔လိုပါတယ္။ အလုပ္၊ အစား၊ ေလ့က်င့္ခန္း၊ ယမကာမွီ၀ဲတာ၊ တီဗီၾကည့္တာ၊ အင္တာနက္အသံုးျပဳတာက အစ ဘာကိုပဲလုပ္လုပ္ အစြဲအလမ္းမႀကီးပဲ ပံုမွန္ေလာက္သာ လုပ္ေဆာင္တတ္ဖို႔ လိုပါတယ္။

၇။ လုပ္စရာရွိတာကို ၿပီးေအာင္လုပ္ပါ။

ဒီေန႔လုပ္လို႔ရတဲ့ကိစၥကို မနက္ျဖန္ကို မေရႊ႕ပါနဲ႔။ ၿပီးေအာင္လုပ္ေဆာင္ပါ။ ေအာင္ျမင္သူတိုင္းက အခ်ိန္ေရႊ႕ဆိုင္းေလ့မရွိပါဘူး။ အေရးႀကီးတာမွန္သမွ်ကို ရတဲ့အခ်ိန္မွာ ၿပီးေအာင္လုပ္ေဆာင္တတ္ၾကပါတယ္။

၈။ အျပဳသေဘာေဆာင္တဲ့ အျမင္ရွိပါေစ။

လက္ရွိေအာင္ျမင္ေနတဲ့သူေတြထဲက သင္သိတဲ့ပုဂၢဳိဟ္တစ္ေယာက္အေၾကာင္း စဥ္းစားၾကည့္ပါ။ အေကာင္းျမင္စိတ္နဲ႔ အဆိုးျမင္စိတ္ ဘယ္ဟာပိုမ်ားပါသလဲ။ ေအာင္ျမင္သူအမ်ားစုဟာ အေကာင္းျမင္စိတ္ရွိၿပီး၊ စိတ္အားထက္သန္သူေတြျဖစ္ၾကပါတယ္။ ေန႔စဥ္နဲ႔အမွ် လူတိုင္းဟာ သတင္းဆိုးေတြ၊ အဖ်က္သတင္းေတြနဲ႔ ၾကံဳေတြ႕သိရွိေနၾကရတဲ့အတြက္ အဆိုးျမင္စိတ္ေတြ မ်ားလာတတ္ပါတယ္။ ေအာင္ျမင္သူေတြကေတာ့ သူတို႔စိတ္မွာ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ေတြကိုပဲ ကိန္းေအာင္ေနေစပါတယ္။

၉။ ပံုမွန္ ပိုက္ဆံ စုပါ။

ေအာင္ျမင္သူတိုင္းဟာ အသားတင္၀င္ေငြထဲက (၁၀)ရာခိုင္ႏႈန္းကေန (၂၀)ရာခိုင္ႏႈန္းအထိကို စုေဆာင္းၾက၊ ရင္းႏွီးျမဳပ္ႏွံၾကပါတယ္။ ဒီေလာက္အထိ မစုႏိုင္ရင္လည္း တတ္ႏိုင္သေလာက္ပမာဏကို ပံုမွန္စုေဆာင္းထား သင့္ပါတယ္။

၁၀။ ကန္႔သတ္ခ်ဳပ္ခ်ယ္သည့္ အေတြးမ်ားကို ေဖ်ာက္ဖ်က္ပါ။

ေအာင္ျမင္သူေတြဟာ သူတို႔ရဲ႕အေတြးနဲ႔ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိပါတယ္။ မေကာင္းတဲ့ အေတြးေတြ ၀င္လာၿပီဆိုတာနဲ႔ စိုးရိမ္ခံစားေနေလ့မရွိပဲ ရွင္းထုတ္ပစ္ေလ့ရွိပါတယ္။ သူတို႔ရဲ႕ အေတြးတိုင္းက အျပဳသေဘာေဆာင္ေလ့ရွိပါတယ္။ ဒါ့အျပင္ ေအာင္ျမင္သူတိုင္းဟာ ေန႔စဥ္နဲ႔အမွ် တိုးတက္မႈရွိဖို႔ ႀကိဳးစားေနတတ္တာေၾကာင့္ သူတို႔ရဲ႕အေတြးမွန္သမွ်ကို အျပဳသေဘာေဆာင္တဲ့အေၾကာင္းအရာေတြ လႊမ္းမိုးေနေလ့ရွိၿပီး မေကာင္းတဲ့ခံစားမႈေတြအတြက္ အခ်ိန္မေပးႏိုင္ၾကပါဘူး။

၁၁။ အတိုင္းအတာအတြင္းမွာ ရွင္သန္ပါ။

လူခ်မ္းသာေတြက လိုတာထက္ပိုၿပီး အလြန္အကၽြံသံုးစြဲေလ့မရွိပါဘူး။ ေငြေၾကးအတြက္ ႐ုန္းကန္ေနၾကရသူေတြပဲ ကိုယ္ရွာႏုိင္တာထက္ ပိုၿပီး သံုးေနေလ့ရွိပါတယ္။

၁၂။ ေန႔တိုင္း စာဖတ္ပါ။

ေအာင္ျမင္သူအမ်ားစုဟာ တစ္ေန႔မွာ မိနစ္(၃၀)နဲ႔အထက္ စာဖတ္ေလ့ရွိပါတယ္။ စာဖတ္ျခင္းဟာ သင့္ရဲ႕ အသိပညာဗဟုသုတေတြကို တိုးတက္လာေစႏိုင္သလို ကိုယ္ရည္ကိုယ္ေသြးကိုလည္း တိုးတက္လာေစႏိုင္ပါတယ္။

၁၃။ တီဗီၾကည့္ခ်ိန္ကို ကန္႔သတ္ပါ။

ေအာင္ျမင္သူတိုင္းဟာ တီဗီကလာတဲ့ ႐ုပ္သံအစီအစဥ္ေတြကို အကန္႔အသတ္နဲ႔ပဲ ၾကည့္တတ္တယ္ဆိုတာကို သင္သိပါသလား။ သူတို႔ဟာ တစ္ေန႔ကို အမ်ားဆံုး()နာရီေလာက္ပဲ တီဗီၾကည့္ေလ့ရွိပါတယ္။ တီဗီေရွ႕မွာ ထိုက္ၾကည့္ရင္ ကုန္ဆံုးသြားတဲ့အခ်ိန္ေတြကို အက်ိဳးရွိတာတစ္ခုခုအတြက္ အသံုးခ်ႏိုင္တယ္ဆိုတာကို သတိခ်ပ္ပါ။

၁၄။ လိုတာထက္ ပိုလုပ္ပါ။

ေအာင္ျမင္သူေတြဟာ သတ္မွတ္ထားတဲ့ တာ၀န္ထက္ပိုၿပီး လုပ္ေဆာင္တတ္ၾကပါတယ္။ သူတို႔အတြက္ သတ္မွတ္ထားတဲ့ အလုပ္မဟုတ္ရင္ေတာင္မွ ၀င္လုပ္ေပးတတ္ၾကပါတယ္။ သင္က လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သင့္ရဲ႕ေဖာက္သည္ေတြအတြက္ ဘာေတြကိုအပိုေဆာင္းလုပ္ေပးႏိုင္မလဲဆိုတာကို စဥ္းစားပါ။

၁၅။ နည္းနည္းပဲေျပာၿပီး မ်ားမ်ား နားေထာင္ပါ။

နားေထာင္တတ္ရင္ ပညာရပါတယ္။ လူေတြမွာ နားႏွစ္ဖက္နဲ႔ ပါးစပ္တစ္ေပါက္သာ ပါတဲ့အတြက္ မ်ားမ်ားနားေထာင္ၿပီး နည္းနည္းပဲ ေျပာရမွာျဖစ္ပါတယ္။ တဖက္သူရဲ႕အေျပာကို ေသခ်ာဂ႐ုစိုက္နားေထာင္ေပးတတ္မယ္ဆိုရင္ အက်ိဳးေက်းဇူးအမ်ားႀကီးရရွိမွာျဖစ္ပါတယ္။

၁၆။ အ႐ႈံးမေပးပါနဲ႔။

အခက္အခဲေတြ ၾကံဳလာခ်ိန္မွာ အလြယ္တကူအ႐ႈံးမေပးလိုက္ပါနဲ႔။ ေအာင္ျမင္သူေတြက အခက္အခဲၾကံဳလာရင္ ဇြဲသတိၱရွိရွိ ၾကံ႕ၾကံ႕ခံၿပီး တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေက်ာ္ျဖတ္ၾကပါတယ္။

၁၇။ စိတ္တူကိုယ္တူေတြနဲ႔ ေပါင္းပါ။

သင္ေပါင္းသင္းတဲ့ မိတ္ေဆြအေပါင္းအသင္းေတြကို ၾကည့္ၿပီး သင္ ဘယ္လိုလူမ်ိဳးလဲဆိုတာ ေျပာလို႔ရပါတယ္။ လူေတြဟာ သူတို႔ပတ္၀န္းက်င္မွာ ၀န္းရံထားတဲ့ အသိုင္းအ၀ိုင္းရဲ႕ ေအာင္ျမင္မႈေလာက္ပဲ ေအာင္ျမင္ၾကတာျဖစ္ပါတယ္။ အေပါင္းအသင္းေကာင္းေတြက သင့္ရဲ႕ရည္ရြယ္ခ်က္ေတြကို ၿပီးေျမာက္ေအာင္ျမင္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သိမ္းငွက္လို ေကာင္းကင္မွာ ပ်ံ၀ဲေနခ်င္ရင္ ဘဲေတြနဲ႔ ေရကူးေနလို႔ မျဖစ္ပါဘူး။

၁၈။ အတိုင္ပင္ခံဆရာသမားတစ္ေယာက္ရွာပါ။

အေတြ႕အၾကံဳပိုရွိၿပီး လမ္းညႊန္ေပးႏိုင္တဲ့ ဆရာသမားေတြက သင့္ရဲ႕ရည္မွန္းခ်က္ေတြ ျမန္ျမန္အေကာင္အထည္ေပၚလာဖို႔ ကူညီေပးႏိုင္ပါတယ္။ သူတို႔ရဲ႕ အေတြ႕အၾကံဳေတြကေနတဆင့္ သင္ျပေပးမွာ ျဖစ္တဲ့အတြက္ ကိုယ္တိုင္ေလ့လာသင္ယူရမယ့္အခ်ိန္ကို ထက္၀က္ေလာက္အထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၁၉။ သင့္ရဲ႕ အေၾကာင္းရင္းကို သိထားပါ။

သင္လုပ္ေနတဲ့အရာကို ဘာေၾကာင့္လုပ္ေနတာလဲဆိုတဲ့ ရည္ရြယ္ခ်က္ အေၾကာင္းရင္းခံကို သိဖို႔ လိုပါတယ္။ ဒီလို သိထားမွသာ လိုခ်င္တာကို ရေအာင္ယူဖို႔၊ ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္ဖို႔ တြန္းအားရွိမွာျဖစ္ပါတယ္။ စီးပြားေရးလုပ္တဲ့အခါမွာ ဒါမွမဟုတ္ ဘ၀ေအာင္ျမင္ေရးအတြက္ ရည္ရြယ္ခ်က္ရွိဖို႔ မျဖစ္မေနလိုအပ္ပါတယ္။ သင္ ဘာေၾကာင့္ ေအာင္ျမင္ခ်င္တာလဲ၊ သင္ဘာေၾကာင့္ ခ်မ္းသာခ်င္တာလဲ ခိုင္လံုတဲ့အေၾကာင္းရင္း ရွိဖို႔ လိုပါတယ္။

၂၀။ စိုးရိမ္စိတ္ကို ေရွ႕တန္းမတင္ပါနဲ႔။

လူတိုင္းမွာ စိုးရိမ္စိတ္ရွိၾကပါတယ္။ ေအာင္ျမင္သူေတြကေတာ့ သူတို႔ရဲ႕ စိုးရိမ္စိတ္က သူတို႔ကို ထိန္းခ်ဳပ္ခံေလ့ မရွိပါဘူး။ စိုးရိမ္စိတ္ဟာ အေျပာင္းအလဲလုပ္ခ်င္စိတ္ကို ဟန္႔တားၿပီး တိုးတက္မႈကို ရပ္တန္႔ေစပါတယ္။ သင္ ဘာကို စိုးရိမ္ေနလဲဆိုတာ သိေအာင္လုပ္ၿပီး ေက်ာ္လြန္ႏိုင္ေအာင္ ႀကိဳးစားပါ။

၂၁။ အရည္အခ်င္းေတြ ျမွင့္တင္ပါ။

အျမဲတမ္းေရွ႕ေရာက္ေနခ်င္တယ္ဆိုရင္ လုပ္စရာတစ္ခုပဲရွိပါတယ္။ ေနာက္တစ္ေန႔မွာ ဒီေန႔ထက္ ပိုၿပီး တိုးတက္လာဖို႔ပဲျဖစ္ပါတယ္။ ေနာက္လာမယ့္ ရက္(၃၀)အတြင္းမွာ အေၾကာင္းအရာတစ္ခုတည္းကိုပဲ အာ႐ုံစိုက္ ေလ့လာလုပ္ေဆာင္ျခင္းျဖင့္ သင္ရဲ႕အရည္အခ်င္းေတြကို ျမွင့္တင္ႏိုင္ပါတယ္။

Related Posts

%%footer%%